အောင်လှိုင် - အောင်မြင်မှုအတွက်အပြုံး၏တန်ဖိုး
ဤစာအုပ်အား ရေးသားရသည့် ရည်ရွယ်ချက်
ကျွန်တော့်ရဲ့ အတိတ်တစ်ချိန်က ကြုံတွေ့ခဲ့ရတဲ့ အဖြစ်သနစ်တွေကို အနည်းငယ် နောက်ကြောင်းပြန်ဖော်ပြီး ဤစာအုပ်ကို ရေးသားဖို့ ဘယ်အရာ တွေက ရည်ရွယ်ချက်ရှိရှိ တိုက်တွန်းနှိုးဆော်ခဲ့တယ်ဆိုတာကို ပြောပြလိုပါ တယ်။
ကျွန်ုပ်တို့ စတင်မွေးဖွားလာချိန်ကတည်းက ကျွန်ုပ်တို့ရဲ့ ရှေ့မှောက် မှာ အတောမသတ်နိုင်တဲ့ ဖြစ်နိုင်ခြေတွေ များစွာရှိနေခဲ့တယ်လို့ ကျွန်ုပ် ယုံကြည်မိပါတယ်။ နောက်ပြီး ကျွန်ုပ်တို့လူသားတွေရဲ့ သဘာဝအရ အလကား အားနေရတာထက် တစ်ခုခုလုပ်ပြီး အချိန်ကုန်ချင်တယ်။ သူများကို အလုပ် အကျွေးပြုချင်တယ်။ အကူအညီပေးချင်ကြတယ်။ နောက်ပြီး ရံဖန်ရံခါ ကြုံတွေ့ရတတ်တဲ့ စိန်ခေါ်မှုတွေကြောင့် မြင့်မားတဲ့ ရည်မှန်းချက်တွေအတိုင်း အကောင်အထည်မဖော်နိုင်ဘဲ ကျရှုံးမှုတွေ ရင်ဆိုင်ရတတ်ပြန်ပါတယ်။
စိန်ခေါ်မှုများများနဲ့ ကြုံတွေ့ရလေ ဇွဲ၊ ခံနိုင်ရည်နဲ့ ပင်ကိုမူလတုန်းက ရှိနေတဲ့ စိတ်နေစိတ်ထားကောင်းတွေကို ဖျက်ဆီးခံရကိန်းက ပိုမိုနီးစပ်နေ တတ်ပါတယ်။
ကျွန်တော့်ဘဝဟာလည်း ဟိုးတစ်ချိန်က စိန်ခေါ်မှုတွေနဲ့ တွန်းထုတ် ဖိစီးမှုတွေကြောင့် အတော်လေး ယိမ်းယိုင်ခဲ့ရပါတယ်။ ဒီနေရာမှာ အတိတ် တစ်ချိန်က ကျွန်တော့်ရဲ့ ဘဝ တစေ့တစောင်းကို အခါအခွင့်သင့်တုန်း ဖော်ပြ ပေးပါရစေ။
ကျွန်တော့်ဘဝရဲ့ အစောပိုင်းကာလ ကလေးဘဝတုန်းက ကျွန်တော့် ရဲ့ အဖေဟာ ကျွန်တော်နဲ့ အမေ့ရဲ့ အနားမှာ ဘယ်တော့မှ အချိန်ကြာကြာ မရှိတတ်ပါဘူး။ တကယ်တော့ အဖေက ကျွန်တော်တို့သားအမိအပေါ်မှာ လုံးဝ ချစ်ခင်တွယ်တာတတ်ခြင်း မရှိခဲ့လို့ မဟုတ်ပါဘူး။ အဖေ့အနေနဲ့ ကျွန်တော်တို့နဲ့ နီးကပ်စွာ နေနိုင်ဖို့ အခြေအနေမပေးခဲ့တာကြောင့် ဖြစ်ပါ တယ်။ ဒီလိုနဲ့ပဲ ကျွန်တော်ဟာ မိခင်တစ်ယောက်တည်းရဲ့ အုပ်ထိန်းမှုအောက်မှာပဲ ကြီးပြင်းခဲ့ရပါတယ်။ ကျွန်တော့်အမေဟာ သီချင်းလေးညည်း ရင်း ကခုန်ရင်းနဲ့ အိမ်အလုပ်တွေ ကျွန်တော့်ရဲ့ ဝေယျာဝစ္စတွေကို မပျက်မကွက် လုပ်ပေးခဲ့ပါတယ်။ ကျွန်တော့်အမေဘက်ကတော်စပ်တဲ့ အဘွားဖြစ်သူက နယူးယော့ခ်စီးတီးရဲ့ မြူးဇစ်ဝေါမှာ အလုပ်လုပ်တယ်။ ကျွန်တော့်ရဲ့ မိခင်က သူမရဲ့ ညီအစ်မတော်စပ်သူတွေနဲ့အတူ သီချင်းဆိုတယ်။ မော်ဒယ်လုပ်တယ်။
ထိုကာလတွေအတွင်း ကျွန်တော်ဟာ မိခင်ရဲ့ သွေးပါ ရှိသူပီပီ နောင်တစ်ချိန် အရွယ်ရောက်လာရင် ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ် အောင် ကြိုးစားမယ်လို့ ရည်ရွယ်ချက်ရှိခဲ့ပါတယ်။
ကျွန်တော် ၈ နှစ်သားအရွယ်မှာ ပထမဆုံးသော ပြဇာတ်ကဖူးတဲ့ အတွေ့အကြုံကို ရရှိခဲ့ပါတယ်။ နောက်နှစ်အတော်ကြာကြာအတွင်း ကျွန်တော် ကပြဇာတ်တွေထဲမှာ ပါဝင်ဖျော်ဖြေခွင့်ရရှိခဲ့တယ်။ ပြီးတော့ ရုပ်ရှင်သရုပ် ဆောင်သင်တန်းတွေကိုလည်း တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။
၁၉၈ဝ ပြည့်နှစ် ကျွန်တော် အသက် ၁၄ နှစ်အရွယ်မှာ မမျှော်လင့်ဘဲ ကျွန်တော့်ရဲ့ ဖခင် ကွယ်လွန်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ကျွန်တော့်ဘဝ ဟာ အစစအရာရာ ပြောင်းလဲခဲ့ရပါတယ်။ ကျွန်တော့်ဖခင်က ကျွန်တော် နေစေချင်ခဲ့တဲ့ အသက်အရွယ်အထိနေဖို့ မတတ်နိုင်ဘဲ လောကထဲကနေ ထွက်သွားခဲ့ပေမဲ့ ကျွန်တော်က အဖေ့ကို ချစ်ခဲ့ပါတယ်။ ခင်ခင်
မိခင် (သို့) ဖခင်တစ်ယောက်ယောက် ကွယ်လွန်သွားတဲ့ သားသမီး တစ်ယောက်အဖို့ ဘဝကို ဘယ်လိုခြေလှမ်းတွေနဲ့ ရှေ့ဆက်ရမယ်ဆိုတာကို အသေအချာ စဉ်းစားနိုင်ဖို့က တော်တော်လေး ခက်ခဲလှပါတယ်။
ကျွန်တော့်အမေက ခင်ပွန်းသည် ကွယ်လွန်တဲ့အချိန် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေတာကြောင့် ၁၄ နှစ်သားအရွယ် ကျွန်တော်ကပဲအဖေ့ဈာပနာကိစ္စအဝဝအတွက် စီစဉ်မှုတွေ လုပ်ပေးခဲ့ရပါတယ်။
ကျွန်တော့်ဖခင်ကွယ်လွန်တဲ့ကာလအတွင်း ကျွန်တော်ဟာ “မာရီယာ ကက်သလစ်” ဘုရားကျောင်းမှာ အထက်တန်းပညာ သင်နေခဲ့ပါတယ်။ နောက် မကြာခင်လအနည်းငယ်အတွင်းမှာ ကျွန်တော့်မိခင်က ကျွန်တော့်ကို အသိပေးသင့်တဲ့အရာတစ်ခု အသိပေးခဲ့ပါတယ်။ အဲဒါကတော့ မိခင်ဖြစ်သူ က သူမ နှစ်သက်သဘောကျနေတဲ့သူဆီ သွားချင်တဲ့အကြောင်း ကျွန်တော့် ကို ပြောပြခြင်းဖြစ်ပါတယ်။ ကျွန်တော့်မိခင်ရဲ့ ပြောစကားအရ ကျွန်တော် နောက်ထပ် ကျောင်းပြောင်းရဦးမှာပါလားလို့ ကျွန်တော် တွေးမိလိုက်ပါ တယ်။
ဒီလိုနဲ့ ကျွန်တော် မြို့သစ်ကို ပြောင်းခဲ့ရတယ်။ မြို့သစ်မှာ သူငယ်ချင်း အသစ်တွေနဲ့ တွေ့ဆုံပေါင်းဖော်ရတယ်။ ကျွန်တော်က မိခင်ရဲ့ လောင်းရိပ်အောက်မှာ ထားသလိုနေ စေသလိုသွားရတဲ့အလုပ်တွေကို မနှစ်သက်ဘူး။ ဒါကြောင့် ဒီပုံစံနဲ့ မနေနိုင်ဘူးလို့ မိခင်ကို ပြောပြလိုက်တယ်။ ကျွန်တော့် မိခင်ကလည်း ကျွန်တော့်အပေါ် အပြည့်အဝ နားလည်ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ သူမ ဘယ်မြို့ဘယ်ဒေသကိုပဲပြောင်းပြောင်း ကျွန်တော့်ကို တစ်ယောက်တည်းထားခဲ့ပြီး သူမတစ်ယောက်တည်း ပြောင်းရွှေ့ခဲ့ပါတော့ တယ်။ လူတစ်ဦးချင်းစီရဲ့ ဘဝ တိုးတက်အောင်မြင်မှုတွေရရှိဖို့ လူတစ်ဦးချင်း စီက သူတို့ရဲ့ ဘဝပေးတာဝန်တွေကို ကျေပွန်အောင် ဆောင်ရွက်နိုင်ဖို့ လိုပါတယ်။
ကျွန်တော့်မိခင်က ကွင်းစ်မြို့ကို ပြောင်းသွားတဲ့အချိန်မှာ ကျွန်တော်က “ရော့ခ်ဝေးအနောက်ပိုင်း” မှာ ကျန်ရစ်ခဲ့ပါတယ်။
အသက် ၁၆ နှစ်အရွယ်မှာ အရှေ့ရော့ခ်ဝေးကျောင်းမှာ အထက်တန်း အောင်ပြီးတာနဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အထပ်မြင့်တိုက်ခန်းကို ဝယ်ယူရရှိခဲ့ ပါတယ်။
ကျွန်တော်က အသက် ၁၆ နှစ်သာရှိသေးပေမဲ့ ကိုယ့်ဘဝကိုယ် ကောင်းမွန်စွာ ရပ်တည်နိုင်ခဲ့ပါတယ်။
ကျွန်တော်က ဘဝကို စတင်ရုန်းကန်ခါစမှာ အလုပ် ၃ ခု ၄ ခု ကို တစ်ပြိုင်တည်းလုပ်ကိုင်ပြီး အိမ်ငှားခတွေကို ပေးချေနိုင်ခဲ့ပါတယ်။
ဒီလိုနဲ့ ကျွန်တော် ကောလိပ်ကျောင်းသားဘဝကို ရောက်အောင် ကြိုး စားနိုင်ခဲ့တဲ့အချိန်မှာ ကျွန်တော့်ဘဝရပ်တည်မှုနဲ့ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ တွေးခေါ်စဉ်းစားမှုတွေကအစ ပိုပိုပြီး ရင့်ကျက် လာခဲ့ပါတယ်။
ကျွန်တော်က လက်ရှိ အိမ်ငှားနေရတဲ့ဘဝကို စွန့်လွှတ်ပြီး အိုးပိုင် အိမ်ပိုင်နဲ့နေနိုင်အောင် အချိန်ပြည့် အလုပ်တစ်ခုခုလုပ်ရင် ကောင်းမလားလို့ စဉ်းစားမိခဲ့ပါတယ်။
ကျွန်တော် အသက် ၁၉ နှစ်အရွယ်ရောက်လာချိန်မှာ စီးပွားရေး အကျိုးဆောင်အလုပ်နဲ့ စတင် အဆင်ပြေမှုတွေ ရှိလာခဲ့ပါတယ်။
နောက်ပိုင်းမှာ ကျွန်တော် ကျွမ်းကျင်တဲ့အလုပ်နဲ့ အသက်မွေးရင်း တစ်ဖက်ကလည်း အခြားလူတွေကို လေ့ကျင့်သင်ကြားပေးနိုင်ဖို့ အခွင့် အလမ်းတစ်ရပ်အဖြစ် သင်တန်းတွေ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ။
ကျွန်တော်က ဘယ်သူ့မဆို မိမိကျွမ်းကျင်ရာနယ်ပယ်မှာ သြဇာရှိန်ဝါ ကြီးမားစွာနဲ့ ခေါင်းဆောင်လိုတယ်ဆိုရင် ကိုယ်ပိုင်အရည်အချင်းနဲ့ အရည် အသွေးတွေရှိထားဖို့ လိုတယ်ဆိုတာ ကောင်းကောင်း နားလည်ထားခဲ့ပါ တယ်။
ကျွန်တော် စီးပွားရေးအဆင်ပြေလာတဲ့အချိန်မှာ အရင်ကတည်းက ဝါသနာပါခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်အလုပ်ကို လုပ်နိုင်ဖို့ လိုအပ်တဲ့လေ့ကျင့်မှု တွေ ထပ်မံလုပ်ခွင့်ရရှိခဲ့ပါတယ်။ ။
ကျွန်တော်က ဘဝအတွေ့အကြုံများစွာထဲကနေ အောင်မြင်မှုရရှိနိုင်ဖို့ နဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် လိုအပ်တဲ့နေရာ မှာ လိုအပ်သလို အပြုံးတစ်ပွင့်စီ ခြွေနိုင်ရမယ်ဆိုတာကိုပါ ခွဲခြားနားလည်ခဲ့ ပါတယ်။
အခြားလူများကို အကူအညီပေးခြင်းက သင့်ကို ကူညီပါလိမ့်မယ်
- သင်က အခြားလူတစ်ယောက်ယောက်ကို ကူညီလိုက်ခြင်းကြောင့် တူညီသော တုံ့ပြန်ချက်ကို ခံစားခွင့်ရရှိတဲ့အနေနဲ့ အခြားသူတွေကလည်း သင့်ကို အလိုလို အကူအညီပေးမှာ ဖြစ်ပါတယ်။
ကျွန်တော်က လူတိုင်းကို ပြုံးရွှင်ခြင်းနဲ့ထိုက်တန်တဲ့ ဘဝပိုင်ရှင်တွေ ဖြစ်စေချင်ခဲ့ပါတယ်။ ကျွန်တော့်ကြောင့် လူအများမှာ ခံစားနေရတဲ့ စိတ်သော ကဝေဒနာတွေ ဝမ်းနည်းကြေကွဲမှုတွေကို ကျွန်တော်က ဖြေဖျောက်ပေးလိုပြီး လူတိုင်းကိုယ်စီ အပြုံးပန်းခြွေနိုင်သူတွေဖြစ်အောင် ပြောင်းလဲစေချင်စိတ် ရှိခဲ့ပါတယ်။
သင့်စိတ်အား ဖြန့်ကြက်ပေးပါ
စိတ်ကူးသစ်တစ်ခုနဲ့ အစွမ်းအစနဲ့ တစ်စုံတစ်ယောက်ရဲ့ စိတ်ကို ဖြန့်ကြက်ပေးနိုင်တဲ့အခါ အဲဒီလူရဲ့ မူလရှုထောင့် (အမြင်) တွေကို ဘယ် တော့မှ ပြန်မရနိုင်တော့ပါဘူး။
အော်လစ်ဟဝမ်ဒဲလ်ဟုမ်း
ကျွန်ုပ်ရေးသားတဲ့ ဤစာအုပ်ပါ အကြောင်းအရာ အချက်အလက် တွေဟာ သင့်အတွက် ကောင်းမွန်တဲ့ စိတ်ကူးသစ်တွေ မဟာဗျူဟာတွေ ထိရောက်မှုရှိတဲ့ နည်းပညာတွေ ရရှိစေသလို သင့်အတွက် ပိုမိုပျော်ရွှင်ဖွယ်ကောင်းတဲ့ဘဝတစ်ခု ဖြစ်လာစေဖို့အတွက် များစွာ အကူအညီပေးနိုင်ပါ တယ်။
သင့်အနေနဲ့ အရင်က တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသေးတဲ့အရာ တွေကို ပြန်လည်စိစစ်လေ့လာနိုင်ဖို့ သင်က ဘယ်သူဖြစ်ပြီး သင်က ဘာကြောင့် လုပ်ရတယ်ဆိုတာကို သိရှိနိုင်ဖို့ စာအုပ်ပါ အချက်အလက်တွေကို သေချာစွာ လေ့လာဖတ်ရှုဖို့ လိုပါတယ်။ စာအုပ်ပါ အချက်အလက်တွေကို သေချာစွာ နားလည်နိုင်ဖို့အတွက် သင့်စိတ်ကို သေချာအောင် ဖြန့်ကြက် ထားနိုင်ဖို့လိုပါတယ်။
ဤစာအုပ်ကို ဖတ်ရှုလေ့လာမှတ်သားရာ၌ ထိရောက်မှုရှိစေဖို့အတွက် အောက်ပါအကြံပြုချက်တွေကို အတတ်နိုင်ဆုံး လိုက်နာစေချင်ပါတယ်။
၁။ သင်က စာအုပ်ပါအခန်းလိုက် ဖော်ပြချက်တွေကို တစ်ခန်းပြီးမှ တစ်ခန်း ဖတ်ရှုပေးပါ။ တစ်ခန်းပြီး နောက်တစ်ခန်းသို့ မသွားမီ ပထမဖတ်ပြီးတဲ့အခန်းကို အနည်းဆုံး နှစ်ကြိမ်ကျစီ ပြန်ဖတ်ပေးပါ။ သင်က တစ်ခန်းချင်းစီကို နှစ်ကြိမ်ကျစီ ဖတ်ရှုပေးနိုင်ခြင်းအားဖြင့် စာအုပ်ပါအခန်းတိုင်းကို ကျေညက်စွာ နားလည်နိုင်မှာ ဖြစ်ပါတယ်။
၂။ သင့်ကိုယ်သင် အခုလိုမေးပါ။ “ငါ ဒီစာအုပ်ကို ဘယ်လို ဘယ်ပုံစံနဲ့ အသုံးချရင် ကောင်းမလဲ”။ သင်က စာအုပ်ကို ကျေညက်စွာ ဖတ်ရှုပြီးတဲ့နောက် စာအုပ်ပါ အချက်အလက်နဲ့ စဉ်းစားတွေးခေါ်မှုပုံစံတွေက သင့်ဘဝ အတွေ့ အကြုံ၊ သင့်ယုံကြည်မှုနဲ့ ခံယူချက်တွေအပေါ် ဘယ်လောက်ထိ အကျိုးသက်ရောက်စေတယ်ဆိုတာကို နှိုင်းချိန်ကြည့်ပါ။
၃။ သင်လုပ်နိုင်သော အခြေအနေ၌ အားလုံးကို အကောင်းဆုံးဖြစ်အောင် လုပ်ပါ။ စာအုပ်ပါ လေ့ကျင့်ခန်းများကို ရှောင်လွှဲခြင်းမပြုဘဲ သေချာစွာ လေ့ကျင့်ဖြေဆိုပေးပါ။
၄။ ဘဝတိုးတက်မှုရှိစေသော လုပ်ငန်းစဉ်တိုင်း၌ တက်ကြွစွာ ပါဝင်ဆောင်ရွက်ပေးပါ။
စာမျက်နှာတစ်ခုစီကို လှန်လိုက်တိုင်း သင်က အပြုံးတစ်ပွင့် ခြွေနိုင် အောင် ကြိုးစားပါ။ ပြုံးရွှင်လိုက်ရခြင်းရဲ့ အရသာကို ကျေနပ်စွာ ခံစားပေးပါ။