အောင်လှိုင် - အိပ်မက်ထဲကဘ၀ကိုထုဆစ်ပုံဖေါ်ခြင်း
(၁)
သင့်ဘဝအား ပိုမိုထိရောက်စွာ ကောင်းကျိုး သက်ရောက်စေခြင်း
သင့်ဘဝကို ပိုမိုထိရောက်စွာ ကောင်းကျိုးသက်ရောက်စေဖို့ တိုးတက် မှုဖြစ်စေသော အစီအစဉ်များကို ရေးဆွဲပါ။
သင့်ဘဝအတွက် အောင်မြင်မှုအဆောက်အအုံကို ဖန်တီးတည် ဆောက်ရာမှာ အထောက်အကူဖြစ်စေဖို့ ကျွမ်းကျင်တဲ့ ပညာရှင်နည်းပြတွေ ငှားရမ်းနိုင်ဖို့ လိုပါတယ်။
သင့်အနေနဲ့ ရှိထားပြီးတဲ့ စိတ်ကူးအတွေးအခေါ်တွေ၊ အမြင်တွေ၊ မေးခွန်းတွေ၊ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတိုင်းနဲ့ ထိတွေ့ ပြောဆို ဆွေးနွေးရဲဖို့ လိုပါတယ်။
သင့်အနေနဲ့ ရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ် ဤစာအုပ်မှာ ရေးသား ဖော်ပြထားတဲ့ အခြေခံသဘောတရားတွေကို တစ်ချက်ချင်းအလိုက် တင်ပြနိုင် အောင် ကြိုးစားလေ့ကျင့်ပေးပါ။ မေးလာနိုင်သော မေးခွန်းအမျိုးမျိုးအတွက် အဖြစ်နိုင်ဆုံးနဲ့ လက်ခံနိုင်ဖွယ်အရှိဆုံးသော အဖြေများကို ကြိုတင်စဉ်းစား ထားပါ။
စဉ်းစားတွေးခေါ်နိုင်ခြင်း၊ လေ့လာခြင်း၊ စိန်ခေါ်မှုနှင့် တိုက်ရိုက် သက်ဆိုင်သော ဆွေးနွေးချက်များ ရှိလာပါက နောင်တစ်ချိန် လိုအပ်သလို အသုံးချနိုင်အောင် မှတ်တမ်းအဖြစ် ထားရှိပေးပါ။
သင့် အပြောအဆို၊ အပြုအမူ၊ အနေအထိုင်တို့၌ သြဇာရှိန်ဝါ တက်လာ စေရန် အစစအရာရာ သတိထားပေးပါ။
သင်လေ့လာတတ်မြောက်ထားသည့် အကြောင်းအရာများအား အခြားလူ လုပ်ဖော်ကိုင်ဖက်များနှင့် တွေ့ဆုံဆွေးနွေးပေးပါ။
ရက်သတ္တပတ်ကုန်ဆုံးသည်နှင့် လူချင်းတွေ့ဆုံ၍ဖြစ်စေ၊ တယ်လီဖုန်း ဖြင့်ဖြစ်စေ ဆွေးနွေးတိုင်ပင်ခြင်း၊ အကြံဉာဏ်တောင်းခံခြင်း၊ အပြုသဘော ဆောင်စွာ ရှုမြင်ဝေဖန်ခြင်းကို ကျေနပ်စွာ လက်ခံခြင်းဆိုတဲ့ အလေ့အကျင့် ကောင်းတွေ ဆက်တိုက်လုပ်ပေးပါ။ သင့်ဘက်က ပြုပြင်စရာများရှိပါက နေ့ညမဆိုင်းဘဲ အမြန်ဆုံး ပြုပြင်ပေးပါ။
စိတ်ပိုင်းဆိုင်ရာအရ အစဉ်အမြဲ တက်ကြွရွှင်လန်းပြီး လုပ်ငန်းဆောင် တာများကို အကောင်းဆုံးဆောင်ရွက်နိုင်စေဖို့ အစဉ်အမြဲ စိတ်ပျော်အောင် ထားပေးပါ။
(၂)
သင့်ဘဝအား စီမံခန့်ခွဲပေးသည့်အရာ
သင့် ကိုယ်ပိုင်စွမ်းရည်တွေက သင့်ဘဝကို စီမံခန့်ခွဲပေးနေတာကြောင့် သင့် စွမ်းဆောင်ရည်ကောင်းအတွက် အခွင့်အလမ်းများ ရရှိအောင် အခြေခံ မူများ ချမှတ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ဘဝရဲ့ အစောပိုင်းကာလများတစ်လျှောက် ကျွန်ုပ်တို့ဟာ ကိုယ်တိုင် အတွက်သာမက အခြားလူတွေအတွက်ပါ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့ကြပါတယ်။ ထိုအချိန်ကာလအတွင်းမှာပဲ ကျွန်ုပ်တို့ဟာ လူတိုင်းမှာ မရှိတဲ့ အရည်အသွေးနဲ့ အရည်အချင်းတွေ ပြည့်မီနေစေဖို့ ကြိုးစားခဲ့ပြန်ပါ တယ်။
ကျွန်ုပ်တို့ဘဝရဲ့ အစောပိုင်းကာလဖြစ်တဲ့ မွေးကင်းစအရွယ်နဲ့ အသက် ၁၂ နှစ်အကြားမှာ ကိုယ်ပိုင်ဉာဏ်ရည်ဉာဏ်သွေးမပြည့်မီသေး တာရယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမထားနိုင်သေးတဲ့ ကလေးဘဝဖြစ်တာ ရယ်ကြောင့် ဘယ်ကိစ္စ ပြဿနာကိုမှ ဆုံးဖြတ်ချက်ချပြီး ဖြေရှင်းနိုင်စွမ်း မရှိခဲ့ပါဘူး။ ဒါတင်မကပါဘူး။ ထိုအချိန်ကာလအတွင်းမှာ ကျွန်ုပ်တို့ သိမြင် ထားတာတွေ၊ နားလည်ထားတာတွေ အကုန်လုံးနီးပါးလောက်က အမှားတွေ ချည်းပဲဆိုတာကိုလည်း လုံးဝမသိနိုင်ခဲ့ပါဘူး။
ဘဝရဲ့ အစောပိုင်းကာလ ကလေးဘဝတစ်လျှောက်မှာ မှားတယ်။ မှန်တယ်၊ ဖြစ်သင့်၊ မဖြစ်သင့်ဆိုတာကိုလည်း မသိသေးတော့ ကိုယ့်မှာ မရှိ သေးတဲ့ အရာမှန်သမျှ လိုချင်ခဲ့တယ်။ အခြားကလေးတွေမှာရှိနေတဲ့ တန်ဖိုး ရှိတဲ့ ပစ္စည်းရော၊ တန်ဖိုးမဲ့တဲ့ ပစ္စည်းတွေကိုပါ အကုန်လုံးရယူချင်ခဲ့တယ်။
ကျွန်ုပ်တို့ အရွယ်ရောက် လူလားမြောက်ချိန်မှာတော့ ဦးနှောက်အသိ ဉာဏ်တွေ မြင့်မားလာတဲ့အလျောက် ရည်မှန်းချက်ကြီးကြီးမားမားတွေ ထား တတ်လာတယ်။ ဆုံးဖြတ်ချက်တွေ ချတတ်လာတယ်။ စိန်ခေါ်မှုတွေကို လည်း ရင်ဆိုင်ရဲစိတ် ရှိလာကြတယ်။ ဒါကြောင့် အပြိုင်အဆိုင် ကြိုးစားချင် တဲ့စိတ်တွေ မြင့်တက်လာကြတယ်။ ဒါပေမဲ့ ခက်တာက ကျွန်ုပ်တို့ အမြင့်ဆုံး ကိုရောက်နိုင်ဖို့ လှေကားထစ်အဆင့်ဆင့်ကို တက်လှမ်းရာမှာ ဘယ်တော့ မှ အဆုံးသတ်တယ်ရယ်လို့ မရှိပါ။ ဘယ်လောက်ပဲ ကြိုးစားအားထုတ်ပြီးအောင်မြင်မှုတွေရနေပေမဲ့ ဘယ်တော့မှ အလိုဆန္ဒပြည့်ဝတယ်ရယ်လို့ မရှိပါဘူး။
အပြိုင်အဆိုင် ကြိုးစားအားထုတ်မှုတွေနဲ့ သူတကာထက် အောင်မြင် အောင်လုပ်လိုတဲ့ ဆန္ဒရှိရင်တော့ သူတကာထက် ကြိုးစားရပါမယ်။ သူတကာ ထက် ကြိုးစားသလောက် ထိရောက်တဲ့ ကောင်းကျိုးတွေရရှိဖို့ ကိုယ်ပိုင် စွမ်းရည်ရှိအောင် ဦးစွာကြိုးစားရပါမယ်။
ကိုယ်ပိုင်စွမ်းရည်ကို ချက်ချင်းလက်ငင်း ရယူချင်လို့ ဘယ်လိုမှ မဖြစ် နိုင်ပါဘူး။ နည်းလမ်းမှန်ကန်စွာနဲ့ ကြိုးစားအားထုတ်မှု၊ အတွေ့ အကြုံ၊ စဉ်းစားတွေးခေါ်ဆုံးဖြတ်နိုင်မှုတွေ ဟန်ချက်ညီလာတဲ့အခါမှသာ ကိုယ်ပိုင် စွမ်းရည်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
ကျွန်ုပ်တို့ဘဝအား အကောင်းဆုံး စီမံခန့်ခွဲမှုတွေနဲ့ တိုးတက်အောင် လုပ်တဲ့အခါ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုဖြစ်စေတဲ့ အခြေအနေများ ကို သတိပြု ရှောင်ကြဉ်နိုင်ဖို့ လိုပါတယ်။
သတိပြုရှောင်ကြဉ်နိုင်စေရန်အတွက် အောက်ပါ မေးခွန်း ၂ ခုအား အလေးအနက်ထားပြီး သင့်ကိုယ်သင် မေးမြန်းပါ။
၁။ သင် ၁၅ နှစ်သားအရွယ်က အကြည်ညို၊ အလေးစားဆုံးနှင့်အတုယူဖွယ်အကောင်းဆုံး ဖြစ်ခဲ့သော သူက မည်သူနည်း။
၂။ သင့်မိဘတွေက သင့်ကို အဖြစ်စေချင်ဆုံးက ဘာလဲ။
အထက်ပါ မေးခွန်းနှစ်ရပ်စလုံးဟာ သင့်ဘဝကို အကောင်းဆုံး စီမံ ခန့်ခွဲရေးအပိုင်းမှာ အဓိကအရေးပါတဲ့ မေးခွန်း ၂ ရပ် ဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ မိဘများဟာ အခြားမိဘတွေနည်းတူ ကျွန်တော့်ဘဝ တိုးတက်အောင်မြင်တာကို လိုလားတယ်။ ပြီးတော့ ကျွန်တော် လုပ်ကိုင်ဆောင်ရွက်သမျှ ကိစ္စအဝဝကို တာဝန်ယူတတ်သူ ဖြစ်စေချင်တယ်။ ကျွန်တော့်ရဲ့ အောင်မြင်မှုတိုင်းအပေါ် သူတို့က ဝမ်းမြောက်ဂုဏ်ယူစေချင်တဲ့ သဘောပါ။
မိဘများရဲ့ ဖြစ်စေချင်တဲ့ဆန္ဒတွေက ကျွန်တော့်ကို အရာရာကောင်း တဲ့ တိုးတက်ပြောင်းလဲမှုတွေကို ဖြစ်စေခဲ့ပါတယ်။
ကျွန်တော့်ကို တိုးတက်ပြောင်းလဲစေခဲ့တဲ့ အရာတွေကတော့ ကျွန်တော့် ရဲ့ သွေးအေးအေးနဲ့ ဆုံးဖြတ်မှု၊ ယောက်ျားဆန်လွန်းသော အပြုအမူ၊ လျင်မြန် ဖျတ်လတ်မှု၊ စတိုင်ကျမှု၊ အရာရာ အလွယ်တကူအလျှော့မပေးဘဲ ဇွဲခံနိုင် ရည် အားကောင်းမှု၊ အောင်မြင်လိုစိတ်ရှိမှုတို့ပဲ ဖြစ်ပါတယ်။
အထက်ပါ စွမ်းဆောင်ရည်တွေနဲ့ ကျွန်တော်ဟာ အကောင်းဆုံးဖြစ် အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ကျွန်တော့်ရဲ့ ကြိုးစားအားထုတ်မှုတွေအပေါ် ကျွန်တော် ကျေနပ်အား ရမှု အပြည့်မရှိခဲ့ပါဘူး။ နောက်ပြီး ညစဉ်ညတိုင်း ကျွန်တော်ဟာ ရှေ့ဆက်ပြီး တိုးတက်မှုရှိနိုင်မယ့် လမ်းစတွေကို ဘယ်လိုအကောင်းဆုံး ရှာတွေ့အောင် လုပ်ရမယ်ဆိုတာကို အမြဲစဉ်းစား တွေးတောခဲ့ပါတယ်။
မိဘများဖြစ်စေချင်တဲ့ အောင်မြင်သူတစ်ယောက်လို ဖြစ်လာဖို့အတွက် ကျွန်တော် ကြိုးစားလိုက်တဲ့အခါ သွားဘက်ဆိုင်ရာ ဆရာဝန်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။
သွားဆရာဝန်တစ်ယောက် ဖြစ်လာပြီးတဲ့နောက်ပိုင်း ကျွန်တော်ဟာ စိန်ခေါ်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ကျွန်တော် တာဝန်ယူကြည့်ရှုစစ်ဆေးရတဲ့ လူနာတွေဟာ လစဉ် လတိုင်း ၂၅ဝ အထိ မြင့်တက်လာတာတွေ့ရပါတယ်။
ကျွန်တော့်မှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေက ကျွန်တော့်ကို ဆင့်ကဲတိုးတက်အောင်မြင်အောင် လေ့ကျင့်ပေးတဲ့ သူတွေအဖြစ် ကျွန်တော် ကောင်း စွာ နားလည်နိုင်ခဲ့ပါတယ်။ ။
ကျွန်တော် ကြိုးစားနေတဲ့ ကာလတစ်လျှောက်မှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကြောင့် ဘယ်တော့မှ ကြောက်ရွံ့ နောက်တွန့်ခြင်း မရှိခဲ့ပါဘူး။ အောင်မြင်မှုဆိုတာ အလွယ်တကူမရနိုင်တဲ့ အရာဖြစ်လို့ အောင်မြင်မှု ရယူလိုသူတိုင်း မလွဲမသွေ ပေးဆပ်ကြရမှာ ဖြစ်ပါတယ်။
သင့်စွမ်းရည်အား ဖော်ထုတ်ခြင်း
၁။ သင် အသက် ၁၅ နှစ်သားအရွယ်က လေးစားအားကျရဆုံးဖြစ်ခဲ့သူက ဘယ်သူလဲ။
၂။ သင့်မိဘများက သင့်ဆီမှာ ဘယ်လိုစွမ်းရည်မျိုး ရှိစေချင်ခဲ့ပါသလဲ။
၃။ သင့်အတွက် အမှန်တကယ်ဖြစ်လာနိုင်တဲ့ ပုံရိပ်က ဘာလဲ။
၄။ သင့်ဘက်က အောင်မြင်မှုရရှိဖို့ ဘယ်အရာတွေကို ရှောင်ကြဉ်ရမလဲ။ သင့်စိတ်မကြည်လင်တဲ့အခါ၊ သင့်မိသားစုအတွင်း ပဋိပက္ခဖြစ်တဲ့ အခါ သင့်အနေနဲ့ ဘယ်လိုအခြေအနေမျိုးနဲ့ ရင်ဆိုင်ရပါသလဲ။ သင့်ဘက်က သည်းခံနိုင်စွမ်းမရှိတဲ့ အရာတွေနဲ့ သင် ရှောင်ကြဉ်နေရတဲ့ကိစ္စရပ်တွေကို စာရင်းရေးသွင်းပါ။
၅။ သင့်ဘက်က အလိုအလျောက် တုံ့ပြန်ပြုမူမိနိုင်သော ကိစ္စများကိုသတိပြုပါ။
၆။ စိတ်လိုက်မာန်ပါ ဖြစ်နိုင်သော အခြေအနေများကို အကြောက်တရားဖြင့် ထိန်းချုပ်ပေးပါ။
၇။ သင် နေ့စဉ်ကြုံတွေ့ရသော ကိစ္စရပ်များအား ထူးခြားလျှင် ထူးခြားသလို မှတ်တမ်းရေးသွင်းထားရှိပါ။
သင်၏ နားထောင်နိုင်စွမ်းနှင့် သင်၏ ပြောစကားများထဲမှ ထူးခြား သော အကြောင်းအရာများကို မှတ်သားထားပေးပါ။
အရေးပါသော ကိစ္စများအား အခြားလူတစ်ဦးတစ်ယောက်နှင့် ပြောဆိုဆွေးနွေးနေစဉ် အချိန်အတွင်း သေချာစွာ မှတ်သားထားပေးပါ။