အောင်လှိုင် - အများနှင့်ပြောဆိုဆက်ဆံသည့်ပညာ
အခန်း - ၁
လူသား၏ ပြောဆိုဆက်ဆံရေးနှင့်ပတ်သက်၍ ဖန်တီးနိုင်စွမ်းသော တွေးခေါ်ဉာဏ်
ဘဝတစ်သက်တာအတွင်း ကျွန်ုပ်တို့အားလုံး အလိုချင်ဆုံးဖြစ်တဲ့အရာ ၂ ခုကတော့ အောင်မြင်ခြင်း နဲ့ ပျော်ရွှင်ခြင်းပဲ ဖြစ်ပါတယ်။
ကျွန်ုပ်တို့အားလုံးဟာ တစ်ဦးနဲ့တစ်ဦး ကွဲပြား ခြားနားမှုတွေရှိနေပါတယ်။ အထူးသဖြင့် အောင်မြင် ရေးနဲ့ပတ်သက်တဲ့ စိတ်ကူးတွေက သိသာစွာကွဲပြား ခြားနားကြပါတယ်။
အမျိုးမျိုးသော သိပ္ပံနည်းကျလေ့လာချက်များ က သက်သေအထောက်အထားခိုင်လုံစွာနဲ့ ထောက် ပြရာမှာ လူအများနဲ့ ပြောဆိုဆက်ဆံရေးကို ဘယ်လို သင်ယူရမယ်ဆိုတာနဲ့ ဆက်ဆံရေးကောင်းမွန်တဲ့သူတွေဟာ ဘယ်စီးပွားရေးလုပ်ငန်း နယ်ပယ်ထဲမှာပဲ ဖြစ်ဖြစ် အောင်မြင်မှု ၈၅ ရာခိုင်နှုန်းကနေ ၉ဝ ရာခိုင် နှုန်းအထိ ရရှိမှာဖြစ်ပါတယ်။
ကောင်းမွန်သောဆက်ဆံရေးဟာ ပုဂ္ဂိုလ်ရေး ဆိုင်ရာ ကျေနပ်မှုအမျိုးမျိုးကိုဖြစ်စေပြီး တစ်ချိန် တည်းမှာပဲ တစ်ဖက်လူတို့ရဲ့ အတ္တကို နင်းချေပစ်နိုင် ပါတယ်။
- ၉၀ ရာခိုင်နှုန်းသောလူတွေဘဝမှာ ကျရှုံးရ ခြင်းဟာ လူအများနဲ့ ပြောဆို ဆက်ဆံရေးမှာ အောင်မြင်မှုမရတာကြောင့် ဖြစ်ပါတယ်။
သင့်ပတ်ဝန်းကျင်ပတ်ပတ်လည်ကို တစေ့တ စောင်းကြည့်လိုက်ပါ။ လက်ရှိအောင်မြင်နေတဲ့သူ တွေဟာ အကောင်းဆုံးသောဦးနှောက်ကို ပိုင်ဆိုင် ထားပြီး အကောင်းဆုံးသောကျွမ်းကျင်မှုတွေ ရှိနေကြ ပါသလား ...၊ ဘယ်သူတွေက အခြားသူတွေထက် ဘဝရဲ့ ပျော်ရွှင်မှုတွေကို အကောင်းဆုံးရနေပါသလဲ။
သင့်အနေနဲ့ အထက်ပါမေးခွန်းတွေအတွက် တွေးခေါ်ဉာဏ်သုံးပြီး စဉ်းစားဆင်ခြင်ပေးပါ။
- ပုဂ္ဂိုလ်ရေးဆိုင်ရာပြဿနာဟာ အခြားသူ တွေနဲ့ဖြစ်တဲ့ ပြဿနာပဲ ဖြစ်တယ်။
ယနေ့ခေတ် သန်းနဲ့ချီသောလူတွေဟာ မဝံ့မရဲရှိုးတိုးရှန့်တန့်ဖြစ်တာတွေ၊ ရှက်သလို၊ ကြောက်သလို ဖြစ်တာတွေ၊ လူမှုရေးဆိုင်ရာ အခြေအနေအမျိုးမျိုး မှာ သက်သောင့်သက်သာမရှိတာတွေနဲ့ ရင်ဆိုင်နေ ကြရပါတယ်။
တကယ်တော့ အဲဒီလူတွေဟာ သူတို့ရဲ့ ဆက် ဆံရေးညံ့ဖျင်းမှုကြောင့် အထက်ပါ မကောင်းတဲ့ခံစား မှုတွေဖြစ်နေရတယ်ဆိုတာကို သဘောမပေါက်ကြ ပါဘူး။ ဆက်ဆံရေးမကောင်းတဲ့ (သို့) လူ့အသိုင်း အဝိုင်းထဲမှာ ဝင်ဆံ့နိုင်ခြင်းမရှိတဲ့သူတွေအားလုံး အနာဂတ်ကာလ အောင်မြင်ရေးနဲ့ ပျော်ရွှင်ရေးတွေမှာ ဆက်ပြီး ကျရှုံးနေဦးမှာဖြစ်ပါတယ်။
ရှက်ကြောက်ခြင်းကင်းဝေးပြီး မိမိကိုယ်မိမိ ယုံကြည်မှုရှိတဲ့သူတွေကျပြန်တော့ ၎င်းတို့ကျင်လည် ကျက်စားရာ ဘယ်နယ်ပယ်မှာမဆို သူများကို သြဇာ ပေးတာ ဆရာကြီးလုပ်တာတွေ၊ သူတစ်ပါးအပေါ် လွှမ်းမိုးချုပ်ကိုင်လိုတာတွေ ရှိနေတတ်ပါတယ်။ .
အရှက်အကြောက်ကင်းခြင်းဟာ ဆက်ဆံရေး ကောင်းမွန်ဖို့အတွက် လိုအပ်ချက်ဖြစ်ပေမဲ့ တစ်ဖက် သားအပေါ် ရဲရဲဝံ့ဝံ့ဖိနှိပ်ဆက်ဆံတာကတော့ ကောင်း တဲ့ဆက်ဆံရေး ဖြစ်မလာနိုင်ပါဘူး။ တကယ်ကောင်း မွန်သင့်တင့်လိုက်ဖက်တဲ့ ဆက်ဆံရေးမှာ ရှက်ကြောက်ခြင်းမရှိသလို လွန်ကဲစွာရဲတင်းခြင်းလည်း ရှိစရာမလို ပါဘူး။ ကောင်းတဲ့ဆက်ဆံရေးဟာ အစွန်း ၂ ဖက် ကင်းတဲ့ ဆက်ဆံရေးသာ ဖြစ်ပါတယ်။
ကောင်းတဲ့ဆက်ဆံရေးဖြစ်စေဖို့ လုပ်ငန်းခွင် အတွင်းမှာဖြစ်စေ၊ မိသားစုအတွင်းမှာဖြစ်စေ စိတ်ပါ လက်ပါ ပူးပေါင်ဆောင်ရွက်မှုတွေ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဖေးမ နားလည်မှုတွေ အဓိကလိုအပ်ပါ တယ်။
မိမိက ဆက်ဆံရေးကောင်းတဲ့သူတစ်ယောက် ဖြစ်လာပြီဆိုရင် ... မိမိအပေါ်သစ္စာရှိသူ၊ ချစ်ခင် သူ၊ စောင့်ရှောက်သူ၊ ယုံကြည်လက်ခံသူတွေ များ လာမှာဖြစ်ပါတယ်။ ဒီအခါ သင့်ဘက်က မိမိအတွက် ရော၊ အများအတွက်ပါ ကောင်းကျိုးဖြစ်ထွန်းစေမယ့် ပြောဆိုဆက်ဆံမှုတွေကို သင့်စိတ်ကြိုက် ပြန့်ပွား အောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ဆက်ဆံရေးဟာ ဘယ်သူနဲ့မှ ပြဿနာမဖြစ်စေဘဲ တစ်ယောက်က တစ်ရာအထိ ကောင်းကျိုးကိုသာ ပေးစွမ်းပါတယ်။ ယနေ့ ခေတ်မီတိုးတက်သောကမ္ဘာ ၌ တိုးတက်မှုမရှိသေးတဲ့အရာတွေကတော့ အောင်မြင် ခြင်းနဲ့ ပျော်ရွှင်ခြင်းတွေပဲဖြစ်ပါတယ်။
လက်ရှိ ကာလမှာ ဘဝတစ်သက်တာအတွက်လိုအပ်ချက်ဖြစ်တဲ့ အောင်မြင်ခြင်းနဲ့ ပျော်ရွှင်ခြင်းကို လူအနည်းငယ်လောက်ကသာ ခံစားနိုင်ကြပါတယ်။
အောင်မြင်ခြင်းနဲ့ ပျော်ရွှင်ခြင်းရရှိဖို့အတွက် မိမိ တစ်ဦးတည်းနဲ့သာ ရယူနိုင်ခြင်းမရှိဘဲ သက်ဆိုင်ရာ ဝန်းကျင်အသိုင်းအဝန်း လိုအပ်ပါတယ်။
ဆရာဝန်၊ ရှေ့နေ၊ အရောင်းစာရေး၊ မက္ကင်းနစ် တို့ဟာ ၎င်းတို့ရဲ့ ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင် မှုတစ်မျိုးစီကြောင့် ပျော်ရွှင်ခြင်းနဲ့ အောင်မြင်ခြင်းကို ရရှိကြပါတယ်။
အလားတူ ဇနီး၊ ခင်ပွန်းတို့ရဲ့ ပျော်ရွှင် အောင် မြင်မှုတွေဟာ တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် ဆွဲဆောင်ခြင်းကြောင့်မဟုတ်ဘဲ ၎င်းတို့ ၂ ဦးရဲ့ သီးခြား အခြေအနေတစ်ခုကြောင့် ပျော်ရွှင်အောင်မြင်မှုကို ရရှိ တာဖြစ်ပါတယ်။
လူသားရဲ့ ကျွမ်းကျင်သော ဆက်ဆံရေးဟာ ဘယ်လုပ်ငန်းနယ်ပယ်မှာမဆို ကျွမ်းကျင်လိမ္မာမှုရှိတဲ့ သဘောကို ပြဆိုပါတယ်။ ဒါကြောင့် လူတစ်ဦးချင်း စီရဲ့ ကွဲပြားမှုတစ်ခုစီအလိုက် ကွဲပြားသော အရည် အချင်းတွေကိုယ်စီ ပိုင်ဆိုင်ကြပြီး ကွဲပြားတဲ့ အောင် မြင်ခြင်းနဲ့ ပျော်ရွှင်ခြင်းကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။