အောင်လှိုင် - အခြေခ့ကျတဲ့ဂုဏ်သတင်းတည်ဆောက်ရေး
အခန်း - ၁
လျှို့ဝှက်ဘဝ
သင့်ဘက်က မှန်ကန်သောအမြင်နဲ့ အရာရာကို ရှုမြင်နိုင်တယ်။ ကြည့်ရှုနိုင်မယ်ဆိုရင် ကမ္ဘာလောကတစ်ခုလုံးကို စိမ်းစိုလှပတဲ့ ဥယျာဉ် ကြီးတစ်ခုအဖြစ်တွေ့မြင်နိုင်စွမ်းရှိလာပါလိမ့်မယ်။
- ဖရန့်စ်ဟော့ဒ်ဆန်ဘားနက်
ကျွန်ုပ်တို့အားလုံးက ဘဝ ၃ ခုနဲ့ ရှင်သန်ရပ်တည်နေရသူတွေ ဖြစ်ပါတယ်။ အဲဒီဘဝ ၃ ခု ကတော့
(၁) အများနှင့်ဆိုင်သောဘဝ
(၂) ကိုယ်ပိုင်ဘဝ
(၃) လျှို့ဝှက်ဘဝ ... တို့ပဲဖြစ်ပါတယ်။
လျှို့ဝှက်ဘဝ ဟာ သင့်ရဲ့ ခံစားမှုအရ အမှန်တကယ် လှုပ်ရှားမှု တွေ စတင်စေသောနေရာ၊ ဘဝအတွက် အဆုံးစွန်သော အလိုဆန္ဒများကို စတင်စေသောနေရာ၊ သင့်နှလုံးသားရှိနေသောနေရာမှာ တည်ရှိနေပါ တယ်။
လျှို့ဝှက်ဘဝဟာ အခြေခံကျကျ ထူးကဲစွာ အောင်မြင်မှုတွေ ဖြစ်စေ မယ့် အခြေခံအရင်းအမြစ်တစ်ခုလည်း ဖြစ်ပါတယ်။
သင့်ရဲ့ လျှို့ဝှက်ဘဝကို စူးစမ်းရှာဖွေဖို့ သင့်မှာ သတ္တိရှိတယ်ဆိုရင် သင့်အတွက် အနက်ရှိုင်းဆုံးဖြစ်တဲ့ စိတ်ပါဝင်စားမှုတွေနဲ့ ပတ်သက်ပြီး သင်ကိုယ်တိုင် ရိုးသားစွာ မေးခွန်းထုတ်နိုင်မှာဖြစ်ပါတယ်။
ကျွန်ုပ်တို့၏ဘဝ ၃ ခု
အများနဲ့ဆိုင်သောဘဝကတော့ ကျွန်ုပ်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် တွေ၊ အသင်းအဖွဲ့ဝင်တွေနဲ့ အခြားသောအသိုင်းအဝန်းက လူတွေက ကျွန်ုပ်တို့ဘဝကို တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ပတ်သက်လျက်ရှိကြပြီး ကျွန်ုပ်တို့ကိုယ်တိုင်ကလည်း သူတို့ရဲ့ ကျေးဇူးနဲ့ ကိစ္စအတော်များများကို မြင်တွေ့ကြားသိခွင့်တွေရရှိကြပါတယ်။
ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင်ဘဝမှာတော့ ကျွန်ုပ်တို့ရဲ့ အိမ်ထောင်ဖက် (ဇနီး/ခင်ပွန်း)မိသားစုဝင်များ၊ အရင်းနှီးဆုံးနှင့် အခင်မင်ရဆုံးသော မိတ်ဆွေများက အခရာဖြစ်နေပြီး ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင်ဘဝကို အကောင်း ဆုံး ရုပ်လုံးပေါ်အောင် ပုံဖော်ပေးနိုင်ကြပါတယ်။
လျှို့ဝှက်ဘဝကတော့ ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင်ဘဝ၊ ကျွန်ုပ်တို့ရဲ့ အများ နှင့်ဆိုင်သော ဘဝတွေနဲ့လုံးဝမတူဘဲ ကွဲပြားခြားနားတာကို တွေ့ရပါ တယ်။ လျှို့ဝှက်ဘဝဟာ ကိုယ်ပိုင်ဘဝ၊ အများနှင့်ဆိုင်သောဘဝ ဆိုတဲ့ ဘဝ ၂ ခုကို တွန်းအားပေးနိုင်စွမ်းရှိပါတယ်။
လူအများစုအနေနဲ့ လျှို့ဝှက်ဘဝထဲကို တစ်ကြိမ်တစ်ခါခန့် အလည် အပတ် သွားရောက်တတ်ခြင်း မရှိကြပါဘူး။
သင်ကိုယ်တိုင် လျှို့ဝှက်ဘဝထဲကို တစ်ကြိမ်တစ်ခါရောက်ဖူးမှသာ လျှင် သင့်ဘဝကို သင်ကိုယ်တိုင် သေချာလေ့လာဆန်းစစ်မှုတွေ လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ သင့်လျှို့ဝှက်ဘဝထဲသို့ ရောက်အောင်သွားပြီး လေ့လာဆန်းစစ်မှုတွေလုပ်နိုင်ပြီဆိုရင် သင့်ကိုယ်သင် အရာရာနဲ့ ပတ် သက်ပြီး သတိထားနိုင်တော့မှာ ဖြစ်ပါတယ်။
သင့်ရဲ့ လျှို့ဝှက်ဘဝထဲကို ဝင်ရောက်ပြီး စူးစမ်းလေ့လာမှုတွေ လုပ် ဖို့ အဓိကလိုအပ်တဲ့ အရင်းအမြစ်ကတော့ “သတ္တိ” ပဲ ဖြစ်ပါတယ်။
သင့်ရဲ့ လျှို့ဝှက်ဘဝဟာ သင့်နှလုံးသားမှာ တည်ရှိသလို သင် အမှန် တကယ် လုပ်ချင်သောအရာတွေလုပ်ဖြစ်အောင် စေ့ဆော်နေသော အရာများ ကိန်းဝပ်နေတဲ့၊ သင့်ဘဝတစ်သက်တာအတွင်း အဆုံးစွန်သော အလိုဆန္ဒများ ရှိနေတဲ့နေရာမှာ တည်ရှိနေပါတယ်။
သင်လုပ်ချင်သောအရာများ လက်တွေ့လုပ်ဖြစ်အောင် စေ့ဆော်ပေးနေသည့်အရာများကို စစ်ဆေးခြင်း
ကျွန်ုပ်ရဲ့ လျှို့ဝှက်ဘဝဆီ အလည်ရောက်တဲ့အခါ အောက်ပါ မေးခွန်းတွေ မေးမြန်းဖို့ ပြင်ဆင်ထားရပါတယ်။
- ကျွန်ုပ် ဘယ်လိုစဉ်းစားသင့်သလဲ။
- ကျွန်ုပ် ယုံကြည်လက်ခံထားတာတွေက မှန်ကန်ရဲ့ လား။
- ကျွန်ုပ်ကို စေ့ဆော်နေတဲ့အရာတွေက ဘယ်လိုဖြစ်သင့်သလဲ။
ကျွန်ုပ် လုပ်ချင်သောအရာတွေလုပ်ဖြစ်အောင် အမှန်တကယ် စေ့ဆော်ပေးနေတဲ့အရာတွေကို သေချာစွာစိစစ်ရွေးချယ်ပြီး ကျွန်ုပ်ကိုယ် ကျွန်ုပ် အခုလို အဖြေပေးရပါလိမ့်မယ်။ “
“ဒါက ငါ့ရဲ့ ကိုယ်ပိုင်ဘဝလည်း ဖြစ်သလို လျှို့ဝှက်တဲ့ဘဝလည်း ဖြစ်တယ်။ ငါ့ရဲ့ လျှို့ဝှက်တဲ့ဘဝထဲမှာ လူတကာမရနိုင်တဲ့ တန်ဖိုးကြီးသောအရာတွေသိုဝှက်ထားနိုင်အောင် ငါကြိုးစားရမယ်။ ငါ့ရဲ့ အချိန်နဲ့ စွမ်းအင်တွေကို ဘယ်လိုအသုံးချရမလဲဆိုတာအတွက် အကောင်းဆုံးရွေးချယ်မှုတွေလုပ်ပေးရလိမ့်မယ်။ ။
နံနက်စောစော အိပ်ရာကထပြီး ကျန်းမာရေးလေ့ကျင့်ခန်းတွေ လုပ် ဖို့ ကြိုးစားရမယ်၊ ငါ့ဘဝအတွက်အကောင်းဆုံးစေ့ဆော်မှုတွေရရှိ အောင် ကြိုးစားရမယ်။ အရင်တုန်းကငါနဲ့ ပဋိပက္ခဖြစ်ခဲ့ဖူးတဲ့ သူတွေနဲ့ ပြန်လည် ပြေငြိမ်းမှုရအောင် ကြိုးစားရမယ်။ ဒါဆိုရင် ငါ့ရဲ့ လျှို့ဝှက်ဘဝကို အကောင်းဆုံးတွေနဲ့ ပုံဖော်ထုဆစ်နိုင်ပြီပေါ့”
လျှို့ဝှက်ဘဝရဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ အကျိုးအမြတ် အသီး အပွင့်တစ်ခုကတော့ သင့်ဘဝအောင်မြင်အောင် တွန်းအားပေးနေတဲ့ စေ့ဆော်ချက်တွေကိုသင့်ရဲ့ နိုးကြားအသိနဲ့ ကိုယ်တိုင်စိတ်တိုင်းကျ ရွေးချယ်နိုင်စွမ်း ရှိခြင်းပဲ ဖြစ်ပါတယ်။
သင်ရဲ့ လျှို့ဝှက်ဘဝမှာ အောင်မြင်မှုတွေ ရရှိစေဖို့ သင်ဟာ ကိုယ် ပိုင်လျှို့ဝှက်သောမေးခွန်းတွေ မေးမြန်း ဖြေဆိုနိုင်ဖို့ လိုအပ်ပါတယ်။
သင့်ရဲ့ လျှို့ဝှက်ဘဝထဲမှာ သင်က ရွေးချယ်မှုကောင်းတွေ မလုပ် နိုင်ခဲ့ဘူးဆိုရင်........သင်လုပ်ဆောင်သမျှအရာရာတိုင်းမှာ မှန်ကန်တဲ့ စေ့ဆော်တိုက်တွန်းမှုတွေ မရှိတော့ဘဲ ဘဝအောင်မြင်မှုလည်း မရနိုင် တော့ပါဘူး။
ကျွန်ုပ်အနေနဲ့ စိတ်ရှုပ်စရာကောင်းတဲ့အခြေအနေ၊ နားလည်ရခက် တဲ့ အခြေအနေတစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်ုပ်ရဲ့ လျှို့ဝှက်ဘဝထဲကို တစ်ခဏတာဖြစ်ဖြစ် ခေတ္တဝင်ရောက်ပြီး ကျွန်ုပ်ကိုယ်ကျွန်ုပ် မေးခွန်း ထုတ်ရပါလိမ့်မယ်။
“ငါဟာ ကောင်းမွန်တဲ့ စည်းကမ်းဥပဒေသတွေအကြား ရေရှည်ရပ် တည်နိုင်စွမ်းရှိပါ့မလား” “ငါ့ မှာ အောင်မြင်နိုင်တဲ့ အခြေခံ အရည် အသွေးတွေမရှိခဲ့ရင်... ဆင့်ပွားအောင်မြင်မှုကိုဖြစ်စေတဲ့ အဆင်တန်ဆာ အဆောင်အယောင်တွေနဲ့ ဝေးကွာရတော့မှာလား”
ကျွန်ုပ်ရဲ့ လျှို့ဝှက်ဘဝထဲကိုဝင်ရောက်ပြီး စူးစမ်းရှာဖွေမှုတွေ လုပ်ပေး နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ်သတိမူခြင်း၊ စိတ်ကူးစိတ်သန်းကောင်းများ ထားရှိ ခြင်း အကောင်းအဆိုး၊ အမှားအမှန် ခွဲခြမ်းစိတ်ဖြာနားလည်နိုင်စွမ်းရှိခြင်း၊ ဘဝအောင်မြင်ရေးအတွက် ထိရောက်သော စေ့ဆော်မှုများ ပြုလုပ်ခြင်း ဆိုတဲ့ အရည်အသွေးကောင်းတွေရှိလာအောင် ဦးစွာ လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ။
ဥပမာအနေနဲ့ သင့်အသက်မွေးဝမ်းကျောင်း အလုပ်နဲ့ပတ်သက်ပြီး စဉ်းစားမိတဲ့အခါ သင့်ကိုယ်သင် အောက်ပါအတိုင်း မေးခွန်းထုတ်မိ ပါလိမ့်မယ်။ “ငါ့စိတ်ကို အမှန်တကယ်စေ့ဆော်နေတဲ့အရာတွေက ဘာ တွေလဲ”
အကယ်၍ ကျွန်ုပ်က အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဆုံးဖြတ် ချက်တစ်ခုချမယ်ဆိုရင် ကျွန်ုပ်ရဲ့ နှလုံးသားတည်ရှိရာနေရာမှာ ရှိနေတဲ့ လျှို့ဝှက်ဘဝဆီ အလည်အပတ်သွားပြီး အခုလိုမေးခွန်းထုတ်ရပါလိမ့် မယ်။
“ကျွန်ုပ်က ပထမဆုံးလုပ်သင့်တဲ့ အလုပ်ကို ပထမဆုံးလုပ်ဖြစ်စေ ဖို့လုံးဝဥသုံပြင်ဆင်ထားပါတယ်။ ကျွန်ုပ်ရဲ့ ရွေးချယ်မှုတွေ၊ ဦးစားပေး လုပ်ဆောင်မှုတွေကို ဖြောင့်ဖြောင့်တန်းတန်း လုပ်နိုင်ပါ့မလား”
စွမ်းအင်ကောင်းတွေနဲ့ပြည့်ဝနေသော လျှို့ဝှက်ဘဝဟာ သင့်ရဲ့ အများနှင့်ဆိုင်သောဘဝ၊ ကိုယ်ပိုင်ဘဝဆိုတဲ့ ဘဝနှစ်ခုစလုံးကို နည်း လမ်းအမျိုးမျိုးနဲ့ ကောင်းကျိုးသက်ရောက်စေတာတွေ့ရပါတယ်။
ဥပမာအနေနဲ့ ကျွန်ုပ်က မိန့်ခွန်းတစ်ခုပြောဆိုဖို့ ပြင်ဆင်နေတဲ့ အချိန်မှာ ကျွန်တော် မိန့်ခွန်းကောင်းစွာပြောဆိုနိုင်ဖို့နဲ့ ကျွန်တော်ပြော ဆိုလိုတဲ့ အဓိကကျသောအချက်တွေကို ထည့်သွင်းပြောဆိုနိုင်ဖို့ စေ့ဆော် မှုကောင်းတွေရရှိအောင် အသံသြဇာကျယ်ကျယ်နဲ့ ပြတ်သားစွာပြောဆိုဖို့အဓိက အာရုံစိုက်ပြင်ဆင်ထားရမှာဖြစ်ပါတယ်။
စွမ်းရည်ကောင်းတွေနဲ့ ပြည့်ဝနေတဲ့ လျှို့ဝှက်ဘဝဟာ ဆင့်ပွား အောင်မြင်မှုကို ဖြစ်စေတဲ့ အရေးပါသော သော့ချက်တစ်ခု ဖြစ်ပါတယ်။
မိမိကိုယ်မိမိ ခိုင်မာစွာ အတည်ပြုခြင်း၊
မိမိကိုယ်ကို ခိုင်မာစွာအတည်ပြုနိုင်ခြင်းဟာလည်း စွမ်းဆောင်ရည် ပြည့်ဝတဲ့ လျှို့ဝှက်ဘဝကို ရရှိပိုင်ဆိုင်စေတဲ့ အခြေခံကျသော သော့ချက် တစ်ခု ဖြစ်ပါတယ်။
မိမိကိုယ်မိမိ ခိုင်မာစွာအတည်ပြုနိုင်ခြင်းဟာ မိမိရည်မှန်းထားတဲ့ အတိုင်း ဖြစ်အောင်လုပ်နိုင်စွမ်းရှိခြင်း၊ မိမိဆောင်ရွက်သောကိစ္စတိုင်း အတွက် တာဝန်ယူရဲသော သတ္တိရှိခြင်းဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် အာမခံ နိုင်စွမ်းနဲ့ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ထားနိုင်စွမ်းရှိခြင်းကို ဆိုလိုပါ တယ်။
မိမိကိုယ်မိမိ ခိုင်မာစွာ အတည်ပြုနိုင်စွမ်းရှိသူတစ်ယောက် ဖြစ်စေ ဖို့ အောက်ပါထူးခြားတဲ့ စရိုက်လက္ခဏာ ၅ မျိုးကို ဦးစွာ ပိုင်ဆိုင်ထား ဖို့ လိုအပ်ပါတယ်။
- ကိုယ်ပိုင်အရည်အသွေး၊ အရည်အချင်းများဖြင့် ကိုယ်တိုင် စွမ်းဆောင်နိုင်စွမ်းရှိခြင်း၊ ကိုယ်ပိုင်အောင်မြင်မှုတွေအတွက် ဘာတွေလုပ်ရမယ်ဆိုတာကို ကိုယ်တိုင်ကိုယ်ကျ နားလည်ခြင်း။
- အပျက်သဘောမရှိဘဲ အရာရာအပြုသဘောဆောင် အကောင်း မြင်တတ်သော စိတ်နေစိတ်ထားရှိခြင်း၊ ဘယ်ဟာ မှားတယ်၊ မှန်တယ်၊ ဖြူတယ်၊ မည်းတယ် ဆိုတာကို မှန်ကန်စွာ ဝေဖန် ပိုင်းခြားနိုင်စွမ်းရှိခြင်း၊ မိမိကိုယ်တိုင် ပြုကျင့်သော ကိစ္စရပ်တိုင်းအတွက် မိမိကိုယ်မိမိ ခိုင်မာစွာ အတည်ပြုနိုင်စွမ်းရှိခြင်း။
- လက်ရှိ-မျက်မှောက်-ပစ္စုပ္ပန်ကို ကိုယ်စားပြုခြင်း၊ သင်လက်ရှိဘာလုပ်နေတယ်။ နောက်ထပ် ဘာတွေလုပ်ဖြစ်နိုင်တယ် ဆိုတာကို ကြိုတင်ခန့်မှန်းနိုင်စွမ်းရှိခြင်း။
- သင့်ရဲ့ “စိတ်”ဆိုသော မျက်စိနဲ့အရာရာကို သူတကာထက် ပိုမို ထင်ရှားစွာ မြင်တွေ့နိုင်စွမ်းရှိခြင်း။
- စိတ်ခံစားမှုများနှင့် တိုက်ရိုက်သက်ဆိုင်ခြင်း၊ တစ်စုံတစ်ရာ အပေါ် အစွဲအလမ်းကြီးတတ်ပြီး ခံစားချက် ပြင်းထန်တတ် ခြင်း။
မိမိကိုယ်မိမိ ခိုင်မာစွာ အတည်ပြုနိုင်ခြင်းက အထက်ပါစရိုက်လက္ခဏာ ၅ မျိုးအား တစ်ဖန်ဩဇာသက်ရောက်ပုံ
နမူနာ - ၁
သာမန်ထက်ပိုမို လွန်ကဲစွာ တုံ့ပြန်တတ်ခြင်း
သင်က နွားနို့ခွက်မှောက်ကျခြင်းအပေါ် သင့်မိဘတစ်ယောက် ယောက်က ဒီလိုနွားနို့ခွက်ကလေးကိုတောင် မှောက်မကျအောင် မထိန်း သိမ်းနိုင်ရင် ဘဝတိုးတက်အောင်မြင်အောင် လုပ်နိုင်မှာမဟုတ်ဘူးလို့ သာမန်အားဖြင့် ဆုံးဖြတ်ပါလိမ့်မယ်။ ။
ဒီလိုစိတ်ဖိစီးစရာကောင်းတဲ့ အခြေအနေကို သင်က ကိုယ့်ကိုယ် ကိုယ် ထိန်းချုပ်မှုတွေ၊ စိတ်ရှည်သည်းခံမှုတွေနဲ့ တရားမျှတအောင်ဖြေ ရှင်းလိုစိတ်ရှိပါလိမ့်မယ်။ သင်က ကိုယ့်ကိုယ်ကိုယ် ခိုင်မာစွာ အတည် ပြုနိုင်တဲ့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့စိတ်နဲ့ အာမခံနိုင်တဲ့ သူတစ် ယောက်ဖြစ်တာကြောင့်လည်း သင့်ဘက်က ဉာဏ်ပါပါ-ပညာရှိဆန်