Skip to product information
1 of 14

စိတ်ကူးချိုချိုစာပေ

အောင်လှိုင် - အကျိုးအမြတ်ရရှိခြင်းထက်ပို၍လေးနက်သော

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out

စီးပွားရေးလုပ်ငန်း အဖွဲ့ အစည်းတွေဟာ လူတွေ၊ ရာသီဥတုတွေနဲ့ ဆင်တူလေ့ရှိတယ်လို့ စီးပွားရေးပညာရှင်တွေက ဆိုပါတယ်။

လူသားတွေနဲ့ ရာသီဥတုတွေဟာ သူတို့ကျရောက်တဲ့ အခြေအနေ အချိန်အခါအလိုက်သာ သက်ဆိုင်ရာအလုပ်တွေကို လုပ်ဆောင်တတ်ကြကြောင်း၊ အချို့သော လူတွေက လုပ်ငန်းအသေးကလေးတွေနဲ့ အစပြုကြ ပြီး တဖြည်းဖြည်း တိုးတက်အောင်မြင်လာကြကြောင်း၊ အကောင်းဆုံး စွမ်းဆောင်နိုင်သူတွေက အောင်မြင်မှုတွေ အထွတ်အထိပ်သို့ ရောက်ရှိလာ ကြကြောင်း၊ တချို့က အပြောင်းအလဲတွေလုပ်ပြီး တိုးတက်မှုတွေ အမျိုး မျိုး ရရှိကြသော်လည်း တချို့ကတော့ အပြောင်းအလဲတွေ လုပ်ခြင်းကြောင့် ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရကြောင်း ပညာရှင်တွေက ဆိုပါတယ်။

လူမှုဗေဒပညာရှင် “ဝီလျံစတော့ထ်” နှင့် “နေးလ်ဟို”တို့ရဲ့ အဆို အရ... ကျွန်ုပ်တို့ လူသားတွေရဲ့ သက်ဆိုင်ရာယဉ်ကျေးမှု အမျိုးမျိုးဟာ စက်ဝန်းပုံစံလည်ပတ်လျက်ရှိနေပြီး နောက်မျိုးဆက်သစ်တွေရဲ့ လက်ထက် အထိတိုင် ဆက်လက်မပြောင်းလဲဘဲ လည်ပတ်လျက်ရှိနေကြောင်း လေ့ လာ တွေ့ရှိရပါတယ်။

ကမ္ဘာ့နိုင်ငံတွေမှာ အရင်းရှင်စနစ် ကြီးစိုးခြင်းကြောင့် စီးပွားရေး လုပ်ငန်းတွေ တိုးတက်မှုရှိတာမှန်သော်လည်း အချို့ သော လုပ်ငန်းအဖွဲ့ အစည်းတွေက သူတို့ရဲ့ မူလတန်ဖိုးတွေ လျော့ကျနေတာကို လေ့လာတွေ့ ရှိရပါတယ်။

တကယ်တော့ ဒီလိုဖြစ်ရခြင်းဟာ ကုမ္ပဏီအများစုအနေနဲ့ သူတို့ရဲ့ ဂုဏ်သိက္ခာတွေ၊ စည်းမျဉ်းစည်းကမ်း ဥပဒေတွေကို သူတို့ရဲ့ လောဘစိတ်တွေနဲ့ လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုဆိုတဲ့ အခြေအနေနှစ်ရပ်အတွက် စွန့်လွှတ် ပေးဆပ်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

လောကမှာ အကျိုးအမြတ် ရရှိခြင်းအတွက် ဘယ်သူမဆို ကြိုးစား ပိုင်ခွင့်ရှိသော်လည်း သာမန်ထက် ပိုမိုသာလွန်သော အောင်မြင်မှုရရှိဖို့ အတွက် ရိုးသားကြိုးစားမှုတွေနဲ့သာ ရင်းနှီးမြှုပ်နှံထားဖို့ လိုအပ်ပါတယ်။

စစ်မှန်သော အောင်မြင်မှု၊ သို့မဟုတ် သာမန်ထက် ပိုမိုသာလွန် သော အောင်မြင်မှုရရှိဖို့အတွက် ရိုးသားဖြောင့်မတ်စွာ ကြိုးစားနေစဉ်ကာလတစ်လျှောက် ကြိုတင်ရင်ဆိုင်ရတဲ့ ပြဿနာအခက်အခဲတွေ၊ သဘောထား ကွဲလွဲမှုနဲ့ အငြင်းပွားမှုတွေကို တရားမျှတသော နည်းလမ်းတွေနဲ့ ဖြေရှင်း ပေးဖို့ လိုအပ်ပါတယ်။

ကျွန်ုပ်တို့ရဲ့ သက်ဆိုင်ရာ လုပ်ငန်းအသီးသီးမှာ တိုးတက်မှုတွေကို ရှေးရှုသော ပြဿနာဖြေရှင်းနိုင်စွမ်းတွေ အားကောင်းနေမယ်ဆိုရင် အဲဒီ ပြဿနာဖြေရှင်းလိုသော ပြင်းပြတဲ့ စိတ်ဆန္ဒတွေက တိုးတက်အောင်မြင်နိုင် စွမ်းတွေအတွက် ထိရောက်သော အရင်းအမြစ်တွေအဖြစ် ရှိနေပါလိမ့်မယ်။ ကျွန်တော့်ဘဝ အတွေ့ အကြုံတွေအရ ဘယ်လောက်ပဲ ခက်ခဲနက်နဲတဲ့ ပြဿနာ ပဋိပက္ခတွေကိုဖြစ်စေ၊ လွယ်ကူတိုတောင်းသော နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်အောင် ကြိုးစားနိုင်ခဲ့ပါတယ်။

လုပ်ငန်းတိုးတက်မှုတွေအတွက် အပြောင်းအလဲတွေ လုပ်မယ်ဆိုရင် လည်း ဘာကြောင့် အပြောင်းအလဲလုပ်ရတယ်၊ ဘာကို ပြောင်းလဲမယ်၊ ဘယ်လို အပြောင်းအလဲလုပ်မယ်ဆိုတဲ့ အချက်တွေကို သေချာစွာ ခွဲခြား ဆောင်ရွက်ပေးနိုင်ဖို့ လိုအပ်ပါတယ်။

စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းတွေအနေနဲ့ ကောင်းသော အခြေ အနေတွေကို ဆက်လက် ထိန်းသိမ်းထားပေးဖို့ လိုအပ်ပြီး ဆိုးသော အခြေ အနေတွေကိုလည်း ကောင်းသော အခြေအနေဖြစ်အောင် ပြုပြင်ပေးဖို့ လိုအပ်ပါတယ်။ နာမည်ဆိုးထွက်လာသော ကုမ္ပဏီကြီးတွေကို လေ့လာတဲ့ အခါ ယခင်က အရည်အသွေး၊ အရည်အချင်းကောင်းတွေ ပိုင်ဆိုင်သော ခေါင်းဆောင်တွေ စီမံအုပ်ချုပ်တာ ခံခဲ့ရပြီး ဖောက်သည်တွေအတွက် ဝန်ဆောင်မှုကောင်းတွေ ပေးနိုင်ခဲ့တဲ့ ကုမ္ပဏီတွေဖြစ်တာကို လေ့လာတွေ့ရှိ ရပါတယ်။

ကောင်းသော အခြေအနေ၊ သို့မဟုတ် ဆိုးသောအခြေအနေများနှင့် ကြုံတွေ့ရသော ကုမ္ပဏီများ

အစားအသောက် ထုတ်လုပ်ရောင်းချသော ကုမ္ပဏီတစ်ခုဖြစ်သည့် မက်ဒေါ်နယ်ကုမ္ပဏီဟာ အမြန်ပြင် အစားအစာ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းမှာ ကမ္ဘာကျော်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။

မက်ဒေါ်နယ်ကို စတင် တည်ထောင်သူ ‘ရေးခရော့စ်” ဟာ သူ့ရဲ့ ပထမဆုံးသော စားသောက်ဆိုင်ကို အီလီနွိုက်စ်ပြည်နယ် - ချီကာဂိုမြို့မှာ ၁၉၅၀ ပြည့်နှစ်များ နှစ်လယ်ပိုင်းက စတင် ဖွင့်လှစ်ခဲ့ပါတယ်။

မက်ဒေါ်နယ်ကုမ္ပဏီအတွက် အရေးပါသော ဆောင်ပုဒ်ကတော့ အရည်အသွေးကောင်းဖို့၊ ဝန်ဆောင်မှုကောင်းတွေ ပေးနိုင်ဖို့၊ ဆိုင်နှင့် အစားအသောက်ပိုင်းမှာ သန့်ရှင်းသပ်ရပ်မှုတွေ ရှိနေစေဖို့၊ ထုတ်လုပ်သော စားသောက်ကုန်ပစ္စည်းရဲ့ တန်ဖိုးကို မြှင့်တင်ပေးနိုင်ဖို့ တို့ပဲ ဖြစ်ပါတယ်။

ဖောက်သည်တွေနဲ့ ဝန်ထမ်းတွေကိုလည်း မက်ဒေါ်နယ်က တန်ဖိုး ထားပြီး အားလုံးကို မျှမျှတတဖြစ်အောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ မက် ဒေါ်နယ်ရဲ့ အောင်မြင်မှုဟာ အခြားသော ကုမ္ပဏီတွေထက် ပိုမိုသာလွန် မြန်ဆန်စွာဖြင့် အောင်မြင်တာကို လေ့လာတွေ့ရှိရပါတယ်။ မက်ဒေါ်နယ်ရဲ့ စားသောက်ပစ္စည်းတွေမှာ ပါဝင်တဲ့ အမည်အားလုံးဟာ သန့်ရှင်းလတ်ဆတ်ရုံမကဘဲ ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ စားသောက်ပစ္စည်းတွေ ဖြစ်သလို စီမံချက်ပြုတ်မှုအပိုင်းကလည်း အရသာရှိတဲ့ စားသောက်ဖွယ်တွေချည်း ဖြစ်နေတာကို တွေ့ရှိရပါတယ်။

မက်ဒေါ်နယ်ဟာ ဆိုင်စတင်ဖွင့်လှစ်ချိန်ကနေ ဆိုင်ခွဲအတော် များများ ဖွင့်လာနိုင်တဲ့ အခြေအနေအထိ ထင်ပေါ်ကျော်ကြားမှုတွေနဲ့ ကုမ္ပဏီရဲ့ ဂုဏ်ရှိန်ကို မြင့်တင်ထားနိုင်ခဲ့ပါတယ်။

သို့သော်လည်း ယနေ့ကာလ မက်ဒေါ်နယ်ရဲ့ အခြေအနေဟာ စွမ်း ဆောင်ရည်တွေသာမက ထင်ပေါ်ကျော်ကြားမှုတွေပါ လျော့ကျလာတဲ့အထိ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ မက်ဒေါ်နယ်ရဲ့ လျော့ကျမှု တွေဟာ ထုတ်ကုန်ပစ္စည်း အရည်အသွေးပိုင်းမှာသာမကဘဲ စွမ်းဆောင် ရည်ပိုင်း၊ စတော့ရှယ်ယာဈေးကွက်အတွင်း မြင့်တက်သော ဩဇာရှိန်ဝါတွေ ကိုပါ လျော့ကျစေခဲ့ပါတယ်။ နောက်ပြီး ကုန်ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးခြင်း ကိစ္စတွေမှာ နှေးကွေးလာပြီး ထုတ်ကုန်ပစ္စည်းအတွက် ကုန်ကျစရိတ်တွေ ကိုလည်း လျှော့ချလာတာ တွေ့ရပါတယ်။

မက်ဒေါ်နယ်ကို အချိန်မီ ကယ်တင်နိုင်ဖို့အတွက် အဓိက တာဝန်ရှိ သူတွေကတော့ မျိုးဆက်သစ်အဖြစ် ဆက်ခံလုပ်ကိုင်သူတွေပဲ ဖြစ်ပါတယ်။ မျိုးဆက်သစ်တွေရဲ့ လက်ထက်မှာ လိုအပ်သလို ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်မယ်ဆိုရင်တော့ ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကို ပြန်လည် မြှင့်တင်ပေးနိုင် မှာဖြစ်ပြီး နောက်မျိုးဆက်သစ်တွေအတွက် အတုယူစရာ သင်ခန်းစာ ကောင်းတွေကိုလည်း လွှဲပြောင်းပေးနိုင်မှာ ဖြစ်ပါတယ်။

ပြီးခဲ့သော ရာစုနှစ်များအတွင်းက အမေရိကမှာ အဓိက ဦးဆောင်နေ သော ကော်ပိုရေးရှင်းလုပ်ငန်းကြီးတွေကို လေ့လာမှု ပြုလုပ်ရာမှာ အင်အား ကြီးမားစွာ လွှမ်းမိုးထားသော အရင်းရှင်စနစ်ရဲ့ စက်ဝန်းအတွင်း ပုံစံတူ ကြီးပွား တိုးတက်လာသော ကုမ္ပဏီပေါင်းများစွာ ရှိခဲ့တာကို လေ့လာတွေ့ရှိ ရပါတယ်။ ထိုကာလတွေတစ်လျှောက် ထူးခြားချက်အနေနဲ့ လုပ်ငန်းအဖွဲ့ အစည်းတွေရဲ့ လုပ်ငန်းဆောင်ရွက်ပုံတွေဟာ အချို့က ရိုးသားဖြောင့်မတ် ခြင်း၊ မှန်ကန်တရားမျှတခြင်းတွေနဲ့ စိတ်ကူးကောင်းတွေကို အကောင် အထည်ဖော်နိုင်ခဲ့ကြသလို အချို့ကတော့ ပေးဆပ်ခြင်း၊ ရှုံးနိမ့်ခြင်းတွေ