အောင်လှိုင် - ဟင်နရီဖို့ဒ်ရဲ့ဘ၀နဲ့အလုပ်
အခန်း ၁
စီးပွားရေးလုပ်ငန်းစတင်ခြင်း
၁၉၂၁ ခုနှစ်၊ မေလ ၃၁ ရက်နေ့မှာ ဖို့ဒ်မော်တော်ကား ကုမ္ပဏီက အမိုးဖွင့်ကား အမှတ် ၅,ဝဝဝ,ဝဝဝ ကို ထုတ်လုပ်ခဲ့ပါတယ်။ ကျွန်တော်က အဲဒီကားလေးကို မထုတ်လုပ်ခင် လွန်ခဲ့သော နှစ်ပေါင်း ၃ဝ ကာလကတည်း က ကားထုတ်လုပ်မှုလုပ်ငန်းတွေကို စတင်ခဲ့တဲ့သူ ဖြစ်ပါတယ်။ အဲဒီကား လေးကို ထုတ်လုပ်ပြီး ကျွန်တော့်ရဲ့ ကားပြခန်းထဲမှာ အလှပြထားခဲ့သေး တယ်။ အဲဒီအမိုးဖွင့်ကားလေးက ဓာတ်ဆီနဲ့မောင်းနှင်ရတဲ့ ကားလေး ဖြစ်ပါ တယ်။ တကယ်တော့ ဒီကားလေးကို အရင်ကထုတ်လုပ်ခဲ့တဲ့ အမိုးဖွင့်ကား ပုံစံနဲ့ တစ်ပုံစံတည်းတူအောင် ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးထုတ်လုပ်လိုက်တဲ့ အမိုးဖွင့်ကားလေးက ယခင်ထုတ်ခဲ့တဲ့ အမိုးဖွင့်ကားလေးနဲ့ယှဉ်ရင် တည်ဆောက်ပုံတွေ၊ ပါဝင်တဲ့ပစ္စည်းတွေပါ တူနေတာတွေ့ရပါတယ်။ တကယ်တော့ အရင်က ထုတ်ခဲ့တဲ့ကားအိုလေး မှာ အရေးအကြောင်း(အပိန်အချိုင့်)တွေ ရှိနေပါပြီ။ ကားအိုအမိုးဖွင့်နဲ့ ကား အသစ်အမိုးဖွင့်တို့က အပြင်ပန်းအားဖြင့် ဆင်တူနေသော်လည်း ကားအို လေးမှာ ဆလင်ဒါ နှစ်လုံးပဲပါတာကြောင့် တစ်နာရီကို မိုင် ၂၀ နှုန်းမောင်းနိုင်ပြီး မိုင် ၆ဝ အတွက် လောင်စာဆီ သုံးဂါလန် ကုန်ကျမှာဖြစ်ပါ တယ်။
မူလအမိုးဖွင့်ကားပုံစံအတိုင်း ထုတ်လုပ်ထားတဲ့“မော်ဒယ်T” မှာတော့ ဆလင်ဒါ လေးလုံးပါရှိပြီး သူ့ဟာသူ အလိုအလျောက် “start” လုပ်ပေး နိုင်စွမ်းရှိပါတယ်။ ဒါဟာ အရင်ကထက် ပိုပြီးခေတ်မီပြီး လွယ်ကူမြန်ဆန်စွာ စီးနင်းသွားလာနိုင်တဲ့ ကားပုံစံဖြစ်ပါတယ်။
ပိုမိုခေတ်မီ ဆန်းသစ်တဲ့ကားတွေ ထုတ်လုပ်နိုင်ခြင်းဟာ ပထမကား ထုတ်လုပ်ခဲ့တုန်းက အတွေ့အကြုံတွေအပေါ် များစွာမူတည်နေတာကို ငြင်း လို့မရနိုင်ပါဘူး။ ဒါကြောင့် ဘယ်လုပ်ငန်းဖြစ်စေ အတွေ့အကြုံကောင်းတွေ ကို မူတည်ပြီး ခေတ်မီဆန်းသစ်တဲ့ ဖြည့်စွက်မှုတွေကို လုပ်ပေးနိုင်ပါတယ်။ သတိပြုရမယ့် အချက်ကတော့ ဘယ်လိုပဲ ခေတ်မီဆန်းသစ်တဲ့ ပြောင်းလဲမှုတွေလုပ်လုပ် အခြေခံကျတဲ့ သဘောတရားတွေကို သွေဖည်ပြီး ဖန်တီး နိုင်စွမ်းမရှိနိုင်ပါဘူး။ ကားအသစ် ထုတ်လုပ်လိုက်ခြင်းဟာ ကျွန်တော့် အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေနဲ့ စိတ်ကူးအတွေးအခေါ်ကောင်းတွေကို ရရှိလာစေပါတယ်။ စိတ်ကူးကောင်းတွေကို ရရှိလာတဲ့ အခါမှာလည်း အခြေအနေအချိန်အခါနဲ့ ခေတ်ကာလအပြောင်းအလဲကို ကြည့်ပြီး သင့်တင့်လိုက်ဖက်စွာ အသုံးချနိုင်အောင် ကြိုးစားရပါမယ်။
ကျွန်တော့်ကို မိဘများက ၁၈၆၃ ခုနှစ် မီချီဂန်ပြည်နယ်၊ ဒီးယားဘွန်း မှာရှိတဲ့ ယာတောတစ်ခုမှာ မွေးဖွားပေးခဲ့ပါတယ်။ မီချီဂန်ပြည်နယ်ဟာ ကျွန်တော့်ဘဝရဲ့ အစောပိုင်းကာလ အမှတ်တရများစွာကို ဖန်တီးပေးခဲ့ တဲ့နေရာဖြစ်သလို မိဘတို့ရဲ့ ယာတောမှာ ကြီးပြင်းခဲ့ရသူဖြစ်တာကြောင့် အသက်ကြီးလာတဲ့အထိ ကိုယ့်ကိုယ်ကိုယ် တောင်ယာလုပ်ကိုင်သူတစ် ယောက်အဖြစ် ခံစားနေရဆဲဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ မိဘများက ဆင်းရဲကြတယ်။ ဒီတော့ ကျွန်တော့်ဘဝ ရဲ့ အရုဏ်ဦးကာလတွေဟာ ကြမ်းတမ်း ခက်ခဲမှုများစွာနဲ့ အရုပ်ဆိုးအကျည်း တန်ခဲ့ရပါတယ်။ ကျွန်တော်ဟာ ငယ်ရွယ်စဉ်ကတည်းက ဘယ်အလုပ်ကိုပဲ လုပ်လုပ် လွယ်ကူလျင်မြန်ပြီး သက်သာတဲ့နည်းလမ်းတွေကို ရှာကြံတတ်တဲ့ ဗီဇ ရှိခဲ့ပါတယ်။ ကျွန်တော်က မိဘတို့ရဲ့ ရိုးသားပြီး ဆင်းရဲနုံချာစွာ ရုန်း ကန်နေရတဲ့အဖြစ်အပျက်တွေကို နေ့ စဉ်နဲ့အမျှ တွေ့နေရတာကြောင့် မိဘတွေရဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေကို ပိုမိုကောင်းမွန်ထိရောက်တဲ့ စက်ပစ္စည်းတွေနဲ့ အစားထိုးနိုင်ဖို့ နေ့စဉ် စိတ်ကူးကောင်းတွေ စဉ်းစားခဲ့ပါ တယ်။
ကျွန်တော့်ရဲ့ တီထွင်ဉာဏ် အခြေခံရှိနေတာကို သိထားတဲ့ အမေက ကျွန်တော့်ကို “စက်ပစ္စည်းအဖြစ်မွေးဖွားလာတဲ့ကလေး”လို့ တင်စားပြော ဆိုလေ့ရှိပါတယ်။ ကျွန်တော်က မိဘများကို အခြား “မီချီဂန်”တောင်သူ လယ်သမားတွေလိုပဲ ချမ်းသာ၊ ကြီးပွားစေချင်ပါတယ်..ဒီတော့ ကျွန်တော် အလုပ်ရုံကလေးတစ်ရုံကို စပြီး တည်ဆောက်လိုက်တယ်။ ကျန်တာတော့ ဘာမှအကောင်အထည် မဖော်နိုင်သေးပါဘူး။ အဲဒီခေတ်ကာလတစ် လျှောက်မှာ ယနေ့ခေတ်မီတိုးတက်တဲ့ နေ့ရက်တွေလိုမျိုး စက်ပစ္စည်းပုံစံလုပ်တဲ့ အရုပ်တစ်ရုပ်တောင် မပေါ်သေးပါဘူး။ ဒီလိုနဲ့ ကျွန်တော်ဟာ ရှိ သမျှ ကိရိယာတန်ဆာပလာ အဟောင်းအစုတ်လေးတွေကို စုဆောင်းပြီး အလုပ်ရုံတစ်ခုဖွင့်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ထိုကာလမှာ ကိရိယာတန်ဆာ ပလာ အကျိုးအပဲ့လေးတွေဟာ ကျွန်တော့်အတွက် ရတနာတွေ ဖြစ်ခဲ့ရပါ တယ်။
ကျွန်တော့်ဘဝရဲ့ အစောပိုင်းကာလတစ်ခုမှာ..“ဒက်ထရွိုက်”ကနေ တစ်မိုင်ကွာဝေးတဲ့ နေရာတစ်ခုကို အိမ်တွင်းဖြစ်ကားနဲ့ မောင်းပြီး သွားခဲ့ဖူးပါ တယ်။ အဲဒီတုန်းက ကျွန်တော့်ရဲ့ အသက် ၁၂ နှစ်ရှိပါပြီ။ ဒါက ကျွန်တော့် အတွက် ပထမဆုံးသော အတွေ့အကြုံကြီးတစ်ခုပေါ့။
ဒုတိယမြောက် အတွေ့အကြုံအဖြစ်အပျက်တစ်ခုကတော့ ကျွန်တော် တို့ စီးနှင်းမောင်းနှင်ခဲ့တဲ့ကား အင်ဂျင်ကို စောင့်ကြည့်မိလိုက်တာပါ။ ကျွန်တော်က စက်ပစ္စည်းတွေအကြောင်းကို မနေ့ကပဲ စဉ်းစားခဲ့သေးတယ်။ အခုတော့ ကားအင်ဂျင်ရဲ့ အလုပ်လုပ်ပုံကို စောင့်ကြည့်ပြီး စဉ်းစားတတ်စ ပြုနေပြီလေ။
ဒီကားဟာ အင်ဂျင်ပါဝါရဲ့ အစွမ်းကြောင့် မြင်းတွေထက် သာလွန် စွာ ပြေးနိုင်တဲ့အစွမ်းကို ကျွန်တော် သိလိုက်ရပါတယ်။ နောက်ပိုင်းမှာ အင်ဂျင်တစ်ခုချင်းအလိုက် ကိုယ်စီအစွမ်းတွေနဲ့ အင်ဂျင်မျိုးစုံ အားလုံး စုပေါင်းပြီး ကြီးမားဝေးကွာတဲ့ ရွေ့လျားမှုကြီးတစ်ခုကို လုပ်နိုင်လိမ့်မယ်ဆိုတဲ့ အကြောင်းကိုပါ ကျွန်တော်ဆက်စပ်ပြီး စဉ်းစားအဖြေရှာနိုင်ခဲ့ပါတယ်။ ကျွန်တော် အဓိကရှာတွေ့တဲ့ အခြေအနေတစ်ရပ်ကတော့ အင်ဂျင်နဲ့ ကားရှေ့ ဘီးတို့အကြား ချိတ်ဆက် ဆက်သွယ်ပေးတဲ့ ချိန်းကြိုးတစ်ခုရှိတယ်ဆိုတာ ကို သိလာရပါတယ်။ ဒီလိုနဲ့ ဆက်လက်လေ့လာရာမှာ အင်ဂျင်ကို ဘွိုင်လာ ပေါ်တင်ထားရပြီး လူတစ်ယောက်က ဘွိုင်လာရဲ့ အနောက်ကနေ မီးသွေး ထိုးပေးနေရတာကိုပါ လေ့လာတွေ့ရှိရပါတယ်။ ဒီကားကို Nichols Shepard & Company of Battle Creek ကနေ ထုတ်လုပ်တာဖြစ်ပါတယ်။ ကျွန်တော်က အဲဒီကားပေါ်ကိုတက်လိုက်၊ ဆင်းလိုက်လုပ်ပြီး ကျွန်တော့် ဖခင်ရှေ့မှာရပ်နေတဲ့ အင်ဂျင်နီယာကို စကားစလိုက်တယ်။ ကားကို မောင်းလာတဲ့သူကတော့ ကျွန်တော့်အဖေပါ။ အဖေက ကျွန်တော်အင်ဂျင်နီယာကို ဘာမေးတော့မယ်ဆိုတာကို ကြိုသိနေပါတယ်။
ကျွန်တော်က အင်ဂျင်နီယာကို အင်ဂျင်အကြောင်းမေးတဲ့အခါ အင်ဂျင်နီယာကလည်း ဝမ်းမြောက်ဝမ်းသာနဲ့ ရှင်းလင်းပြောဆိုပေးပါတယ်။ အင်ဂျင်နီယာက ခုလိုပြောပြရတာကို အရမ်းဂုဏ်ယူနေတယ်လေ။ အင်ဂျင်နီ ယာက ဘီးလည်ခြင်းအတွက် ချိန်းကြိုးက ဘယ်လိုအလုပ်လုပ်တယ်၊ ချိန်း ကြိုးမှာပါဝင်နေတဲ့ ပင်နီယံတွေက ဘယ်လို အလုပ်လုပ်ပေးတယ်ဆိုတာ တွေကိုပါ ရှင်းပြပေးပါတယ်။ ကျွန်တော်က ကားအင်ဂျင်နဲ့ ကိုယ်ထည်ကို တည်ဆောက်နိုင်ဖို့ အရမ်းကို စိတ်ဝင်စားတဲ့သူပီပီ မြို့ကို တစ်ကြိမ်ရောက် တိုင်း အင်ဂျင်အစိတ်အပိုင်း နည်းနည်းစီ (ရသလောက်)ကို ဝယ်လာတတ်ပါ တယ်။ တစ်ခါတလေ ကျွန်တော်က စက်ပစ္စည်းအသေးအဖွဲတွေ၊ အပျက် အစီးဖြစ်နေတဲ့ အပိုင်းအစတွေကိုယူပြီး ပြန်လည်ပြုပြင်လေ့ရှိပါတယ်။ အဲဒီလို ဟိုစပ်စပ်ဒီစပ်စပ် လေ့လာခြင်းအားဖြင့် စက်ပစ္စည်းအစိတ်အပိုင်း တွေ တည်ဆောက်ထားတဲ့ အခြေခံသဘောတရားတွေနဲ့ အလုပ်လုပ်ပုံတွေ ကို သိလာရပါတယ်။
ကျွန်တော်ဘဝရဲ့ အစောပိုင်းကာလတွေမှာ လယ်ယာလုပ်ငန်းတွေ ကို သိပ်ပြီးစိတ်ဝင်တစားမရှိခဲ့ပေမဲ့ အင်ဂျင်တွေ အလုပ်လုပ်ပုံကို သိရှိ နားလည်ခါစ နောက်ပိုင်းမှာတော့ ယာဉ်စက်တွေကို အကောင်းဆုံးလုပ်နိုင်ရင် လယ်ယာလုပ်ငန်းတွေမှာ များစွာအကျိုးရှိလာမယ်လို့ မျှော်လင့်ချက်ထားရှိ ခြင်းနဲ့အတူ စိတ်ဝင်စားလာခဲ့ပါတယ်။
ကျွန်တော်က စက်မှုနည်းပညာတို့ရဲ့ အခြေခံတွေဖြစ်တဲ့ အင်ဂျင် အစိတ်အပိုင်းတွေရဲ့ အလုပ်လုပ်ပုံ လေ့လာမှုကို နေ့စဉ်နဲ့အမျှ စိတ်ဝင်စား နေတာကို ကျွန်တော့်အဖေက ကရုဏာသက်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ဟာ သူတို့ရဲ့ သားပီပီ မိဘလက်ငုတ်လုပ်ငန်းဖြစ်တဲ့ လယ်ယာ စိုက်ပျိုးရေးကိုပဲ လုပ်တဲ့သူဖြစ်လာမှာလို့ အဖေက ယုံကြည်ထားလိုက်ပါ တယ်။ ကျွန်တော် အသက် ၁၃ နှစ် အရွယ်မှာ အင်ဂျင်အစိတ်အပိုင်းတစ် မျိုးစီရဲ့ အလုပ်လုပ်ပုံနဲ့ စုပေါင်းပြီး အလုပ်လုပ်ပုံ မျိုးမတူ အင်ဂျင်တစ်ခု စီမှာ ဘယ်လိုလုပ်ငန်းတာဝန်တွေရှိနေပြီး ဘယ်အခြေအနေတွေကြောင့် အဲဒီ အင်ဂျင်အစိတ်အပိုင်းက ထိခိုက်ပျက်စီးရတယ်ဆိုတာကိုပါ လေ့လာခွင့်ရခဲ့ ပါတယ်။
ကျွန်တော်အသက် ၁၅ နှစ် အရောက်မှာ အင်ဂျင်အစိတ်အပိုင်း အတော်များများကို ပြုပြင်တတ်တဲ့သူတစ်ယောက် ဖြစ်လာခဲ့ပါပြီ။ အဲဒီ အသက်အရွယ်မှာ ကျွန်တော်က အင်ဂျင်တွေကို လေ့လာခြင်းအပြင် အင်ဂျင် တို့ရဲ့ အလုပ်လုပ်ပုံသဘော တရားနဲ့ဆိုင်တဲ့ သီအိုရီတွေကိုစာအုပ်တွေထဲမှာ လှန်လှောဖတ်ရှုရတဲ့အဆင့် ရောက်လာခဲ့ပါတယ်။
ကျွန်တော် အသက် ၁၇ နှစ် အရွယ်မှာ ကျောင်းကထွက်လိုက်ပြီး Drydock Engine Works ဆိုတဲ့ စက်ပြင်အလုပ်ရုံမှာ လက်ထောက်မက္ကင်းနစ်အဖြစ် အလုပ်လုပ်ခွင့်ရခဲ့ပါတယ်။ ကျွန်တော်က အရည်အချင်း ပြည့်ဝတဲ့ မက္ကင်းနစ်တစ်ယောက်ဖြစ်အောင် ၃ နှစ်အထိ အတွေ့အကြုံ ယူ အလုပ်လုပ်ခဲ့ပါတယ်။
ကျွန်တော်က အနုပညာကို ဝါသနာပါ စိတ်ဝင်စားသူပီပီ ညပိုင်းမှာ ရတနာဆိုင်ရဲ့ ဝန်ထမ်းအဖြစ် အလုပ်လုပ်ခဲ့ပါသေးတယ်။ ကျွန်တော် လက်ပတ်နာရီ အလုံး ၃ဝဝ လောက်နဲ့ နာရီ ဆိုင်ဖွင့်နိုင်ဖို့လည်း စိတ်ကူးခဲ့ဖူး သေးတယ်။ ဒါပေမဲ့ နာရီဆိုတာ လောကမှာ မရှိမဖြစ်၊ မသုံးမဖြစ်တဲ့ ပစ္စည်းမဟုတ်ဘူးဆိုတာရယ်..လူတွေက နာရီကို အထူးဦးစားပေး ဝယ်ယူ တတ်လေ့မရှိဘူးဆိုတာကိုပါ စဉ်းစားမိတယ်။ Nichols Shepard Machine ကုမ္ပဏီနဲ့ ကျွန်တော် ပထမဆုံးတွေ့ဆုံပြီး နောက်ပိုင်း ၄ နှစ် အကြာ ၁၈၇၉ ခုနှစ်မှာ ကျွန်တော် အဲဒီကနေ လက်ထောက် မက္ကင်းနစ် ဘဝနဲ့ပဲ အလုပ်ထွက်လိုက်ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်တော်ဟာ Westinghouse Company ရဲ့ ပြည်တွင်းကိုယ်စားလှယ်တစ်ဦးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ Nichols Shepard အင်ဂျင်သဘာဝအရ အဲဒီအင်ဂျင်ကို ကားရဲ့ ရှေ့ပိုင်းမှာထားရပြီး ဘွိုင်လာကိုတော့ ကားရဲ့ နောက် ပိုင်းမှာ တပ်ဆင်ရပါတယ်။ အဲဒီအခါ အင်ဂျင်ပါဝါက နောက်ဘီးနှစ်ဖက် ကိုပါ လည်ပတ်နိုင်အောင် ခါးပတ်ကြိုးနဲ့ တွဲဆက်ထားရပါတယ်။
အဲဒီအစီအစဉ်နဲ့ စီမံတပ်ဆင်ထားတဲ့ကားဟာ တစ်နာရီကို ၁၂ မိုင် နှုန်းထိ မောင်းနှင်နိုင်တာ တွေ့ရပါတယ်။
ကျွန်တော်ငယ်စဉ်က ရေနွေးငွေ့ကားတစ်စီးတည်ဆောက်ခဲ့ဘူးပါတယ်။ ဘွိုင်လာရဲ့ အပူချိန်နဲ့စွမ်းအင်များစွာကိုရစေပြီး မော်တော်ယာဉ်ကို ရွေ့လျားစေနိုင်ခဲ့ပါတယ်။
ကျွန်တော်က ၂ နှစ်ကြာတဲ့အထိ အမျိုးမျိုးသော ဘွိုင်လာအမျိုးအစား တွေကို လေ့လာစမ်းသပ်ခဲ့ဘူးပါတယ်။ ဘွိုင်လာကနေရရှိတဲ့ စွမ်းအင်ဟာ အင်အားကြီးပြီး အသုံးတည့်ပေမဲ့ လွန်စွာ အန္တရာယ်များလှပါတယ်။ ဘွိုင်လာကနေရရှိတဲ့ ရေနွေးငွေ့ဖိအားဟာ ထိန်းချုပ်မှုမှာ ပြဿနာရှိနေတာ တွေ့ရှိရပါတယ်။ ကျွန်တော်က စက်ပစ္စည်းတွေအစားထိုးပြီး မောင်းနှင် နိုင်မယ့် ယာဉ်မျိုးစုံကို ထုတ်လုပ်ချင် စိတ်ရှိခဲ့ပါတယ်။ စက်အစားထိုးပြီး လုပ်လို့ရမယ့်ဟာမှန်သမျှကိုပေါ့.. ဥပမာအနေနဲ့ မြင်းနှစ်ကောင်တပ်ပြီး ဆွဲရတဲ့ မြင်းရထားကို မြင်းအစား စက်ယန္တရားတစ်ခုခုအစားထိုးပြီး မောင်းနှင်လို့ရအောင် တီထွင်ချင်ခဲ့တာပါ။ စက်ပစ္စည်းအစိတ်အပိုင်းတွေနဲ့ မောင်းနှင်လို့ရတဲ့ မော်တော်ကားကို အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီဆိုရင် အဲဒီနောက်ပိုင်း တွဲဆိုင်းများစွာကို ဆွဲခေါ်သွားနိုင်မယ့် မီးရထား(ရေနွေးငွေ့ ရထား)ကိုလည်း တီထွင်နိုင်မယ်လို့ ကျွန်တော် စိတ်ကူးခဲ့တာ အချိန်အတော် ကြာခဲ့ပါပြီ။
ကျွန်တော်ဟာ“ဝက်စ်တင်းန် ဟောက်စ်”(Westinghouse) ကုမ္ပဏီ ရဲ့ ကိုယ်စားလှယ်အဖြစ်နဲ့ အလုပ်လုပ်ခဲ့ရင်း လွယ်ကူပေါ့ပါးတဲ့ ယာဉ်ငယ် လေးတွေ ရေနွေးငွေ့နဲ့မောင်းနှင်နိုင်တဲ့ ယာဉ်မျိုးစုံကို စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ ပါတယ်။ ကျွန်တော် ဝက်စ်တင်းန်ဟောက်စ်မှာ တစ်နှစ်ကျော်လောက်ကြာပြီးတဲ့အခါ အလုပ်ကနေ ထွက်လိုက်ပြန်ပါတယ်။ ဝက်စ်တင်းန်ဟောက်စ် မှာက လယ်ထွန်စက်တွေကို ဘယ်လို ထုတ်လုပ်ရတယ်ဆိုတာနဲ့ ရေနွေးငွေ့ သုံးအင်ဂျင်အမျိုးမျိုးကို သင်ယူခွင့်ရခဲ့ပါတယ်။
အင်္ဂလန်နိုင်ငံအနေနဲ့ လယ်ယာလုပ်ငန်းကြီးတွေမှာ အသုံးချနိုင် အောင် လယ်ထွန်စက်အကြီးကြီးတွေ ထုတ်နိုင်ဖို့ အမြဲကြိုးစားလေ့ရှိကြ တယ်။ အဲဒီလယ်ထွန်စက်ကြီးတွေကိုလည်း ချမ်းသာကြွယ်ဝတဲ့ အင်္ဂလိပ်တောင်သူတွေသာ ဝယ်ယူနိုင်ကြပါတယ်။ တစ်နေ့မှာ အင်္ဂလိပ်စက်မှု လုပ်ငန်းမဂ္ဂဇင်းတစ်ခုမှာ“သိပ္ပံလောက”ဆိုတဲ့အခန်း ကဏ္ဍတစ်ခုကို ကျွန်တော် ဖတ်လိုက်ရတယ်။ အဲဒီမှာ ရေးထားတာက “တိတ်ဆိတ်တဲ့