Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

အောင်လှိုင် - သြဇာတိက္ကမတည်ထောင်နည်း

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out
Type

အောင်မြင်သောခေါင်းဆောင်မှုအတွက် ထိရောက်သော ဖော်မြူ လာဟာ... လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်း သေချာစွာသုတေသန ပြုချက်တွေအရ ကောင်းကျိုးတွေ များစွာရရှိတာကို တွေ့ရှိရပါတယ်။

ဖော်ပြပါ ဖော်မြူလာရဲ့ အကျိုးကျေးဇူးကြောင့် လုပ်ငန်းခွင် အမျိုးမျိုးမှ ခေါင်းဆောင်ကောင်းဦးရေ ၁၅,ဝဝဝ ကျော်ကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့ပြီး သတင်းအချက်အလက်ပေါင်း ၉သန်းကျော်ကျော် ကိုလည်း သေချာစစ်ထုတ်ပြီး အရေးယူဆောင်ရွက်မှုတွေ လုပ်နိုင်ခဲ့ပါ တယ်။

သင်က ခေါင်းဆောင်တစ်ယောက်ယောက်ထံကနေ အကြံဉာဏ် တွေ နားထောင်ရဖို့ စိတ်ကူးတယ်ဆိုရင်.. အဲဒီစိတ်ကူးက သင့်အတွက် တောက်လျှောက်အကူအညီတွေ ဖြစ်လာနိုင်ပါတယ်။

Px W x R = Power score ဆိုသော ဖော်မြူလာကြောင့် ခေါင်းဆောင်ပေါင်း ၁၅,၀၀၀ ကျော်ကို မွေးထုတ်ထားနိုင်ခဲ့သလို... သင်က ခေါင်းဆောင်တစ်ယောက်ချင်းစီရဲ့ အကြံပြုစကားတွေကို နားထောင်လေ့ရှိတဲ့ အခြေအနေကနေ ခေါင်းဆောင်ပေါင်း ၁၅,၀၀၀ ဦးရဲ့ အကြံပြုစကားတွေကို နားထောင်နိုင်တဲ့ အခြေအနေအထိ ရောက်ရှိ အောင် ကြိုးစားဖို့ လိုအပ်ပါတယ်။ "

သင်က အောင်မြင်သော ခေါင်းဆောင်မှုအတွက် ထိရောက်သော ဖော်မြူလာကို အပြည့်အဝ အသုံးချနိုင်တဲ့အခါ.. P ကို ကိုယ်စားပြု သည့် ဦးစားပေးရွေးချယ် သတ်မှတ်ဆောင်ရွက်ရသော ကိစ္စရပ်များ (Priorities)၌ နိုင်နင်းစွာ ကိုင်တွယ်နိုင်ခြင်း၊ W ကို ကိုယ်စားပြုသော မည်သူမည်ဝါ (Who) တို့နှင့် လုပ်ဆောင်မည်ဆိုသည့် အစီအစဉ်များ၌အောင်မြင်ခြင်း၊ R ကို ကိုယ်စားပြုသည့် မည်သူတို့နှင့် ဆက်ဆံရမည် ဆိုသော အစီအစဉ်များ (Relationship) ၌ အောင်မြင်ခြင်းတွေအားကောင်းနေဖို့ လိုအပ်ပါတယ်။

သင်က P (Priorities), W (Who) နှင့် R (Relationship) ဆိုတဲ့ ကိစ္စရပ်သုံးရပ်စလုံးမှာ နိုင်နင်းအောင်မြင်စွာ ဆောင်ရွက်နိုင်ပြီ ဆိုရင်... သြဇာတိက္ကမအပြည့်အဝရှိတဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ် လာမှာ ဖြစ်ပါတယ်။

ဤစာအုပ်မှာ ဖော်ပြပါရှိတဲ့ အကြောင်းအရာတွေ အားလုံးဟာ ကျွန်ုပ်တို့ သိထားတဲ့ အသိပညာဗဟုသုတနဲ့ အတွေ့အကြုံတွေ ဘယ်လို ရှိတယ်၊ သင့်ဘက်က ဘာတွေကိုလေ့လာသိရှိထားဖို့လိုအပ်တယ်၊ သင့် အလုပ်ခွင်အတွင်းနှင့် သင် တာဝန်ယူထမ်းဆောင်ရသော အခန်းကဏ္ဍတွေ မှာ ဘယ်အရာတွေနဲ့ ဆောင်ရန် ရှောင်ရန် အချက်တွေကို လေ့လာထား ရမယ်... ဆိုတာတွေကို အသေးစိတ်ဖော်ပြပေးထားတဲ့အပြင် အချို့သော စိတ်ဝင်စားစရာ၊ အံ့သြစရာကောင်းတဲ့ အတွေ့အကြုံ ဇာတ်လမ်းတွေကို လည်း မျှဝေခံစားသိရှိအောင် ဖော်ပြပေးထားတာ တွေ့ရပါမယ်။

P* W* R= Power score ဖော်မြူလာကြောင့် အချို့သော ကျွမ်းကျင်မှုရှိတဲ့ ခေါင်းဆောင်တွေ၊ အခြားအဆင့်ဆင့်သော ဝန်ထမ်း တွေဟာ လုပ်ငန်းခွင်ကို စွန့်ခွာခဲ့ရာကနေ သူတို့ မူလတာဝန်ထမ်းဆောင်သော နေရာ/ ကုမ္ပဏီသို့ ပြန်လည်ရောက်ရှိလာကြပြီး သူတို့ရဲ့ အသင်း အဖွဲ့ တစ်ခုလုံးအတွက် လုပ်ငန်းတွေအောင်မြင်အောင် ထိရောက်သော ခေါင်းဆောင်မှုတွေ ပေးနိုင်ခဲ့တာကို တွေ့ရှိရပါတယ်။

အောင်မြင်သော ခေါင်းဆောင်မှုတွေ ရရှိဖို့အတွက် အထက်ပါ ဖော်မြူလာအတိုင်း ကြိုးစားဆောင်ရွက်ခဲ့ရာမှာ ထောင်ချီ အရေအတွက် ရှိသော ကုမ္ပဏီကြီးတွေ၊ စွန့်စားရင်းနှီးမြှုပ်နှံသော စီးပွားရေးစွမ်းဆောင် ရှင်တွေ၊ ဖက်စပ်လုပ်ငန်းတွေ၊ လူမှုအကျိုးဆောင် ကိုယ်စားလှယ်လုပ် ငန်းတွေဟာ အတိုင်းထက် အလွန်အောင်မြင်ခဲ့တာ တွေ့ရပါတယ်။

ကျွန်ုပ်တို့ဟာ အရင်တစ်ချိန်က ရှုံးနိမ့်ခြင်းနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ ဖူးသူတွေဖြစ်လို့ ကျွန်ုပ်တို့ မှားယွင်းခဲ့ဖူးတဲ့ အမှားတွေ သင်တို့ မမှားရ စေအောင်၊ မှားယွင်းနိုင်တဲ့ အခြေအနေတွေကနေ ကြိုတင်ရှောင်ကြဉ် နိုင်အောင် ဤစာအုပ်ပါအချက်တွေ၊ အကြံပြုချက်တွေနဲ့ သတိပေးထား တာ တွေ့ရပါမယ်။

ဒီအခါ သင် ခေါင်းဆောင်သော သင့်အသင်းအဖွဲ့ အတွက် သင် က ရှေ့ကနေ မားမားမတ်မတ် ရပ်တည်နိုင်တော့မှာ ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် အောင်မြင်သောခေါင်းဆောင်မှုအတွက် ထိရောက်သော ဖော်မြူလာဆိုတာဟာ.. သင်က အောင်မြင်အောင် ကြိုးစားရာ၌ အောင်မြင်မှုရရှိစေတဲ့ စွမ်းရည်ရှိထားဖို့ အဓိက ရည်ညွှန်း ပါတယ်။

သင်က အောင်မြင်လိုစိတ်ရှိတယ်ဆိုတာနဲ့ အောင်မြင်မှုရရှိစေတဲ့ စွမ်းရည်ကို မြင့်တက်လာအောင် ကြိုးစားဖို့ လိုအပ်ပြီး အဲဒီစွမ်းရည် ဆုတ်ယုတ်စေသော ပြုမူဆောင်ရွက်မှုတွေ လုပ်မိပါက... သင့်အတွက် မကောင်းသော ရလဒ်တွေကိုသာ ရရှိစေပြီး အောင်မြင်မှုနဲ့ လွဲချော်စေမှာ ဖြစ်ပါတယ်။

သင့်မှာ အောင်မြင်မှုရရှိစေသော စွမ်းရည်ပမာဏ/အတိုင်းအတာ ဘယ်လောက်ထိရှိတယ်ဆိုတာကို သင် ဘယ်လိုတွက်ချက်နိုင်မှာလဲ

သင့် အသင်းအဖွဲ့ဝင်တွေအားလုံးကို စုစည်းစေပြီး အောင်မြင်မှု ရရှိစေသော စွမ်းရည်မြင့်မားစေတဲ့ ပြောဆိုဆက်ဆံမှုတွေ ပြုလုပ်ပေးပါ။

အောင်မြင်မှုရစေသော အပြောအဆိုတွေကို ပြောဆိုခိုင်းရာမှာ သူတို့အားလုံးအား မေးခွန်းတွေ မေးမြန်းပေးပါ။ ထင်မြင်ယူဆချက်တွေ ဘယ်လိုရှိတယ်ဆိုတာကိုလည်း ပြောဆိုခွင့်ပြုပေးပါ။

သင့်ဘက်က လိုအပ်သလို မေးခွန်းတွေ မေးမြန်းပြီးသည်နှင့် သူတို့ဘက်က ပြန်ဖြေသည့် စကားများကို သေချာစွာ နားထောင်ပေးပါ။

သင့် အသင်းအဖွဲ့ဝင်တွေရဲ့ အဖြေတွေက အစပထမပိုင်းမှာ မသေချာမရေရာသော အခြေအနေတွေ ရှိနေနိုင်သော်လည်း သူတို့ ပြောချင်တဲ့ ရင်ထဲက အကြောင်းအရာတွေကို ထုတ်ဖော်ပြောဆိုလိုစိတ် တွေ မြင့်တက်လာအောင် သင်က စေ့ဆော်တိုက်တွန်းပေးပါ။

သင့်အသင်းအဖွဲ့ဝင်တွေဘက်က အောင်မြင်မှုရစေသော စွမ်း ရည်နှင့်ပတ်သက်ပြီး အမျိုးမျိုး မှတ်ချက်ပေးနိုင်ခြင်းအပေါ်... သင်က စိတ်ရှည်သည်းခံစွာဖြင့် စောင့်ဆိုင်းနားထောင်ပေးပါ။

အကြောင်းကတော့ သင့်အသင်းအဖွဲ့ဝင်တွေရဲ့ အဖြေတွေက သင့်အတွက် အောင်မြင်မှုရစေသော၊ စွမ်းရည်ဖြစ်စေသော အခြေခံအရင်း အမြစ်တွေ ဖြစ်လာနိုင်ခြင်းကြောင့် ဖြစ်ပါတယ်။

ထို့နောက် သင့် အသင်းအဖွဲ့ ဝင်များအား P, W, R ဆိုသော အရေးပါသည့် အချက်သုံးချက်နှင့် ပတ်သက်ပြီး ဘယ်လောက် စဉ်းစား တွေးခေါ်နိုင်တယ်ဆိုတာကို သိအောင် မေးမြန်းပေးပါ။

P သည် Priorities = ဦးစားပေးရွေးချယ် သတ်မှတ်ဆောင်ရွက်ရသော ကိစ္စကို ကိုယ်စားပြု သည်။“ကျွန်ုပ်တို့မှာ ဦးစားပေး ရွေး ချယ် သတ်မှတ် ဆောင်ရွက်ရသောကိစ္စတွေ ရှိပါသလား”

W သသည် Who = မည်သူမည်ဝါတို့နှင့် လုပ်ဆောင်မည်ဆိုသောအစီအစဉ်များကို ကိုယ် စားပြုသည်။ “ကျွန်ုပ်တို့မှာ မှန်မှန် ကန်ကန်နှင့် လုပ်ဆောင်ပေးမယ့်သူ တစ်ယောက်ယောက် ရှိပါသလား”

R သည် Relationship = မည်သူတို့နှင့် ဆက်ဆံရမည် ဆိုသော ကိစ္စရပ်များကို ကိုယ်စားပြု သည်။ “ကျွန်ုပ်တို့မှာ မှန်ကန်သောပြောဆို ဆက်ဆံရေးတွေ ရှိနေပါသလား”

ထို့နောက် သင့်အသင်းအဖွဲ့ဝင်များ၏ P x W x R= Power score ဖော်မြူလာအတွက် စိုက်ထုတ်ကြိုးစားနိုင်စွမ်းတွေကို အမှတ် ၁ မှ ၁၀ အထိ စကေး သတ်မှတ်ပေးထားပါ။ (သက်ဆိုင်ရာ အသင်း အဖွဲ့ဝင်တစ်ယောက်စီက သင့်မေးခွန်းတွေ ဘယ်လောက်ထိ ဖြေနိုင်တယ် ဆိုတဲ့အပေါ် မူတည်ပြီး ရမှတ်အသီးသီး ရရှိကြပါလိမ့်မယ်။)

အကယ်၍ ၁ မှ ၁၀ အထိ စကေးအရ.. ၁၀ မှတ်အထိ ရရှိသူ ဖြစ်ပါက အမှတ်အများဆုံးရရှိသူအဖြစ် သတ်မှတ်ပြီး ဂုဏ်ပြုရမှာ ဖြစ် ပါတယ်။

အကယ်၍ မေးခွန်းသုံးခုစလုံး = 10 x 10 x 10 = 1000

အတွက် ရမှတ်ဟာ = P x W x R = Power score ဖြစ်ပါက အကောင်းဆုံး ဖြစ်ပါတယ်။

သင့်ရမှတ်ဟာ လက်တွေ့ အားဖြင့် 729 မှတ်ဖြစ်ပါက (သို့) 729 အထက်ဖြစ်ပါက သင် ဦးဆောင်သော အသင်းအဖွဲ့ ဟာ သြဇာ တိက္ကမပြည့်ဝစွာဖြင့် လုပ်ငန်းကို လည်ပတ်နိုင်တော့မှာ ဖြစ်ပါတယ်။

ဘာကြောင့် P x W x R ၃ ခုအတွက် ရမှတ် 729 ကို သင့် လျော်တယ်လို့ ယူဆသတ်မှတ်ရပါသလဲ။ အကြောင်းကတော့ အကောင်းဆုံးရမှတ် 1000ဟာ Px W x R

၃ ခုစလုံးအတွက် အပြစ်အနာအဆာ မရှိသော ရမှတ်ဖြစ်သော်လည်း စွမ်းဆောင်ရည် ဘယ်လောက်ပဲ အားကောင်းသူဖြစ်စေ လုံးဝမရရှိနိုင်တဲ့ အမှတ်ဖြစ်သောကြောင့် ဖြစ်ပါတယ်။

ဝါယင်ဘတ်ဖက်” ကိုယ်တိုင်တောင် အကောင်းဆုံးရမှတ် 1000 ရတယ်ဆိုတာကို ကျွန်ုပ်တို့ ယုံမှားသံသယ ဖြစ်မိပါတယ်။

အကယ်၍ သင်က P အတွက် ရမှတ် 9, W အတွက် ရမှတ်က 9 နဲ့ R အတွက် ရမှတ်က 9 ဖြစ်ပါက = Px W x R = Power score = 9 x 9 x 9= 729 သင့်အတွက် ရမှတ်ပေါင်း 729 ကို အကောင်းဆုံးအဖြစ် သတ် မှတ်နိုင်ပါတယ်။

ရမှတ်ပေါင်း 729 ဟာ သဘာဝကျပြီး အများလက်ခံနိုင်တဲ့ ထူးချွန်ထက်မြက်မှု အရှိဆုံးသော လူသားတစ်ယောက် အစွမ်းကုန် စွမ်း ဆောင်နိုင်တဲ့ ရမှတ်ဖြစ်ပါတယ်။

အကယ်၍ သင့်အသင်းအဖွဲ့က ရမှတ်ပေါင်း 729(သို့) 729 အထက်မှာ ရှိတယ်ဆိုရင်... သင်ဟာ သင့်အသင်းအဖွဲ့ ကို သြဇာတိက္ကမ အပြည့်အဝဖြင့် ဦးဆောင်နိုင်ပြီလို့ သတ်မှတ်နိုင်ပြီ ဖြစ်ပါတယ်။ ထိုအခါ သင့်ကိုယ်သင် ကျေနပ်ဂုဏ်ယူစွာဖြင့် ချီးမွမ်းပေးပါ။ သင့်ရဲ့ စွမ်းဆောင် ရည်တွေကို ဆက်လက်ကောင်းမွန်နေအောင် ထိန်းသိမ်းပေးထားပါ။

အကယ်၍ သင့်အသင်းအဖွဲ့ အတွက် လုပ်ဆောင်နေတဲ့ သင့်ရဲ့ P W R ရမှတ်က 500 နှင့် 700 အကြားမှာ ရှိနေတယ်ဆိုရင်... သင့် PWR ၃ ခုအတွက် ရမှတ်ဟာ = Px W x R= Power score= 8 x 8 x 8= 512 ဖြစ်ပါလိမ့်မယ်။ ထိုအခါ သင့်အသင်းအဖွဲ့ ရဲ့ ၃၀ % ခန့်ဟာ အကောင်းဆုံးသော စွမ်းဆောင်ရည်တွေနဲ့ အောင်ပွဲခံနိုင်မှာ ဖြစ်ပါတယ်။

အကယ်၍ P W R သုံးခုအတွက် ရမှတ်ဟာ 500အောက်အထိ လျော့ကျနေတယ်ဆိုရင် သြဇာတိက္ကမအပြည့်အဝ မရှိနိုင်သော်လည်း ထိုသို့ ဩဇာရှိန်ဝါလျော့ကျအောင် ဘယ်သူက ဆွဲချနေတာလဲဆိုတာ သိဖို့ စဉ်းစားချင့်ချိန်နိုင်စွမ်းတွေ ရှိနေပါလိမ့်မယ်။

သင် ဦးဆောင်နေသော အသင်းအဖွဲ့ က အမှတ် 500 အောက် လျော့ကျလာပြီဆိုတာနဲ့ အချိန်မီ သြဇာရှိန်ဝါပြန်တက်အောင် ကြိုးစားပြီး ရမှတ်ပေါင်း 729 အထိ မြင့်တက်အောင် အရေးယူ ဆောင်ရွက်ရပါလိမ့် မယ်။

ကျွန်ုပ်တွင်ရှိသော အောင်မြင်မှုရစေသည့် စွမ်းရည်ကို ဘယ်လိုမျှဝေအသုံးချမလဲ

သင့်အသင်းအဖွဲ့ဝင် တစ်ဦးချင်းစီက သူတို့မှာရှိထားတဲ့ ရမှတ် တွေကို P w R အတွက် ကိုယ်စားပြု အသုံးတော်ခံနိုင်တယ်ဆိုရင်...အောင်မြင်မှုရစေသော စွမ်းရည်ဖြစ်စေတဲ့ ပြောဆိုစကားတွေကို ပြောဆို နိုင်ပြီ ဖြစ်ပါတယ်။

သင်က အသင်းအဖွဲ့ဝင်တွေရဲ့ စိတ်ကူးတွေကို သေချာစွာ နားထောင်ပြီး သူတို့ဘက်က PWR ကိစ္စသုံးရပ်အတွက် အကောင်းဆုံး စွမ်းဆောင်နိုင်မှုတွေအပေါ် အမှတ်ပေးပါ။

သင်ကိုယ်တိုင်ကလည်း P w R အတွက် ကိစ္စတစ်ရပ်ချင်းစီကို အကောင်းဆုံး စွမ်းဆောင်နိုင်မယ်ဆိုရင်.. သင့်ရဲ့ Power score ကို