Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

အောင်လှိုင် - သင့်အနာဂါတ်တည်ဆောက်ရေးအတွက်ကနဦးပျိုးထောင်လေ့ကျင့်မှုများ

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out

အခန်း - ၁

အနာဂတ်ကာလ၏စိန်ခေါ်မှု

ကျွန်ုပ်တို့ လူနေမှုဘဝတွေဟာ ယနေ့ခေတ်ကာလအရ လျင်မြန်စွာ ပြောင်းလဲနေတာကြောင့် နောက်နှစ် ၁ဝဝ အတွင်းမှာ အပြောင်းအလဲတွေက သိသာစွာ ပြောင်းလဲနေတော့မှာ ဖြစ်ပါတယ်။

ဘယ်သူဘယ်ဝါကမှ လာမယ့်နှစ်ကာလ ဆယ်စုနှစ်၊ ရာစုနှစ်တွေ အတွက် ကြိုတင်ပြီး ဟောကိန်းမထုတ်နိုင်သော်လည်း အနာဂတ်ကာလမှာ အပြောင်းအလဲတွေ လျင်မြန်စွာဖြစ်ပေါ်လာတော့မယ့် အခြေအနေကိုတော့ ကြိုတင်တွက်ဆပေးနိုင်ပါလိမ့်မယ်။

တိုးတက်မှုများ၏အနာဂတ်

ကျွန်ုပ်တို့က အနာဂတ်နှင့်ပတ်သက်ပြီး စဉ်းစားတဲ့အခါ တိုးတက်မှု အခြေအနေတွေရဲ့ အနာဂတ်ကိုပါတစ်ခါတည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ တိုးတက်မှုပုံစံအနေနဲ့ နှစ်မျိုးနှစ်စားရှိနေတတ်ပါတယ်။ ရေပြင် ညီပုံစံအတိုင်း တိုးတက်မှု (Horizontal progress) သို့ extensive progress နှင့် ထောင်လိုက်ပုံစံအတိုင်း တိုးတက်မှု (vertical progress) သို့ intensive progress တို့ပဲ ဖြစ်ပါတယ်။

ရေပြင်ညီပုံစံအတိုင်း တိုးတက်မှုဟာ လက်တွေ့ အလုပ်ဖြစ်နိုင်မယ့် ကိစ္စတိုင်းအား အတုခိုးပြီး တိုးတက်အောင်လုပ်နိုင်ခြင်းကို ဆိုလိုပါတယ်။

Horizontal progress m extensive progress ဖြစ်တာကြောင့်တိုးတက်မှုတွေကို ကျယ်ပြန့်စွာ ရယူနိုင်အောင် လက်တွေ့ အလုပ်ဖြစ်မယ့် အရာမှန်သမျှအား အတုခိုးလုပ်ဆောင်နိုင်တဲ့သဘောဆောင်ပြီး vertical progress ကတော့ imtensive progress ဖြစ်တာနဲ့ အညီ တခုခုကို တစိုက်မတ်မတ် ရေရှည်လုပ်ဆောင်ခြင်းဖြင့် အောင်မြင်မှုရရှိအောင် လုပ်ဆောင်နိုင်တဲ့သဘောကို ဖော်ပြပါတယ်။ ရေပြင်ညီတိုးတက်မှုပုံစံအရ ကျယ်ပြန့်သော လုပ်ဆောင်မှုတွေဟာ “1 မှ n” (new thing) ကိစ္စရပ်အသစ်တွေ သိအောင်အထိ တိုးတက်စေတဲ့သဘောရည်ညွှန်းနေပြီး ထောင်လိုက် တိုးတက်မှုပုံစံကတော့ “၀ မှ 1” (ဘာမှမသိခြင်းမှ တစ်ခုခုကိုသိခြင်း) ဖြစ်လာတဲ့အထိ တစိုက်မတ်မတ် ကြိုးစားဆောင်ရွက်နိုင်တဲ့သဘောကို ရည်ညွှန်းနေပါတယ်။

ထောင်လိုက်ပုံစံတိုးတက်မှုနဲ့ ရေပြင်ညီပုံစံတိုးတက်မှုတွေကို လေ့လာ ရာမှာ... ထောင်လိုက်ပုံစံတိုးတက်မှုပုံစံက ဘာမှမသိခြင်းကနေ တစ်ခုခုကို သိခြင်းဖြစ်လာအောင်အထိ အခက်အခဲနှင့် ကြိုးစားရတတ်ကြောင်း ကြိုးစား

ဆောင်ရွက်သူအနေနဲ့ အခြားလူတွေ တစ်ကြိမ်တစ်ခါမှ မလုပ်ဖူးသေး တဲ့အလုပ်တစ်ခုကို လုပ်နိုင်စွမ်းရှိဖို့လိုအပ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။

ရေပြင်ညီပုံစံတိုးတက်မှုကတော့ တစ်စုံတစ်ခုကို သိထားခြင်းကနေ စတင်ပြီး အခြားသော အသစ်အဆန်းတွေကိုပါ ကျယ်ပြန့်စွာသိရှိအောင် ကြိုးစားလုပ်ကိုင်ဖြစ်တာကြောင့် ထောင်လိုက်ပုံစံတိုးတက်မှုထက် ပိုမိုလွယ် ကူသော (ကြိုးစားရလွယ်ကူသော) ပုံစံဖြစ်ပါတယ်။

တကယ်တော့ ရေပြင်ညီပုံစံအတိုင်း တိုးတက်မှုဟာ globalization ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုကို ကိုယ်စားပြုနေပြီး ထောင်လိုက်ပုံစံ တိုးတက်မှုကတော့ တဖြည်းဖြည်း အရှိန်ရတိုးတက်လာတဲ့နည်းပညာ technology ကို ရည်ညွှန်းနေပါတယ်။

ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုကို ကိုယ်စားပြုသော ရေပြင်ညီပုံစံ တိုးတက်မှုအရ တစ်နေရာရာကနေရရှိတဲ့အလုပ်ဖြစ်မယ့်အရာတွေကို နေရာတိုင်းမှာအလုပ်ဖြစ်အောင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်တိုးတက်မှု ကိုရှာရမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ယနေ့ကာလ အမေရိကန်ပြည်ထောင်စုကိုအမီ လိုက်နိုင်ဖို့အတွက် နှစ်ပေါင်း ၂ဝ ကြာကတည်းက ကြိုတင်စီမံကိန်းချပြီး ကြိုးစားဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ သူ့နိုင်ငံစီးပွားတိုးတက်ဖို့အတွက် ဖွံ့ဖြိုးပြီးနိုင်ငံတွေ က အလုပ်ဖြစ်တဲ့ ထုတ်ကုန်အတော်များများကို တုပထုတ်လုပ်နိုင်အောင် ကြိုးစားခဲ့တာကြောင့် ရေပြင်ညီပုံစံအတိုင်း ကျယ်ပြန့်သော တိုးတက်မှု အဆင့်ဆင့်နဲ့ သိပြီးသားအရာတွေမှာတင် ရပ်တန့်မနေဘဲ အသစ်အဆန်းဖြစ် မယ့်အရာတွေကို သိအောင် ကျယ်ကျယ်ပြန့်ပြန့်နဲ့ ကြိုးစားခဲ့တဲ့ အခြေအနေ ကိုသာ အထင်အရှားဖော်ပြနေပါတယ်။

၁၉ ရာစုအတွင်းက တရုတ်နိုင်ငံဟာ မီးရထားလမ်းတွေ များစွာ ဖောက်လုပ်နိုင်ခဲ့ပြီး မြို့ပြဆက်သွယ်ရေးအခြေအနေအရပ်ရပ်ကို အကောင်း ဆုံးဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တာ တွေ့ရပါတယ်။ ၂၀ ရာစုကာလတစ်လျှောက်ထုတ်ကုန်လုပ်ငန်း အတော်များများအား တစ်ကမ္ဘာလုံးအတိုင်း အတာထိ ထိုးဖောက်ပြီး ဈေးကွက်များမှာ နေရာယူ-ဝင်ဆံ့နိုင်ခဲ့ပါတယ်။ ယနေ့ ၂၁ ရာစုကာလတစ်လျှောက်မှာလည်း တစ်ကမ္ဘာလုံးမှာရှိတဲ့ နာမည်ကျော်ထုတ်ကုန်ပစ္စည်းမှန်သမျှကို တစ်ပုံစံတည်းတူအောင် ဆက်လက်တုပ ထုတ်လုပ်နိုင်ဆဲဖြစ်ပြီး သူ့နိုင်ငံတိုးတက်မှုအတွက် ဘက်စုံ၊ ကဏ္ဍစုံမှာ ကျယ် ပြန့်စွာနဲ့ ဆက်လက်တိုးချဲ့ဆောင်ရွက်နေဆဲဖြစ်တာတွေ့ရှိရပါတယ်။ တရုတ်နိုင်ငံရဲ့ တိုးတက်မှု အစီအစဉ်တွေဟာ သာမန်အခြေအနေထက် ကျော် လွန်ပြီး ကမ္ဘာလုံးဆိုင်ရာအဆင့်ထိ ဆက်လက်တိုးတက်ဖွံ့ဖြိုးအောင်ထိုး ဖောက်နေဦးမှာ ဖြစ်ပါတယ်။

ထောင်လိုက်ပုံစံတိုးတက်မှုဟာ နည်းပညာတိုးတက်မှုကို တိုက်ရိုက် ရည်ညွှန်းနေပြီး သတင်းအချက်အလက်နှင့် နည်းပညာထွန်းကားတဲ့ ယနေ့ ကာလမှာ အမေရိကန်ရဲ့ ဆီလီကွန်ဗယ်လီ (ဆီလီကွန်တောင်ကြား) က နည်းပညာပေါင်းစုံရဲ့ မြို့တော်အဖြစ် အထင်အရှား တည်ရှိလာတာ တွေ့ရ ပါတယ်။

ကမ္ဘာလုံးဆိုင်ရာတိုးတက်မှုနှင့် နည်းပညာတိုးတက်မှုတို့ဟာ ပုံစံအရ ဖြစ်စေ၊ နည်းလမ်းအရဖြစ်စေ တိုးတက်မှုပုံစံကွဲပြားလျက် ရှိကြပါတယ်။

သင့်အနေနဲ့ အဆိုပါ တိုးတက်မှု ပုံစံ ၂ ရပ်စလုံးကို ရယူဖို့ လုံးဝ ဖြစ်နိုင်ပါတယ်။ သို့သော်လည်း သင်က အဆိုပါ ပုံစံနှစ်ရပ်စလုံးကို တစ်ချိန် တည်း၊ တစ်ပြိုင်တည်းတော့ ရယူချင်လို့မဖြစ်နိုင်ပါဘူး။

ဥပမာအနေနဲ့ ၁၈၁၅ မှ ၁၉၁၄ ကာလအတွင်း အချိန်တွေဟာ နည်းပညာတိုးတက်ဖွံ့ဖြိုးမှုနဲ့ ကမ္ဘာလုံးဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှုနှစ်ရပ်စလုံး လျင်မြန်တဲ့ကာလတွေ ဖြစ်ခဲ့ပါတယ်။

သို့သော်လည်း ၁၉၇၁ ခုနှစ်ကာလက တရုတ်နိုင်ငံအတွက် နည်းပညာ တိုးတက်မှုကာလဖြစ်ခဲ့သော်လည်း ကမ္ဘာလုံးဆိုင်ရာအဆင့်ထိ ထိုးဖောက်ပြီး တိုးတက်အောင် လုပ်နိုင်တဲ့အခြေအနေတော့ မရှိခဲ့ပါဘူး။

နည်းပညာပြောင်းလဲတိုးတက်မှုတစ်စုံတစ်ရာ မရှိဘဲ တရုတ်နိုင်ငံ အနေနဲ့ တိုးတက်နိုင်တဲ့အခွင့်အလမ်းတွေ မရှိခဲ့ပါဘူး။ ထိုကာလတစ်လျှောက် တရုတ်နိုင်ငံဟာ စွမ်းအင်ထုတ်လုပ်မှုမှာ ၂ ဆမြင့်တက်လာခဲ့ပြီး နောက်ထပ်နှစ်ပေါင်း ၂ဝ ကြာကာလအထိ စက်မှုလုပ်ငန်းတွေ ဆက်လက် တိုးတက်လာခဲ့တာ တွေ့ရပါတယ်။

တရုတ်နိုင်ငံက စက်မှုလုပ်ငန်း ၂ ဆထိ တိုးတက်လာတာကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု အခြေအနေမြင့်တက်လာကာ လေထု ညစ်ညမ်းမှုဖြစ်စဉ်ကိုလည်း ၂ ဆထိ တိုးမြှင့်စေခဲ့ကြောင်း လေ့လာတွေ့ရှိ ရပါတယ်။

အကယ်၍ ကျွန်ုပ်တို့မှီတင်းနေထိုင်တဲ့ ကမ္ဘာမှာ သဘာဝစွမ်းအင် အရင်းအမြစ်တွေ ရှားပါးသွားတော့မယ်ဆိုရင် နည်းပညာသစ်တွေ လုံးဝ မပါရှိတဲ့ ကမ္ဘာလုံးဆိုင်ရာအဆင့် တိုးတက်ဖွံ့ဖြိုးမှုဆိုတာကိုလည်း ရေရှည် ခိုင်မြဲအောင် ထိန်းသိမ်းထားနိုင်စွမ်း မရှိနိုင်တော့ပါဘူး။ တဖြည်းဖြည်း တိုးတက်ဖွံ့ဖြိုးလာတဲ့နည်းပညာတွေဟာ.. အလိုအလျောက် ပေါ်ထွန်းလာ တာ မဟုတ်ဘဲ ဆင့်ကဲတိုးတက်မှုဖြစ်စဉ်အရ တဖြည်းဖြည်းအရှိန်မြင့်မား စွာ တိုးတက်လာခြင်းသာ ဖြစ်ပါတ