Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

အောင်လှိုင် - လုပ်ငန်းခွင်အမျိုးသမီးများလက်စွဲ

Regular price 1,000 MMK
Regular price Sale price 1,000 MMK
Sale Sold out
Type

အခန်း - ၁

သင်၏ ဖြစ်ထွန်းအောင် လုပ်နိုင်စွမ်းကို မြှင့်တင်သော နည်းလမ်းများအား အသုံးချပေးပါ

“သင်သာ မလုပ်ဘူးဆိုရင်... ဘယ်အရာမှ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး”

- မာယာအိန်ဂျလို (ကဗျာဆရာနှင့် လှုပ်ရှားပြောင်းလဲရေးဝါဒီ)

သင့်ရဲ့ ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းတွေနဲ့ အရာရာကို ဖြစ်ထွန်းအောင် လုပ်ဆောင်ခြင်းဟာ အရေးပါသော ပရောဂျက်ကြီးများ သတ်မှတ်ကန့် သတ်ရက်ဖြင့် ဆောင်ရွက်ရသော ကိစ္စများ၊ ပြဿနာအခက်အခဲများစွာ ရှိသော ကိစ္စများကိုသာ အကောင်းဆုံး ပီပြင်အောင် ဆောင်ရွက်နိုင် ခြင်းကို ဆိုလိုပါတယ်။

အချို့သော လုပ်ငန်းဆောင်တာ အမျိုးအစားတွေဟာ တစ်ခါတစ်ရံ ကောင်းချီးပေးခြင်း ခံရတတ်သလို တစ်ခါတစ်ရံမှာလည်း ကျိန်စာသင့် သလိုမျိုး ဘေးအန္တရာယ်နဲ့ တွေ့ရတဲ့အထိ အခြေအနေ ဆိုးရွားတတ်ပါ တယ်။

အချို့သော လုပ်ငန်းစွမ်းဆောင်ရည်တွေကို အလုပ်လုပ်ချိန် နာရီ အနည်းအများအပေါ် မူတည်ပြီး ခွဲခြားစိစစ်ပေးရပါတယ်။

အလုပ်ချိန်မတိုင်ခင် စောစီးစွာရောက်ရှိအောင် ကြိုးစားပါ

သင့် နေ့စဉ် အလုပ်လုပ်ချိန် မစတင်ခင် တစ်နာရီစောပြီး ရောက် ရှိအောင် လေ့ကျင့်ပေးထားဖို့ လိုပါတယ်။

အလုပ်ခွင်သို့ သတ်မှတ်ထားသော အလုပ်လုပ်ချိန်မတိုင်ခင် စော စီးစွာရောက်အောင် ကြိုးစားရခြင်းဟာ အစပထမမှာ အနည်းအကျဉ်းတော့ ခက်ခဲတတ်ပါတယ်။ သို့သော်လည်း သင် စောစီးစွာရောက်ရှိပြီး အနှောင့်အယှက်ပေးနိုင်သူ တစ်ဦးတစ်ယောက်မှ မရောက်သေးတာကြောင့် ကိုယ်စိတ်နှစ်ပါးစလုံးကို အလုပ်ထဲမှာ အပြည့်အဝမြှုပ်နှံပြီး အာရုံစူးစိုက်မှု အားကောင်းစွာနဲ့ အလုပ်တွေ ပြီးပြတ်အောင် လုပ်ဆောင် နိုင်တာ တွေ့ရပါမယ်။

ဒီအခါ သင်က အလုပ်ခွင်ကို နာရီပိုင်းအလိုက် စောစီးစွာ ရောက် ရှိခြင်းကြောင့် ရရှိလာတဲ့ အကျိုးကျေးဇူးတွေကို တန်ဖိုးထားတတ်လာ ပြီး နောက်နောင် ဘယ်လုပ်ငန်းခွင်မှာ ရှိသည်ဖြစ်စေ စောစီးစွာ သွားရောက်လုပ်ကိုင်တတ်တဲ့ အလေ့အကျင့်ကောင်းတွေကို ရရှိလာမှာ ဖြစ်ပါတယ်။

“အိပ်တန်းကနေ စောစီးစွာ နိုးထတဲ့ငှက်က အစာဝဝစားရတယ်” ဆိုတဲ့ စကားအတိုင်း အိပ်ရာကနေ စောစီးစွာ နိုးထလေ့ရှိတဲ့သူတွေဟာ ခန္ဓာကိုယ်တွင်း ခွန်အားတွေ မြင့်တက်လာစေပြီး စိတ်ပိုင်းဆိုင်ရာ စွမ်း အင်တွေလည်း ထက်မြက်မြင့်မားလာတာကြောင့် တစ်နေ့တာ အလုပ် လုပ်ချိန်အတွင်း အရာရာ လိုသလို ထိန်းချုပ်နိုင်စွမ်းတွေနဲ့ လုပ်ငန်းတွေ အားလုံးကို ပြီးပြတ်အောင်မြင်အောင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် အိပ်ရာကနေ စောစီးစွာ နိုးထပြီး အလုပ်ခွင်ကိုလည်း စောစီးစွာ ရောက်ရှိနိုင်သူတွေအတွက် အောင်မြင်မှုကို သူတကာထက် စောစီးစွာ ရရှိနိုင်တဲ့ အခွင့်အရေးတွေက အသင့်စောင့်ကြိုနေမှာ ဖြစ်ပါ တယ်။

မြင့်မားသော စွမ်းအင်ဖြစ်လာစေသော အချိန်နာရီများ

သင် အိပ်ရာကနိုးထပြီး နံနက်စောစောပိုင်းမှာ သင့်ဆီ ဘယ်သူ တွေက အီးမေးလ်ပေးပို့ထားတယ်ဆိုတာကို ဦးစွာ စစ်ဆေးပေးပါ။ ထိုနောက် ဆိုရှယ်မီဒီယာအကောင့်တွေကိုဖွင့်ပြီး သင့်အတွက် အကျိုး ရှိစေမယ့် သတင်းအချက်အလက်တွေကို ရှာဖွေပေးပါ။

သင်က အလုပ်ခွင်သို့ အချိန်တစ်နာရီ စောစီးစွာ ရောက်ရှိတာနဲ့ သင့်တစ်နေ့တာရဲ့ ပထမဆုံးသော အချိန်တစ်နာရီအတွင်း သင့်ရဲ့ စိတ် ရောကိုယ်ပါ လန်းဆန်းကြည်လင်မှုတွေကို အမြင့်မားဆုံးအနေအထား နဲ့ ခံစားမိတာတွေ ရှိလာပါလိမ့်မယ်။ သင့်အတွက် တစ်နေ့တာအလုပ် ချိန်ကို ပထမဆုံးသော တစ်နာရီအတွင်း တာထွက်ကောင်းစွာ စတင် နိုင်ခဲ့ပါက တစ်နေ့တာလုံး တောက်လျှောက် ဆောင်ရွက်သမျှသောကိစ္စတိုင်း အလွယ်တကူ အောင်မြင်တော့မယ်ဆိုတာကို ယုံကြည်ထား ပေးပါ။

လုပ်ငန်းအလိုက် သတ်မှတ်ထားသော ယူနီဖောင်းအား သပ်ရပ်စွာ ဝတ်ဆင်ပေးပါ

သင်က ဘယ်လုပ်ငန်းဌာနမှာ အလုပ်လုပ်သည်ဖြစ်စေ သတ် မှတ်ထားသော ယူနီဖောင်းကို စည်းကမ်းတကျ သပ်ရပ်စွာနဲ့ ဝတ်ဆင် ရမှာဖြစ်ပါတယ်။

ယူနီဖောင်းအား သပ်ရပ်စွာ ဝတ်ဆင်ထားခြင်းဖြင့် သင် တာဝန် ယူ၊ တာဝန်ခံရသော အလုပ်တွေကို ဆောင်ရွက်ရာမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မြင့်မားလာစေပြီး အထက်အောက်ဝန်ထမ်းအချင်းချင်း ဆက်ဆံပြောဆိုမှုတွေမှာလည်း အပြန်အလှန် လေးစားမှုတွေ ရှိလာမှာ ဖြစ်ပါတယ်။

သင့်လုပ်ငန်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး စာရင်းဇယားများ ပြုစုပေးထားပါ

ခေတ်သစ်နည်းပညာတွေ ဘယ်လောက်ပဲ တိုးတက်မြင့်မားလာ သော်လည်း သင့်လုပ်ငန်းနဲ့ ပတ်သက်ပြီး အပတ်စဉ်တစ်ခုချင်းရဲ့ အစ ပိုင်းမှာ သင် ဘာတွေလုပ်ကိုင်ဆောင်ရွက်တယ်၊ အပတ်စဉ်အလိုက် သင်ထားရှိတဲ့ ရည်မှန်းချက်တွေက ဘာဖြစ်တယ်ဆိုတာကို ချရေးပေးပါ။

သင်ရင်ဆိုင်ရမယ့် လုပ်ငန်းဆိုင်ရာ အခက်အခဲတွေ၊ ကြားဖြတ် လုပ်ဆောင်ရမယ့် ကိစ္စတွေက ဘာဖြစ်တယ်ဆိုတာကိုပါ သင့်ရဲ့ အပတ် စဉ် စာရင်းဇယားတွေထဲ ထည့်သွင်းထားပေးပါ။

အရည်အသွေးပေါ် အရည်အသွေးဆင့်သည် ၊

အလုပ်ကို စဉ်ဆက်မပြတ် လုပ်ဆောင်ခြင်းကြောင့် လုပ်ငန်းအတော်များများကို အလွယ်တကူ ဆောင်ရွက်နိုင်တယ်လို့ မှတ်ယူနိုင် ခြင်း မရှိသေးပါဘူး။

ကျွန်ုပ်တို့ဦးနှောက်ဟာ အစဉ်အမြဲ နိုးကြားတက်ကြွ လန်းဆန်း တတ်ခြင်း မရှိဘဲ အလုပ်ပင်ပန်းမှုတွေနဲ့အတူ ထုံထိုင်းလေးကန်သွား တတ်တဲ့သဘာဝ ရှိနေတတ်ပါတယ်။

ပင်ပန်းနေတဲ့ ဦးနှောက်ကို ဆက်တိုက်ခိုင်းစေမယ့်အစား လုံ လောက်တဲ့ အနားပေးခြင်းတွေနဲ့ ပြန်လည်လန်းဆန်းတက်ကြွအောင် လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဦးနှောက်သုံးရတဲ့ အလုပ်တွေကို ဆက်တိုက်ချည်း လုပ်နေရုံနဲ့ အလုပ်ဖြစ်တယ်၊ အလုပ်အောင်မြင်တယ် လို့ ပြောလို့မရဘဲ ဦးနှောက်ကြည်လင်လန်းဆန်းနေမှသာ အမှန်တ ကယ် အလုပ်ပြီးမြောက်အောင်မြင်တယ်လို့ ပြောလို့ရမှာဖြစ်ပါတယ်။

ဒါကြောင့် အလုပ်တွေကို ပင်ပန်းစွာလုပ်ပြီးတဲ့အခါမှ အနားယူ ခြင်းထက် ခက်ခဲပင်ပန်းသော အလုပ်တွေကို လုပ်ပြီးတိုင်း မိနစ် ၃၀ ခန့် အနားယူပေးပါ။

တစ်ချိန်မှာ အလုပ်တစ်ခုတည်းကိုသာ လုပ်ကိုင်ပါ

သင်က မနိုင်ဝန်ထမ်းတာမျိုး မဖြစ်စေရအောင် တစ်ချိန်မှာ အလုပ် တစ်ခုတည်းကိုသာ အာရုံစိုက်လုပ်ဆောင်သင့်ပါတယ်။

နေ့လယ်စာ စားသောက်ချိန် တိတိကျကျ သတ်မှတ်ပေးပါ

သင့်နေ့လယ်စာ စားသောက်ချိန်ကို တိတိကျကျ သတ်မှတ်ပေး ပါ။ သင် နေ့လယ်စာစားသောက်ချိန်အတွင်း ဖြောင့်ဖြောင့်တန်းတန်း စားသောက်နိုင်စေဖို့ ကွန်ပျူတာတွေ၊ ဖုန်းတွေနဲ့ ဝေးသောနေရာမှာ စားသောက်ခြင်းက ပိုမိုသင့်လျော်ပါလိမ့်မယ်။ သင့်အနေနဲ့ ဦးနှောက်ကို အနားပေး၊ အားဖြည့်ပေးလိုတယ်ဆိုရင် အလုပ်တာဝန်ပေါင်းစုံကို အချိန်အတန်ကြာ လုပ်ကိုင်ခြင်းမှ ရှောင်ကြဉ်ပါ။

အခန်းကဏ္ဍခွဲခြားပြီးလုပ်ကိုင်ပါ

သင်က လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်နေစဉ်အတွင်း ကြား ဖြတ်ဝင်ရောက်လာတတ်သော အီးမေးလ်များ၊ မက်ဆေ့ချ်များကို စစ် ဆေးကြည့်ရှုပေးပါ။ လုပ်ငန်းကိစ္စအမျိုးမျိုးအား အခန်းကဏ္ဍခွဲခြားပြီး လုပ်ကိုင်ပေးပါ။

သင့်လက်ကိုင်ဖုန်းရဲ့ “အကြောင်းကြား အသိပေးခြင်းအစီအစဉ်” ဖြစ်တဲ့ “notification setting” ကြောင့် သင်လုပ်ကိုင်အာရုံစိုက်နေသော လုပ်ငန်းစဉ်တွေအတွက် အနှောင့်အယှက်မဖြစ်ရအောင် သတိပြု ပါ။ သင့်လုပ်ငန်းအတွက် အရေးကြီးသော ကိစ္စတာဝန်များကို ဆောင် ရွက်ပြီးမှသာ သင့်စိတ် အပန်းဖြေစေမယ့် အလုပ်တွေကို စဉ်းစားပေးပါ။

သင့်လက်ကိုင်ဖုန်းမှ မက်ဆေ့ချ်ဝင်ရောက်ကြောင်း အချက်ပြ သံကို မကြာခဏ ကြားရခြင်းကြောင့် သင့်အတွက် စိတ်အနှောင့် အယှက် ဖြစ်တတ်တာကို သတိပြုပါ။ သင် စူပါမားကက်ကို ဈေးဝယ် ထွက်ခြင်းနှင့် သင့်အိမ်အလုပ်တွေကို ပြီးပြတ်အောင် လုပ်ဆောင်ခြင်း တွေအတွက် အချိန်ကို မျှတစွာ ခွဲဝေသုံးစွဲပေးပါ။

လေးနက်စွာဖြင့် အကြိမ်ကြိမ်စဉ်းစားပေးပါ

သင် နေ့စဉ် ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို စာရင်းရေးသွင်း မှုတွေ ကြိုတင်ပြုလုပ်ထားပြီး တစ်ချက်စီအလိုက် လေးနက်စွာဖြင့် ပြန်လည် စဉ်းစားပေးပါ။ ထိုနည်းလမ်းဖြင့် သင့်တစ်နေ့တာအတွက် လုပ်ငန်းစဉ်တိုင်းကို ဘယ်လောက် ထိရောက်စွာ လုပ်ကိုင်နိုင်တယ်ဆိုတာကို သိရမှာဖြစ်ပါတယ်။

သင် လုပ်ကိုင်ဆောင်ရွက်ရမယ့် လုပ်ငန်းဆောင်တာတိုင်းကို အလေးအနက်ထားပြီး အကြိမ်ကြိမ် စဉ်းစားပေးခြင်းဖြင့် သင့်လုပ်ငန်း ကို ဆက်လက် ပိုမိုတိုးတက်အောင် လုပ်ဆောင်နိုင်ဖို့ အကြံဉာဏ် ကောင်းတွေ ရရှိလာမှာဖြစ်ပါတယ်။

သင့်ရဲ့ စိတ်ကူးအကြံအစည်ကောင်းတွေဟာ သင့်ရည်မှန်းချက် တွေကို ရေရှည် အကောင်အထည်ဖော်နိုင်ဖို့ အရေးပါတဲ့ ရင်းနှီးမြုပ်နှံမှု တွေ ဖြစ်လာစေပါတယ်။

နောက်ဆုံးသတ်မှတ်ရက်ထားပြီး ချမှတ်ဆောင်ရွက်ခြင်း

သင်လုပ်ကိုင်တဲ့အလုပ်ကို နောက်ဆုံးသတ်မှတ်ရက်ထားပြီး လုပ်ကိုင်တတ်တဲ့ အလေ့အကျင့် ရလာတဲ့အခါ သင့်ရဲ့ လုပ်ငန်းစွမ်းဆောင်ချက်တွေကို အရည်အသွေး မြင့်တက်လာစေပြီး မလိုလားအပ်တဲ့ လေးကန်ဖင့်နွှဲမှုတွေကိုလည်း ထိရောက်စွာ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

သင်သတ်မှတ်ထားတဲ့ နောက်ဆုံးရက်မတိုင်မီ သင့်လုပ်ငန်းတွေ ကို ပြီးပြတ်အောင် ဆောင်ရွက်နိုင်စေဖို့ အာရုံစိုက် ကြိုးစားဆောင်ရွက် ခြင်းက ကောင်းသော်လည်း သဘာဝမကျသော ရည်မှန်းချက် ချမှတ်ဆောင်ရွက်ခြင်းတွေကိုတော့ မလုပ်ဆောင်သင့်ပါဘူး၊ သင်က ကိုယ်ပိုင် လုပ်ငန်း လုပ်ကိုင်သည်ဖြစ်စေ၊ ကုမ္ပဏီဝန်ထမ်း၊ အစိုးရဝန်ထမ်း လုပ် သည်ဖြစ်စေ သင့်လုပ်ငန်းစဉ်တိုင်းကို သတ်မှတ်နောက်ဆုံးရက် ချမှတ် ပြီး လုပ်ဆောင်တတ်ခြင်းဖြင့် သင့်လုပ်ငန်းသဘာဝ အမျိုးအစားအလိုက် စွမ်းဆောင်ရည်အားကောင်းစွာနဲ့ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

အလုပ်တစ်မျိုးစီအတွက် သတ်မှတ်နောက်ဆုံးရက်ထားရှိပြီး လုပ်ကိုင်တတ်ခြင်းကြောင့် သင့်အလုပ်အမျိုးအစားအလိုက် အချိန် လုံလောက်စွာ ခွဲခြားသတ်မှတ်ပြီး အောင်မြင်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

အလုပ်တစ်ခုအား အပြစ်အနာအဆာမရှိအောင် လုပ်ကိုင်နိုင်ခြင်းထက် လိုအပ်တဲ့ အနေအထားရောက်ရှိအောင် ပြီးမြောက်စွာ လုပ်ဆောင်နိုင်ခြင်းက ပိုကောင်းပါတယ်

အလုပ်မှန်သမျှ အဘက်ဘက်ကနေ အပြစ်အနာအဆာကင်း အောင် လုပ်ဆောင်တတ်တဲ့ အလေ့အကျင့်ဟာ တစ်ခါတစ်ရံ လုပ်ငန်း တိုးတက်မှုအတွက် အနှောင့်အယှက်ပေးနေတဲ့ရန်သူ ဖြစ်နေတတ်ပါ တယ်။

ပရောဂျက်တစ်ခုစီအား အသေးစိတ် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ချင်သော်လည်း လုပ်ငန်းစီမံကိန်းအရ တစ်နှစ်ချင်းအလိုက် တိုးတက်မှုရှိစေဖို့ အဓိက လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ဒါကြောင့် အပြစ်အနာကင်းစွာ လုပ်ဆောင်နိုင်ဖို့ အဓိက ဦးစား ပေးခြင်းထက် လုပ်ငန်းစဉ် အဆင့်ဆင့်အလိုက် မှန်ကန်စွာ တိုးတက် ရေးကိုသာ အာရုံစိုက် ဆောင်ရွက်ရမှာဖြစ်ပါတယ်။