Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

အောင်လှိုင် - လုပ်ငန်းခွင်များတွင်ထူးချွန်အောင်မြင်စွာကြီးကြပ်ကွပ်ကဲခြင်း

Regular price 1,200 MMK
Regular price Sale price 1,200 MMK
Sale Sold out
Type

အပိုင်း-၁

စွမ်းဆောင်ရည်မြင့်မားသော ရည်မှန်းချက်ထူထောင်ခြင်း

“အနာဂတ်ဟူသည် ဖြစ်နိုင်ခြေရှိသော အခွင့်အလမ်းသစ်များအား ကျွန်ုပ်တို့ တွေ့မြင်နိုင်စွမ်းရှိခြင်းအပေါ်၌ အမြဲမူတည်လျက်ရှိသည်။”

အမည်မသိစာဆို

ဤအခန်းတွင်

- မြင့်မားသော စွမ်းဆောင်ရည်အတွက် ပုံသေနည်း

- အသင်းအဖွဲ့လိုက် ထားရှိသော ရည်မှန်းချက်နှင့် စီမံကိန်း

- အလုပ်သမားတို့၏ ရည်မှန်းချက်နှင့် စီမံကိန်း တို့ပါဝင်သည်

မြင့်မားသော စွမ်းဆောင်ရည်အတွက် ပုံသေနည်း

HP = CE (C + M + E)

High Performance = clear Expectations

မြင့်မားသောစွမ်းဆောင်ရန် = ရှင်းလင်းထင်ရှားစွာ ထားရှိနိုင်သည့် မျှော်လင့်ချက်

Competence                            + Motivation               + Environment

ကျွမ်းကျင်သောလုပ်ရည်ကိုင်ရည် + စိတ်ပါဝင်စားမှု           + ပတ်ဝန်းကျင်

အထက်ပါ ပုံသေနည်းသည် စီမံခန့်ခွဲမှုဆိုင်ရာ အတွေးအခေါ် အယူ အဆပေါ် မူတည်၍ ထုတ်ယူရရှိသော, လက်တွေ့အသုံးချနိုင်သည့် ပုံသေ နည်းတစ်ခုဖြစ်သည်။

မြင့်မားသော စွမ်းဆောင်ရည် ဆိုသည်မှာ အကျိုးရလဒ်ကောင်းများ အား စံထားလောက်သည်အထိ တိုးတက်အောင် ကြိုးစားဆောင်ရွက်ခြင်း၊ အလားအလာကောင်းသော အခွင့်အလမ်းသစ်များ ရရှိရန်ရှာဖွေခြင်း၊ အကောင်းဆုံး စီမံကွပ်ကဲ၍ ဦးဆောင်နိုင်ခြင်း၊ ကျွမ်းကျင်သော လုပ်ရည် ကိုင်ရည်ရှိခြင်းတို့ကို ဆိုလိုသည်။

ရှင်းလင်းထင်ရှားစွာ ထားရှိနိုင်သည့် မျှော်လင့်ချက်

ရည်မှန်းချက်တစ်ခု တည်ထောင်ခြင်းဖြင့် စီမံကိန်းများကို စတင် အကောင်အထည်ဖော်ကာ ကောင်းသော ရလဒ်များအား မျှော်လင့်ခြင်းကို ဆိုလိုသည်။ ။

ရှင်းလင်းထင်ရှားသော မျှော်လင့်ချက်ထားနိုင်ရန် သင်မျှော်လင့်ထား သည့် အခြေအနေနှင့် သင့်ဝန်ထမ်းအလုပ်သမားများ မျှော်လင့်ထားသည့် အခြေအနေတို့ကိုပါ ရှင်းလင်းစွာ နားလည်ထားရန် လိုအပ်သည်။

ကျွမ်းကျင်သော လုပ်ရည်ကိုင်ရည်

အလုပ်သမားများ၏ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံ ဗဟုသုတ၊ ပညာရပ်များအား အဓိကရည်ညွှန်းသည်။ လုပ်ငန်းတွင်အကောင်းဆုံး ဆောင်ရွက်နိုင်လိမ့်မည်ဟု ယူဆရသည့် အလားအလာကောင်းသော ဝန်ထမ်းများအား ပိုပိုပြီး အရည်အသွေးမြင့်တက်လာစေရန် လိုအပ်သော လက်တွေ့၊ လေ့ကျင့်၊ သင်တန်းပေးမှုများဖြင့် မွေးထုတ်ပေး ရမည်ဖြစ်သည်။

ကြေးစားဘေ့စ်ဘောကစားသမားများအနေဖြင့် ပွဲစဉ်များမစတင်မီ တစ်နှစ်ပတ်လုံး (ဆောင်းရာသီနှင့် နွေဦးရာသီကာလအတောအတွင်း) စဉ် ဆက်မပြတ်သော လေ့ကျင့်မှုများဖြင့် ပြင်းပြင်းထန်ထန် ပြုလုပ်လျက်ရှိနေ ကြသည်။ လုပ်ငန်းကဏ္ဍအသီးသီးရှိ ကြီးကြပ်ရေးမှူးတို့အနေဖြင့် ၎င်းတို့ လက်အောက် ဝန်ထမ်းများအား ပညာပေးခြင်း၊ လေ့ကျင့်ပေးခြင်း အစီ အစဉ်များ လိုအပ်သလို လုပ်ပေးရမည်ဖြစ်သည်။ သင်တန်းပေးရာ၌ ကွဲပြားသော လုပ်ငန်းသဘာဝတစ်ခုချင်းစီအလိုက် သက်ဆိုင်ရာ ဘာသာရပ် အသီးသီးဖြင့် ပို့ချပေးရမည်ဖြစ်သည်။ ဥပမာအားဖြင့် ဘေးကင်းလုံခြုံရေး ဆက်သွယ်ရေး၊ ဖောက်သည်များပေါ် ဝန်ဆောင်မှုပေးခြင်း၊ အရည် အသွေးမြှင့်တင်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာများ စသည့် သင်တန်းများအား အပတ်စဉ် လစဉ် လုပ်ငန်းစီမံချက်အဖြစ် ချမှတ်ဆောင် ရွက်ရမည် ဖြစ်သည်။

စိတ်ပါဝင်စားမှုရှိစေခြင်း

အလုပ်သမားဖြစ်သူတို့၏ အလိုဆန္ဒအတိုင်း လုပ်ငန်းအပေါ် စိတ်ပါ လက်ပါ လုပ်ကိုင်လိုစိတ်ရှိခြင်းကို ရည်ညွှန်းသည်။ အလုပ်သမားတို့ အနေ ဖြင့် အလုပ်အပေါ် စိတ်ပါလက်ပါ တစ်စိုက်မတ်မတ် လုပ်ကိုင်လိုစိတ်ရှိ လာရန်အတွက် ၎င်းတို့၏ အကျိုးခံစားခွင့်များအား ထည့်သွင်းစဉ်းစားပေး ရမည်ဖြစ်သည်။

ယနေ့ခေတ် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီလုပ်ငန်းများ၌ အပြိုင်အဆိုင်များစွာ ရှိနေခြင်းကြောင့် စီမံကွပ်ကဲရသည့် ခေါင်းဆောင်များ ၌ အရည်အသွေးပြည့်ဝနေစေရန် အရေးတကြီး လိုအပ်သည်။

အရည်အသွေး နိမ့်ကျလွန်းသော ကြီးကြပ်ရေးမှူးများသည် အလုပ် သမားများအပေါ် ကိုင်တွယ်စီမံမှုများ၌ လိုရာဆွဲပြော၍ လွဲမှားစွာ လုပ်ကိုင်တတ်ကြသည်။

အမေရိကန်၏ စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်ခံရမှု အခြေအနေ နှင့် လောင်စာဆီ ဈေးနှုန်းများ မြင့်တက်ခြင်းအပေါ် ကုမ္ပဏီအများစုက အပြစ်တင် အကြောင်းပြ၍ ဈေးနှုန်းများ မြှင့်တင်ခဲ့သော်လည်း Southwest လေကြောင်းလိုင်းအနေဖြင့် ပြိုင်ဘက်များအပေါ် အာရုံစိုက်ခြင်းထက် ၎င်းတို့၏ ဝန်ထမ်းများနှင့် ဖောက်သည်များ၏ သက်သာချောမွေ့ရေးကို သာ ဦးစားပေးဆောင်ရွက်နိုင်ခဲ့သည်။ ထို့ကြောင့်လည်း Southwestလေကြောင်းလိုင်းမှ ဝန်ထမ်းများကလည်း ကုမ္ပဏီ၏ မျှတမှုရှိသော စီမံခန့်ခွဲ မှုအပေါ် ကျေနပ်မှု ယုံကြည်မှုများ ပိုသာပြီး နေ့စဉ်ပုံမှန်အလုပ်ဝင်ရန် အမြဲစိတ်စောလျက်ရှိနေတတ်သည်။ Southwest လေကြောင်းလိုင်းသည် ကျွမ်းကျင်သော စီမံခန့်ခွဲသူများအား ငှားရမ်းခြင်း၊ လက်တွေ့ သင်တန်းပေး ကာ အကောင်းဆုံးစွမ်းဆောင်ရည် ပိုင်ရှင်များအား မွေးထုတ်ခြင်းများ အောင်မြင်စွာ လုပ်နိုင်ခဲ့သည်။ ဆက်ဆံရေးမကောင်းသော လေကြောင်း လိုင်းများအဖို့ ဒေဝါလီခံရသည်အထိ အရှုံးပေါ်ခဲ့ရသည်။ ထို့ကြောင့် စီမံ ကွပ်ကဲမှု အားနည်းလွန်းသည့် အောက်ပါအချက် ၁၀ ချက်အား အား ကောင်းလာအောင် လေ့ကျင့်ဆောင်ရွက်နိုင်ရန် လိုအပ်ပါသည်။ )

စီမံကွပ်ကဲမှုအားနည်းလွန်းသည့် အချက် ၁၀ ချက်

အောက်တွင် ဖော်ပြသည့် အချက် ၁၀ ချက်အပြင် အခြားဆောင်ရွက် သင့်သည့် အချက် ၂ ချက်ကိုပါ ထည့်ပေါင်း၍ ပိုမိုကောင်းမွန်သော တာဝန် ယူဆောင်ရွက်မှုများ ပြုလုပ်ရမည်ဖြစ်သည်။ ။

----- ၁။ လုပ်ငန်းလည်ပတ်မှုနှုန်းမြင့်မားရန် လိုအပ်ခြင်း

----- ၂။ ကုန်ပစ္စည်းအရည်အသွေးနိမ့်ကျခြင်း၊ ဖောက်သည်တို့အပေါ် ဝန်ဆောင်မှုအားနည်းခြင်း

----- ၃။ ကုန်ထုတ်စွမ်းရည်လျော့ကျခြင်း ။

----- ၄။ လုပ်ငန်းပျက်ကွက်မှု နှုန်းထားသာမန်ထက် မြင့်တက်နေခြင်း

----- ၅။ နာမကျန်းဖြစ်သည့် နေ့ရက်များ သာမန်ထက်လွန်ကဲနေခြင်း

---- ၆။ လုပ်ငန်းနှင့် ပတ်သက်၍ မကျေနပ်မှုများခြင်း

-- ၇။ အလုပ်သမား ပဋိပက္ခများ အလွန်အကျွံများပြားနေခြင်း

-- ၈။ အလုပ်သမားတို့ ရသင့်သည့် နစ်နာကြေးဆိုင်ရာပြဿနာများ ပိုမိုများပြားနေခြင်း

-- ၉။ ကျိုးကြောင်းရှေ့နောက် မညီညွတ်သော အကျိုးရလဒ်များနေခြင်း

-- ၁၀။ အလုပ်သမားများထံမှ စိတ်ကူးအတွေးအခေါ်သစ်များ အနည်းငယ်သာရရှိခြင်း

----- ၁၁။ အခြားကိစ္စများ

----၁၂။ အခြားကိစ္စများ --

ပတ်ဝန်းကျင်

ရှေ့တွင်ဖော်ပြခဲ့သော အကြောင်းအရာများတွင် လုပ်ငန်းဆိုင်ရာ ဝန်းကျင်ပြဿနာအများစု ပါဝင်နေကြခြင်းကြောင့် လုပ်ငန်းဆိုင်ရာ ဝန်းကျင်၏ သွင်ပြင်စရိုက်လက္ခဏာများ ကောင်းမွန်အောင် ထောက်ပံ့ပေး နိုင်ရန် အထူးလိုအပ်သည်။

လုပ်ငန်းဆိုင်ရာ ဝန်းကျင်ကောင်းမွန်ရေး၌ အောက်ပါတို့ပါဝင်စေ လျက် ထောက်ပံ့မှုပေးနိုင်မည်ဖြစ်သည်။

  • တိုးတက်မှုရှိစေရန် အလားအလာကောင်းသော ဝန်းကျင်၏အသွင်အပြင်
  • ရှင်းလင်းထင်ရှားသော ရည်မှန်းချက် (မသေချာ မရေရာသောဦးတည်ချက်မရှိစေရန်)
  • နားထောင်နိုင်စွမ်းရှိခြင်း (မိမိကပြောခြင်း၊ အော်ဟစ်ကြွေးကြော်ခြင်းမလုပ်ရ)
  • အသိအမှတ်ပြုခြင်း၊ ချီးမွမ်းခြင်း (အဆက်မပြတ် ကဲ့ရဲ့ဝေဖန်ခြင်း မရှိစေရန်)
  • ပြောဆိုဆက်သွယ်မှု အားကောင်းခြင်း (ပဋိပက္ခမဖြစ်စေခြင်း)
  • လူမှုရေးဆိုင်ရာ ဆောင်ရွက်ချက်များ ပူးပေါင်းလုပ်ဆောင်ခြင်း(သီးခြားမနေခြင်း)
  • ဆန်းသစ်တီထွင်တတ်ခြင်း (အစားထိုးလဲလှယ်ခြင်း) (နည်းလမ်းဟောင်းကို မသုံးခြင်း) ကို
  • အဆက်မပြတ် တိုးတက်စေခြင်း ဂုဏ်သိက္ခာမြင့်တက်စေခြင်း (ဂုဏ်သရေ မညှိုးနွမ်းအောင် ထိန်းသိမ်းနိုင်ခြင်း)
  • စိန်ခေါ်မှုများ ရှိနေသော အလုပ်အား ပျော်ရွှင်စွာဖြင့် လုပ်ကိုင်ခြင်း (နေ့စဉ်ပုံမှန် အလုပ်များအား မပျင်းမရိ ဆောင်ရွက်လုပ်ကိုင်နိုင်ခြင်း)

အထက်ပါ ကောင်းမွန်သော ဆောင်ရွက်ချက်များအား ရှင်းလင်း ထင်ရှားသော ရည်မှန်းချက်ဖြင့်သာ စတင်လုပ်ကိုင်နိုင်သည်။ သင်ကိုယ် တိုင်အတွက်ဖြစ်စေ၊ သင့်ဝန်ထမ်းများအတွက်ဖြစ်စေ အောင်မြင်မှုရရှိစေရန် ရည်ရွယ်၍ အောက်ပါမေးခွန်း ၃ ခုအား မှန်ကန်စွာ ဖြေဆိုပေးရပါမည်။

၁။ ကျွန်ုပ်၏ အလုပ်အတွက် အောင်မြင်မှုရစေသည့် အချက်တွေကဘာလဲ ?

၂။ လူအင်အား၊ ငွေကြေးအင်အား၊ ကိရိယာတန်ဆာတွေထဲက ဘယ်အရင်းအမြစ်က အလုပ်လုပ်လို့ ရနိုင်မလဲ?

၃။ အောင်မြင်မှုရစေမယ့် အစီအစဉ်က ဘာလဲ? ရေတိုစီမံကိန်းနဲ့ ဘယ်လို အောင်မြင်အောင်လုပ်မလဲ? ရေရှည်စီမံကိန်းက ပိုကောင်းမလား?

မိမိအလုပ်သမား၊ ဝန်ထမ်းတို့၏ မျှော်လင့်ချက်နှင့် တာဝန်ယူဆောင် ရွက်မှုများအတိုင်း တစ်ဦးချင်းစီ ကျွမ်းကျင်စွာဖြင့် အာရုံစိုက်လုပ်ကိုင်နိုင်အောင် စွမ်းဆောင်ပေးပါ။

အသင်းအဖွဲ့လိုက် ထားရှိသော ရည်မှန်းချက်နှင့် စီမံကိန်း

ပထမဦးစွာ လုပ်ငန်းစီမံကိန်းအတွက် အသင်းအဖွဲ့အလိုက် ရည်မှန်းချက် အစီအစဉ်များ ချမှတ်ပြီး ရှေ့သို့ တစ်စိုက်မတ်မတ် တိုးတက်လာစေ ရန် အသေးစိတ်တိကျသည့် စီမံချက်များ ရေးဆွဲရန်လိုအပ်သည်။

ယနေ့ခေတ် ကြီးကြပ်ရေးမှူးအများစုအနေဖြင့် ၎င်းတို့၏ ကုမ္ပဏီ လုပ်ငန်းများ ပြီးမြောက်ရန် လုံလောက်သော လူအင်အားဖြင့် စွမ်းဆောင် ပေးနိုင်ကြသည်။ ၎င်းပြင် ကြီးကြပ်ရေးမှူးအများစုသည် လုပ်ငန်းစုတစ်ခု ၏ အဖွဲ့ ခေါင်းဆောင်များအနေဖြင့်သာ မဟုတ်ပဲ လုပ်ငန်းအစိတ်အပိုင်း အချို့ကိုပါ ဝိုင်းဝန်းဆောင်ရွက်ပေးရတတ်သည်။ တစ်နည်းအားဖြင့် ကိုယ်တိုင်အလုပ်လုပ်ရင်း အဖွဲ့အား ဦးဆောင်ကြီးကြပ်ကွပ်ကဲရသူများပင် ဖြစ်သည်။

သင့်ကုမ္ပဏီအတွက် မျှော်လင့်ချက်များအား ရှင်းလင်းပြတ်သားစေခြင်း

လုပ်ငန်းစီမံကိန်းများအား ရည်မှန်းချက်ထူထောင်ခြင်းဖြင့် စတင်နိုင် သည်။ ထို့ကြောင့် ကောင်းသော အကျိုးရလဒ်များ တည်ဆောက်နိုင်ရန် အတွက် စီမံကိန်းများ ရှင်းလင်းပြတ်သားမှသာ မျှော်လင့်ချက်များလည်း ရှင်းလင်းပြတ်သားနိုင်မည်ဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် ကြီးကြပ် ရေးမှူးဟူသော အခန်းကဏ္ဍ၌ မည်သို့ ပါဝင်ဆောင်ရွက်ပြီး အတွေ့အကြုံ ဗဟုသုတများအား မည်သို့ ပြန်လည်ဆန်းစစ်၍ အသုံးချနိုင်သည်ကို ကိုယ်တိုင်နားလည်ထားသူဖြစ်ကြောင်း ရည်ညွှန်းသည်။ ၎င်းပြင် သင် သည် မျှော်လင့်ချက်အတိုင်း အောင်မြင်စေရန်အတွက် မိမိတာဝန်ယူသော လုပ်ငန်းများ အောင်မြင်စွာ ပြီးစီးခြင်း၊ သူဌေးဖြစ်သူနှင့် ပြောဆိုဆွေးနွေး မှုများ အဆင်ပြေချောမွေ့ခြင်း၊ အောင်မြင်မှုအပေါ် တိုင်းတာနိုင်ခြင်း ရှိရန် စဉ်ဆက်မပြတ် ကြိုးစားရမည်ဖြစ်သည်။ ကုမ္ပဏီတစ်ခုမှ ရက်သတ္တ တစ်ပတ်လျှင် အပိုရောင်းကြေးငွေ ဒေါ်လာ ၃ဝဝ ရရှိရန် အစီစဉ်ချမှတ် သည်ဆိုပါက အစီစဉ်အား အကောင်အထည်ဖော်ရန် ကြီးကြပ်ရေးမှူး အသီးသီးက စုဝေးတိုင်ပင်ဆွေးနွေးရမည်ဖြစ်သည်။ ထိုကဲ့သို့ စုပေါင်း တိုင်ပင်အဖြေရှာခြင်းဖြင့်သာ လုပ်ငန်းအစိတ်အပိုင်းတစ်ခုချင်းအလိုက် အောင်မြင်လာနိုင်မည် ဖြစ်သည်။

အကယ်၍ သင်သည် လုပ်ငန်းအောင်မြင်မှုအတွက် အတိမ်းအစောင်းမခံနိုင်လောက်အောင် အရေးပါသည့်နည်းလမ်း တစ်ခုကို သိရှိ ထားသည်ဆိုပါက သူဌေးဖြစ်သူနှင့် အရေးကြီးလျှင်ကြီးသလို အလျင်စလို တွေ့ဆုံပြီး သူဌေး၏ သဘောထားအမြင် မည်သို့ ရှိသည်ကို တီးခေါက် ဆွေးနွေးပေးပါ။ ကြီးကြပ်ရေးမှူးတစ်ဦးအနေဖြင့် “ကောင်းပြီ။ ငါ့ကို တစ်ယောက်ယောက်က ပြောလာခဲ့ရင်တော့ ငါ့ရဲ့ ဦးဆောင်နိုင်တဲ့ အရည် အသွေးကို ပိုပြီးထုတ်ပြရတော့မှာပဲ” ဟူ၍ ကြိုတင်စဉ်းစားပြင်ဆင်ထား နိုင်ပါသည်။

ရည်မှန်းချက်အတိုင်း အောင်မြင်မှုရစေသည့် အရေးပါသော အခြေအနေများ

အောက်ပါကွက်လပ်ဖြစ်နေသော နေရာများတွင် သင်၏လုပ်ငန်း အတွေ့အကြုံ၊ သင့်လုပ်ငန်းအကြောင်း၊ သင့်အလုပ်ရှင်နှင့် ဆက်သွယ်ပြော ဆိုပုံတို့အနက် မည်သည်က အောင်မြင်မှုအရှိဆုံးသော အခြေအနေ ဖြစ် သည်ဆိုသည်ကို ခွဲခြားဖော်ပြပါ။

သင့်လုပ်ငန်းအတွေ့အကြုံ -------

သင့်လုပ်ငန်းအကြောင်း -----

သင့်အလုပ်ရှင်နှင့် ဆက်သွယ်ပြောဆိုပုံ (သင့်အလုပ်ရှင်၏ ထင်မြင်ယူဆချက်)----