Skip to product information
1 of 12

စိတ်ကူးချိုချိုစာပေ

အောင်လှိုင် - လက်တွေ့အသုံးချခေါင်းဆောင်မှုပညာ

Regular price 1,700 MMK
Regular price Sale price 1,700 MMK
Sale Sold out

အခန်း(၁)

ခေါင်းဆောင်မှုဆိုသော စကားရပ်အား အဓိပ္ပာယ်ဖွင့်ဆိုခြင်း

ဩဇာတိက္ကမ

သြဇာတိက္ကမ ရှိခြင်း မရှိခြင်းနဲ့ပတ်သက်ပြီး လူတိုင်းလိုလို ပြော ဆိုကြပေမယ့် နားလည်တဲ့သူကတော့ အနည်းအကျဉ်းပဲ ရှိပါတယ်။

လူအများစုက သြဇာတိက္ကမကို ရယူလိုကြတယ်။ အနည်းစုက တော့ တိုးတက်စေချင်တာပေါ့။

သြဇာတိက္ကမ (သို့) သြဇာလွှမ်းမိုးခြင်းဆိုတဲ့ စကားရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုချက်ပေါင်း ၅၀ ကျော်နဲ့ သရုပ်ခွဲနိုင်ပါတယ်။ ။

သြဇာသက်ရောက်မှု (သို့) သြဇာတိက္ကမ ရှိခြင်းရဲ့ အဓိပ္ပာယ်ဟာ ခေါင်းဆောင်နိုင်မှုကောင်းခြင်းသဘောကို တိုက်ရိုက်ရည်ညွှန်းနေပါတယ်။

သြဇာတိက္ကမ ရှိခြင်းရဲ့ သဘောကို သိရင် “ကောင်းမွန်စွာ ခေါင်း ဆောင်နိုင်မှု”သဘောကိုပါ နားလည်နိုင်ပါမယ်။

ခေါင်းဆောင်မှုဆိုတဲ့စကားအဓိပ္ပာယ်ကို သရုပ်ခွဲရင် “နောက် လိုက်တွေကို ကြောင်းကျိုးညီညွတ်စွာ ရယူနိုင်တဲ့စွမ်းရည်”လို့ ခွဲခြားစွာ သိရှိနိုင်ပါတယ်။

ကမ္ဘာကျော် ခေါင်းဆောင်ကောင်းတွေဖြစ်တဲ့ ဟစ်တလာ၊ ဂျင် ဂျူန်း၊ နာဇရက်မြို့သား သခင်ယေရှု၊ မာတင်လူသာကင်းဂျူနီယာ၊ ဝင်စတန်ချာချီ၊ ဂျွန်အက်ဖ်ကနေဒီ တို့ဟာ တစ်ဦးနဲ့တစ်ဦး ကွဲပြားခြားနား တဲ့ အရည်အသွေးတွေရှိကြပြီး သူတို့ တစ်ဦးချင်းစီအတွက် နောက်လိုက် အုပ်စုတွေ အသီးသီး ရှိနေကြပါတယ်။

အောင်လှိုင် သြဇာတိက္ကမနှင့်ပတ်သက်၍ အတွင်းသဘောကိုလေ့လာခြင်း

လူမှုဗေဒပညာရှင်တို့အဆိုအရ တစ်ဦးတည်း ဘာသိဘာသာ နေတတ်သူ တစ်ဦးချင်းစီကတောင် သူတို့ရဲ့ ဘဝတစ်သက်တာအတွင်းမှာ လူတစ်သောင်းခန့်ကို သြဇာသက်ရောက်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ နောက်ပြီး သြဇာလွှမ်းမိုးမှုသဘောတွေကို လေ့လာရင် မိမိက အခြားလူ တွေအပေါ် သြဇာလွှမ်းမိုးနိုင်သလို အခြားသူတစ်ဦးဦးကလည်း သင့်ကို သြဇာလွှမ်းမိုးနိုင်ပါတယ်။

သြဇာလွှမ်းမိုးမှုဟာ အခြေအနေ၊ အချိန်အခါနဲ့ နေရာဒေသ အသက်အရွယ်ပေါ်လိုက်ပြီး ဖြစ်ပေါ်တတ်ပါတယ်။

ဥပမာအားဖြင့် မိခင်တစ်ယောက်ဟာ သားသမီးတစ်ဦးတည်း ကိုပဲဖြစ်ဖြစ် အများကိုပဲဖြစ်ဖြစ် သြဇာလွှမ်းမိုးနိုင်ပါတယ်။ အထူးသဖြင့်ကျောင်းမနေရသေးခင် ကလေးတစ်ယောက်ဟာ အနေအထိုင်၊ အစား အသောက်နဲ့ အဝတ်အစား ရွေးချယ်ဝတ်ဆင်တာကအစ မိခင်ဖြစ်သူရဲ့ သြဇာအာဏာအတိုင်း လိုက်နာကျင့်ကြံရပါတယ်။ ထိုကာလအတွင်းမှာ မိမိတို့စိတ်ကြိုက် ရွေးချယ်ခွင့် လုံးဝမရှိကြပါဘူး။

အိမ်ထောင်စုတစ်ခုရဲ့ ခေါင်းဆောင်လုပ်သူတွေဟာ မိခင် (သို့) ဖခင်တွေ ဖြစ်နေတတ်ပါတယ်။

မိခင်ဖခင်တို့ဟာ အိမ်မှာရှိတဲ့သားသမီးတွေအပေါ်မှာ သြဇာသက် ရောက်တာ မှန်ပေမယ့်လည်း စားသောက်ဆိုင်တွေကို ရောက်တဲ့အချိန်မှာ ဆိုင်က စားပွဲထိုးတွေရဲ့ သြဇာသက်ရောက်တာကို ခံရပါတယ်။

ဘယ်သူ့ကို ဩဇာဘယ်လောက်သက်ရောက်သည်ကို မသိနိုင်ခြင်း

ကြီးမားထင်ရှားလှတဲ့ အဖြစ်အပျက်တွေဟာ ကျွန်တော်တို့ဘဝ တစ်သက်တာအတွင်း မှတ်ဉာဏ်ထဲမှာ အချိန်ကာလအတော်ကြာကြာ အထိ စွဲထင်နေတတ်ပါတယ်။ ဒါဟာ သြဇာသက်ရောက်နိုင်စွမ်းရှိခြင်း သဘောကို ရည်ညွှန်းနေတာပါ။

တစ်ခါတစ်ရံ အဖြစ်အပျက်တစ်ခုကြောင့်ဖြစ်စေ၊ လူအများအပေါ် သြဇာသက်ရောက်နိုင်စွမ်းရှိတဲ့အထိ အရေးပါခဲ့တဲ့ပုဂ္ဂိုလ်တစ်ယောက်ကြောင့်ဖြစ်စေ ထိုကာလအတွင်း ရှိနေသူအားလုံးရဲ့ မှတ်ဉာဏ်ထဲမှာ အဲဒီ အဖြစ်အပျက် (သို့) လူပုဂ္ဂိုလ်ကို အမြဲမှတ်မိနေတဲ့အထိ စွဲထင်နေမှာဖြစ်ပါတယ်။

အကယ်၍ ၁၉၃၀ မတိုင်ခင် မွေးခဲ့တဲ့ လူ ၂ ဦးဟာ ပုလဲဆိပ်ကမ်း ကို ဂျပန်တွေ ဗုံးကြဲလိုက်တဲ့အကြောင်းကြားတာနဲ့ သူတို့ရဲ့ ခံစားလိုက်ရ တဲ့ စိတ်အခြေအနေ ပတ်ဝန်းကျင်အခြေအနေနဲ့ သတင်းဆိုးကြားလိုက်ရ ပုံတွေကို အသေးစိတ် ဖော်ပြရေးသားနိုင်မှာ ဖြစ်ပါတယ်။

တကယ်လို့ ၁၉၅၅ မတိုင်ခင်မွေးခဲ့တဲ့ သူတစ်ယောက် ဖြစ်နေရင် သမ္မတဂျွန်အက်ဖ်ကနေဒီ သေနတ်နဲ့ လုပ်ကြံခံခဲ့ရတဲ့အကြောင်းကို အကျယ် တဝင့် ပြောပြနိုင်သူအဖြစ် တွေ့ရမှာပါ။

အနာဂတ်အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုဟာ ယနေ့ကာလရဲ့ စည်းစနစ်ကျတဲ့ ဩဇာသက်ရောက်မှုသာ ဖြစ်တယ်

အကယ်၍ သင် အခြားတစ်ယောက်ယောက်ကို သြဇာလွှမ်းမိုး ချင်တယ်ဆိုရင် ဘယ်လိုပုံစံ၊ အမျိုးအစားနဲ့လွှမ်းမိုးမယ်ဆိုတာကို ကြိုတင် ခွဲခြားနားလည်ထားဖို့ လိုပါတယ်။

စည်းစနစ်ကျတဲ့ သက်ရောက်မှုဖြစ်အောင် ကြိုးစားနိုင်ရင် အနာ ဂတ်ကာလများမှာ ကြံစည်ဆောင်ရွက်သမျှ အားလုံးအောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

ခေါင်းဆောင်၌ပါဝင်သော အဆင့် ၅ ဆင့်

ရာထူးနေရာရရှိခြင်း (အဆင့် - ၁)

ခေါင်းဆောင်ခြင်းအတတ်ပညာကို လေ့လာရာမှာ သြဇာအာဏာ ရှိခြင်းနဲ့ သြဇာသက်ရောက်ခြင်းအဓိပ္ပာယ်ကို ကွဲကွဲပြားပြားသိဖို့ လိုအပ် ပါတယ်။ သြဇာအာဏာရှိတယ်ဆိုတာဟာ လုပ်ပိုင်ခွင့်အာဏာကို ကိုယ် တိုင် ရရှိထားသူ (သို့) တစ်ဦးတစ်ယောက်နဲ့ အဖွဲ့အစည်းတစ်ခုခုက အပ်နှင်း ထားတဲ့ လုပ်ပိုင်ခွင့်အာဏာကို ဆိုလိုပါတယ်။

သြဇာသက်ရောက်တယ်ဆိုတာကတော့ သြဇာအာဏာရှိသူက လုပ်ငန်းအဖွဲ့ အစည်း၊ အသင်းအဖွဲ့တစ်ခုကို အမိန့်ပေးစေခိုင်းသမျှ ခေါင်းဆောင်လုပ်သူက တာဝန်ခံပြီး လက်အောက်ငယ်သားတွေအပေါ် တစ်ဆင့် သြဇာသက်ရောက်စေတာကို ရည်ညွှန်းပါတယ်။

ခေါင်းဆောင်ကောင်းဆိုတာဟာ လုပ်ပိုင်ခွင့်အာဏာရှိသူတွေထဲ ကထက် လုပ်ငန်းအဖွဲ့ အစည်းကို ဦးဆောင်တဲ့ ခေါင်းဆောင်တွေထဲကသာ အများအားဖြင့် ပေါ်ထွက်လာတတ်ပါတယ်။ စစ်မှန်တဲ့ခေါင်းဆောင်မှု ဆို တာဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ ကောင်းမွန်တဲ့ လုပ်ရည်ကိုင် ရည်နဲ့ အရာရာ ခွဲခြားရှုမြင်နိုင်စွမ်းတွေကို တိုက်ရိုက်ရည်ညွှန်းနေပါတယ်။

စစ်မှန်တဲ့ခေါင်းဆောင်တွေဟာ ချမ်းသာကြွယ်ဝပြီးလုပ်ငန်းကို ပိုင်တဲ့ သူဌေးရဲ့ သြဇာအာဏာ လုပ်ပိုင်ခွင့်တွေနဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့ ပြည့်ဝနေရမယ့် အရည်အသွေး စစ်မှန်တဲ့ဦးဆောင်မှုတွေ အပေါ် အစဉ်အမြဲ ကွဲပြားစွာ နားလည်ထားကြပါတယ်။

သူဌေးနဲ့ ခေါင်းဆောင်ကောင်းတို့ရဲ့ ကွဲပြားတဲ့အမူအကျင့်တွေ ကို အောက်ပါအတိုင်း ခွဲခြားလေ့လာနိုင်ပါတယ်။ • •  သူဌေးက သူ့အလုပ်သမားများအား မောင်းထုတ်တတ်တယ်။

* ခေါင်းဆောင်က အလုပ်သမားတွေကို သင်ပြပေးတယ်။

  • သူဌေးက သြဇာအာဏာနှင့် လုပ်ပိုင်ခွင့်အပေါ် မူတည်နေတယ်။

* ခေါင်းဆောင်က စေတနာအပေါ် မူတည်တတ်တယ်။

  • သူဌေးက အလုပ်သမားတွေကြောက်အောင် ဖြဲခြောက်တယ်။

* ခေါင်းဆောင်က အလုပ်သမားများ နိုးကြားစေရန် လှုံ့ဆော်ပေးတယ်။

  • သူဌေးက “ငါ” “ငါ”နဲ့ ပြောတတ်တယ်။

* ခေါင်းဆောင်က “ငါတို့ / ကျွန်တော်တို့” လို့ အားလုံးကိုကိုယ်စားပြုပြီး ပြောတတ်တယ်။

  • သူဌေးက မတော်မဆ ထိခိုက်ပျက်စီးခြင်းအတွက် အလုပ်သမား တွေအပေါ် အပြစ်တင်တတ်တယ်။

* ခေါင်းဆောင်ကတော့ အပျက်အစီးတွေအပေါ် ပြန်ပြုပြင်နိုင်ဖို့ကြိုးစားတယ်။

  • သူဌေးက အလုပ် ဘယ်လောက်ပြီးသွားပြီဆိုတာကို သိတယ်။

* ခေါင်းဆောင်က အလုပ်ကို ဘယ်လိုလုပ်ရမယ်ဆိုတာကို သိတယ်။

  • သူဌေးက “သွား”လို့ ပြောလေ့ရှိတယ်။

* ခေါင်းဆောင်ကတော့ “တို့တွေ သွားကြရအောင်”လို့ အလုပ်သမားတွေကို ညင်သာစွာ ပြောလေ့ရှိတယ်။

ခွင့်ပြုချက်ရရှိခြင်း(အဆင့် - ၂)

ခေါင်းဆောင်မှုဆိုတာဟာ တာဝန်ဝတ္တရားမရှိလို့ ခံယူထားတဲ့လူ တွေကို သင့်အတွက် အလုပ်လုပ်ပေးဖို့ ရယူထားနိုင်ခြင်းပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သင် တရားဝင်စေခိုင်းနိုင်ဖို့ခွင့်ပြုချက်ရရှိထားတဲ့ သဘော ဖြစ်ပါတယ်။ လူတွေက သူတို့အပေါ် သင် ဘယ်လောက် ဂရုစိုက်တယ် ဆိုတာကို မသိရသေးတဲ့အချိန်အထိ သင် ဘယ်လောက်များများ သိတယ် ဆိုတာကို ဂရုစိုက်ကြမှာ မဟုတ်ပါဘူး။

ခေါင်းဆောင်ခြင်းကို ဦးနှောက်သုံးခြင်းနဲ့ မစတင်သင့်ပါဘူး။ နှလုံးသားနဲ့သာ အစပြုသင့်ပါတယ်။

ခေါင်းဆောင်နိုင်စွမ်းရှိခြင်းအပေါ် ယုံကြည်လျက် ခွင့်ပြုချက် ပေးခြင်းကို သင်ကိုယ်တိုင်သာ လုပ်ဆောင်နိုင်ပါတယ်။

ဒီအဆင့်မှာရှိနေတဲ့ ခေါင်းဆောင်အားလုံး အချိန်၊ စွမ်းအင်နဲ့ အာရုံစိုက်ခြင်းတွေမှာ အပြစ်အနာအဆာမရှိအောင် ဂရုစိုက်ရပါမယ်။

 

စီစဉ်တင်ဆက်နိုင်စွမ်းရှိခြင်း (သို့) အရည်အချင်းအား

လက်တွေ့ ထုတ်ပြနိုင်ခြင်း (အဆင့် - ၃)

ဒီအဆင့်မှာ အရာရာအကောင်းတွေချည်း ဖြစ်လာတာကို တွေ့ရ ပါမယ်။ ခေါင်းဆောင်နိုင်တဲ့ အဆင့်အတန်းရော အကျိုးစီးပွားတွေပါ တိုးတက်မြင့်မားနေမယ့်ကာလလည်း ဖြစ်ပါတယ်။

နောက်ပြီး စိတ်ဓာတ်ရေးရာအရ ကိုယ်ကျင့်တရားကောင်းပြီး အများကို ကူညီနိုင်သူ ဖြစ်ပါမယ်။

ထိုအဆင့်မှာ မိမိခေါင်းဆောင်မှုအပိုင်းအားကောင်းပြီး အများအပေါ်မှာ သြဇာသက်ရောက်မှုတွေ ထက်မြက်နေပါမယ်။

လူအများအား တိုးတက်စေခြင်း (အဆင့် - ၄)

ခေါင်းဆောင်တစ်ယောက်ဆိုတာကို သင် ဘယ်လို ရိပ်စားမိပြီး ခွဲခြား နိုင်ပါသလဲ။

“ရောဘတ်တောင်ဆန်ဒ်”ရဲ့ အဆိုအရ ခေါင်းဆောင်ဖြစ်သူတွေ ဟာ သာမန်လူတွေလိုပဲ အသက်အရွယ်၊ ပုံသဏ္ဌာန်၊ အခြေအနေတွေ အတူတူပဲဖြစ်ပြီး သူတို့ရဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေကသာ ခေါင်းဆောင်တစ်ယောက်ဖြစ်ကြောင်း သက်သေထူပေးပါတယ်။ ခေါင်းဆောင် တိုင်းဟာ လူအများကို တိုးတက်မှုများသာ ပေးတတ်ပါတယ်။ ခေါင်းဆောင်တစ်ယောက် ကြီးမြတ်နေရခြင်းဟာ သူ/သူမတို့ရဲ့ သြဇာအာဏာ - ကြီးမားလို့ မဟုတ်ပါဘူး။ သူ/သူမတို့ရဲ့ အခြားသူတွေအပေါ် သြဇာ သက်ရောက်နိုင်စွမ်းကြောင့်ပဲ ဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းတွေဟာ သူတို့ရဲ့ ထူးချွန်တဲ့ခေါင်းဆောင်မှုပညာရပ်ကို လက်ဆင့်ကမ်းပေးဝေ တတ်ပါတယ်။

ခေါင်းဆောင်မှုပညာကို အမွေဆက်ခံတဲ့သူတွေဟာလည်း ကောင်း တဲ့ ခေါင်းဆောင်မှုတွေနဲ့ အဆင့်ဆင့် လက်ဆင့်ကမ်းသွားရမှာ ဖြစ်ပါတယ်။ ဒါမှလည်း လူတိုင်းကို ခေါင်းဆောင်မှုပညာ ဖြန့်ဝေပေးနိုင်မှာပါ။ တကယ် လို့ အရိုက်အရာခံယူသူမရှိတဲ့ အောင်မြင်မှု (သို့) ဦးစီး ခေါင်းဆောင်နိုင်မှုဟာ ရေရှည်မတည်တံ့ဘဲ ကျရှုံးရမှာ ဖြစ်ပါတယ်။ ခေါင်းဆောင်တစ်ယောက်ဟာ လူအများနဲ့ ထိတွေ့ ဆက်ဆံရတာဖြစ်လို့ ကျွန်တော် သင်းအုပ်ဆရာအဖြစ် တာဝန်ယူနေစဉ်ကာလအတွင်း ပုံမှန် ဝတ်ပြုနေကျ လူ ၅ဝဝဝ နဲ့ အောက်ပါ အတိုင်း ထိတွေ့ဆက်ဆံခဲ့ပါတယ်။

  • ဘုရားကျောင်းလမ်းညွှန်စာအုပ်မှတစ်ဆင့် အသင်းဝင်တို့၏အမည်များအား သိရှိအောင်လုပ်ခြင်း။
  • အက်၌ လက်ခံသော လူ ၂၅ဝ ၏ ဆက်သွယ်ရေးကတ်များကို ခြင်း။
  • အပင်အဖြစ် လက်ခံရန် အင်တာဗျူးပုံစံများအား ဖတ်ရှုခြင်း။
  • အဖွဲ့ဝင်တို့အား စာရေးသားပေးပို့ခြင်းနှင့် အဖွဲ့ ဝင်တို့ထံမှ ပြန်စာများကို လက်ခံရရှိခြင်း။
  • နှစ်စဉ် ဆန်းဒေးစကူးတစ်ခုစီအလိုက် ပြိုင်ပွဲများ ပြုလုပ်ပေးခြင်း။

ခေါင်းဆောင်နိုင်မှုစွမ်းရည်အမြင့်ဆုံးအဆင့် (အဆင့် - ၅)

ဒီအဆင့်ဟာ ခေါင်းဆောင်နိုင်မှုအဆင့်ဆင့်ရဲ့ နောက်ဆုံးနဲ့ အရေး ပါဆုံးသော အဆင့်ဖြစ်ပါတယ်။

ဘဝတစ်သက်တာအတွင်း ခေါင်းဆောင်နိုင်မှုစွမ်းရည်ကို အဆင့် ၅ ဆင့် ခွဲခြားသတ်မှတ်နိုင်ပါတယ်။

အဆင့်လိုက်တိုးတက်မှုကိုတော့ လှေကားထစ်ပုံစံနဲ့ “မူရင်းစာအုပ် စာမျက်နှာ ၁၃”မှာ ဖော်ပြထားပါတယ်။

ခေါင်းဆောင်မှု အဆင့်လိုက်အတွက် ပိုမိုကောင်းမွန်စေဖို့ လိုအပ် တဲ့အချက်တွေကို အောက်ပါအတိုင်း အပိုဆောင်းပြီး ဖော်ပြလိုပါတယ်။

သင့်ခေါင်းဆောင်နိုင်စွမ်းမြင့်မားလေ ခေါင်းဆောင်နိုင်စွမ်းက ကြာရှည်လေ

သင်ဟာ လုပ်ငန်းတစ်ခု ပြောင်းလဲလုပ်ကိုင်ဖို့ စီစဉ်ပြီဆိုရင် ပြောင်း လဲလုပ်ကိုင်တော့မယ့် လုပ်ငန်းနဲ့ ပတ်သက်တဲ့ လူတွေကို မိတ်ဆွေဖွဲ့ပြီး သိလိုသမျှကိစ္စတွေအတွက် ချဉ်းကပ်လေ့လာရမှာ ဖြစ်ပါတယ်။ လုပ်ငန်း သစ်တစ်ခု စတင်လုပ်ကိုင်တော့မယ်ဆိုတာနဲ့ သင်ဟာ အောက်ခြေအကျဆုံး (သို့)အခြေခံအကျဆုံးသောအဆင့်ကနေ စတင် ကြိုးစားရမှာပါ။

သင့်ခေါင်းဆောင်နိုင်စွမ်းမြင့်မားလေ အလုပ်ကို စိတ်နှစ်မြှုပ်ပြီး လုပ်ကိုင်နိုင်စွမ်းမြင့်မားလေ

ကိုယ်တိုင်ခေါင်းဆောင်ဖြစ်သည့်အလျောက် ကိုယ်က ဦးဆောင် ပြီး ကြိုးစားလုပ်ကိုင်ပြပါက နောက်လိုက်များကလည်း သင့်ကို ကြည်ညို လေးစားပြီး အလားတူ ကြိုးစားချင်စိတ်တွေ ရှိလာမှာဖြစ်ပါတယ်။ ခေါင်း ဆောင် မပီသသူတွေဆိုရင်တော့ လက်အောက်ဝန်ထမ်းကလည်း ခေါင်း ဆောင်အတွက် စွန့်လွှတ်အနစ်နာခံပြီး လုပ်ကိုင်ဆောင်ရွက်လိုစိတ်တွေ လျော့ကျနေမှာ ဖြစ်ပါတယ်။

ခေါင်းဆောင်မပီသသူ (သို့) ခေါင်းဆောင်တစ်ယောက်ရဲ့ အရည် အသွေးမရှိသူတွေဟာ သြဇာသက်ရောက်နိုင်စွမ်းတွေလည်း လျော့ကျနေ မှာ ဖြစ်ပါတယ်။

သင့်ခေါင်းဆောင်နိုင်စွမ်းမြင့်မားလေ ဦးစီးခေါင်းဆောင်ရာမှာ ပိုပြီး လွယ်ကူလေ

ခေါင်းဆောင်နိုင်စွမ်း အဆင့်(၂)နဲ့(၄)အကြား တိုးတက်မှုကို သတိ ပြုပါ။ အဆင့်တစ်ခုချင်းစီကို ခေါင်းဆောင်လုပ်သူတွေက တက်ရတာဖြစ် ပေမယ့် နောက်လိုက်တွေက ဘာကြောင့် ထိုခေါင်းဆောင်မျိုး နောက်ကို လိုက်ရတယ်ဆိုတဲ့ အကြောင်းကိုပါ ဖော်ထုတ်ရေးသားရမှာ ဖြစ်ပါတယ်။

ခေါင်းဆောင်လုပ်သူတွေက အဆင့်တိုင်းကို သတိထားပြီး တက် လှမ်းရမှာ ဖြစ်ပါတယ်။

ခေါင်းဆောင်နိုင်စွမ်းမြင့်မားလေ ပိုမိုကြီးပွားတိုးတက်လေ

မြင့်မားတဲ့ခေါင်းဆောင်နိုင်စွမ်းကြောင့် ထိရောက်တဲ့ အပြောင်း အလဲတွေဖြစ်လာရင် ခေါင်းဆောင်နိုင်စွမ်းအဆင့်အလိုက် ရှိနေတဲ့ လှေကား ထစ်တွေကို တက်ရာမှာ ပိုမြန်မြန်ဆန်ဆန် လွယ်ကူလာမှာ ဖြစ်ပါတယ်။ ခေါင်းဆောင်ဖြစ်သူ သင်၏ကြီးပွားတိုးတက်မှုအပေါ် နောက်လိုက် ကောင်းတွေက ပိုပြီး သဘောတူလက်ခံရုံသာမက သင့်အတွက် လိုအပ် သော အပြောင်းအလဲတွေကိုပါ ဝိုင်းဝန်းဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

ခေါင်းဆောင်နိုင်မှုအဆင့် အောက်ဆုံးလှေကားထစ်အား မပစ်ပယ်ပါနှင့်

ခေါင်းဆောင်နိုင်မှုအဆင့်ဆင့်ကို တက်လှမ်းရာမှာ တစ်ဆင့်ချင်း တက်တိုင်း စောစောက တက်ခဲ့ရတဲ့ လှေကားထစ်ကို မပစ်ပယ်သင့်တာ ကို သတိပြုပါ။

အထူးသဖြင့် အောက်ဆုံးလှေကားထစ်ကို မပစ်ပယ်သင့်ပါဘူး။ ထိပ်ဆုံးကိုရောက်ချင်သူတိုင်း အောက်ဆုံးကနေပဲ တစ်ဆင့်ချင်း တက်ရ တဲ့သဘောပါ။