Skip to product information
1 of 14

စိတ်ကူးချိုချိုစာပေ

အောင်လှိုင် - ယောကျ်ားတွေညာလေသမျှမိန်းမတို့ငိုဖို့ပြင်

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

အမျိုးသားများက လိမ်ညာပြီး အမျိုးသမီးများက ငိုရသည့်အကြောင်းအရင်း

ကျွန်ုပ်တို့ အားလုံးဟာ တစ်စုံတစ်ရာ အဆင်တန်ဆာတွေ မပါဘဲ ဝတ်လစ်စလစ်နဲ့ မွေးဖွားလာသလို အိပ်ရာထဲ အခင်း သွားပြီး ဆာလောင်မွတ်သိပ်မှုကိုသာ သိတဲ့သူတွေအဖြစ် ဘဝကို စတင်ခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အခြေအနေတွေ အားလုံး ပိုမို ဆိုးဝါးလာပါတော့တယ်။

တရုတ်စကားပုံ

အမျိုးသားများ ဘာကြောင့် လိမ်ညာကြသနည်း။

။ အမျိုးသားများက အရာရာ သူတို့မှန်ကန်သည်ဟု ဘာကြောင့် ထင်ကြသနည်း။

။ အမျိုးသားများက ကတိပေးပြီးသော အလုပ်ကို ဘာကြောင့် ရှောင်လွှဲကြပါသနည်း။

။တစ်နည်းအားဖြင့် အမျိုးသားများက အမျိုးသမီးများကို သူတို့နည်းသူတို့ဟန်ဖြင့် ဘာကြောင့် ငိုစေသနည်း။

။အမျိုးသားများက လိင်မှုကိစ္စတွေမှာ တစ်ခါတစ်ရံ ဘာကြောင့် ဦးဆောင်မှု မရှိပါသလဲ?

ဖိုနဲ့မအကြား ကွာဟတဲ့ သဘာဝကြောင့် ရံဖန်ရံခါ တစ်ဦးနဲ့တစ်ဦး နားလည်မှုလွဲတာတွေ၊ ပဋိပက္ခဖြစ်တာတွေ အနည်းနဲ့အများ ရှိနေတတ်ပါ တယ်။ လက်ရှိကာလ ၂၁ ရာစုထဲမှာတောင် ဒီလိုအဖြစ်အပျက် အခြေအနေမျိုးတွေကို ကျွန်ုပ်တို့ ရင်ဆိုင်ကြုံတွေ့ နေရဆဲပါ။ အမျိုးသားများနဲ့ အမျိုး သမီးများအကြား ကွာဟချက်တွေကို ဆယ်စုနှစ် ၃ နှစ်ကြာ သုတေသနပြု လေ့လာရာမှာ အပြုအမူ၊ အနေအထိုင်၊ စီမံခန့်ခွဲနိုင်မှုတွေကအစ ကွာဟမှု ရှိနေတာကို တွေ့ရပါတယ်။ ။

ပင်ကိုသဘာဝအရ အမျိုးသမီးတစ်ဦးဟာ သူမဘဝအတွက် ခင်ပွန်းသည် ရရှိလာတာတောင် အနာဂတ်ကာလ အခြေအနေအမျိုးမျိုး အတွက် စိုးရိမ်ပူပန်တတ်ကြပါတယ်။

အမျိုးသားတစ်ဦးအနေနဲ့တော့ သူ့ဘဝလက်တွဲဖော်ဇနီး ရလာတဲ့ တိုင်အောင် နောင်ရေးအတွက် လုံးဝ စိုးရိမ်ပူပန်မှု မရှိကြပါဘူး၊ ဒါဟာ သိသာစွာ ခြားနားနေတဲ့ ကွာဟချက်ပဲ ဖြစ်ပါတယ်။

ယနေ့ သိပ္ပံလောက၏ စူးစမ်းလေ့လာမှုများအရ အမျိုးသမီးများက စကားများများ ပြောတတ်လေ့ရှိပြီး တစ်ခါတစ်ရံ မသက်ဆိုင်တဲ့ အကြောင်း အရာတွေကိုပါ ဆွဲထည့်တာ၊ ဝါးလုံးရှည်နဲ့ ရမ်းတတ်တာတွေအပြင် အရာရာ အသေးစိတ် သိလိုတဲ့စိတ်ရှိတာရယ်၊ လိင်မှုကိစ္စမှာတောင် သူမတို့က ဦးဆောင်တတ်တာရယ်ကြောင့် အပိုင်းကဏ္ဍ အတော်များများမှာ အမျိုးသား တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတာကို တွေ့ရပါတယ်။ ။

အမျိုးသားတွေကျပြန်တော့လည်း အချိန်တစ်ခုမှာ အလုပ်တစ်ခုကို သာ လုပ်နိုင်တာ၊ ဈေးဝယ်ထွက်ရတာကို မုန်းတီးတာ၊ ဘယ်သူ့ကိုမှ တိုက် ရိုက်မေးမြန်းပြောဆိုတာ၊ အားနာတတ်တာ၊ အပေါင်းအသင်းတွေနဲ့ ပျော်ရွှင် စွာ ဝိုင်းဖွဲ့တတ်တာ၊ စနေ တနင်္ဂနွေ အားလပ်ရက်မှာ သူငယ်ချင်းတွေနဲ့ ငါးမျှားထွက်တတ်တာတွေဟာ အမျိုးသမီးတွေ မနှစ်မြို့တဲ့ ဆန့်ကျင်ဘက် ဓလေ့စရိုက်တွေသာ ဖြစ်ပါတယ်။

၁၉၆၀ ခုနှစ်များအတွင်းမှာ အမျိုးသားများနဲ့ တန်းတူ အခွင့်အရေး ရလိုတဲ့ဝါဒ ဩဇာရှိန်ဝါ ကြီးခဲ့တာကြောင့် မိမိကိုယ်မိမိ အဆုံးစီရင်တဲ့ အမျိုးသမီးဦးရေ ၃၄ ရာခိုင်နှုန်းအထိ လျော့နည်းကျဆင်းခဲ့ပြီး အမျိုးသား တွေထဲက မိမိကိုယ်မိမိ အဆုံးစီရင်တဲ့ ဦးရေကတော့ ၁၆ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ပါတယ်။

၂၀ ရာစုနှောင်းပိုင်းမှာ အမျိုးသမီးတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်မှုကို ရှာတတ်လာပြီး အမျိုးသားတွေကို ရန်သူလိုတောင် သဘော ထားလာကြပါတယ်။

ဒီလိုအချိန်မှာ အမျိုးသမီးတွေက ဒေါသထွက်နေတတ်သလို အမျိုး သားတွေက တွေဝေနေတတ်ပါတယ်။ ဒါပေမဲ့ မျိုးဆက်အဆင့်ဆင့် ပြောင်း လာချိန်မှာ အမျိုးသားတွေရဲ့ အခန်းကဏ္ဍ အရေးပါလာခဲ့ပါတယ်။ ဒီအခါ အိမ်ထောင်သည် အမျိုးသားတိုင်းလိုလို အိမ်ထောင်ဦးစီး (သို့) မိသားစု အတွက် ငွေရှာသူအဖြစ် နံပါတ်(၁) နေရာကို ရောက်လာကြပါတယ်။

အိမ်ထောင်ဦးစီးဖြစ်လာတဲ့ အမျိုးသားဟာ အိမ်ထောင်မိသားစုရဲ့ အခက်အခဲ ပြဿနာအဝဝကို ကိုင်တွယ်ဖြေရှင်းပေးရတာကြောင့် သူ့ရဲ့ စကားဟာ စည်းကမ်းဥပေဒတစ်ခုလို လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ရှိလာပါတယ်။ အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ တာဝန်တွေက များလှပါတယ်။ မိသားစု အပေါ် ရှာဖွေကျွေးမွေးရုံမက မိသားစုဝင် တစ်ဦးချင်းစီရဲ့ လိုအပ်ချက်တွေကို ပံ့ပိုးဖြည့်စွမ်းပေးရတာနဲ့ ကာကွယ်စောင့်ရှောက်ရတာတွေကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဆောင်ရွက်ရပါတယ်။

အိမ်ထောင်ဦးစီး အမျိုးသားရဲ့ ဇနီးဟာ အိမ်ထောင်စုရဲ့ မိခင် (သို့) အိမ်တွင်း တာဝန်အရပ်ရပ်ကို ထမ်းဆောင်ရတဲ့ အိမ်ထောင်ရှင်မ ဖြစ်ပါတယ်။ အိမ်ထောင်ရှင်မတစ်ယောက်အနေနဲ့ အိမ်ထောင်စုရဲ့ အကြီးအကဲ (သို့) ခင်ပွန်းသည်ရဲ့ ရှာဖွေသမျှငွေတွေကို စီးတဲ့ရေ ဆည်တဲ့ကန်သင်းဆိုတဲ့ ဆိုရိုး စကားအတိုင်း မပျောက်ပျက် မပြုန်းတီးရအောင် ထိန်းသိမ်း စုဆောင်းပေးရ ပါတယ်။

ရိုးရှင်းတဲ့ အိမ်ထောင်သည်ဘဝမှာ ခင်ပွန်းသည်နဲ့ ဇနီးတို့ နှစ်ဦး စလုံး ကိုယ့်တာဝန် ကိုယ်သိပြီး အပြန်အလှန် အသိအမှတ်ပြု လေးစားတတ် ဖို့ လိုပါတယ်။

သို့သော်လည်း ခေတ်မီတိုးတက်ပြီး အပြောင်းအလဲတွေ လျင်မြန် လှတဲ့ ယနေ့ကာလမှာ ဉာဏ်ရည်ရော၊ သြဇာပါ ထက်မြက်လှတဲ့ အမျိုးသမီး တွေများစွာ ပေါ်ပေါက်နေပါပြီ။ ။

အမျိုးသမီးတို့ရဲ့ အခန်းကဏ္ဍ အရေးပါလာချိန်မှာ အမျိုးသမီး တစ်ဦးက အမျိုးသားတစ်ယောက်ကို လူပုံအလယ်မှာ ပါးရိုက်ရင်တောင်ပါးရိုက်ခံရတဲ့ အမျိုးသား အမှားလုပ်ထားတယ်..လို့ လူတိုင်းက ထင်မြင် ယူဆကြမှာ ဖြစ်ပါတယ်။

အမျိုးသမီးတွေရဲ့ ပြဿနာအတော်များများဟာ 'Men'(အမျိုးသား များ)ဆိုတဲ့ စကားလုံးနဲ့ အစပြုနေတာကို သင် သတိထားမိပါသလား။

Men-opause - သွေးဆုံးခြင်း။

Men-strual pain -  ဓမ္မတာလာချိန် နာကျင်ကိုက်ခဲခြင်း။

Men-tal illness - စိတ်ပိုင်းဆိုင်ရာ ဝေဒနာခံစားရခြင်းတွေဟာ Men’ နဲ့ အစပြုတဲ့ စကားလုံးတွေပဲဖြစ်ပါတယ်။

စိတ်ဓာတ်ပျော့ညံ့သော အမျိုးသားများ

စိတ်ဓာတ်ကျနေတဲ့ အမျိုးသား (သို့) စိတ်ကျရောဂါဖြစ်နေတဲ့ အမျိုးသားတွေဟာ ဆွေစဉ်မျိုးဆက် အတော်များများအထိ မကောင်းတဲ့ အမွေအဖြစ် စိတ်ဓာတ်ကျလွယ်တဲ့ရောဂါကို လက်ဆင့်ကမ်းတတ်ကြပါ တယ်။

ဒီအခြေအနေကြောင့် အမျိုးသား (လူကြီး/လူငယ်) မရွေး ယနေ့ ခေတ်မှာ မိမိကိုယ်မိမိ အဆုံးစီရင်တာတွေ များလာခဲ့ပါတယ်။ .

မိမိကိုယ်ကို အဆုံးစီရင်တဲ့ အများစုသော အမျိုးသားတွေကတော့ ဂျပန်နိုင်ငံသားတွေပဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ အမျိုးသားများ အဆုံး စီရင်မှု အမြင့်ဆုံးသော စာရင်းမှာ ပါဝင်ပြီး ခုလိုဖြစ်ရတာဟာ သူတို့ဘဝ တစ်သက်တာအတွင်း ရယူလိုတဲ့ စံနှုန်းတွေ မပြည့်ဝလို့ (သို့) အသက်မွေး ဝမ်းကျောင်းနယ်ပယ်မှာ စိတ်ကျေနပ်မှု မရှိတာတွေကြောင့် ဖြစ်ပါတယ်။

အမျိုးသမီးတွေအနေနဲ့ ယခင်ကလို အားနွဲ့ပြီး အရာရာ စိုးရွံ့ ထိတ် လန့်မှုတွေ မရှိတော့တဲ့အပြင် တစ်ချိန်လုံး မီးဖိုချောင်ထဲမှာပဲ နစ်မြုပ်နေရာက နေ ရုန်းထွက်လာနိုင်တာ တွေ့ရပါတယ်။

ယနေ့ခေတ် အနောက်နိုင်ငံတွေရဲ့ အမျိုးသမီးဦးရေ ၅၀ ရာခိုင်နှုန်း ဟာ အမျိုးသားများနဲ့ တန်းတူ အရည်အချင်းပြည့်ဝစွာနဲ့ အလုပ်လုပ်နေတာ တွေ့ရပါတယ်။

ဗြိတိန်နိုင်ငံရဲ့ မိသားစုငါးစုလျှင် တစ်စုက အမျိုးသမီးတစ်ဦးတည်း အိမ်ထောင့်တာဝန် ထမ်းဆောင်နေတာ တွေ့ရပါတယ်။ တစ်ဦးတည်းသော အမျိုးသမီး အိမ်ထောင်ဦးစီးဖြစ်ပေမယ့် မိသားစုမှာ သူကပဲ ဖခင်တာဝန် ရော၊ မိခင်တာဝန်ကိုပါ တွဲဘက်ထမ်းဆောင်ပြီး ထောက်ပံ့မှုအမျိုးမျိုးကို ပေးနေတာ ဖြစ်ပါတယ်။

စိတ်ဝေဒနာ ရရှိခံစားရခြင်း

အနောက်နိုင်ငံတွေရဲ့ စိတ်ဝေဒနာ ခံစားနေရသူ ၄ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းဟာ ကောလိပ်တက်နေတဲ့ အမျိုးသမီးတွေဖြစ်ပြီး အမျိုးသား ၃ဝဝ မှာ တစ်ယောက်သာ ၎င်းဝေဒနာ ခံစားရကြောင်း ပညာရှင်တို့ လေ့လာ တွေ့ရှိထားပါတယ်။

သက္ကရာဇ် ၂၀၂၀ ခုနှစ်အရောက်မှာတော့ အနောက်နိုင်ငံ အမျိုး သမီးထုရဲ့ ၂၅ ရာခိုင်နှုန်းဟာ အိမ်ထောင်ပြုခြင်းမရှိဘဲ ရာသက်ပန် တစ်ကိုယ် တည်း ရပ်တည် ရုန်းကန်သွားနိုင်တယ်လို့ ပညာရှင်တို့က ခန့်မှန်းတွက်ချက် ထားပါတယ်။

ဒါဟာ တကယ်တော့ သဘာဝမကျဘူးလို့ ဆိုနိုင်ပေမယ့် ခေတ် ကာလတိုးတက်မှု အပြောင်းအလဲတွေအရ အမျိုးသမီးတွေဟာ အမျိုးသား တွေနဲ့တန်းတူ သို့မဟုတ် တစ်ခါတစ်ရံ အမျိုးသားတွေထက်တောင် ကျော် လွန်ပြီး လုပ်နိုင်စွမ်းရှိတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလို အလုပ်များများ လုပ်လာရရင် မကြာခဏ ဒေါသထွက်ပြီး တစ်ဦးတည်း လွတ်လွတ်လပ်လပ် နေတတ်တဲ့ အလေ့အကျင့်များလာပါမယ်။

ဒီတော့ အမျိုးသားတွေကို အားကိုးနိုင်လောက်တဲ့သူတွေအဖြစ် အထင်ကြီး လေးစားမှုမရှိတော့ဘဲ တစ်ကိုယ်တည်း ရပ်တည်နိုင်ဖို့အတွက် သာ ဦးစားပေး စဉ်းစားလာတတ်ပါတယ်။

အမျိုးသားနဲ့ အမျိုးသမီးတို့မှာ ဘာကြောင့် ဒုက္ခတွေများပါသလဲ။

အမျိုးသမီးတွေဟာ သားသမီး မွေးဖွားသူတွေ၊ အသိုက်အမြုံကို စောင့်ရှောက်သူတွေအဖြစ် ရှေးအစဉ်အဆက်ကတည်းက ရပ်တည်လာခဲ့သူတွေ ဖြစ်ပါတယ်။

အမျိုးသမီးတွေရဲ့ ဦးနှောက်အရည်အသွေးတွေ ဆင့်ကဲ ပြောင်းလဲ တိုးတက်လေ သဘာဝကို ပိုမိုနားလည်နိုင်စွမ်းတဲ့ အရည်အသွေးတွေ ပိုမို မြင့်တက်လာလေ ဖြစ်ပါတယ်။

အမျိုးသားတွေအနေနဲ့ အမျိုးမျိုးသော အလုပ်အကိုင်တွေကို လုပ် နိုင်စွမ်းတဲ့ အရည်အသွေးတွေကိုယ်စီ ရှိနေကြပါတယ်။

ဒါကြောင့် သူတို့တွေကို မုဆိုးတွေ၊ တိုက်ခိုက်ရေးသမားတွေ၊ ပြဿနာ ဖြေရှင်းသူတွေအဖြစ် တွေ့နေရမြဲ ဖြစ်ပါတယ်။

တကယ်တော့ အမျိုးသားရော အမျိုးသမီးပါ မတူကွဲပြားတဲ့ အရည်အသွေးတွေကို အသီးသီး ပိုင်ဆိုင်ထားကြပါတယ်

သိပ္ပံဆိုင်ရာ သုတေသနပြုချက်တွေအရ အထက်ပါ ထူးခြားတဲ့ လက္ခဏာတွေကို အတည်ပြုနိုင်ပါတယ်။

အမျိုးသမီးတွေဟာ လူသားအချင်းချင်း ဆက်ဆံရေးနဲ့ပတ်သက်ပြီး စာအုပ်အတော်များများကို ရေးကြပါတယ်။ စာအုပ်အတော်များများမှာ ဖော်ပြ ချက်အရ အဝယ်တော် ၈ဝ ရာခိုင်နှုန်းခန့်ဟာ အမျိုးသမီးတွေဖြစ်ကြောင်း သိရှိရပါတယ်။

အမျိုးသမီးတွေရေးသားတဲ့ လူမှုဆက်ဆံရေးဆိုင်ရာ စာအုပ်တွေကို အမျိုးသားတွေက အာရုံစိုက်မိတာနဲ့ ၎င်းတို့လုပ်နေတဲ့ အမှားတွေကိုပြင်ပြီး ဘယ်လို တိုးတက်အောင်လုပ်ရမယ်ဆိုတာကို သိလာကြပါတယ်။ ။

ဒါတွေကိုကြည့်ရင် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် လူမှု ဆက်ဆံရေးနယ်ပယ်မှာ ဆက်ဆံရေးကောင်းသူတွေအဖြစ် ဝင်ဆံ့တယ်ဆို တာကို ငြင်းလို့မရပါဘူး။

အမျိုးသားတွေအဖို့ ကျန်းမာသန်စွမ်းပြီး ဘက်စုံစွမ်းဆောင်ရည် ကောင်းရုံမက အမျိုးသမီးတွေလို ဆက်ဆံရေးကောင်းဖို့လည်း လိုအပ်ပါ တယ်။