စာအုပ်အချက်အလက်သို့ ကျော်သွားပါ။
1 4

စိတ်ကူးချိုချိုစာပေ

အောင်လှိုင် - မှတ်ဉာဏ်ကောင်းနည်း

အောင်လှိုင် - မှတ်ဉာဏ်ကောင်းနည်း

ပုံမှန်ဈေး 1,620 Ks
ပုံမှန်ဈေး 1,800 Ks ရောင်းဈေး 1,620 Ks
ရောင်းရန် ရောင်းကုန်ပြီ
စာအုပ်အမျိုးအစား

:: ဤစာအုပ်ကို စာမြည်းဖတ်လိုပါက “စာမြည်းရန်အီးဘွခ်” ဆိုသည်ကိုရွေး၍ (Buy it now) ခလုတ် ကိုနှိပ်ကာ၀ယ်ယူပေးပါ၊ အခမဲ့ အမှာစာ (Order) တင်ပြီးသည့်နောက်တွင် ၄င်းအီးဘွခ်ပီဒီအက်ဖ်ဖိုင် ဒေါင်းလုပ်ဆွဲရန်လင့်ကို စာဖတ်သူ၏ အီးမေလ်ထဲသို့ ပို့လိုက်မည်ဖြစ်ပါသည်၊

:: ပုံနှိပ်စာအုပ် ၀ယ်ယူရန်အတွက်မူ “ပုံနှိပ်စာအုပ်” ဆိုသည်ကိုရွေး၍ (Buy it now) ခလုတ် ကိုနှိပ်ကာ ရှေ့ဆက်လုပ်ဆောင်၍၀ယ်ယူပေးပါ။                                   

------------------------------------

[၁]

ဦးနှောက်နှင့် မှတ်ဉာဏ်အကြောင်း

မိတ်ဆက်ခြင်း

မှတ်ဉာဏ် (Memory) သည် ကျွန်ုပ်တို့အတွက် ထူး ခြားသော စွမ်းရည်များဖြင့် အလုပ်လုပ်ပေးနေသည့် ဦးနှောက်၏ အထူးတာဝန်ထမ်းဆောင်မှု တစ်ရပ် ဖြစ် သည်။

ဦးနှောက်သည် ကျွန်ုပ်တို့၏ ရုပ်ခန္ဓာတစ်ခုလုံး အား ကြီးမားသော စွမ်းရည်အမျိုးမျိုးဖြင့် အလုပ်လုပ် ပေးနေသည်။ ဦးနှောက်၏ ထူးခြားသော, အံ့သြဖွယ်ကောင်း သော စွမ်းဆောင်ချက်များက ကျွန်ုပ်တို့အား စိတ်ခံစား မှု အမျိုးမျိုးကို ဖြစ်ပေါ်စေသည်။ စဉ်းစားတွေးခေါ်ခြင်း၊ အိပ်မက်မက်ခြင်း၊ သတင်းအချက်အလက်များအားမှတ်ဉာဏ်ထဲတွင် သိုမှီးသိမ်းဆည်းပေးနိုင်ခြင်း၊ ပြဿ နာ အရပ်ရပ်အတွက် အဖြေရှာခြင်း စသည့် လုပ်ငန်းစဉ် အမျိုးမျိုးကို လုပ်ကိုင်ပေးနိုင်သည့် အရေးပါသော ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ရပ်ပင် ဖြစ်သည်။

တစ်နည်းအားဖြင့် အသိပညာ၊ အတတ်ပညာ ပေါင်းစုံအား ထည့်ထားနိုင်သလောက် ဝင်ဆံ့သည့် ဗဟုသုတဘဏ်တိုက်ကြီးတစ်ခုလည်း ဆိုနိုင်ပါသည်။

မှတ်ဉာဏ်သည် ဦးနှောက်အား အခြေပြု၍ (သို့) မှီခို၍ ဖြစ်ပေါ်လာရသော - (အကောင်အထည်အဖြစ် လက်ဆုပ်လက်ကိုင် မပြနိုင်သည့် အခြေအနေ တစ်ရပ် ဖြစ်သည်။ ဦးနှောက်မရှိပါက မှတ်ဉာဏ်ဟူ၍လည်း မရှိနိုင်ပါ။

ကျွန်ုပ်တို့ နေ့စဉ် ရင်ဆိုင်ကြုံတွေ့ရသည့် အဖြစ် အပျက်များ၊ ဖြစ်ရပ်မှန် (သို့) စိတ်ကူးယဉ် ကိစ္စများ အား မှတ်ဉာဏ်တွင် စွဲထင်စေရန် ဦးနှောက်က ဆောင် ရွက်ပေးသည်။ ။

ဦးနှောက်သည် အလေးချိန် "1-kg" မှ "1.5kg" အထိ ရှိတတ်ပြီး ကျွန်ုပ်တို့ ခန္ဓာကိုယ်တွင်ရှိ စွမ်းအင်တစ်ခုလုံး၏ ၄ ပုံ ၁ ပုံနီးပါးအား သုံးစွဲထား သည့် ဆောင်ရွက်မှုလုပ်ငန်းများ ရှုပ်ထွေးစွာ ပါဝင် သော အင်္ဂါအစိတ်အပိုင်းတစ်ရပ် ဖြစ်သည်။

ဦးနှောက်သည် “အချက်အလက်ပေါင်းများစွာအား စွမ်းဆောင်ရည်မြင့်မားစွာဖြင့် အလုပ်လုပ်ပေး နိုင်သည်” ဆိုသည့် ကွန်ပျူတာထက် ပိုမိုတိကျ မှန်ကန် စွာ အလုပ်လုပ်ပေးနိုင်သည်။

ဦးနှောက်၏ အတွင်းဘက်အား ဓာတ်ပုံရိုက်ယူ စစ်ဆေးချက်များအရ ကျွန်ုပ်တို့ အိပ်နေစဉ် အချိန် အတွင်းမှာပင် ဦးနှောက်တစ်ခုလုံး စဉ်ဆက်မပြတ် အ လုပ်လုပ်နေသည်ကို လေ့လာတွေ့ရှိရသည်။

အကယ်၍ ဦးနှောက်၏ အစိတ်အပိုင်းတစ်ရပ် ထိခိုက်မှုရှိခဲ့ပါက ကျွန်ုပ်တို့ ခန္ဓာကိုယ်တစ်ခုလုံး၏ လုပ်ငန်းတာဝန်အရပ်ရပ် ၉၀% ခန့် ရပ်ဆိုင်းသွားနိုင် ပါသည်။ ။

ဦးနှောက်ဆိုင်ရာ လက်တွေ့ သုတေသနပြုချက် များအရ ဦးနှောက်သည် အမိန့်ပေးစေခိုင်းခြင်း, ထိန်း ချုပ်ခြင်းဟူသည့် အဓိကကျသော လုပ်ငန်းကြီး ၂ ရပ် ကို ဦးစီးဆောင်ရွက်ကြောင်း လေ့လာတွေ့ရှိရသည်။

neurons (nerve cell)

အာရုံကြောဖွဲ့စည်းပုံစနစ် (nervous system) တစ်ခုဖြစ်လာအောင် ဖွဲ့စည်းပေးသည့် နာ့ဗ်ဆဲလ် (nerve cell) တစ်မျိုးဖြစ်သည်။

၎င်း neuron (= nerve cell) 28 2:6$ood အတွင်း ဖျတ်လတ်နိုးကြားလျက် ရှိသည်။

nervous system

ကျွန်ုပ်တို့၏ လှုပ်ရှားသွားလာမှုများကို ထိန်းချုပ် ခြင်း၊ ခန္ဓာကိုယ်၌ ပူခြင်း၊ အေးခြင်း၊ နာကျင်ခြင်း ... စသည့် ဝေဒနာအမျိုးမျိုးအား ခံစားသိရှိနိုင်ခြင်း ... တို့ အတွက် နဗ်ကြောမျှင်များ၊ ဦးနှောက်နှင့် ကျောရိုး မကြီးတို့ပါဝင်သော အာရုံကြောဖွဲ့စည်းပုံစနစ်ကို ခေါ် သည်။

nerves

ဦးနှောက်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းတို့ အကြားရှိ အာရုံခံအကြောမျှင်။

Spinal cord

ကျောရိုးမကြီးအတွင်းရှိ nerves အဖွဲ့ အစည်း တစ်ခု ဖြစ်သည်။ ၎င်းသည် ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးနှင့် ဦးနှောက်အား ဆက်သွယ်ပေးထားသည်။

ဦးနှောက်၏အမိန့်ပေးခြင်းနှင့်ထိန်းချုပ်နိုင်မှုစွမ်းရည်

ဦးနှောက်သည် အာရုံကြောဖွဲ့စည်းပုံ စနစ်၏ အမိန့်ပေးခြင်းနှင့် ထိန်းချုပ်ခြင်းလုပ်ငန်းများအတွက်ဗဟိုအချက်အချာကျသည့် ဌာနတစ်ခု ဖြစ်သည်။

ကျွန်ုပ်တို့၏ ဦးနှောက်တွင် nerve cell (=neuron) နာဗ်ဆဲလ်ပေါင်း “၁၀၀-ဘီလီယံ” ကျော်ကျော် ပါရှိပြီး ၎င်းတို့က နိုးကြားဖျတ်လတ်လျက်ရှိကြသည်။

nerve cell များသည် စိတ်လှုပ်ရှားတက်ကြွ- နိုး ကြားခြင်း၊ စိတ်ခံစားခြင်း အမျိုးမျိုးကို အသိပေးနိုင်ကြ သည်။

nerve cell များသည် ဦးနှောက် (brain)နှင့် Spimal cord တို့၏ “မီးခိုးရောင်” ရှိသော အစိတ်အ ပိုင်းဖြစ်သောကြောင့် ၎င်းကို "grey matter" ဟုလည်း ခေါ်သည်။

ထို့ပြင် ဦးနှောက်တွင် glial cells (=meuroglia) ဟု ခေါ်သည့် ဦးနှောက်နှင့် Spinal cord တို့အားထောက်ပံ့ထားသည့် (Supporting tissue) တစ်ရှူး ပေါင်း ၁-တြီလီယံ”ကျော်ကျော် ပါရှိသည်။ ၎င်းကို "white matters" (ဦးနှောက်၏ အဖြူရောင်ရှိသော အစိတ်အပိုင်း)ဟု ခေါ်သည်။

* glical cells = neuroglia= supporting tissue

Grey matter='brain tissue'

'cells' များပေါင်းစပ်ခြင်းဖြင့် 'tissue' များ ဖွဲ့စည်းဖြစ်ပေါ်လာရသည်။

glial cell=neuroglia (ထောက်ပံ့ရေးတစ်ရှူး) သည် "neuron" ခေါ် "nerve cell" တစ်ခုစီကို ၎င်း၏ အပေါင်းအဖော်တစ်ရှူးများအဖြစ် cells (ဆဲလ်) အရေ အတွက် “၁၀,၀၀၀” အထိ ဆက်သွယ်ထားသည်။ ထိုမှ တစ်ဆင့် ‘မှတ်ဉာဏ် အတွက် ထိရောက်သော ပံ့ပိုးမှုများ ဖြစ်ရန် ကွန်ရက်တစ်ခုသဖွယ် (တစ်ခုနှင့် တစ်ခု) ချိတ် ဆက်ပေးထားသည်။

ဦးခေါင်းခွံ (skull) ၏ အောက်ခြေနေရာတွင် 'brain stem'ခေါ် ဦးနှောက်၏ အလည်ခေါင်တည့်တည့်နေရာအား 'reptilion brain' ဟု ခေါ်သည်။

* brain stem=reptilian brain

အဆိုပါ 'brain stem' သည် ဦးခေါင်းခွံအောက် ဆက်၍ အောက်ဘက်သို့ ဆက်လက်ဆင်းသွားပြီး 'spinal cord' အဖြစ် ဖွဲ့စည်းသွားသည်။

'brain stem' သည် ဘဝတစ်သက်တာအတွင်း ကျွန်ုပ်တို့ ဖြစ်ပျက်ကြုံတွေ့ရတတ်သည့် ကြောက်ရွံ့ ခြင်း၊ ဒေါသထွက်ခြင်း၊ ပုန်းအောင်းခြင်း၊ ပြေးလွှားခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း ..... စသည့် စိတ်ခံစားမှုနှင့် ဆက်စပ် နေသော ကိစ္စများအား အမိန့်ပေး ထိန်းချုပ်မှု ပြုလုပ် နိုင်သည်။

စိတ်ခံစားမှုပြင်းထန် မြင့်တက်နေစဉ် ခဏတာ အချိန်အတွင်း ကျွန်ုပ်တို့၏ 'brain stem' အတွင်း ဘက်၌ ကြောက်ရွံ့ခြင်း (သို့) ဒေါသထွက်ခြင်းများ အတွက် လှုံ့ဆော်တိုက်တွန်းမှုများ လွှမ်းမိုးနေပါမည်။ ဥပမာအားဖြင့် လူတစ်ဦးနှင့်တစ်ဦး အတိုက်အခံ တုန့် ပြန်ပြောဆိုနေရာမှ ပြင်းထန်သော ထိပ်တိုက်ရင်ဆိုင် မှုအထိ စိတ်ခံစားမှု မြင့်တက်လာခြင်းကြောင့် 'brain stem' အတွင်း ပြဿနာ ပိုမိုမြင့်တက်အောင် လှုံ့ဆော် တိုက်တွန်းခြင်း (သို့) ပြဿနာ ပြေလည်အောင် ထိန်း ချုပ်ခြင်းများ ဖြစ်နေသည့် အခြေအနေကို ဆိုလိုပါ သည်။

brain stem ၏ သဘာဝအရ ဒေါသထွက်လွယ်သူအတွက် ပိုမိုပြင်းထန်အောင် လှုံ့ဆော်တိုက် တွန်းမှုများ လုပ်နိုင်သလို စိတ်တည်ငြိမ်အေးဆေး တတ် သူအတွက် လိုအပ်သလို ထိန်းချုပ်မှုများ လုပ်ပေးတတ် သည်။

ထို့ကြောင့် ကျွန်ုပ်တို့၏ ဦးနှောက်အား လိုအပ် သလို ထိန်းချုပ်မှု ပြုလုပ်နိုင်ရန် လေ့ကျင့်ပေးနိုင်ကြောင်း၊ မှတ်ဉာဏ်ဆိုင်ရာ လုပ်ငန်းများ တိုးတက် ကောင်းမွန်လာအောင် လက်တွေ့ အသုံးချနိုင်ကြောင်း လေ့လာတွေ့ရှိရသည်။

အသေးစိတ်အချက်အလက်အပြည့်အစုံကို ကြည့်ပါ။