Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

အောင်လှိုင် - ဘဝအောင်မြင်ရေးအတွက်ချိုးဖေါက်ရမည့်စည်းမျဥ်းစည်းကမ်းများ

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out

ချိုးဖောက်ရမည့် စည်းမျဉ်းစည်းကမ်း

အောင်မြင်မှုရရှိတယ်၊ ဥစ္စာဓနကြွယ်ဝတယ်ဆိုတာဟာ ငွေကြေး မြောက်မြားစွာရရှိတဲ့ အလုပ်ကောင်းတစ်ခုကို ခေါ်ပါတယ်

လူအများစုက သင်ဘယ်တော့မှမအောင်မြင်နိုင်ဘူး၊ အောင်မြင်မှာ မဟုတ်ဘူးလို့ပြောဖို့ အစဉ်အမြဲအသင့်ရှိနေတာကို သတိပြုပါ။

အထူးသဖြင့် သူတို့ပြောဆို လမ်းညွှန်တဲ့ စည်းမျဉ်းစည်းကမ်းတွေ အတိုင်း သင်က မလိုက်နာခဲ့ရင် ကြိမ်းသေကျရှုံးရလိမ့်မယ်လို့ ပြောကြပါလိမ့်မယ်။

လူအများစုရဲ့ အဲဒီလိုပြောစကားတွေကို သင်က နားယောင်နေသရွေ့ သင်ဘဝကို သင့်စိတ်တိုင်းကျပုံဖော်ထုဆစ်နိုင်မှာ မဟုတ်ဘူးလို့ လေးနက်စွာ ` နားလည်ထားပေးပါ။

ဘဝတိုးတက်အောင်မြင်ရေးအတွက် သမားရိုးကျစည်းမျဉ်းစည်းကမ်း တွေကို လူအများစုက လိုက်နာပြီး အလုပ်တွေ ကြိုးစားလုပ်ကိုင်ကြတယ်။ တက္ကသိုလ်ကနေဘွဲ့တစ်ခုရအောင်ယူပြီး သက်ဆိုင်ရာ အရည်အချင်းမြှင့်တင် ရေးသင်တန်းတွေကို ကြိုးစားတက်ရောက်ကြတယ်။ ပြီးတော့ ဝင်ငွေကောင်း တဲ့ အလုပ်တွေကိုရအောင် အင်တာဗျူးတွေ ဖြေဆိုကြတယ်။ ဒီလိုသမားရိုး ကျစည်းမျဉ်းစည်းကမ်းတွေ လိုက်နာကြိုးစားကြတိုင်း လူတိုင်းအောင်မြင် သလား.. လို့ မေးခွန်းထုတ်စရာ ရှိလာပါတယ်။ ဒီအခါအောင်မြင်မှုဆိုတာဘာလဲလို့ သိရှိနိုင်ဖို့ အောင်မြင်မှုကို အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ လိုအပ် လာပြန်ပါတယ်။ သင့်မိဘ၊ ဆရာသမား၊ စိတ်စေတနာကောင်းဖြင့် အကြံပြု ပြောဆိုပေးသော မိတ်ဆွေအပေါင်းအသင်းအနေနဲ့ သင့်ကို ဘဝတိုးတက်ရေး အစီစဉ်ကောင်းတွေ ချမှတ်ပေးနိုင်သော်လည်း သူတို့ရဲ့ အစီစဉ်ကောင်းတွေကအောင်မြင်မှုဆီ ဦးတည်နေတဲ့ တစ်ခုတည်းသော လမ်းကြောင်းကိုသာ ဖြစ်စေ နိုင်ပါတယ်။

တကယ်တော့ ဘဝတိုးတက်အောင်မြင်ရေးအတွက် လမ်းကြောင်း တစ်ခုတည်းနဲ့ မလုံလောက်တတ်ပါဘူး၊ သင့်ကိုယ်ပိုင်စဉ်းစားတွေးခေါ် ဆုံးဖြတ်ချက်တွေ သင်ကိုယ်ပိုင်အရည်အသွေးတွေအပေါ် မူတည်ပြီး လမ်းကြောင်းအမျိုးမျိုးကို အသုံးချနိုင်မှသာ သင့်ကြိုးစားမှုနဲ့ ထိုက်တန်တဲ့ အောင်မြင်မှုကိုရရှိမှာ ဖြစ်ပါတယ်။

အချို့လူတွေဟာ ဘဝတိုးတက်အောင်မြင်ရေးအတွက် ငယ်စဉ်က တည်းကနေ ပညာကို အသေအချာသင်ယူပြီး အရွယ်ရောက် ကြီးပြင်းလာချိန် တက္ကသိုလ်ကနေဘွဲ့ရပြီးနောက်ပိုင်း အလုပ်မှာ အောင်မြင်အောင် ကြိုးစား တယ်။ ရာထူးတိုးတက်ရေးစာမေးပွဲတွေ ဝင်ဖြေတယ်။ ကိုယ်ပိုင်အရည် အသွေးတွေကိုလည်း လက်တွေ့ ထုတ်ပြ အသုံးချကြတယ်။ ဒါပေမဲ့ သူတို့ ရည်မှန်းထားတဲ့အောင်မြင်မှုပန်းတိုင်ဆီကိုတော့ မရောက်ခဲ့ကြပါဘူး။

အချို့လူတွေကျတော့လည်း ဘဝအခြေအနေအကြောင်း အမျိုးမျိုး ကြောင့် ကျောင်းပြီးအောင်မတက်လိုက်ရပဲ ပညာတစ်ပိုင်းတစ်စနဲ့ အလုပ်ခွင် ဝင်ကြရတယ်။ ဒါပေမဲ့ ဘဝတိုးတက်အောင်မြင်မှုကို သူတို့က စောစီးစွာ ရရှိတာ တွေ့ရပါတယ်။ ဒီနေရာမှာ ဘဝတိုးတက်အောင်မြင်မှု စောစော ရရှိဖို့ အတွက် ကျောင်းစောစောထွက်လိုက်ရတာလို့ ပုံသေကားကျ မသတ်မှတ်နိုင်ပေမဲ့ လူတစ်ဦးချင်းစီရဲ့ ဘဝတိုးတက်အောင်မြင်မှု အခွင့် အလမ်းတွေက အခြေအနေတိုင်း အချိန်အခါတိုင်းမှာ ရှိနေတယ်ဆိုတာကို တော့ အမှန်အတိုင်း လက်ခံနိုင်ဖို့ လိုပါတယ်။

လူအများစုအနေနဲ့ ဝင်ငွေကောင်းတဲ့အလုပ်တစ်ခုရပြီဆိုရင် အဲဒီ အခြေအနေအပေါ် ဘဝရဲ့တိုးတက်အောင်မြင်မှု ဥစ္စာဓနကြွယ်ဝစွာ ရရှိနေမှု တစ်ခုအဖြစ် သတ်မှတ်တတ်ကြပါတယ်။

ဘဝတိုးတက်အောင်မြင်မှုကို ငွေကြေးနဲ့ တိုင်းတာသတ်မှတ်လို့ မရ နိုင်ပါဘူး။ အချို့သော အောင်မြင်မှုတွေဟာ ဘဝအတွက် အရေးပါပြီး အလေးထားရမဲ့ အခြေအနေရှိနေတာကြောင့် ငွေကြေးအကျိုးအမြတ်မရရှိပဲ။ ငွေကုန်ကြေးကျပိုပြီးတောင် များတတ်တာ တွေ့ရပါတယ်။

ဒါကြောင့် ဘဝရည်မှန်းချက်တွေ အောင်မြင်တိုင်းလည်း ငွေကြေး ရရှိမှုအခြေအနေက အမြဲတမ်း နောက်ကနေ ကပ်မလိုက်လာတတ်ပါဘူး။ လူတစ်ဦးချင်းစီရဲ့ အောင်မြင်မှု၊ ဘဝရည်မှန်းချက်ပြီး ပြည့်စုံမှုဆိုတာက အဲဒီ လူရဲ့ အောင်မြင်မှုအပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့သာ သက်ဆိုင်နေပါတယ်။

သင်က ဘယ်လိုအောင်မြင်မှုမျိုးကို ရချင်တာလဲ၊ သင့်အောင်မြင် မှုအတွက် သင့်ကိုယ်ပိုင်နည်းလမ်းတွေ သင့်ပင်ကိုအရည်အချင်းတွေနဲ့ သင့်ကိုယ်ပိုင်စီမံဆုံးဖြတ်ချက်တွေကသာ အဓိက ဇာတ်ကောင်အဖြစ် ပါဝင် လှုပ်ရှားရမှာဖြစ်ပြီး အခြားသူတွေပေးတဲ့နည်းလမ်းတွေ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေက သင်နဲ့လုံးဝဆန့်ကျင်နေပါလိမ့်မယ်။

လူတစ်ဦးချင်းစီရဲ့ ဘဝရည်မှန်းချက်အကောင်အထည်ဖော်မှုတွေဟာ သူတို့ဘဝတစ်သက်တာအတွင်း သူတို့တောင့်တအလိုရှိတဲ့ အရာတွေကို စိတ်ကျေနပ်မှုရတဲ့အထိ အကောင်အထည်ဖော်ခြင်းသာ ဖြစ်ပါတယ်။

လူအများစုက ဘဝတိုးတက်မှုအဖြစ် ငွေကြေးပြည့်စုံရင် အရာရာ ပြီးပြည့်စုံပြီလို့ ယူဆတာကြောင့် အဲဒီယူဆချက်အပေါ် ယုံကြည်မှုထားပြီး ငွေကြေးများစွာ ရရှိအောင် ကြိုးစားရှာဖွေပါလိမ့်မယ်။

သို့သော်လည်း သင့်အနေနဲ့ကတော့ ကြီးမားတဲ့မိသားစုကြီးတစ်ခုကို တည်ဆောက်ချင်တာကြောင့် သားသမီးများများမွေးနိုင်ဖို့က သင့်ဘဝ ရည်မှန်းချက်ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။

တကယ်လို့ သင်က လူအများကို အကူအညီပေးရတဲ့ အလုပ်တွေကို လုပ်ရမှာ စိတ်ကျေနပ်မဲ့သူဆိုရင်လည်း ငွေကြေးရရမရရ သင့်စိတ်ကျေနပ်မှု ရှိစေတဲ့ အလုပ်တွေကို ရည်ရွယ်ချက်ရှိရှိ ဆက်လက်လုပ်ဖြစ်နေမှာ ဖြစ်ပါ တယ်။

အချို့လူတွေဟာ သူတို့ဝါသနာပါ စိတ်ဝင်စားတဲ့ အလုပ်ကို လုပ်နေ ရတိုင်းအလုပ်ခွင်အတွင်း ရာထူးတိုးတက်မဲ့အခွင့်အလမ်းလည်းမရှိ။ ငွေကြေးမြောက်မြားစွာရနိုင်မဲ့ အခွင့်အရေးလည်း မရှိတာတောင် စိတ်ကျေနပ်စွာနဲ့ မညည်းမညူ ဆက်လက်လုပ်ကိုင်နေတာ တွေ့ရတတ်ပါတယ်။

ဒီစာအုပ်မှာ အဓိကပြောချင်တာတွေက မိမိတို့ဘဝတိုးတက်မှု အတွက် ရည်မှန်းချက်တွေထားရှိပြီး လုပ်ဆောင်ရာမှာ မိမိဘဝကို မိမိ ကိုယ်တိုင် ကျေနပ်မှုရစေဖို့ အခြားလူတွေရဲ့ စိတ်ကျေနပ်မှုကို မျှော်လင့်စရာ မလိုအပ်သလို အခြားလူတွေရဲ့ ကန့်သတ်ပေးတဲ့ စည်းမျဉ်းစည်းကမ်းတွေ ကိုလည်း လိုက်နာစရာမလိုအပ်ဘဲ မိမိလိုချင်တဲ့၊ မိမိကိုယ်ပိုင်အဓိပ္ပာယ်ဖွင့်ဆို ထားတဲ့ အောင်မြင်မှုဆီရောက်အောင် ဆက်သွားဖို့ဆိုတဲ့အချက်တွေပဲ ဖြစ်ပါတယ်။ ။

ကျွန်တော့်အနေနဲ့ တောရိုင်းမြေတစ်ခုရဲ့ တောင်ကုန်းဘေးနားမှာ ခွေး တစ်ကောင်ကို အဖော်ပြုပြီး စိတ်ကျေနပ်၊ လွတ်လပ်စွာနေတဲ့ သူတစ်ယောက် ကို တွေ့ခဲ့ဖူးရသလို လန်ဒန်မြို့လယ်ကောင်က တိုက်ခန်းတစ်ခန်းမှာနေပြီး မြို့ပြရဲ့ စည်ကားစုံလင်တဲ့ အငွေ့အသက်ကို ခံစားရင်းကျေနပ်နေတဲ့သူ တစ်ယောက်ကိုလည်း ကြုံခဲ့ဖူးပါတယ်။ ကျွန်တော်တွေ့ကြုံခဲ့ဖူးတဲ့ နောက် ထပ်တစ်ယောက်ကတော့ မြို့ပြနဲ့ဝေးတဲ့နေရာတစ်ခုကို သွားပြီးသာမန်ရိုးရှင်း တဲ့ အိမ်ကလေးတစ်အိမ်ဆောက်မယ်။ ပြီးရင် မြို့ကြီးပြကြီးတွေမှာ မရှိတဲ့ အေးချမ်းသာယာ၊ တိတ်ဆိတ်မှုတွေကို ခံစားမယ်။ သာမန်ရိုးရှင်းတဲ့ဘဝမှာကျေနပ်နှစ်သက်သူပီပီ လှည့်စားမှု၊ လိမ်ညာ၊ ဟန်ဆောင်မှုတွေမပါတဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုခုကို လုပ်ကိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ။

ဒီလိုလူမျိုးတွေရဲ့ ဘဝအောင်မြင်မှုဆိုတာ အခြားလူတွေနဲ့ များစွာ ကွာခြားနိုင်ပေမဲ့ သူတို့ဘဝတစ်သက်တာအတွင်း သူတို့ဆန္ဒရှိသလို လုပ်ကိုင် ဆုံးဖြတ်ခွင့်ရတဲ့... သူတို့ရဲ့ ကိုယ်ပိုင်အောင်မြင်မှုသာ ဖြစ်ပါတယ်။

သင်က ငွေကြေးပြည့်စုံကြွယ်ဝမှုရှိမှ အောင်မြင်မှုရတယ်လို့ သတ်မှတ် ချင်သတ်မှတ်နိုင်သလို.. အခြားသောတစ်ဦးတစ်ယောက်ကလည်း ငွေကြေး ရချင်း၊ မရချင်းထက် အဆင့်အတန်း၊ ဂုဏ်ဒြပ်၊ သိက္ခာတွေမြင့်တက်လာ စေဖို့ ရည်ရွယ်ချက်နဲ့ အကျိုးအမြတ်နည်းတဲ့အလုပ်ကို လက်လွှတ်မခံပဲ လုပ်တတ်ကြပါလိမ့်မယ်။ အချို့လူတွေက သူတို့စိတ်ပါဝင်စားရာ အလုပ်ကို လုပ်ရရင်ဘဝမှာအောင်မြင်မှုရသလိုမျိုး ခံစားရတာကြောင့် ဘယ်လောက် ခက်ခဲတဲ့အလုပ်ပဲဖြစ်ဖြစ်အောင်မြင်အောင်လုပ်နိုင်ကြပါတယ်။

အချို့ကတော့ စိန်ခေါ်မှုတစ်ခုကို အောင်မြင်လိုတဲ့စိတ်ဆန္ဒနဲ့ ထိပ်တန်း၊ အဆင့်မြင့်အလုပ်တွေကို ရွေးချယ်လုပ်ကိုင်တတ်ကြပါတယ်။

ဒီတော့ သင့်ဘဝအောင်မြင်မှုဆိုတာဟာ သယ်အပိုင်းအဏ္ဍအပေါ် အာရုံ စူးစိုက်တယ်ဆိုတဲ့အပေါ်မူတည်ပြီးရလာတဲ့ အကျိုးရလဒ်သာ ဖြစ်ပါတယ်။

ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်း အမှတ် ၁

အောင်မြင်မှုဆိုတာဟာ သင်ကိုယ်တိုင် ယုံကြည်လက်ခံပြီး ကျေနပ် စွာ အကောင်အထည်ဖော်နိုင်တဲ့ အကျိုးရလဒ်သာ ဖြစ်ပါတယ်။

ချိုးဖောက်ရမည့် စည်းမျဉ်းစည်းကမ်း

အချို့လူတွေဟာ ကံကောင်းခြင်းတွေနဲ့အတူ မွေးဖွားလာသူတွေ ဖြစ်ပါ တယ်

သင်က အခြားသူတစ်ယောက်ရဲ့ ဘဝကို အားကျပြီး ဖြစ်နိုင်ရင် နေရာ ချင်းတောင်လဲချင်တဲ့စိတ်ရှိနေတာ..... အဲဒီလူရရှိနေတဲ့ ကောင်းပေ့ ညွန့်ပေ့ တွေကို ငမ်းငမ်းတက်လိုချင်စိတ်ရှိနေတာ.. အဲဒီလူတတ်ကျွမ်းတဲ့ အသိပညာ အတတ်ပညာ စိတ်ကူးအတွေးအခေါ် ဉာဏ်ရည်ဉာဏ်သွေး အထုံပါရမီ မိတ်ဆွေအပေါင်းအသင်းများမှု ငွေကြေးကြွယ်ဝမှု ဘဝနေထိုင်မှုနဲ့ လူနေမှု အဆင့်အတန်းမြင့်မှုတွေအပေါ်မှာလည်း အားကျမှုတွေရှိနေတာဟာ သင်က တစ်ဖက်လူရဲ့ အပေါ်ယံအခြေအနေအရပ်ရပ်ကိုသာ မြင်တွေ့သိရှိတဲ့သဘောဆောင်ပါတယ်။ သို့ သော်လည်း သင့်ထက်သာလွန်ပြီး အဘက်ဘက်က ပြီးပြည့်စုံတဲ့ သူတွေကို မြင်တွေ့ ရတိုင်း အဲဒီလူတွေက ကံကောင်းခြင်းတွေနဲ့ အတူ မွေးဖွားလာတဲ့သူတွေလို့ သင့်ဘက်က တထစ်ချ ယူဆမိပါလိမ့်မယ်။

အချို့ လူတွေက မိမိတို့ထက် အဘက်ဘက်က သာလွန်သူတွေအပေါ် လေးစားအားကျတဲ့စိတ်ရှိတတ်ကြပြီး အချို့လူတွေကတော့ မိမိမှာမရှိတဲ့ အရာမှန်သမျှ သူတစ်ပါးမှာရှိနေတာကို မနာလို မရှုဆိတ်ဖြစ်တတ်ကြ ပါတယ်။

တကယ်တော့ လောကမှာ အဘက်ဘက်ကပြီးပြည့်စုံတဲ့အထိ ကံကောင်းတဲ့သူတွေက အလွန်နည်းပါးစွာ ရှိနေတတ်ပြီး လူတိုင်းက ကံ မကောင်းနိုင်တဲ့သဘော အောင်မြင်မှုရယူချင်တဲ့သူတိုင်း ကြိုးစားအားထုတ်ရ မဲ့သဘောကတော့ ဘယ်တော့မှပြောင်းလဲလို့မရနိုင်တဲ့သဘောကို လူတိုင်း လက်ခံရမှာ ဖြစ်ပါတယ်။ ။

ကျွန်တော်ကျောင်းသားဘဝတုန်းက ကျွန်တော်တို့ အတန်းထဲမှာ ဘာသာရပ်တိုင်းကို ထူးချွန်တဲ့ကျောင်းသားတစ်ယောက်ရှိခဲ့ပါတယ်။ ထူးခြား တာက အဲဒီကျောင်းသားဟာ ဉာဏ်ရည်ထက်မြက်သလောက် စာကြိုးစား မှုမရှိပါဘူး၊ ကျွန်တော် အဲဒီကျောင်းသားကို ကြည့်ပြီး လေးစားအားကျခဲ့ ရတယ်။

ဒါပေမဲ့ မကြာခင်မှာပဲ အဲဒီကျောင်းသားအပေါ် လေးစားအားကျခဲ့ တာတွေကို ပြန်ရုပ်သိမ်းချင်တဲ့စိတ်တွေဖြစ်ခဲ့ရပါတယ်။ အကြောင်းကတော့ သူက စာတော်တယ်၊ ဉာဏ်ကောင်းတယ်၊ ဒါပေမဲ့ ကိုယ်ပိုင်ရည်ရွယ်ချက် ထားပြီး လုပ်ပိုင်ခွင့်နဲ့ ကြိုးစားအားထုတ်ပိုင်ခွင့်တွေ သူ့မှာမရှိခဲ့လို့ပါ။ ဒါကြောင့်လည်း သူစာတော်တာကို သူကိုယ်တိုင်သိပေမဲ့ သူ့ကိုယ်ပိုင်ရည်မှန်း ချက်ထားရှိခွင့်မရခဲ့လို့ ကြိုးစားအားထုတ်မှုကို လျှော့ချပစ်လိုက်တာ ဖြစ်ပါ တယ်။

အဲဒီစာတော်တဲ့ ကျောင်းသားဟာ မိဘတွေက ကန့်သတ်ပေးတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း တစ်သဝေမတိမ်းလိုက်နာရပြီး သူတို့ ရွေးချယ်ပေးခဲ့တဲ့ အလုပ်ကိုသာ လုပ်ခဲ့ရပါတယ်။ သူလုပ်ကိုင်နေရတဲ့အလုပ် က ခက်ခဲပင်ပန်းပြီး သူစာတော်ခဲ့တဲ့ အရည်အချင်းတွေနဲ့တောင် မလိုက်ဖက် ဘူးလို့ ကျွန်တော်ရှုမြင်မိပါတယ်။ သူ့မိဘတွေက သူ့အပေါ်စည်းကမ်းတွေ တင်း ကျပ်တယ်။ ကျောင်းသားဘဝမှာကတည်းက ရုပ်သံ၊ ဗွီဒီယိုကြည့်တာ၊ သီချင်းနားထောင်တာ၊ ဂိမ်းကစားတာ၊ သူငယ်ချင်းတွေနဲ့ အပြင်ထွက်တာတွေကို လုံးဝပိတ်ပင်ထားခဲ့ပါတယ်။ ကျွန်တော်က အဲဒီကျောင်းသားရဲ့ အခြေ အနေတွေကို အမှန်အတိုင်းသိမြင်လိုက်ရတဲ့နေ့ကစပြီး သူ့ရဲ့ စာတော်တာတွေ ပညာထူးချွန်တာတွေကို လေးစားအားကျလိုစိတ်တွေ စတင်လျော့ကျလာခဲ့ ပါတယ်။ မိမိဘဝအောင်မြင်မှုအတွက် မိမိကိုယ်တိုင်ပုံဖော်ထုဆစ်ရမဲ့သဘော ဘဝအောင်မြင်မှုတွေအတွက် အခြားဘယ်သူရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မှ အတိအကျလိုက်နာနေစရာမလိုပဲ အခြေအနေ အချိန်အခါရနိုင်တဲ့ အခွင့် အလမ်းဖြစ်နိုင်တဲ့အကျိုးရလဒ်တွေကို ချိန်ဆပြီး မိမိရဲ့ ကိုယ်ပိုင်အောင်မြင် ရေးလမ်းကြောင်းကို ကိုယ်တိုင်တည်ဆောက်မှဖြစ်မယ်ဆိုတာကို ကျွန်တော် ကောင်းစွာ သဘောပေါက်လာခဲ့ပါတယ်။

ဘယ်သူမဆို ကိုယ်ပိုင်အောင်မြင်မှုရရှိရေးအတွက် ကြိုးစားနေစဉ် ကာလတစ်လျှောက် အခြားဘယ်သူနဲ့မှ အံတုဖက်ပြိုင်တာ၊ မနာလိုမရှုဆိတ် တာ၊ လေးစားအားကျတာတွေ လုံးဝထားရှိစရာမလိုပဲ မိမိကိုယ်ပိုင်အဓိပ္ပာယ် ဖွင့်ဆိုထားတဲ့ အောင်မြင်မှုရရှိအောင် သာမန်စည်းမျဉ်းစည်ကမ်းတွေကို ချိုးဖောက်ပြီး ကိုယ်ပိုင်ဟန်နဲ့ ခရီးဆက်နိုင်ဖို့သာ အဓိက အရေးကြီးပါတယ်။

သင့်အား မနာလိုမရှုဆိတ်ဖြစ်နေသူတွေရဲ့ အကြောင်းကို သင်စဉ်းစား တွေးတောဖူးပါသလား သင့်အနေနဲ့ မိမိရည်မှန်းချက်ပြည့်မြောက်ရေးက အဓိကလို့ စိတ်ပိုင်းဖြတ်ပြီး ကြိုးစားနေချိန်မှာ အခြားအရေးမပါတဲ့ တွေးတော မှုတွေကို လုံးဝရှောင်ကြဉ်နိုင်ဖို့ လိုပါတယ်။ အချို့ လူတွေကို ကြည့်လိုက်တဲ့ အခါ အတော်အတန်အောင်မြင်၊ ကြွယ်ဝနေသလိုလို၊ နောက်ထပ်မြင့်မား တဲ့ အောင်မြင်မှုတွေရတော့မယ့် ပုံဖမ်းပြနေပေမဲ့ အချိန်ကာလတိုအတွင်း မထင်မှတ်ထားတဲ့အကြောင်းတရား အမျိုးမျိုးကြောင့် ကျရှုံးသွားရတာတွေကို လည်း တွေ့လာနိုင်ပါတယ်။

သင့်အနေနဲ့ကံကောင်းခြင်းတွေနဲ့ မွေးဖွားလာတဲ့သူတွေ၊ အဘက် ဘက်က ပြီးပြည့်စုံတဲ့ သူတွေကိုတွေ့တိုင်းအမြဲအားကျနေစရာမလိုအပ်သလို၊ မနာလိုစရာလည်း မလိုပါဘူး၊ သင်က သမားရိုးကျစည်းမျဉ်းစည်းကမ်းတွေ ကို ချိုးဖောက်ပြီး ကိုယ့်နည်းကိုယ်ဟန်နဲ့ အောင်မြင်မှုရယူချင်တယ်ဆိုရင်... သင့်ရဲ့ လိုအပ်ချက်တွေက ဘာလဲဆိုတာကို စိစစ်ပါ... အခြေအနေ အချိန် အခါနဲ့ အခွင့်အလမ်းကောင်းတွေကို အံဝင်ခွင်ကျအသုံးချနိုင်အောင် သတိထားစောင့်ကြည့်ပေးပါ။ သင့်ရဲ့ အားနည်းချက်များနှင့် အားသာချက်များကို ချိန်ထိုးပေးပါ။

ဘဝအောင်မြင်မှုအတွက် ရည်မှန်းချက်ချပြီး ဆောင်ရွက်နေစဉ် အတွင်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်တဲ့ စိတ်ခိုင်မာစွာ ထားရှိပေးပါ။