Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

အောင်လှိုင် - ပျော်ရွှင်ခြင်းသင့်အတွက်ပါ

Regular price 900 MMK
Regular price Sale price 900 MMK
Sale Sold out

အခန်း (၁)

ပြဿနာက ဘာလဲ

ပျော်ရွှင်ခြင်းနှင့်ပတ်သက်၍ လက်တွေ့ လေ့လာတွေ့ရှိချက်များအရ ဝိရောဓိဖြစ်စရာပြဿနာနှစ်ရပ် ရှိသည်။

လူအများစုအနေဖြင့် ဝင်ငွေများပိုမိုရရှိစေရေးအတွက် ကြိုးပမ်း အားထုတ်မှုတိုင်း၌ အောင်မြင်လျှင် ပျော်ရွှင်မှုရမည်ဟူသော အယူအဆ နှင့်အနောက်တိုင်းလူ့အဖွဲ့ အစည်းများ၌ ပိုမိုချမ်းသာလေပျော်ရွှင်မှုများလျော့နည်းလေဆိုသည့် အယူအဆဟူ၍ ပြဿနာနှစ်ရပ် ကွဲပြားသွား သည်။

သိပ္ပံနည်းကျသုတေသနပြုချက်များအရ သာမန်လူများအဖို့ လွန်ခဲ့သောနှစ် ၅၀ ကထက် ပျော်ရွှင်မှုများ လျော့နည်းလာသည်ကို လေ့လာတွေ့ရှိရသလို တစ်ချိန်တည်းမှာပင် သာမန်လူများရရှိသော ဝင်ငွေကလည်း လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကထက်ပို၍ ၂ ဆကျော် လာသည်ကို တွေ့ရှိရသည်။

ပျော်ရွှင်ခြင်းနှင့်ပတ်သက်သည့် ဝိရောဓိဖြစ်စရာပြဿနာနှစ်ရပ်အား အမေရိကန်၊ ဗြိတိန်နှင့် ဂျပန်နိုင်ငံတို့၌ အများဆုံးတွေ့ရှိရ သည်။ ခေတ်မီတိုးတက်သောနိုင်ငံကြီးများမှ လူအများစုသည် အစား အသောက်, အဝတ်အစား, ကိုယ်ပိုင်ကား, အိမ်ကြီးအိမ်ကောင်းများ ကို ပိုင်ဆိုင်ရုံမက အပတ်စဉ် အလုပ်လုပ်ချိန်တိုတောင်းပြီး အားလပ် ရက်များစွာ ခံစားခွင့်ရှိကြသည်။ ၎င်းပြင်ပြီး ပြည့်စုံသောကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ ပညာသင်ကြားနိုင်ရေးကဏ္ဍတို့တွင်ပါ လိုလေ သေးမရှိ မကြောင့်မကြနေထိုင်နိုင်သော်လည်း အမှန်တကယ် စိတ်ချမ်း မြေ့မှုကို ကိုယ်စားပြုသည့် ပျော်ရွှင်ခြင်းအစစ်အမှန်အား ခံစားခွင့်မရှိ ကြပေ။ သက်ဆိုင်ရာနိုင်ငံမှ အစိုးရများအနေဖြင့် ပျော်ရွှင်မှုနှင့်စပ်ဆိုင် သည့် အခြေအနေအရပ်ရပ်အား ပြန်လည်သုံးသပ်ပေးရမည်ဖြစ်သည်။

ထို့ကြောင့် ဝင်ငွေကောင်းသူတစ်ဦးတစ်ယောက်အတွက် စား ဝတ်နေရေးဖူလုံပြီး မပူမပင်မကြောင့်မကြနေနိုင်သော်လည်း ပျော်ရွှင် မှုရရှိခြင်းအတွက် ခိုင်လုံသောအာမခံချက် မရှိပေ၊ လူတစ်ဦးချင်းစီ ၌ ပျော်ရွှင်မှုများရင့်သန်လာစေရန် ပျိုးထောင်ရာတွင် မည်သည်ကပျော်ရွှင်မှုများကို ဖြစ်စေပြီး မည်မျှသောအတိုင်းအတာအထိ အကျိုး သက်ရောက်မှုရှိစေနိုင်သည်ကို ပထမဆုံးခွဲခြားနားလည်ထားရန် လို အပ်ပါသည်။

ပျော်ရွှင်ခြင်းနှင့်ပတ်သက်၍ ပညာရှင်တို့၏သုတေသနပြုချက် များအရ လူမှုဗေဒ, ဒဿနိကဗေဒ စိတ်ပညာ .... စသည့် ပညာရပ် နယ်ပယ်များနှင့်ပါ ပတ်သက်ဆက်စပ်လျက်ရှိသည်ကို လေ့လာတွေ့ ရှိရသည်။

ဒဿနိကဗေဒ(အတွေးအခေါ်ပညာ) ဆိုတာ ဘာလဲ

ဒဿနိကဗေဒပညာရပ်သည် ၁၈-ရာစုအတွင်း ထွန်းကားလာ သည့်, လူသားတို့၏အသိဉာဏ် အတွေးအခေါ်အား မြင့်မားစေသည့် ပညာရပ်တစ်ခုဖြစ်သည်။

၁၉-ရာစုအရောက်တွင် လူတစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရား ကောင်းမွန်မှုအပေါ်မူတည်၍ လူ့အသိုင်းအဝန်းအတွင်း ပျော်ရွှင်မှု များထွန်းကားစေခဲ့သည်။ ထိုကာလအတွင်း ဘာသာရေးယုံကြည်မှု နှင့်ဒဿနိက(အတွေးအခေါ်ပညာရပ်)များထွန်းကားခဲ့သော်လည်း ၂၀-ရာစုအရောက်၌ ဘာသာရေးယုံကြည်မှုများ လျော့နည်းပျောက် ကွယ်၍ လူ့ဘောင်အသိုင်းအဝန်းအတွင်း ဝင်ဆံ့မည့်ကျင့်ဝတ်များကိုသာ ဦးစားပေးခဲ့ကြသည်။ တစ်နည်းအားဖြင့် မိမိကိုယ်မိမိယုံကြည် ကိုးစားသည့် နည်းလမ်းဖြင့် မိမိပျော်ရွှင်မှုကို ကိုယ်တိုင်ရှာဖွေသည့် ကာလပင်ဖြစ်သည်။ ၎င်းပြင် ထိုကာလအတွင်း သမ္မာကျမ်းစာသစ်ပါ သွန်သင်ဆုံးမချက်များအား ဖောက်ဖျက်၍ တစ်ဦးချင်းအလိုက် အလို ဆန္ဒများ ပြည့်ဝရန်အတွက်သာ အားထုတ်နေခြင်းကြောင့် စိုးရိမ်သောက များပြီး ပျော်ရွှင်မှုအစစ်အမှန်များ ပျောက်ကွယ်ခဲ့ရသည်။

၂၀-ရာစုကာလ၏ ပျော်ရွှင်ခြင်းလျော့နည်းပျောက်ကွယ်မှု အခြေအနေများကို လေ့လာပါက လူသားတစ်ဦးနှင့်တစ်ဦး အပြန် အလှန်ကူညီဖေးမခြင်း ကိုယ်ချင်းစာစိတ်ထားရှိခြင်း ..... တို့ဘက်၌ အားနည်းခြင်းကြောင့် တစ်ကိုယ်တော်ကောင်းစားရေး ဝါဒီများသာ များပြားလာသည်ကို တွေ့ရှိရသည်။

စိတ်ပညာဆိုတာဘာလဲ

တစ်ချိန်တည်းမှာပင် ခေတ်သစ်စိတ်ပညာ ပေါ်ပေါက်လာခဲ့ပြီး လူ့အသိုင်းအဝန်းအတွင်း ပျော်ရွှင်မှုထွန်းကားရေးအတွက် များစွာ အထောက်အကူပြုခဲ့သည်။

လူ့အသိုင်းအဝန်းဆိုတာဘာလဲ

လူ့အသိုင်းအဝန်း၌ အောက်ပါအခန်းကဏ္ဍများ ဆက်စပ်ပါဝင် လျက် ရှိသည်။

လူတစ်ဦးချင်းစီ၏အခြေခံစီးပွားရေးသည် အခြားသူများနှင့် တန်းတူမရရှိခဲ့ပါက လူ့အသိုင်းအဝန်းအတွင်း ပျော်ရွှင်မှုလည်းရရှိ မည်မဟုတ်ပါ၊ ထို့ကြောင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍ များ၌ အခြားသူများနှင့် ရင်ပေါင်တန်းနိုင်အောင် ရုပ်သံကြည့်ရှုခြင်းနှင့် ကြော်ငြာများဖတ်ရှုခြင်းကလည်း များစွာအထောက်အကူပြုတတ်သည်။

လူ့အသိုင်းအဝန်းအတွင်း တစ်ခါတစ်ရံ၌ ပုဂ္ဂိုလ်ရေးပြိုင်ဆိုင်မှု နှင့်စီးပွားပြိုင်ဆိုင်မှုများရှိတတ်သလို မိမိဘက်မှနှိမ့်ချဆက်ဆံတတ်မှု အပေါ်အခွင့်အရေးယူ၍ တစ်ဖက်လူမှ အနိုင်ယူသွားတတ်သည်လည်း ရှိတတ်သည်။ ထိုအခြေအနေမျိုး၌ စိတ်၏ပျော်ရွှင်မှုအား မည်သို့ ရှာဖွေရမည်ကို မေးခွန်းထုတ်စရာဖြစ်သွားတတ်သည်။ ။

လူတိုင်းအဖို့ စိတ်ချလုံခြုံမှုရှိရေးကလည်း အရေးပါသော အခန်း ကဏ္ဍတွင်ပါဝင်သည်။ အလုပ်ခွင်အတွင်းမှ မိသားစုအတွင်းနှင့် အိမ်နီး နားချင်းများအတွင်း ဆက်ဆံရေးသဟဇာတဖြစ်နေမှသာ မိမိတို့တစ်ဦး ချင်းစီ၏လုံခြုံရေးအတွက် စိတ်ချနိုင်မည်ဖြစ်သည်။ မည်သူမဆိုအလုပ် အကိုင်လက်မဲ့ဖြစ်ခြင်း၊ မိသားစုပြိုကွဲခြင်း၊ ပတ်ဝန်းကျင်နှင့် ပြဿနာဖြစ်ခြင်း၊ အမှုအခင်းရင်ဆိုင်ရခြင်းတို့အပေါ် လိုလားကြမည်မဟုတ် ပေ။ သို့သော်လည်း ပြင်ပပယောဂတစ်ခု၏ ဝင်ရောက်နှောင့်ယှက်ခြင်းကြောင့် အထက်ပါအခြေအနေများနှင့် ရင်ဆိုင်ရပြီး ဆိုင်ရာပုဂ္ဂိုလ်၏ ဘဝလုံခြုံရေးလည်း ပျက်စီးသွားရတတ်သည်။

လူ့အဖွဲ့အစည်းအတွင်း၌ တစ်ဦးအပေါ်တစ်ဦး ယုံကြည်စိတ်ချမှု ရှိရေးကလည်း မဖြစ်မနေလိုအပ်သည်။ တစ်ဦးအပေါ်တစ်ဦး ယုံကြည် မှုရှိမှသာ (ယုံကြည်လောက်သော ကိုယ်ကျင့်တရားကောင်းမှသာ) လူ့ အဖွဲ့အစည်းအတွင်း ဆက်ဆံရေးဖြောင့်ဖြူးပြီး ပျော်ရွှင်မှုလည်း ရရှိ လာမည်ဖြစ်သည်။ သို့သော်လည်း အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန် နိုင်ငံတို့၌ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုအဆင့်အတန်းသည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း သိသိသာသာ ထိုးကျခဲ့ကြောင်း လေ့လာ တွေ့ရှိရသည်။ ယင်းမှာ လူ့အသိုင်းအဝန်းတိုးတက် ကျယ်ပြန့်လာသော် လည်း ကိုယ်ကျင့်တရားများ ယုတ်လျော့ကျဆင်းမှုကြောင့် တစ်ဦး အပေါ်တစ်ဦး အယုံအကြည်ကင်းမဲ့မှုများလာခြင်းပင် ဖြစ်သည်။

ပုဂ္ဂိုလ်ရေးဆိုတာဘာလဲ

ပုဂ္ဂိုလ်တစ်ဦးချင် အတွက် ပျော်ရွှင်ခြင်းသည် ပြင်ပလောကနှင့် ပြောဆိုဆက်ဆံရေးအဆင်ပြေမှုသာမက အဆိုပါပုဂ္ဂိုလ်၏အပြုအမူ အနေအထိုင်နှင့်လုပ်ရပ်များအပေါ်၌ များစွာမူတည်နေကြောင်း လေ့လာ တွေ့ရှိရသည်။ မည်သူမဆို မိမိအပေါ်ကရုဏာထားခြင်းကို နှစ်သက် ကြသည်။ ထို့အတူ တစ်ဦးအပေါ်တစ်ဦးရှိဖူးသည့် ကျေးဇူးများကို လည်း အပြန်အလှန်အသိအမှတ်ပြုလိုကြသည်။ ပုဂ္ဂိုလ်တစ်ဦးချင်း အလိုက် ကိုယ်ကျင့်တရားကောင်းမွန်မှသာ ဘဝတွင်ကြုံတွေ့ရမည့် ပြဿနာအခက်အခဲများအား အရည်အချင်းပြည့်မီစွာ ဖြေရှင်းပေးနိုင်မည် ဖြစ်သည်။

၂၀-ရာစုကာလတစ်လျှောက်လုံး၌ မိဘ-ဆရာနှင့်ခရစ်ယာန် ဘုန်းတော်ကြီးများက မေတ္တာ-ကရုဏာထားရှိနိုင်သည့် စိတ်ဓာတ် များရင့်သန်လာစေအောင် လူအများအားသွန်သင်ဆုံးမမှုများ ပြုလုပ်ခဲ့ ကြသည်။ ယနေ့မျက်မှောက်ကာလအတွင်း ပျော်ရွှင်မှုများဖြင့် စိတ် ချမ်းမြေ့စရာများ စဉ်ဆက်မပြတ်ရရှိစေရန် ကိုယ်ကျင့်တရား ကောင်း မွန်ခြင်းက အဓိကကျသည်။ ထို့ကြောင့် လူ့အဖွဲ့အစည်း တစ်ခုလုံး အတွက် ပျော်ရွှင်ချမ်းမြေ့သောဘဝများ ကိုယ်စီပိုင်ဆိုင်နိုင်ကြရန် ပုဂ္ဂိုလ် တစ်ဦးချင်း၏ စိတ်ခံစားမှုပုံစံအမျိုးမျိုးအား ခွဲခြားနားလည်ရမည်ဖြစ် သည်။ အချို့သော ပုဂ္ဂိုလ်များသည် အိမ်ထောင်ရေး အဆင်မပြေမှုကြောင့် စိတ်ဖိစီးမှုဝေဒနာခံစားရတတ်သလို အချို့ကလည်း စီးပွားရေး နှင့်ပတ်သက်၍ စိုးရိမ်သောကများစွာ ရောက်နေတတ်ကြသည်။

ထိုသို့ စိတ်ပိုင်းဆိုင်ရာထိခိုက်စေသည့်(ပျော်ရွှင်မှုများနှင့်ဝေး ကွာနေသည့်) သူများအတွက် ၁၉၅၀ ခုနှစ်များအတွင်း ဆေးဝါးများ စွာပေါ်ထွက်ခဲ့သည်။ သို့သော်လည်း အဆိုပါ ဆေးဝါးများက သက်သာ ပျောက်ကင်းမှုထက် ဘေးထွက်ဆိုးကျိုးများစွာကိုသာ ရစေခဲ့သည်။

လူသားတို့၏သဘာဝအရ အနိုင်လိုချင်တတ်သည့် ပင်ကိုဗီဇ ရှိကြသည်။ အဆိုပါအနိုင်ယူလိုစိတ်အား မိမိ၏စိတ်သန္တာန်အတွင်း ဖြစ်ပျက်နေသည့် မကောင်းသောအမူအကျင့်များအား တိုက်ခိုက်ရာ၌ အကျိုးရှိရှိအသုံးချသင့်သည်။