Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

အောင်လှိုင် - ပထမနှစ်နာရီ

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out
Type

မိတ်ဆက်စကား

နှိုးစက်နာရီမြည်သံ အဆုံးသတ်သွားပြီဆိုတာနဲ့ သင်ဟာ အိပ်ရာ ပေါ်ကနေ လူးလဲထပြီး ရေချိုးခန်းဆီသို့ ဦးတည်ပြေးပါလိမ့်မယ်။

သင့်မျက်နှာပေါ်ကို ရေပက်ဖျန်းလောင်းချပြီးတာနဲ့ ရုံးခန်းကို ဘာ အင်္ကျီအဝတ်အစားတွေ ဝတ်သွားရမယ်ဆိုတာ စဉ်းစားမိပြီး အဝတ်ဗီရိုဆီသို့ တစ်ချက်လောက် ကြည့်နေပါလိမ့်မယ်။

ပြီးတော့ အလုပ်ချိန်အမီရောက်ဖို့အတွက် ရထားမလွတ်ရအောင် လည်း အိမ်ကနေ စောစောထွက်ရဦးမှာပေါ့။ ။

သင်က ရထားပေါ်ရောက်ပြီး ထိုင်ခုံမှာထိုင်ချလိုက်ပြီဆိုတာနဲ့ သင့် Laptop(လက်ပ်တော့) ကိုဖွင့်လိုက်ပြီး အီးမေးလ်ပေါင်း အစောင်ရေ ၁ဝဝ လောက်ဝင်ထားတာကို သင့် Inbox အတွင်းမှာ တွေ့ရပါလိမ့်မယ်။

နောက်ထပ် မိနစ် ၃၀ အကြာ သင်ဟာ သတင်းလွှာ ၂၇ စောင်ကို deleteလုပ်ပြီး အစည်းအဝေး ၁၁ ခုရဲ့ ဖိတ်ကြားချက်တွေကို လက်မခံဘဲ ပယ်ချဖို့ စီစဉ်ရပါလိမ့်မယ်။ ။

နံနက်စောစောအချိန် ၈း၃ဝ နာရီမျှသာ ရှိသေးသော်လည်း သင့် ဦးနှောက်တစ်ခုလုံးက ပူထူနေတာတွေ့ရပါမယ်။

သင် ရထားပေါ်ကဆင်းပြီး ရုံးကိုရောက်အောင် ဆက်လျှောက်သွား လိုက်တာနဲ့ ရုံးကိုလည်းရောက်ရော အရမ်းကို မောပန်းနေပါလိမ့်မယ်။

အထက်ပါအခြေအနေတွေဟာ သင်သာမကဘဲ အခြားလူတွေအားလုံးအတွက်ပါ ခံစားတွေ့ကြုံနေရတဲ့ နေ့စဉ်လူနေမှုဘဝသာဖြစ်ပါ တယ်။

သင်၊ ကျွန်ုပ်တို့အနေနဲ့ အဆိုးသံသရာလည်မှုတွေကို ကြံ့ကြံ့ခံပြီး တစ်ချိန်ချိန်မှာ လွတ်မြောက်အောင် ရုန်းကန်နိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။

အလုပ်များတဲ့သူတွေဟာ နေ့သစ်အစပြုချိန်ကနေ တောက်လျှောက် ပင်ပန်းပြီး နံနက်ပိုင်းပြီးတော့ နေ့လယ်ခင်း၊ ထိုမှတစ်ဆင့် မွန်းလွဲချိန်၊ ထို့နောက် ညနေပိုင်း မိုးချုပ်ချိန်ထိ အလုပ်တွေ နောက်ကျမှ လက်စသတ် ရလေ့ရှိတတ်ပါတယ်။

ထို့နောက် အိမ်ကို စိတ်မကြည်မသာစွာနဲ့ပြန်လာပြီး ညပိုင်းအချိန် အိမ်အလုပ်ရသလောက်လုပ်၊ ပြီးတာနဲ့ ပင်ပန်းနွမ်းနယ်စွာ အိပ်ရာဝင်ရ တတ်ပါတယ်။ ဒီလိုနဲ့ နောက်တစ်နေ့နံနက် အိပ်ရာနိုးထလာပြီး ခါတိုင်း နေ့ ရက်တွေလိုပဲ တစ်နေကုန် အလုပ်တွေများရပြန်ပါတယ်။

သင်/ကျွန်ုပ်တို့ အတွက် နေ့စဉ်ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေ၊ လုပ်ငန်းစဉ်တွေဟာ အဆိုးသံသရာလည်သလိုမျိုးဖြစ်နေပြီး တော်ရုံစိတ် ဓာတ်နဲ့ အသားကျဖို့ကလည်း မလွယ်ကူလှပါဘူး။

ကျွန်ုပ်တို့ ကြုံတွေ့ရတဲ့ ပြဿနာတွေကို ပြုပြင်ဖို့နဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ကြိုးစားရာမှာ ဘယ်နည်းလမ်းနဲ့ အဆင်ပြေမယ်ဆိုတာကို ဘယ်သူ ကမှ မရိပ်စားမိကြပါဘူး။

တကယ်တော့ ကျွန်ုပ်တို့ရဲ့ နေ့စဉ်အချိန်တွေအပေါ် ကောင်းမွန်ထိ ရောက်စွာ စီမံခန့်ခွဲနိုင်ခြင်းမရှိသေးသရွေ့ ကျွန်ုပ်တို့အပေါ် အချိန်တွေက အပိုင်းအခြားအလိုက် ဖိအားပေးနေမှာဖြစ်ပါတယ်။

ကျွန်ုပ်တို့အချိန်တွေကို စီမံခန့်ခွဲရာမှာ ကျွန်ုပ်တို့လုပ်ရမယ့်အလုပ် တာဝန်တွေထဲက ဘယ်အလုပ်က အရေးကြီးသော်လည်း နောက်ကျမှ အချိန်ပေးလုပ်ဆောင်နိုင်မယ် (သို့) ချက်ချင်းဆောင်ရွက်ရမယ့်အလုပ်တွေက ဘယ်လောက်ရှိတယ်၊ အရေးကြီးသလို ချက်ချင်းအမြန်ဆောင်ရွက်ရမယ့် အလုပ်တွေက ဘယ်လောက်ရှိတယ်ဆိုတာကို ခွဲခြားပြီး အလုပ်တစ်ခုစီ အတွက် ဆောင်ရွက်၊ လက်စသတ်နိုင်ဖို့ အချိန်ကို ကန့်သတ်ပေးရမှာဖြစ် ပါတယ်။

သင်ဆောင်ရွက်ရမယ့် အလုပ်နဲ့ ကန့်သတ်ချိန်တွေက ကိုက်ညီမှုရှိ တယ်ဆိုရင် သင်ဟာ ကျန်ရှိသော လုပ်ငန်းအဆင့်အတန်း၊ အမျိုးအစား အလိုက် အချိန်ကို စီမံခန့်ခွဲပေးနိုင်မှာဖြစ်ပါတယ်။

သင့်အနေနဲ့ အချိန်ကို စီမံခန့်ခွဲနိုင်ခြင်းမရှိဘဲ သင်လုပ်ရမယ့် အလုပ် ကိစ္စတွေအတွက်သာ အာရုံစိုက်နေမယ်ဆိုရင် ဘယ်အလုပ်က အရေး ကြီးတယ်၊ ဘယ်အလုပ်က ချက်ချင်းလုပ်ရမယ်ဆိုတာကို မခွဲခြားနိုင်တော့ ဘဲ နောက်မှလုပ်ရမယ့်အလုပ်ကို အရင်ပြီးအောင်လုပ်မိတာမျိုး၊ အရင်လုပ်ရ မယ့် ကိစ္စကို နောက်ကျမှဆောင်ရွက်တာမျိုးတွေနဲ့ အမှားသံသရာလည်နေမှာ ဖြစ်ပါတယ်။

ဒါကြောင့် လုပ်ငန်းအခြေအနေ အဆင့်အတန်းကို ခွဲခြားပြီး ဦးစားပေး ဆောင်ရွက်ရမယ့် လုပ်ငန်းကိစ္စတွေကို အစဉ်အတိုင်း ဇယားဆွဲပြီး ရေးချ ထားပေးပါ။

ကျွန်ုပ်တို့ ဘာလုပ်မယ်ဆိုတာကို အာရုံစူးစိုက်ထားခြင်းထက် ဘယ်အချိန်မှာ ဘာလုပ်မယ်ဆိုတာကို ပိုပြီးအာရုံစူးစိုက်ထားပေးပါ

မိုးလင်းမှမိုးချုပ်အထိ အလုပ်ပင်ပန်းနေသူတွေအတွက် စိတ်ပိုင်း ဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေမှာ မျှတစွာကောင်းမွန်နေဖို့ လိုအပ် ပါတယ်။

ထိုသို့ စိတ်ပိုင်း-ရုပ်ပိုင်းဆိုင်ရာအခြေအနေတွေ နေ့စဉ်ကောင်းမွန်နေ စေဖို့အတွက် ကျွန်ုပ်တို့ လုပ်ငန်းတာဝန်ထမ်းဆောင်တဲ့ နေ့ရက်တိုင်းရဲ့ ပထမဆုံးသော နှစ်နာရီတိုင်းမှာ အလေ့အထကောင်းတွေ စွဲမြဲနေဖို့ လိုအပ် ပါတယ်။

သင်က အလုပ်ခွင်အတွင်း နေ့သစ်စပြီဆိုတာနဲ့ သင့်ကွန်ပျူတာထဲက Inbox ထဲမှာ ဘယ်လိုအကြောင်းအရာကိစ္စတွေ ရောက်နေသည်ဖြစ်စေ၊ သင့်အလုပ်စားပွဲမှာ ဘယ်သူပဲ ရောက်ရှိနေသည်ဖြစ်စေ သင်က ဆက်တိုက်ဆောင်ရွက်မှုတွေ လုပ်နိုင်တာနဲ့ သင့်အလုပ်တွေပြီးမြောက်အောင်မြင်မယ်လို့ ရှုမြင်တတ်ပါလိမ့်မယ်။ သို့သော်လည်း လက်တွေ့အားဖြင့် သင်က ရှိသမျှအလုပ်တွေကို သိမ်းကျုံးလုပ်ဆောင်တိုင်း အလုပ်အားလုံး မပြီးမြောက်တတ် သလို တစ်နေ့တာလုံးမှာလည်း ဆင်းရဲပင်ပန်းမှုတွေနဲ့ ကြုံတွေ့ ရင်ဆိုင်ရ တတ်ပါတယ်။

ဒါကြောင့် အလုပ်တွေကို တစ်ခုပြီးတစ်ခု ဆက်တိုက်ပြီးပြတ်အောင် လုပ်နိုင်ဖို့ ကြံရွယ်အားထုတ်ခြင်းထက် အလုပ်အမျိုးအစားအလိုက် အဆင့် ခွဲခြားပြီး အရေးအကြီးဆုံးနှင့် ချက်ချင်းအမြန်ဆောင်ရွက်ရန်လိုသော အလုပ် တွေကိုသာ ဦးစားပေးဆောင်ရွက်ပါ။

သင်ဆောင်ရွက်သော အလုပ်တစ်ခုစီနဲ့ လိုက်ဖက်သော အချိန် အတိုင်းအတာကို ကန့်သတ်ပေးပါ။

ဒါကြောင့် နေ့သစ်တိုင်းမှာ ကျွန်ုပ်တို့ အလုပ်ခွင်ကိုရောက်ရှိတာနဲ့ ကျွန်ုပ်တို့ရဲ့ တစ်နေကုန်လုပ်ငန်းစွမ်းဆောင်ရည်ကို လျော့ကျသွားစေမယ့် အလုပ်တွေက ဘယ်အလုပ်တွေဖြစ်တယ်ဆိုတာကို ဦးစွာသိရှိထားဖို့ လိုပါ တယ်။

သင့်အလုပ်ချိန် စတင်ပြီဆိုတာနဲ့ သင့် Inbox အတွင်း email ဘယ် လောက်ဝင်ရောက်ထားတယ်ဆိုတာကို စစ်ဆေးခြင်း၊ အလုပ်စားပွဲကို သန့် ရှင်းရေးလုပ်ခြင်း၊ ဘေးစားပွဲတွင်ရှိသော လုပ်ဖော်ကိုင်ဖက်နှင့် ဘောလုံးပွဲ အကြောင်းပြောဆိုခြင်းတွေကြောင့် သင့်တစ်နေ့တာ အလုပ်လုပ်သော အချိန်တွေကို ငြီးငွေ့ခြင်းမရှိတော့ဘဲ ပင်ပန်းသည်ဟုလည်း ခံစားရခြင်းမရှိတော့ ဘဲ တစ်နေကုန် နိုးကြားတက်ကြွလန်းဆန်းစွာနဲ့ အလုပ်တွေပြီးမြောက်အောင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

အမှန်တော့ သင့်အလုပ်ချိန်စတင်တာနဲ့ ပထမဆုံး နှစ်နာရီအတွင်းမှာ အသင့်လျော်ဆုံး လုပ်သင့်သောအလုပ်တွေကို ဦးစားပေးလုပ်ဆောင်ဖို့ လိုပါတယ်။

သင့်အတွက် အသင့်လျော်ဆုံး လုပ်သင့်သောအလုပ်တွေကတော့ Inbox အတွင်း ဝင်ရောက်ထားသော အီးမေးလ်များကို တုံ့ပြန်ဖြေကြားခြင်း၊ အစည်းအဝေးကျင်းပဖို့ အစီအစဉ်ရေးဆွဲခြင်း၊ နောက်နှစ် လုပ်ငန်းစဉ်များ အတွက် မဟာဗျူဟာရေးဆွဲခြင်းတွေပဲ ဖြစ်ပါတယ်။

ကျွန်ုပ်တို့ အလုပ်စလုပ်ချိန်ရဲ့ ပထမ နှစ်နာရီက ဘယ်လောက်ထိကောင်းကျိုးသက်ရောက်မှုတွေ ရှိနေတယ်ဆိုတာကို သေချာစွာ ဆက်လက် လေ့လာပေးနိုင်ပါတယ်။

သင်က အလုပ်ချိန်ရဲ့ ပထမ နှစ်နာရီအတွင်း အကျိုးသက်ရောက်မှု ကောင်းစေတဲ့အလုပ်တွေ လုပ်ဆောင်ပေးနိုင်မယ်ဆိုရင် သင့်တစ်နေ့တာ ရဲ့ အချိန် တစ်နာရီတိုင်းကို ကောင်းမွန်စွာထိန်းချုပ်ပြီး အကျိုးရှိရှိ အသုံးချ နိုင်တော့မှာ ဖြစ်ပါတယ်။

ကျွန်ုပ်တို့ အလုပ်စတင်ချိန်၌ အလေ့အထကောင်းတွေရရှိအောင် အနည်းငယ် ပြောင်းလဲပေးနိုင်ခြင်းဖြင့် ကျွန်ုပ်တို့ကိုယ်ကိုယ် ပိုမိုကျွမ်းကျင် လိမ္မာပြီး ထိရောက်စွာစွမ်းဆောင်နိုင်စွမ်းရှိတဲ့သူတွေ ဖြစ်လာစေမှာ ဖြစ်ပါ တယ်။

ကျွန်ုပ်တို့က ဆောင်ရွက်လုပ်ကိုင်စရာအလုပ်တွေကို ပြင်းပြင်းထန် ထန် လုပ်စရာမလိုအပ်ဘဲ စမတ်ကျကျနှင့် ပြီးပြတ်အောင်သာ လုပ်ဖို့လိုအပ် ပါတယ်။ သင်က အလုပ်တစ်ခုကို စတင်ကိုင်တွယ်လိုက်ပြီဆိုတာနဲ့ သင်ဘာ လုပ်ဖို့လိုအပ်တယ်ဆိုတာကို ဦးစွာစဉ်းစားပြီး အကောင်းဆုံးလုပ်ဆောင်နိုင် ဖို့အတွက် ရွေးချယ်ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

သင့်လုပ်ငန်းတွေ အောင်မြင်စွာ လက်စသတ်နိုင်ဖို့အတွက် သင့်ရဲ့ အလေ့အထတွေ အပြောင်းအလဲလုပ်ပေးခြင်းက တစ်နေ့တာ အလုပ်လုပ်ချိန် တစ်လျှောက်လုံးကို စွမ်းဆောင်ရည်ပြည့်ဝစွာ ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။

သင်၏ ကိုယ်ပိုင်စွမ်းဆောင်နိုင်စွမ်းနှင့်ပတ်သက်ပြီး အမြဲတမ်း ထိပ် တန်းရောက်ရှိစေဖို့ သင့်အပြုအမူ၊ အလေ့အထ အပြောင်းအလဲတွေက ကောင်းကျိုးအမျိုးမျိုး သက်ရောက်စေတာ တွေ့ရပါလိမ့်မယ်။

ကိုယ်ပိုင်စွမ်းဆောင်ရည်နှင့်ပတ်သက်သော ဉာဏ်စမ်း

သင် ယခုလောလောဆယ် အလုပ်ဆင်းရက်တွေအတွင်း ရှိနေတဲ့ အပြုအမူ၊ အလေ့အထတွေကို သင်ကိုယ်တိုင်နားလည်အောင် ကြိုးစားဖို့က ပထမ အရေးကြီးပါတယ်။

သင့်ဘက်က နားလည်ပြီဆိုတာနဲ့ သင့်ကိုယ်ပိုင်စွမ်းဆောင်ရည်နှင့် ပတ်သက်သော ဉာဏ်စမ်းမေးခွန်းတွေကို ဖြေဆိုပေးပါ။

အောက်တွင် ဖော်ပြထားသော မေးခွန်းများကိုဖတ်ပြီး အက္ခရာအစဉ် အလိုက် A, B, C, D, E တို့အနက်မှ သင်ကြိုက်ရာ အဖြေတစ်ခုကို စက် ဝိုင်း ဝိုင်းပြပေးပါ။

အဖြေနှင့်ပတ်သက်ပြီး သင့်ဘက်က ရိုးသားမှုရှိဖို့ လိုအပ်ပါတယ်။

  1. သင့်တစ်နေ့တာ အလုပ်ချိန်စစချင်း ပထမ နှစ်နာရီအတွင်းမှာအများအားဖြင့် သင် ဘာတွေလုပ်ပါသလဲ။

(သင် လုပ်လေ့လုပ်ထရှိသော အလုပ်များ)

  1. ကော်ဖီသောက်တယ်။ ကျွန်တော်/ကျွန်မ ကော်ဖီသောက်နေချိန်အတွင်း အလုပ်ကိစ္စနဲ့ပတ်သက်ပြီး ဘာ ကိုမှ မလုပ်နိုင်၊ မစဉ်းစားနိုင်ခဲ့ပါဘူး။
  2. ကျွန်တော်/ ကျွန်မ ကွန်ပျူတာရဲ့ Inbox အတွင်း ဝင်ရောက်နေတဲ့ email တွေကို အရင်ဆုံး စစ်ဆေးလိုက် တယ်။ လွန်ခဲ့သော ငါးမိနစ်က ပြီးစီးခဲ့တဲ့ အစည်းအဝေး ဆုံးဖြတ်ချက်တွေကို ပြန်မစဉ်းစားသေးခင် အီးမေးလ်

တွေကို ပြန်ကြားဖို့ စီစဉ်လိုက်တယ်။

  1. ကျွန်တော်/ ကျွန်မရဲ့ Email တွေကို စစ်ဆေးလိုက်တယ်။ အီးမေးလ်အတော်များများက ချက်ချင်းအမြန် အကြောင်းကြားရမယ့် အီးမေးလ်တွေချည်းပဲ။ ကျွန်တော်/ ကျွန်မ ဆောင်ရွက်ရမယ့် အလုပ်စဉ်ဇယားထဲမပါ တဲ့ အလုပ်တွေကို ကြားဖြတ်ဆောင်ရွက်ရတော့ စိတ်ဖိစီးမှု ဖြစ်လာခဲ့တယ်။
  2. ကျွန်တော်/ ကျွန်မရဲ့ အီးမေးလ်တွေကို စစ်လိုက်တယ်။ ပြီးတော့ ချက်ချင်းအကြောင်းပြန်လိုက်တယ်။ ပြီးတာနဲ့ Inbox o Shut Down လုပ်လိုက်တယ်။ နောက်တော့ တစ်နေ့တာလုပ်ငန်းစဉ်ထဲက အရေးအကြီးဆုံးနဲ့ ချက်ချင်း အမြန် ဆောင်ရွက်ရမယ့်အလုပ်ကို စတင်ကိုင်တွယ်လိုက်တယ်။
  3. ကျွန်တော်/ကျွန်မရဲ့ အီးမေးလ်တစ်စောင်ကို စစ်ဆေးလိုက်တယ်။ ပြီးတော့ တစ်နေ့တာ အလုပ်စဉ်ဇယားထဲ က ချက်ချင်းအမြန် ဆောင်ရွက်ရမယ့်အလုပ်က ဘာလဲ ဆိုတာကို စစ်ဆေးလိုက်တယ်။ ချက်ချင်း အမြန်ဆောင် ရွက်ရမယ့် အလုပ်ကို လက်စသတ်ပြီးတာနဲ့ အီးမေးလ် အကြောင်းပြန်ခြင်းကိစ္စကို ဆောင်ရွက်လိုက်တယ်။ ကျွန်တော့် တစ်နေ့တာ အလုပ်စဉ်ဇယားထဲက အမှန်တကယ် ပြီးမြောက်လိုသောအလုပ်တွေ အချိန်မီပြီးမြောက်ရဲ့ လား ဆိုတာကို စစ်ဆေးလိုက်ပါတယ်။
  4. သင်က လုံးဝမမျှော်လင့်ထားသော ပရောဂျက်တစ်ခုကို လက်ခံရရှိပြီး သတ်မှတ်နောက်ဆုံးရက်ကလည်း အချိန်သိပ်မရှိတော့တဲ့အခါ စိတ်ထဲ ဘယ်လိုခံစားရမလဲ။
  5. ကျွန်တော့်အနေနဲ့ အလုပ်ကိစ္စနှင့်ပတ်သက်ပြီး စိတ်ရှုပ်ထွေးရပါလိမ့်မယ်။ ဒါဟာ တကယ်တော့ ကျွန်တော့်ရဲ့ ချို့ယွင်းအားနည်းချက် မဟုတ်ပါဘူး။ ။
  6. အိုကေ! ကျွန်တော့်ဘော့စ်က အလုပ်ပြီးပြတ်အောင် မဖြစ်မနေ ဆောင်ရွက်ပါလို့ ပြောတယ်ဆိုရင် ကျွန်တော်

ပြီးပြတ်အောင် ဆောင်ရွက်ပါ့မယ်။

  1. ကျွန်တော် ကျွန်မက သတ်မှတ်နောက်ဆုံးရက်နှင့်အပြိုင်အချိန်လုပြီး ဆောင်ရွက်ရတာကို နှစ်သက်တယ်။
  2. ကျွန်တော်/ ကျွန်မ ရုတ်တရက် အံ့သြသွားပေမဲ့ သူဌေးဖြစ်စေချင်တဲ့အတိုင်း လုပ်ဆောင်ဖို့ အရန်သင့်ရှိနေပါ လိမ့်မယ်။ အမှန်တကယ်ပြီးမြောက်အောင် ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုရင်...... အဲဒီအလုပ်ပြီးမြောက်အောင်

ဆောင်ရွက်ရတာကို နှစ်သက်ပါတယ်။

  1. ဦးစားပေးဆောင်ရွက်သင့်တဲ့ အလုပ်တွေကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ဖို့ ကျွန်တော် ကြိုးစားရခြင်းဟာ အရာရာ သူတကာထက် ထိပ်တန်းရောက်အောင် ကြိုး