စိတ်ကူးချိုချိုစာပေ
အောင်လှိုင် - နောက်ဆုတ်ပြီးမှရှေ့ဆက်ပါ
အောင်လှိုင် - နောက်ဆုတ်ပြီးမှရှေ့ဆက်ပါ
ထုတ်ယူရရှိနိုင်မှုကို မတင်နိုင်ခဲ့ပါ။
အခန်း (၁)
သင့်စိတ်နေစိတ်ထားကို ရွေးချယ်ပါ
သင့်ဘဝတစ်သက်တာအတွင်း သင်ရွေးချယ်မှုလုပ်ပေးနိုင်တဲ့ တစ်ခု တည်းသောအရာကတော့ သင့်ရဲ့ စိတ်နေစိတ်ထားပဲ ဖြစ်ပါတယ်။
သင်အသက်ရှည်စွာနဲ့ နေထိုင်ခွင့်ရရှိလေ ဘဝမှာ ထားရှိသင့်တဲ့ စိတ်နေစိတ်ထားနဲ့ပတ်သက်ပြီး ပိုမိုသဘောပေါက်လာမှာဖြစ်ပြီး စိတ်နေ စိတ်ထားက အတိတ်ကာလကရှိခဲ့တဲ့ အခြေအနေတွေ သင့်ပညာရေး၊ သင့် ပိုင်ဆိုင်မှုငွေကြေး၊ သင့်အောင်မြင်မှုနဲ့ကျရှုံးမှု၊ အခြားလူတွေရဲ့ ထင်မြင်ယူဆ ချက်တွေထက် ပိုမိုအရေးပါနေတဲ့သဘောကို လက်ခံနိုင်ပါလိမ့်မယ်။
ကျွန်ုပ်တို့အနေနဲ့ ကျွန်ုပ်တို့ အတိတ်ကဖြစ်ခဲ့တဲ့ အခြေအနေအရပ် ရပ်အပေါ် အပြောင်းအလဲတွေ လုပ်မပေးနိုင်တော့ဘဲ ကျွန်ုပ်တို့ လက်ရှိလက် ဝယ်ရှိထားပြီးတဲ့ တစ်ခုတည်းသောအရာနဲ့သာ ရှေ့ဆက်ခရီးသွားရမှာဖြစ်ပါ တယ်။ ကျွန်ုပ်တို့ရဲ့ တစ်ခုတည်းသော အရာဆိုတာကတော့ ကျွန်ုပ်တို့ရဲ့ စိတ်နေစိတ်ထားပဲ ဖြစ်ပါတယ်။
သင့်အတွက် တစ်နေ့တစ်ရက်ချင်းစီမှာ ရွေးချယ်မှုတွေရှိနေမှာ ဖြစ် ပြီး သင့်စိတ်နေစိတ်ထားအပေါ် အခြေခံတဲ့ရွေးချယ်မှုတိုင်းက သင့်တစ်နေ့ တာလုံး တွေ့ကြုံဆက်ဆံ ပြောဆိုရမယ့်သူတွေအပေါ် အကျိုးသက်ရောက်စေမှာဖြစ်ပါတယ်။ သင့်အတွက် အကျိုးသက်ရောက်မှုတွေ ကောင်းစေချင်တဲ့ အခါ သင့်ကိုယ်သင် လိုအပ်သလို မေးခွန်းတွေ မေးပြီး အကောင်းဆုံးသော ဆောင်ရွက်မှုတွေနဲ့ အားဖြည့်ပေးပါ။ | ကျွန်ုပ်တို့ ဘဝမှာ ဘယ်လောက်ပဲ ကြိုးစားအားထုတ်မှုတွေနဲ့ အကောင်းဆုံးလုပ်တိုင်း ကျွန်ုပ်တို့ စိတ်တိုင်းကျလောက်တဲ့ အတိုင်းအတာ အထိ တိုးတက်မှုမရှိတာတွေကို တွေ့ရှိရတတ်ပါတယ်။
ဒီအခါ ကျွန်ုပ်တို့လုပ်ခဲ့သမျှအပေါ် တင်းတိမ်အားရခြင်း မရှိတတ် ပဲ ဒီထက်ကောင်းအောင်လုပ်နိုင်ခဲ့ဖို့ ကောင်းတယ် ဆိုတဲ့ စကားကို မကျေ မနပ် ပြောဆိုတတ်ကြပါတယ်။ ။
ကျွန်ုပ်တို့ဘဝမှာ အခက်အခဲအတားအဆီး အဖြစ်ဆုံးသောအရာက တော့ အပြစ်အနာအဆာမရှိ ကောင်းမွန်သော၊ စင်းလုံးချောကောင်းမွန်သော အဆင့်ကို ရောက်အောင် ကြိုးစားခြင်းပဲ ဖြစ်ပါတယ်။ ။
လူအများစုအနေနဲ့ စင်းလုံးချောကောင်းမွန်အောင် ကြိုးစားပြီး အောင် မြင်မှုကို ရယူလိုကြပါတယ်။ သို့သော်လည်း လက်တွေ့ အရ အမှန်တကယ် ဖြစ်မလာတဲ့အခါ စိတ်ဓာတ်ကျဆင်းပြီး လမ်းကြောင်းမှန်နဲ့ သွေဖည်သွား တတ်ပါတယ်။
အောင်မြင်မှုကို နူးညံ့ညင်သာတဲ့ နည်းလမ်းနဲ့ ချဉ်းကပ် ရယူနိုင်ဖို့အတွက် စိတ်ရှည်သည်းခံခြင်း၊ အများအပေါ် နားလည် ပေးနိုင်ခြင်း၊ သနားကြင်နာတတ်ခြင်း၊ အပြုံးပန်းဖြင့် ဆက်ဆံ ခြင်းတွေပါတဲ့ စိတ်နေစိတ်ထားကို သတ်မှတ်ပြီး အချိန် နောက်ဆုတ်ခြင်းတွေနဲ့ မိမိဖြစ်ချင်တာတွေကို အကောင်အထည် ဖော်ရမှာ ဖြစ်ပါတယ်။
အခန်း (၂)
သင့်လမ်းကြောင်းမှန်ကို ရှာဖွေခြင်း
သင့်ဘဝမှာ သင်လုပ်ချင်သော ကိစ္စတွေအတွက် အရာရာအဆင်ပြေ ချောမွေ့ခြင်းမရှိအောင် ဘာတွေက တားဆီးပိတ်ကာနေပါသလဲ။
သင်ဦးတည်လျှောက်လှမ်းနေတဲ့လမ်းက မှားယွင်းနေပါသလား။
သင့်အတွက် အောင်မြင်မှုဆီသွားမယ့် လမ်းကြောင်းကို သင်က ကာ ကွယ်နိုင်စွမ်းလျော့ကျနေပါသလား။ (သို့) သင့်အလုပ်ခွင်အတွင်း ဆက်ဆံ ရေးကို အတားအဆီးဖြစ်စေတဲ့အရာတွေ ရှိနေပါသလား။ အဆိုပါ မေးခွန်း တွေအတွက် သင့်ဘက်က လုပ်နိုင်စွမ်းတွေနဲ့ နောက်ဆုတ်ပြီးအချိန်ယူ ဆောင်ရွက်မှုတွေ မှန်ကန်တဲ့ အဖြေပေးနိုင်ပါလိမ့်မယ်။
ကျွန်ုပ်တို့ရဲ့ အိမ်၊ အလုပ်၊ မိသားစု လှုပ်ရှားဆောင်ရွက်စရာကိစ္စများ အတွက်သာ အဓိကဦးစားပေးသင့်ပြီး အခြားမလိုလားအပ်သော ကိစ္စအမျိုး မျိုးကို လက်လွှတ်နိုင်ဖို့ လိုပါတယ်။
အကယ်၍သင်က မလိုအပ်သောကိစ္စ အပိုတွေကို မလုပ်ဘဲ ခေတ္တ နောက်ဆုတ်ခြင်းဖြင့် ကိုယ်စိတ်နှစ်ပါးကို သက်သာပြေလျော့စေပြီး စိတ်၏ တည်ငြိမ်အေးချမ်းမှုကို ရရှိစေမှာ ဖြစ်ပါတယ်။
သင်က အခြေအနေအရှုပ်အထွေးတွေကနေ နောက်ဆုတ်ပေးခြင်းဖြင့် သင့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အရေးမကြီးတဲ့ကိစ္စတွေက အပြည့် နေရာယူထားတာ တွေ့ရှိရပါလိမ့်မယ်။
သင်က အရှုပ်အထွေးဖြစ်နေတဲ့ အခြေအနေတွေကနေ ခေတ္တ ကွာအောင် နောက်ဆုတ်ပြီး စိတ်ကူးအတွေးအခေါ်သစ်တွေ ရည်မှန်းချက် အသစ်တွေအတွက် အစီအစဉ်ရေးဆွဲနိုင်ပါလိမ့်မယ်။
ယနေ့ကာလ ကုမ္ပဏီအများစုအနေနဲ့ သာမန်လက်အောက်ဝန်ထမ်း တို့မှအပ ကျန်အရာရှိ အတော်များများဟာ ကွန်ပျူတာတွေ၊ တက်ဘလက်တွေ၊ ဖုန်းတွေအကြား အစဉ်အမြဲအလုပ်များနေကြပြီး အားလပ်ချိန်မရှိ သလောက်ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ကုမ္ပဏီတစ်ခုဟာ သူ့ဝန်ထမ်းတွေ ကို ရက်သတ္တပတ် တစ်ပတ်မှာ တစ်ညနေလောက်သာ အားလပ်ချိန်ပေးဖို့ မကြာသေးခင်က အမိန့်ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ ။
ဝန်ထမ်းတွေအနေနဲ့ အားလပ်ချိန်အတွင်း ကိုယ်စိတ်နှစ်ပါး အပြည့် အဝပြေလျော့စွာ အနားယူနိုင်ဖို့ သူတို့ရဲ့ ဖုန်းတွေ၊ ကွန်ပျူတာတွေကို လုံးဝ မျက်ကွယ်ပြုထားခဲ့တယ်လို့ ဆိုပါတယ်။
သင်က အလုပ်ခွင်အတွင်း အနားရနေချိန်ဖြစ်စေ (သို့) ရှုပ်ထွေးနေ သော ကိစ္စတွေကြားထဲကနေ ခေတ္တခဏနောက်ဆုတ်ခွင့်ရနေလျှင်ဖြစ်စေ၊ သင်အမှန်တကယ်လုပ်ချင်၊ ဖြစ်ချင်၊ ရချင်တဲ့အရာတွေက ဘာလဲ။
သင့်ရည်မှန်းချက်အစစ်အမှန်က ဘာလဲ ဆိုတာကို သေချာသိအောင် ကြိုးစားပေးပါ။ သင့်ကိုယ်သင်အတွက် အကောင်းဆုံးအစီအစဉ်တွေ ကြို တင်ချမှတ်ပြီးမှသာ ရှေ့ဆက်လုပ်ဆောင်ရမယ့် အစီအစဉ်များကို စတင်ပေး ပါ။
သင်က ခြေတစ်လှမ်းနောက်ဆုတ်လိုက်တိုင်း သင့်အတွက် သေချာ တဲ့အခွင့်အရေးတစ်ရပ်ကို ကိုယ်တိုင်ဖန်တီးမိလျက်သား ဖြစ်နေတာ တွေ့ရ ပါလိမ့်မယ်။
သင်က အခြေအနေ အချိန်အခါ နေရာဌာနအပေါ်မူတည်ပြီး ခေတ္တ နောက်ဆုတ်ခြင်း လုပ်နေချိန်အတွင်းမှာ သင့်ဘဝတိုးတက်ရာ တိုးတက် ကြောင်းဖြစ်စေမယ့် စိတ်ကူးသစ်တွေ ထူးခြားတဲ့အမြင်တွေ ရှိလာမှာဖြစ်ပြီးအခက်အခဲ အတားအဆီးတွေကို ကျော်လွှားနိုင်ရုံမက လိုအပ် သလို ပြောင်းလဲမှုတွေကိုပါ လုပ်လာနိုင်မှာဖြစ်ပါတယ်။
အကယ်၍ သင်က လိုအပ်သလို ပြင်ဆင်မှုတွေ မရှိဘဲ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်တဲ့ အခွင့် အလမ်းတွေ အားနည်းသွားပြီး အရှုံးတွေကိုသာ လက်ခံရရှိပါလိမ့်မယ်။
သင့်ဘက်က အကောင်းဆုံးပြင်ဆင်မှုတွေလုပ်ပြီး တစ်ခုပြီးမှ နောက် တစ်ခုလုပ်မယ်ဆိုရင် အဆင့်ဆင့်တိုးတက်အောင်မြင်မှုတွေ ရရှိမှာဖြစ်ပြီး သင်ဘာလုပ်လုပ် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရှိ ရဲရဲဝံ့ဝံ့လုပ်ဆောင်နိုင်ပါလိမ့် မယ်။ သင့်ဘဝအတွက် အဆင့်လိုက်ဆောင်ရွက်ခြင်းကို လုပ်နိုင်တာနဲ့ သင့် အလိုဆန္ဒတွေကို မျှတစွာ ဖြည့်ဆည်းပေးနိုင်ရုံမက ဘဝတစ်သက်တာအချိန် တွေကို အချိန်နဲ့တစ်ပြေးညီ အကျိုးရှိရှိ အသုံးချနိုင်ပါလိမ့်မယ်။
အချိန်ကိုက်ဆောင်ရွက်ခြင်း
အချိန်ကိုက်ဆောင်ရွက်ခြင်းထဲမှာ လုံလောက်သောအချိန်ဖြင့် အံဝင် ခွင်ကျပြီးမြောက်အောင် ဆောင်ရွက်နိုင်တဲ့သဘော အချိန်အတိအကျ ပြီး မြောက်အောင် ကြိုတင်ပြင်ဆင်ထားတဲ့သဘော အချိန်အတိအကျ အရေးယူဆောင်ရွက်နိုင်တဲ့သဘော အချိန်ကိုက်အောင်မြင်မှု ရယူနိုင်တဲ့သဘောတွေ အသီးသီး ပါဝင်လျက်ရှိပါတယ်။
ကျွန်ုပ်တို့ဆောင်ရွက်ရမယ့် အလုပ်ကိစ္စတစ်ခုအတွက် အချိန်အလုံ အလောက်ရှိနေတယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ လုပ်ငန်းစဉ်အားလုံးကို အချိန်မီ ပြီးပြတ်အောင် ထိထိရောက်ရောက်ဆောင်ရွက်နိုင်ပါလိမ့်မယ်။ ပရောဂျက်သစ်တစ်ခုစတင်ဖို့အတွက် အသင့်မြတ်ဆုံးသောအချိန်ကို သတ်မှတ်ရာမှာ လုပ်ငန်းစဉ်အစအဆုံးပြီးဆုံးသွားတဲ့ အချိန်ကာလနဲ့ ပရော ဂျက်လုပ်ကိုင်နေချိန်အတွင်း လုံလောက်မယ့်အချိန်တွေအတွက် ကြိုတင် တွက်ချက်သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ။
တစ်ခါတစ်ရံ ကျွန်ုပ်တို့ လုပ်ငန်းတွေအတွက် အချိန်ကိုက်ဆောင် ရွက်နေချိန်အတွင်း အတားအဆီးအခက်အခဲတွေကြောင့် စိတ်ရှည်သည်းခံ မှုမရှိခြင်း၊ ထိတ်လန့်ကြောက်ရွံ့ခြင်းတွေကြောင့် အချိန်ကိုက်ဆောင်ရွက်ခြင်း
Share












