Skip to product information
1 of 12

စိတ်ကူးချိုချိုစာပေ

အောင်လှိုင် - ဉာဏ်ပါပါစီးပွါးရှာ

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out
Type

Chapter - 1

What is Financial Intelligence?

ငွေကြေးဆိုင်ရာအသိဉာဏ်ပညာဆိုတာဘာလဲ

ကျွန်တော် ၅ နှစ်သားအရွယ်လောက်မှာ အရေးပေါ် ခွဲစိတ်ကုသခံရဖို့ ဆေးရုံတက်ခဲ့ရပါတယ် ... ကျွန်တော့်နားမှာ ကူးစက်ရောဂါပိုးတစ်ခုကြောင့် အပြင်းအထန်နာကျင်ပြီး ဆေးရုံတက်ရတာပါ။ ကံဆိုးချင်တော့ ကျွန်တော် ဆေးရုံတက်ကုသနေတုန်းမှာ “ရေကျောက်” ရောဂါထပ်ဖြစ်ပြန် ပါတယ်။ ကျွန်တော့်ကို ဆေးရုံမှာ အဖေနဲ့ ညီလေးက ထွေးပွေ့ထားကြ တယ်။ ကျန်တဲ့ ညီမလေးနှစ်ယောက်ကတော့ ဆေးရုံအပြင်ဘက်မြက်ခင်း ပြင်မှာ မတ်တတ်ရပ်ရင်း ကျွန်တော်မြင်ရတဲ့ ပြတင်းပေါက်ဘက်ကို လက် လှမ်းပြနေကြတယ်။ ကျွန်တော့်အမေကတော့ ဆေးရုံကို မလာနိုင်ပါဘူး။ အမေခမျာလည်း နှလုံးအားနည်းတဲ့ရောဂါနဲ့ အိပ်ရာထဲလဲနေတာ ရက် အတော်ကြာပါပြီ ...

အဲဒီတစ်နှစ်အတွင်းမှာ ကျွန်တော့်ညီလေးက ဆေးရုံတက်ရပြန် တယ် ... ညီလေးက ကားဂိုဒေါင်ထဲမှာ ချော်လဲကျတာ ခေါင်းထိသွားခဲ့လို့၊ နောက်တစ်ခါ ညီမလေးတစ်ယောက်က ဒူးခေါင်းခွဲစိတ်ကုသခံဖို့ ဆေးရုံ တက်ရသေးတယ် ... ဒါတင်မကသေးပါဘူး နောက်ထပ်ညီမတစ်ယောက် ရယ်၊ အငယ်ဆုံးလေးဖြစ်တဲ့ မွေးကင်းစကလေးငယ်လေးရယ်ပါ အရေပြား ကူးစက်ရောဂါပိုးကြောင့် ဆေးရုံတက်ရပါတယ်။

ကျွန်တော်အပါအဝင် မောင်နှမအားလုံးနီးပါး ဆေးရုံတက်လိုက် ရတဲ့ အဲဒီနှစ်ဟာ အဖေ့အတွက်တော့ အတော်စိတ်ဒုက္ခရောက်တဲ့နှစ်ဆိုတာ မပြောဘဲနဲ့ သိနိုင်ပါတယ်။ အဖေရယ် အမေရယ် ကျွန်တော်တို့ မောင်နှမ ၄ ယောက်ရယ်ရှိတဲ့ မိသားစု ၆ ယောက်ထဲမှာ အဖေကတော့ ဘာရောဂါ ဝေဒနာမှမဖြစ်တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ပါ .. ဒီလိုနဲ့ ရက်အတော် ကြာပြီးတဲ့နောက်မှာ ကျွန်တော်တို့မောင်နှမတွေအားလုံး နေပြန်ကောင်းပြီ ဆိုတဲ့ ကောင်းသတင်းကို ကြားလိုက်ရတယ်။ ဒါပေမဲ့ ဆိုးသတင်းကလည်း နောက်ကနေ ထက်ကြပ်မကွာ ကပ်လိုက်လာပါတယ်။ အဲဒါကတော့ ဆေး ကုသခံထားတဲ့ ကုန်ကျစရိတ် အကြွေးစာရင်းပါပဲ။ အဖေ့ခမျာ သားသမီး တွေ နေပြန်ကောင်းလာလို့ စိတ်မပျော်ရဘဲ အကြွေးအတွက် စိတ်ပူနေရရှာ တာပေါ့။

ကျွန်တော်တို့ ဆေးရုံတက်ရတဲ့ နှစ် ... ကုန်ငွေနဲ့ အကြွေးတွေ တင်ရတဲ့ အဲဒီနှစ်မှာပဲ “ဟာဝိုင်အီ” တက္ကသိုလ်ကနေ အဖေဘွဲ့ ရခဲ့တယ်။ အဖေဟာ ကျောင်းမှာ စာတော်တဲ့သူတစ်ဦးပါ။ ဒါကြောင့်လည်း ဉာဏ် ရည်ထက်မြက်သူပီပီ နှစ်နှစ်တည်းနဲ့ ဘွဲ့ ရအောင် ယူနိုင်ခဲ့တာပေါ့။ အဖေ့ ရဲ့ စိတ်ကူးအိပ်မက်ကတော့ တစ်နေ့မှာ ကောလိပ်ပရော်ဖက်ဆာ တစ်ဦး ဖြစ်ဖို့ပါ။ ဒါပေမဲ့ လက်ရှိအခြေအနေမှာတော့ ပရော်ဖက်ဆာဖြစ်ဖို့ အခြေအ နေ လုံးဝမပေးပါဘူး။ မိသားစုဝင် ၆ ဦးရပ်တည်နိုင်ဖို့ရယ်၊ အကြွေးတွေ ပြန်ဆပ်နိုင်ဖို့ရယ် အဖေ့အတွက် အရေးတကြီးဖြေရှင်းရမယ့် ကိစ္စတွေပါ။

အဖေဟာ လက်တွေ့ဘဝကို ရင်ဆိုင်နိုင်ဖို့ သူရဲ့ စိတ်ကူး အိပ်မက် တွေကို လက်လျှော့လိုက်တယ်။ အဖေက ဟာဝိုင်အီကျွန်းက "Hilo" အမည်ရှိတဲ့ မြို့လေးမှာ လက်ထောက်ကျောင်းအုပ်ရာထူးနဲ့ အလုပ်ဝင်လုပ် လိုက်တယ်။ နှစ်တွေကြာလာတာနဲ့အမျှ အဖေလည်း ရာထူးအဆင့် တက် လာခဲ့တယ်။ ဒါပေမဲ့ အဖေအသက် ၅ဝ နှစ်အရွယ်မှာ ရုတ်တရက် အလုပ် ပြုတ်သွားခဲ့တယ်။ ရွေးကောက်ပွဲပြီးသွားလို့ သိပ်မကြာခင်မှာဘဲ အမေက နှလုံးရောဂါနဲ့ ဆုံးပါးခဲ့တယ်။ အဖေ့အတွက်တော့ အစားထိုးလို့ မရနိုင်တဲ့ လုံးဝဖြေဆည်လို့မရနိုင်တဲ့ ဆုံးရှုံးမှုကြီးပေါ့။

အဖေအလုပ်လက်မဲ့ဖြစ်နေချိန်မှာ ငွေကြေးပြဿနာအခက်အခဲတွေက တစ်နေ့တခြား ပိုများလာတယ်။ ဒီလိုနဲ့ အဖေက သူ့ ရပိုင်ခွင့် ခံစားခွင့် တွေကို ထုတ်ယူပြီး ရေခဲမုန့်လုပ်ငန်းတစ်ခုမှာ ရင်းနှီးမြှုပ်နှံလိုက်တယ်။ ဒါပေမဲ့ ငွေအားလုံးဆုံးရှုံးသွားရုံကလွဲပြီး ဘာတစ်ခုမှ အကျိုးမရှိခဲ့ပါဘူး။ ရာသီအလီလီပြောင်းလို့ အသက်အရွယ်အိုမင်းလာတဲ့ အဖေဟာ သား သမီးတွေကို ရှေ့တန်းတင်ပြီး နောက်ကနေ ကူညီပံ့ပိုး ပေးနိုင်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ အဖေဟာ အလုပ်လက်မဲ့ဖြစ်ပြီး တတ်ထားတဲ့ ပညာ ကိုလည်း လက်တွေ့ အသုံးမချနိုင်တော့လို့ ကိုယ့်ကိုယ်ကိုယ် စိတ်တိုင်း မကျ အားမလို အားမရ ဖြစ်ခဲ့ရတယ်။ တစ်နေ့မှာ အဖေက “ငါနဲ့ သက်တူ ရွယ်တူ ကျောင်းနေဖက်သူငယ်ချင်းတွေအားလုံး ချမ်းသာကုန်ကြပြီ” “ငါ ဘာလုပ်ရင် ကောင်းမလဲ?” ငါ့ဘဝတစ်လျှောက်လုံး ဟာဝိုင်အီက ကလေး တွေကို စာသင်ရင်းနဲ့ အချိန်ကုန်လာခဲ့ပေမဲ့ ဘာမှဖြစ်မလာခဲ့ဘူး” လို့ ရင်ဖွင့်ပါတယ်။

အဖေ့အသက် ၇၂ နှစ်အရွယ်မှာ ကင်ဆာရောဂါနဲ့ မဆုံးခင် ကျွန် တော့်ကို သူအနားခေါ်ပြီး “အဖေသားသမီးတွေကို ပြည့်ပြည့်စုံစုံနဲ့ တာဝန် ကျေအောင် မထားနိုင်ခဲ့တာကို တောင်းပန်ပါတယ် သားရယ်” .. လို့ ပြောတော့ ကျွန်တော်လည်း အဖေရဲ့ လက်ကို ဆုပ်ကိုင်ပြီး အားပါးတရ ငိုချလိုက်ပါတယ်။

ငွေကြေးမလုံလောက်တဲ့ ပြဿနာ

ကျွန်တော့်ဖခင်ဟာ ဘဝတစ်လျှောက်လုံး ငွေကြေးပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဖေငွေကို ဘယ်လောက်ပဲကြိုးစားရှာရှာ လောက် တယ်ရယ်လို့ တစ်ခါမှမရှိခဲ့ပါဘူး။ အဖေဟာ ငွေကြေးကြွယ်ဝချမ်းသာ

အောင် မစွမ်းဆောင်နိုင်ခဲ့ပေမဲ့ ကျောင်းသားများစွာကို (ဘဝတစ်သက်တာ အားကိုးနိုင်မယ့်) ပညာတွေအများဆုံး ပေးခဲ့ပါတယ်။ ကျွန်တော် ၉ နှစ် သားအရွယ်လောက်မှာ အဖေက ကျွန်တော့်ကို ငွေကြေးပြဿနာတွေနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ပြောပြခဲ့ဖူးတယ်။ အဖေ့ရဲ့ ပြောစကားတွေမှာ ငွေကြေးနှင့် ပတ်သက်တဲ့ အသိဉာဏ်ပညာတွေ မဖြစ်မနေ ရှိထားဖို့လိုတဲ့ အကြောင်းအမြဲပါလေ့ ရှိတယ်။ အဖေပြောပြတဲ့ ပညာရမယ့် အကြောင်းအရာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ဆင်းရဲသူများနှင့် ပတ်သက်သော ငွေကြေးပြဿနာများ

၁။ လုံလောက်သော ငွေကြေးမရှိခြင်း

၂။ ငွေကြေးမလုံလောက်ဘဲ အကြွေးဝယ်ကတ်ကို အသုံးပြုခြင်း

၃။ လူနေမှုစရိတ်မြင့်တက်လာခြင်း

၄။ အခွန်အခများစွာ ပေးဆောင်ရခြင်း

၅။ အရေးပေါ်ဆေးကုသရမည့် အခြေအနေအတွက် ကြိုတင်စိုးရိမ်နေရခြင်း၊

၆။ ငွေကြေးနှင့်ပတ်သက်သည့် မကောင်းသော အကြံဉာဏ်များ ရရှိခြင်း

၇။ အငြိမ်းစား လစာငွေဖြင့် လုံလောက်စွာ မရပ်တည်နိုင်ခြင်း

ချမ်းသာသူများနှင့် ပတ်သက်သော ငွေကြေးပြဿနာများ

၁။ ငွေပမာဏများစွာ ရှိနေခြင်း

၂။ ငွေကြေးလုံခြုံစိတ်ချမှုနှင့် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်နေခြင်း

၃။ ငွေကြေးများစွာအား မည်သို့ စီမံခန့်ခွဲရမည်ကို မသိရှိခြင်း

၄။ ကျွမ်းကျင်သော ငွေကြေးစီမံမှုဆိုင်ရာ အကြံပေးလိုအပ်နေခြင်း

၅။ ငွေကြေးဖြုန်းတီးသည့် သားသမီးများ ရှိနေခြင်း

၆။ အိမ်ခြံမြေ ပိုင်ဆိုင်မှုနှင့် အမွေအနှစ် ရရှိခြင်း

၇။ အစိုးရမှ အခွန်စည်းကြပ်မှု လွန်ကဲခြင်း

အထက်ပါ ဖော်ပြချက်အတိုင်း ချမ်းသာကြွယ်ဝသူရော ဆင်းရဲ သူပါ ငွေကြေးပြဿနာတစ်မျိုးမျိုးစီရှိနေတယ်ဆိုတာ သိသာ ထင်ရှားပါ တယ်။

ငွေကြေးပြဿနာအား အဆင်ပြေစွာ မဖြေရှင်းနိုင်ခြင်း

လူအများစု၏ တွေးတောထင်မြင်ချက်အရ ငွေကြေးကြွယ်ဝချမ်း သာလာပြီဆိုရင် ငွေကြေးနဲ့ ပတ်သက်တဲ့ ပြဿနာမှန်သမျှအောင်အောင်မြင်မြင်နဲ့ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။ ဒါပေမဲ့ ငွေတွေ များလွန်းလို့ ငွေကြေးပြဿနာတွေ ဖြစ်တယ်ဆိုတာကို သူတို့ နားမလည် ကြပါဘူး။ ငွေကြေးကြွယ်ဝပြီး အောင်မြင်ကျော်ကြားသူတွေရဲ့ ဘဝတွေ ဟာ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုတွေညံ့ခဲ့လို့ ထိပ်ဆုံးကနေ အောက်ဆုံးကို လိမ့်ဆင်းသွားရတဲ့ အခြေအနေတွေ အများကြီးရှိပါတယ်။

တချို့သူတွေဟာ ထီပေါက်လို့ ဒေါ်လာသန်းထောင်ချီပြီး ချမ်းသာ လာကြတယ်။ဒါပေမဲ့ နှစ်အနည်းငယ်အတွင်းမှာပဲကြွေးတွေဝိုင်းဝိုင်းလည် ပြီး ရှိသမျှထုခွဲရောင်းချပြီး ကြွေးဆပ်ရတဲ့ဘဝကို ရောက်သွားရတယ်။ နောက်တစ်ဦးကတော့ ပြေးခုန်ပစ်အားကစားသမားတစ်ဦးပါ။ ကြေးစား အဆင့် အားကစားသမားဆိုတော့ အိမ်ကြီးအိမ်ကောင်း အခြွေအရံတွေနဲ့ နေနိုင်တဲ့အထိ ချမ်းသာကြပါတယ်။ ဒါပေမဲ့ သူအားကစားသမား မလုပ် နိုင်တော့တဲ့နောက်မှာ စီးပွားဆုတ်ယုတ်ပြီး နောက်ဆုံးမှာ တံတားအောက် သွားနေရတဲ့ ဘဝကို ရောက်သွားခဲ့တယ်။ နောက်ထပ်ကျော်ကြားသူတစ်ဦး ကတော့ “ရော့ခ်တေးသံရှင်” (နာမည်ကျော်)တစ်ယောက်ပါ။ သူဟာ အသက် ၂၀ ဝန်းကျင်လောက်ကတည်းက ဒေါ်လာသန်းချီချမ်းသာခဲ့သူ ဖြစ်တယ်။ ဒါပေမဲ့ အသက် ၃ဝ ဝန်းကျင်အရောက်မှာ အကြောင်းအမျိုးမျိုး နဲ့ သူရဲ့ ငွေတွေ ဆုံးရှုံးသွားရတယ်။

ဒါကြောင့် ငွေကြေးတစ်ခုတည်းသက်သက်နဲ့ ငွေကြေးပြဿနာ တွေကို ဖြေရှင်းလို့မရဘူးဆိုတာ အထက်ပါသာဓကတွေက အထင်အရှား ပြနေပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ တချို့သောအလုပ်သမားတွေဟာ အလုပ် ကို အလွန်ကြိုးစားကြပေမယ့် လုံလောက်တဲ့ ဝင်ငွေမရရှာကြပါဘူး။ ဒါပေမဲ့ မိသားစုအတွက် ကုန်ကျတဲ့ ထွက်ငွေနဲ့ဝင်ငွေက မမျှတတော့ နောက်ဆုံးမှာ အကြွေးပင်လယ်ဝေကြရပါတယ်။

ငွေကြေးလောက်ငမှုမရှိသူတို့ အများဆုံးကြုံကြရသည် ပြဿနာများ

ငွေကြေးချို့တဲ့သူတို့၏ ရင်တွင်းစကားများအတိုင်း ဖော်ပြလိုက် ပါသည်။

၁။ “ကျွန်တော်ဘဝရပ်တည်ဖို့ လုံလောက်တဲ့ ငွေမရှိပါဘူး”

၂။ “ကျွန်တော်အကြွေးလည်ပင်းခိုက်နေတယ်”

၃။ “ကျွန်တော်အိမ်တစ်လုံးတောင် မဝယ်နိုင်ဘူး”

၄။ “ကျွန်တော့်ကားပျက်သွားပြီ၊ ကားပြင်ဖို့ ပိုက်ဆံဘယ်မှာသွားရှာရမှာလဲ ?”

၅။ “ကျွန်တော့်မှာ ဒေါ်လာ 10000 ရှိတယ်။ ကျွန်တော် ဘယ်မှာ ရင်းနှီးမြှုပ်နှံသင့်သလဲ?”

 ၆။ ကျွန်တော့် သားသမီးတွေက ကောလိပ်တက်ချင်နေတယ် ဒါပေမဲ့ကျွန်တော်မှာ ငွေမရှိဘူး”

၇။ “အလုပ်မှ အနားယူနိုင်လောက်တဲ့အထိ လုံလောက်တဲ့ငွေ ကျွန်တော်မှာ မရှိဘူး”

၈။ “ကျွန်တော့်အလုပ်ကို ကျွန်တော်သဘောမကျဘူး။ ဒါပေမဲ့ ဒီအလုပ်ကလည်း မထွက်နိုင်သေးဘူး”

၉။ “ကျွန်တော်အခု အလုပ်က နားလိုက်ပြီ။ ကျွန်တော်ငွေလည်းပြတ်နေတယ်”

၁၀။ “ကျွန်တော်အခု ခွဲစိတ်ကုသဖို့ မတတ်နိုင်ဘူး”

ငွေကြေးဆိုင်ရာ အသိဉာဏ်ပညာသည် ငွေကြေးဆိုင်ရာ ပြဿနာ အမျိုးမျိုးအား ဖြေရှင်းပေးနိုင်သော်လည်း လုံလောက်ပြည့်စုံသော အသိ ဉာဏ်ပညာမရှိသေးခြင်းကြောင့် ပြဿနာဖြေရှင်းရာ၌ အခက်အခဲရှိနေဆဲ ဖြစ်သည်။ ဥပမာအားဖြင့် ကမ္ဘာ့နိုင်ငံများရှိ သန်းချီသော အလုပ်သမား များအဖို့ လုံလောက်သောငွေမရှိခြင်းကြောင့် အငြိမ်းစားယူရန် အခက်အခဲ ရှိနေသည့်ဘဝကို ရည်ညွှန်းသည်။

ငွေကြေးပြဿနာများအား ဖြေရှင်းပေးနိုင်ခြင်းဖြင့် ဘဝ၏ အောင်မြင်မှု ရရှိခြင်း

ငွေကြေးဆိုင်ရာ ပြဿနာများအား ဖြေရှင်းနိုင်လေလေ .. ငွေကြေး ဆိုင်ရာ အသိဉာဏ်ပညာတွေ ပိုပိုတိုးလာလေဖြစ်ပြီး ချမ်းသာကြွယ်ဝသူ ဖြစ်လာပါမည်။

အကယ်၍ သင်သည် ငွေကြေးပြဿနာများအား ဖြေရှင်းနိုင်ခြင်း မရှိပါက ဆင်းရဲဒုက္ခရောက်၍ ဘဝပျက်ရတတ်သည်။ ထို့ကြောင့် မည်သူမဆို ငွေကြေးပြဿနာများ တာရှည်ခြင်းမရှိစေရန် သတိပြုသင့်သည်။

လူတစ်ဦး၌ ငွေကြေးပြဿနာရှိနေခြင်းကို သွားကိုက်ဝေဒနာ ခံစား ရပုံနှင့် ဥပမာ ပေးနိုင်ပါသည်။ အကယ်၍ သွားကိုက်သော ဝေဒနာအား ကုသခြင်းမရှိပါက အချိန်ကြာသလောက် အခြေအနေပိုမိုဆိုးရွားသွားမည် ဖြစ်သည်။ ၎င်းပြင် ဝေဒနာကြောင့် အလုပ်ကောင်းစွာ မလုပ်နိုင်ဘဲ ဝင်ငွေ ရရှိမည့်အခွင့်အရေးများလည်း ဆုံးရှုံးသွားမည်ဖြစ်သည်။ သွားကိုက်ဝေဒနာခံစားရသူ (ငွေကြေးပြဿနာရှိသူ) အနေဖြင့် ရောဂါပိုးမွှားများ (နောက်ဆက်တွဲ ပြဿနာများ) မဝင်ရောက် (မဖြစ်ပေါ် စေရန် အချိန်မီ ကုသ (ဖြေရှင်း) ရမည် ဖြစ်သည်။ မည်သည့်ငွေကြေးပြဿနာကိုမဆို သွားနာသွားကိုက်စတင်ဖြစ်ပေါ်သည့် (သေးငယ်သော) အခြေအနေမှာက တည်းကပင် အမြစ်ပြတ်အောင် ကုသ (ဖြေရှင်း) သင့်သည်။

ဆင်းရဲရသည့် အကြောင်းအရင်း

ဆင်းရဲခြင်းသည် ပြဿနာဖြေရှင်းနိုင်ခြင်းထက် ပို၍ ကြီးမားသော ပြဿနာတစ်ရပ်ဖြစ်သည်။ ၎င်းပြင် ဆင်းရဲခြင်းသည် ငွေကြေးဆိုင်ရာ ပြဿနာများ လွှမ်းမိုးခံရသူတို့ ဖြေရှင်းနိုင်ခြင်းမရှိသည့် နောက်ဆက်တွဲ ရလဒ်ပင်ဖြစ်သည်။ ဆင်းရဲခြင်းကိုဖြစ်စေသည့် ငွေကြေးနှင့် ဆက်နွယ် ပတ်သက်သောပြဿနာများမှာ မူးယစ်ဆေးသုံးစွဲခြင်း၊ အိမ်ထောင်ဖက် ရွေးချယ်မှုမှားယွင်းခြင်း၊ ရာဇဝတ်ကောင်များနှင့် အိမ်နီးချင်းဖြစ်ရခြင်း၊ မိမိလုပ်သောအလုပ်၌ ကျွမ်းကျင်မှုမရှိခြင်း၊ လုပ်ငန်းခွင်သွားရန်အတွက် လမ်းပန်းဆက်သွယ်ရေးမကောင်းခြင်း၊ မိမိကျန်းမာရေးကို မစောင့်ရှောက် နိုင်ခြင်းတို့ပင် ဖြစ်သည်။

ယနေ့ခေတ်၌ ခေတ်စားသော ငွေကြေးဆိုင်ရာပြဿနာအများစု တွင် လုပ်ခနည်းပါးစွာရရှိပြီး ကြွေးမြီများပြားနေခြင်း၊ ငွေကြေးပြဿနာ အား စနစ်တကျကိုင်တွယ်ဖြေရှင်းနိုင်မှုမရှိခြင်းတို့ ပါဝင်ကြသည်။ လုပ်ခ လစာနည်းပါးစွာ ရရှိသူတို့အနေဖြင့် ပင်လယ်ရပ်ခြား တိုင်းပြည်များသို့ သွားရောက်၍ အလုပ်လုပ်တတ်ကြသည်။ သို့သော် လစာများများ ရရှိရေး အတွက် အဓိကဦးတည်နေသောကြောင့် စက်ရုံအလုပ်ရုံများတွင် အလုပ်