Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

အောင်လှိုင် - စိတ်ဖိစီးမှုပြဿနာဘယ်လိုဖြေရှင်းမလဲ

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

အခန်း (၁)

စိတ်ဖိစီးမှုဆိုတာ ဘာလဲ

စိတ်ဖိစီးမှုအဓိပ္ပာယ်ကို လေ့လာရာမှာ ဖိအားပေးခံရခြင်းသဘောနဲ့ ကွဲပြားစွာ နားလည်ဖို့လိုပါတယ်။

ရိုးရှင်းသောအဓိပ္ပာယ်

စိတ်ဖိစီးမှုဖြစ်ပေါ်တဲ့ အခြေအနေကို အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆို တတ်ကြပါတယ်။ သို့ သော်လည်း များစွာသော အဓိပ္ပာယ်တွေထဲမှ အသုံးအများဆုံး အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုကတော့ “ဖိအားပေးခံရတဲ့ အခြေအနေကနေ လွန်ကဲသွားတဲ့အခါ စိတ်ဖိစီးနှိပ်စက်ခြင်း ဖြစ်ပေါ် လာတယ်” ဆိုတဲ့ ဖွင့်ဆိုချက်ပဲ ဖြစ်ပါတယ်။ အမှန်တကယ် ဖိအားပေး ခံခြင်းတွေ လွန်ကဲလာတဲ့အခါ အဲဒီ မကောင်းတဲ့ အခြေအနေအပေါ် နိုင်နင်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမရှိတာကြောင့် ဖိအားပေးခံရတဲ့ အခြေအနေက ဖိစီးနှိပ်စက်ခံရတဲ့ အခြေအနေအဖြစ် ပြောင်းလဲသွားလေ့ ရှိပါတယ်။

“ဖိအား ဆိုရာမှာလည်း ပြင်ပ ပယောဂ အခြေအနေတွေကြောင့် မဟုတ်ဘဲ သတ်မှတ်ရက် နောက်ဆုံးထားပြီး လုပ်ရသော ပရောဂျက်ကိစ္စများ၊ သင်ကိုယ်တိုင် ဦးဆောင်ပါဝင် တာဝန်ခံရမည့် ကိစ္စများအတွက် စိတ်ထွက်ပေါက်မရှိဘဲ မွန်းကျပ်ခြင်းကနေ စတင်လာတတ်ပါတယ်။ တစ်ခါတစ်ရံ သင် တာဝန်ယူရမယ့်ကိစ္စ အောင်မြင်မှုမရှိမှာကို တွေးတော ပူပန်ခြင်း၊ အရေးကြီးသော ပရောဂျက်များ အချိန်မီ မပြီးပြတ်မှာကိုကြောက်ရွံ့စိုးရိမ်တတ်ခြင်းတွေက သင့်ကို ခြိမ်းခြောက်မှုဖြစ်လာစေပြီး အဲဒီခြိမ်းခြောက်မှုတွေက စိတ်ဖိစီးနှိပ်စက်မှုအသွင် ပြောင်းလဲသွားတတ်ပါ တယ်။

အချို့သော စိတ်ဖိစီးစရာဖြစ်စေတဲ့ လုပ်ငန်းတွေကို လေ့လာတဲ့အခါ သင်က တစ်ဦးတည်း သီးခြားတာဝန်ယူရသော အလုပ်များဖြစ်တဲ့ ပြောဆို ဆွေးနွေးတင်ပြပေးရသူ (ပရဲဆင့်တာ)အလုပ်၊ အရေးကြီး ပရောဂျက်များ အချိန်မီ ပြီးပြတ်အောင် ဦးဆောင်ပြီး တာဝန်ခံရသော အလုပ်တွေမှာ အတွေ့အကြုံ ရင့်ကျက်သလောက် ကျွမ်းကျင်မှု ပါရှိတယ်ဆိုရင်တော့ စိတ်ဖိစီး နှိပ်စက်ခံရမှု အခြေအနေတွေ လျော့နည်းနေတာ တွေ့ရပါမယ်။ သို့သော် လည်း ဖိအားများတဲ့ လုပ်ငန်းသဘာဝတွေမှာတော့ သင် တစ်ယောက်တည်း မဟုတ်ဘဲ အစုအဝေး၊ အဖွဲ့ အစည်းအလိုက် ဖိအားပေးခံရမှုတွေ ရှိတာကို တွေ့ရမှာဖြစ်ပါတယ်။

ဖိအားပေးခံရတဲ့ ဝန်ထမ်းအများစုအနေနဲ့ သာမန်ထက်ပိုပြီး အလုပ်ချိန်တွေ များစွာနဲ့ အလုပ်လုပ်ပေးကြရပါတယ်။

အကယ်၍ သင်က ပြဿနာတစ်ရပ်ကို အရေးကြီးတယ်လို့ မယူဆ သလို ပြဿနာက သင့်ကို ခြိမ်းခြောက်နေတယ်လို့လည်း ယူဆထားခြင်း မရှိရင် သင်က အဲဒီပြဿနာအပေါ် အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း မရှိနိုင်သလို သင့်စိတ်ဖိစီးမှုတွေ ဖြစ်လာနိုင်ဖို့လည်း အခြေအနေ မရှိ တတ်ပါဘူး။

ဖိအားပေးခံရခြင်းနှင့် ဖိစီးနှိပ်စက်ခံရခြင်း

လူတစ်ဦးချင်းစီရဲ့ ဝေဒနာခံစားရပုံတွေက တစ်ဦးနှင့်တစ်ဦး ဆင်တူမှု မရှိပါဘူး။ ဒါဟာ ကျွန်ုပ်တို့ရဲ့ ဆံပင်အရောင်၊ အသားအရောင်၊ အရပ်အမောင်း၊ ကိုယ်အလေးချိန်၊ ကျန်းမာရေးအခြေအနေ၊ ကိုယ်ရည်ကိုယ်သွေး၊ စိတ်ဝင်စားမှုတွေက အမျိုးမျိုး ကွဲပြားနေတာကြောင့် ဖြစ်ပါ တယ်။

သုတေသနပြုချက်တွေအရ ဖိအားပေးခံရခြင်းနဲ့ ဖိစီးနှိပ်စက်ခံရ ခြင်းတို့အကြားမှာ ဇီဝကမ္မဖြစ်စဉ်အရ ကွဲပြားမှုတွေရှိနေတာ တွေ့ရှိရပါ တယ်။

အချို့သောလူတွေဟာ စိတ်ဖိစီးနှိပ်စက်စရာတွေနဲ့ တွေ့ကြုံရတဲ့ အခါ ၎င်းတို့ရဲ့ သွေးကြောတွေအတွင်း စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတွေ မြင့်တက်နေတတ်ပြီး စိတ်ဖိစီးခံရခြင်းမရှိတဲ့သူတွေအဖို့ကတော့ သာမန် ကြုံတွေ့ရတဲ့ ပြဿနာတွေကို စိန်ခေါ်မှုသက်သက်အဖြစ်သာ ရှုမြင်တတ် ကြပါတယ်။

တစ်ခါတစ်ရံ အကောင်းဆုံးသောရလဒ်ကို မျှော်လင့်တဲ့အခါ ကျွန်တော်တို့ ကိုယ်တိုင်ကိုက ဖိအားတွေဖြစ်လာစေပြီး အလုပ်တွေကို အကောင်းဆုံး ပြီးမြောက်အောင် အဲဒီဖိအားတွေက တွန်းအားပေးနေတတ် ပါတယ်။

ကောင်းသောရလဒ်ရရှိဖို့ ကြိုးစားလုပ်ဆောင်နေစဉ်အတွင်း ကျွန်တော်တို့အားလုံး တိကျမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ၊ ဖန်တီးနိုင်စွမ်း တွေ၊ နိုးကြားဖျတ်လတ်အောင် နေထိုင်တတ်ပြီး အခြားလူတွေကိုလည်း တက်ကြွအောင် စေ့ဆော်တိုက်တွန်းမှုတွေ လုပ်ပေးရပါလိမ့်မယ်။ ဒီအခြေအနေအတွက် ဖိအားပေးခြင်းခံရတယ်လို့ ဆိုနိုင်သော်လည်း အဲဒီ ဖိအားပေးခံရခြင်းက အဆုံးစွန် လွန်ကဲလာခဲ့ရင်တော့ စိုးရိမ်သောကတွေ ဖြစ်တည်လာပြီး ဖိစီးနှိပ်စက်ခံရသလို ခံစားလာရပါလိမ့်မယ်။

ဖိအားပေးခံရခြင်းနဲ့ ဖိစီးနှိပ်စက်ခံရခြင်းတို့မှာ အဓိပ္ပာယ်ကွဲပြားမှု ရှိနေသလို ဖိအားပေးခံရခြင်းတစ်ခုတည်းကပဲ လူတစ်ဦးနဲ့တစ်ဦးကို ကွဲပြားတဲ့ စိတ်ခံစားမှုတွေ ဖြစ်တည်စေပါတယ်။ သဘောကတော့ လူ တစ်ယောက်က ဖိအားပေးခံရတဲ့ အခြေအနေတစ်ရပ်အပေါ် ဘယ်လောက်ပဲ ပျော့ပျောင်းသည်ဖြစ်စေ၊ ခက်ထန်လွန်းသည်ဖြစ်စေ ဖိအားပေးခံရတယ် ဆိုတဲ့ အဆင့်လောက်သာ သတ်မှတ်တတ်ပေမဲ့ နောက်လူတစ်ဦးအဖို့ ကတော့ ဖိအားပေးခံရခြင်းဟာ သူ့အတွက် စိတ်ပိုင်းဆိုင်ရာကို သိသာစွာထိခိုက်စေတဲ့ ဖိစီးနှိပ်စက်ခံရခြင်းပဲလို့ မှတ်ယူပါလိမ့်မယ်။

တကယ်တော့ လွန်ကဲတဲ့ ဖိအားတွေဟာ စိုးရိမ်သောကရောက်ခြင်း၊ စိတ်ပူလောင်ခြင်း၊ ကြောက်ရွံ့ခြင်းတွေ ဖြစ်လာစေတတ်ပါတယ်။ သို့သော်လည်း ဖိအားနည်းလွန်းတဲ့အခါ နိုးကြားသတိထားရှိဖို့ လျော့နည်း လာပြီး တဖြည်းဖြည်း ပျင်းရိလာတတ်ပါတယ်။ ဒီထက်ဆိုးလာခဲ့ရင်တော့ တက်ကြွလန်းဆန်းမှုတွေမရှိတော့ဘဲ စိတ်ဓာတ်ကျလာတတ်ပါတယ်။

ဒါကြောင့် ဖိအားပေးမှုလွန်ကဲခြင်းက ဖိစီးနှိပ်စက်ခြင်းသဘောကို ဖြစ်စေပြီး ဖိအားပေးမှု နည်းပါးလွန်းတော့လည်း ပျင်းရိခြင်းသဘောက လွှမ်းမိုးလာနိုင်တာကြောင့် မလျော့လွန်း၊ မတင်းလွန်းသော ဖိအားပေးခြင်း တွေ ရှိထားသင့်တယ်လို့ လက်ခံယူဆထားနိုင်ပါတယ်။ ပြီး

ဖိအားပေးမှု နည်းပါးလွန်းခြင်းနဲ့ လွန်ကဲလွန်းသောကြောင့် ဖြစ်ပေါ် လာတတ်တဲ့ အကျိုးသက်ရောက်မှုတွေကို အောက်ပါအတိုင်း လေ့လာ နိုင်ပါတယ်။

အကောင်းဆုံးသောရလဒ် - လက်တွေ့ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်း၊ ဖန်တီးနိုင်စွမ်းရှိခြင်း၊ ဆုံးဖြတ်ချက်ချနိုင်ခြင်း၊ နိုးကြားသတိရှိခြင်း၊ လှုံ့ဆော်နိုင်ခြင်း။

သင်က ဖိအားကို မလျော့လွန်း မများလွန်းဘဲ မျှတစွာ အသုံးချ နိုင်တယ်ဆိုရင် အဲဒီစွမ်းရည်ကို “မျှတစွာ ထိန်းချုပ်နိုင်သောစွမ်းရည်” အဖြစ် သတ်မှတ်ပြီး အကောင်းဆုံးသော ရလဒ်တွေအတွက် လက်တွေ့ အသုံးချနိုင်မှာ ဖြစ်ပါတယ်။

အရေးပါတဲ့ လုပ်ငန်းတာဝန်တစ်ခုကို ပြီးပြတ်အောင် လုပ်ဆောင်ရ တော့မယ်ဆိုရင် ဒါကို စိန်ခေါ်မှုတစ်ခုအနေနဲ့သာ ရှုမြင်ပြီး စိတ်လှုပ်ရှားဖွယ်၊ စိုးရိမ်ထိတ်လန့်ဖွယ်ပါတဲ့ အခြေအနေတစ်ရပ်အဖြစ် မရှုမြင်သင့်ပါဘူး။ တကယ်လို့ သင်က စိတ်လှုပ်ရှားစရာတစ်ခု၊ စိုးရိမ်ထိတ်လန့်စရာတစ်ခု အဖြစ် သတ်မှတ်လိုက်မယ်ဆိုရင်တော့ ချက်ချင်းဆိုသလို မကောင်းတဲ့ အတွေး အကြံအစည်တွေ ခေါင်းထဲရောက်လာပါလိမ့်မယ်။

စိတ်ဖိစီးမှုတွေကို ကိုယ်တွယ်ဖြေရှင်းနိုင်ဖို့အတွက် အဓိက သော့ချက် ကတော့ သင် အလုပ်တွေပိနေတဲ့ကြားကနေ သင့်အတွက် ကိုယ်ပိုင်အချိန်ကို လုယူနိုင်ခြင်းပဲ ဖြစ်ပါတယ်။

စိတ်ဖိစီးမှုများကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်ရန် အတွက် လွန်ခဲ့သော သီတင်းပတ်အတွင်း ဖြစ်ပေါ်ခံစားခဲ့ရသည့် အခြေအနေအရပ်ရပ်အပေါ် ပြန်လည်စဉ်းစားပြီး အောက်ပါမေးခွန်း များကို ကြိုးစားဖြေဆိုပေးပါ။

- သင် စိတ်ဖိစီးခြင်းခံနေရပါသလား? (သို့) ကိုယ်စိတ်နှစ်ပါး ဖြေလျော့ပြီးသက်သောင့်သက်သာ ဖြစ်နေပါသလား? (သို့) သင်က ပျင်းရိငြီးငွေ့ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း ခံစားနေရပါသလား?

- သင်က အကောင်းဆုံးသော ရလဒ်ရတဲ့အထိ အလုပ်တွေကို ပုံမှန်တစိုက်မတ်မတ် လုပ်တတ်ပါသလား?

- သာမန်နေ့ ရက်တွေမှာ သင်ဟာ ဖိအားပေးခံရတာတွေ ရှိတတ်ပါ သလား? (သို့) ဖိအားနည်းခြင်း၊ များခြင်းကို ဖော်ပြသောပုံအရ သင်က ဘယ်နေရာမှာ ရှိနေပါသလဲ?

- သင်က ပုံမှန်အားဖြင့် ဖိအားပေးခံရခြင်းတွေ မကြာခဏ ရှိနေတတ်ပါသလား?

- ဖိအားပေးခံရတဲ့အခြေအနေတွေနဲ့ ကင်းဝေးအောင် သင်ရင်ဆိုင်ရတာတွေကို ပြောင်းလဲလိုစိတ် ရှိနေပါသလား?

စိတ်ဖိစီးမှုဝေဒနာကြောင့် နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် ပေါ်ပေါက်လာတတ်သော ရောဂါဝေဒနာများ

- နှလုံးရောဂါ/လေဖြတ်လေငန်းရောဂါ

- သွေးပေါင်တက်ခြင်း/ သွေးတိုးရောဂါ

- အနာအဆာအမျိုးမျိုးပေါက်ခြင်း

- ဆီးချို၊ သွေးချိုရောဂါ

- ရင်ခေါင်း/ ရင်ဘတ်နေရာ၌ စူးအောင့်သောရောဂါ

- ကင်ဆာရောဂါအမျိုးမျိုး

- အဆစ်အမြစ်ရောင်ရမ်းနာ

- စိတ်ကစဉ့်ကလျားဖြစ်သောရောဂါ၊ စိုးရိမ်သောကဖွေခြင်း

- စိတ်ဓာတ်ကျခြင်း၊ တရှောင်ရှောင်ဖြစ်ခြင်း

အခြေအနေ အကြောင်းတရားအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုဝေဒနာ ဖြစ်ပေါ်ခံစားရတတ်ပုံကို လူတစ်ဦးချင်းစီအား လက်တွေ့ လေ့လာ ဆန်းစစ်မှု တွေအရ အောက်ပါအတိုင်း တွေ့ရှိရပါတယ်။

အလုပ်နှင့်ပတ်သက် ဆက်စပ်ပြီး စိတ်ဖိစီးမှုဝေဒနာ ဖြစ်ပေါ်ခံစားခဲ့ရသူ၏ ပြန်လည်ကျန်းမာပြီး နောက်ပိုင်း ကိုယ်တိုင် ဖွင့်ဟပြောဆိုချက်များ

ကျွန်တော်ဟာ အစိုးရဌာနတစ်ခုရဲ့ ဝန်ထမ်းတစ်ယောက်အဖြစ် အလုပ်လုပ်ခဲ့ရင်း အားလပ်တဲ့အချိန်တွေမှာတော့ ကျွန်တော့်ဘဝ တိုးတက်မှု အတွက် စာလေ့လာခြင်းတွေကို လုပ်ခဲ့ပါတယ်။

ကျွန်တော် ရာထူးတက်သွားပြီးနောက်ပိုင်းမှာ အလုပ်တွေ အရင်က ထက် ပိုများလာပြီး အနားယူချိန်လည်း မရှိတော့ပါဘူး။ နောက်ပိုင်းမှာ ကျွန်တော်ဟာ ဒေသတွင်း စိတ်ကျန်းမာရေး ဆေးရုံကို တက်ရောက် ကုသခဲ့ရပါတယ်။

နွေဦးရာသီကနေ နွေရာသီကို ကူးပြောင်းလာခဲ့ချိန်မှာ ကျွန်တော် ဝေဒနာ စတင် သက်သာစပြုလာပြီး ကျွန်တော့်ရဲ့ မူလဌာနမှာ ပြန်လည် အလုပ်ဝင်ခဲ့ပါတယ်။ ကျွန်တော်က အလုပ်ပြန်ဝင်ခဲ့ပေမဲ့ ခံစားရတဲ့ စိတ်ဖိစီးမှုဝေဒနာက အကင်း မပျောက်သေးတာကြောင့် ကျွန်တော့်ရဲ့ မန်နေဂျာနဲ့ နားလည်မှု ယူပြီး တစ်ပတ်မှာ ၂ ရက်သာ အလုပ်ဆင်းခွင့် ရရှိခဲ့ပါတယ်။

ကျွန်တော့်ကို စိတ်ဖိစီးမှုဖြစ်စေတဲ့အထိ ဝန်ပိစေခဲ့တဲ့အလုပ် တွေထဲမှာ သတ်မှတ်ချိန်နည်းပါးပြီး အလျင်အမြန် ဆောင်ရွက်ရသော အမှုကိစ္စများ၊ နေ့စဉ်လုပ်ငန်းသဘာဝအရ တစ်နေကုန် မပြီးပြတ်နိုင်သော အမှုကိစ္စများနှင့် များလှစွာသောတာဝန်များ၊ လုပ်ငန်းတာဝန် ထမ်းဆောင် ရသည့် ပမာဏတွေ များစွာ ပါဝင် နေတာကြောင့် ကျွန်တော် စိတ်ဖိစီးမှု တွေ ဆင့်ကဲဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

စိတ်ဖိစီးမှုတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲ?

စိတ်ဖိစီးမှုဖြစ်လာနိုင်ခြေအမျိုးမျိုးကို ရှောင်ကြဉ်နိုင်ဖို့ (သို့) စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ထိရောက်တဲ့ ဗျူဟာအမျိုးမျိုး မဖြစ်မနေ လိုအပ်လျက်ရှိပါတယ်။

အချို့သော စိတ်ဖိစီးမှု ဖြေရှင်းနိုင်တဲ့ဗျူဟာတွေဟာ အမှန်တကယ် ထိရောက်မှုရှိပြီး ဝေဒနာခံစားရသူတွေအတွက် အချိန်တိုအတွင်း သက်သာ ပျောက်ကင်းမှုကို ဖြစ်စေပါတယ်။

သင်နဲ့အနီးဆုံးမှာရှိနေတဲ့ သင့်လက်တွဲဖော်၊ သားသမီး၊ မိတ်ဆွေ အပေါင်းအသင်း၊ မိသားစုတွေအကြား စိတ်ဖိစီးခံရတဲ့ ဝေဒနာရှင်တွေ ရှိနေတယ်ဆိုရင် သူတို့ရဲ့ တုံ့ပြန်မှုတွေ ဘယ်လို ရှိတယ်ဆိုတာ အတိအကျ သိရှိနိုင်ဖို့အတွက် ၁ မှ ၅ အထိရှိသော ကိန်းဂဏန်းတစ်ခုစီရဲ့ ကိုယ်စားပြု အဓိပ္ပာယ်တွေနဲ့ ခွဲခြားပြီး နားလည်သိရှိနိုင်ပုံကို အောက်ပါ ဇယားကွက် များနှင့်အတူ လေ့လာပေးနိုင်ပါတယ်။