Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

အောင်လှိုင်(သုဝဏ္ဏ) - ကျန်းမာရေးအတွက်အနှိပ်ပညာ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out
Type

မိမိကိုယ် မိမိကုသခြင်း

ခန္ဓာကိုယ်အင်္ဂါ အဖွဲ့အစည်းတို့၏ လုပ်ငန်းစဉ်များ စွမ်းဆောင်ရည်မမျှတခြင်းအပေါ် အသိအမှတ်ပြုခြင်း

သင်၏ ခန္ဓာကိုယ်အစိတ်အပိုင်းအချိုးပုံမှန်လုပ် ငန်းများအား လုံလောက်စွာ မစွမ်းဆောင်နိုင်ခဲ့ပါက စွမ်းဆောင်ရည်ကျဆင်းနေသော ကိုယ်အင်္ဂါအစိတ် အပိုင်းအား ကိုယ်စားပြုသည့် နေရာအားရှာဖွေ၍ နှိပ် နယ်မှုများ လိုအပ်သလို ပြုလုပ်ပေးပါ။

ကိုယ်အင်္ဂါ အစိတ်အပိုင်းအသီးသီးအား ခြေ ထောက်နှင့် လက်၊ မျက်နှာပြင်ပေါ်ရှိနေရာအသီးသီးက ကိုယ်စားပြုထားသည်။ ခြေ (သို့) လက်ပေါ်ရှိ သက် ဆိုင်ရာ နေရာတစ်ခုစီအား နှိပ်ပေးခြင်းဖြင့် ၎င်းတို့ကိုယ်စားပြုသော အင်္ဂါအစိတ်အပိုင်း၏ တုန့်ပြန်မှုများ ကို သိရှိရသည်။ ခြေ (သို့မဟုတ်) လက်၊ မျက်နှာပြင် ပေါ်ရှိနေရာတစ်ခုစီအား သက်ဆိုင်ရာ ကိုယ်စားပြု အင်္ဂါအစိတ်အပိုင်းအသီးသီးအတွက် နှိပ်နယ်ပေးခြင်း ဖြင့် ၎င်းအင်္ဂါအစိတ်အပိုင်းတို့တွင် ဖြစ်ပေါ်နေသော ရောဂါဝေဒနာများအား လျှော့ချပြီး သက်သာစေကာ ခန္ဓာကိုယ်၏ လုပ်ငန်းတာဝန်အသီးသီးလည်း မှန် ကန်စွာ ပြန်လည်ပတ်နိုင်မည် ဖြစ်သည်။

Reflexology ၏ အနှစ်သာရမှာ ခြေ၊ လက် တို့တွင်ရှိ နေရာတစ်ခုစီအလိုက် အသာအယာ နှိပ်နယ် ပေးခြင်းဖြင့် ရှိပြီးသောရောဂါနှင့် ရှိလာနိုင်သော ရောဂါဝေဒနာအမျိုးမျိုးအား လျော့ကျစေကာ ကျန်းမာ ရေးအစဉ်ကောင်းနေစေခြင်းပင် ဖြစ်သည်။

ခြေထောက်နှင့် လက်တို့တွင် ရောဂါရှိနေသော ကိုယ်အင်္ဂါအစိတ်အပိုင်းများအတွက် နှိပ်နယ်ပေးနိုင် သည်ဆိုသော်လည်း အထူးသဖြင့် ခြေထောက်ရှိနေရာ များက လက်တွင်ရှိနေရာများထက် ပိုမိုထိရောက် အစွမ်းထက်အောင် နှိပ်နယ်ကုသပေးနိုင်သည်ကို တွေ့ ရှိရသည်။

Reflexology ပညာရပ်အား စတင်လေ့လာ လိုက်စားခါစဖြစ်ပါက မိမိကိုယ်မိမိ (ခြေ၊ လက်)တို့အား နှိပ်နယ်ကုသခြင်း မလုပ်သင့်ပါ။ အထူးသဖြင့် ရောဂါဓာတ်ခံတစ်ခုခုရှိနေသူများ ဖြစ်ပါက နေရာ တစ်ခုခုအား မှားယွင်းစွာ နှိပ်နယ်မိ၍ စိုးရိမ်သောက ရောက်စရာ ကြုံတွေ့ရတတ်သည်ကို သတိပြုပါ။

သင်သည် ခန္ဓာကိုယ်မှ အကြောအခြင်များ ပြေ လျော့၍ ကွေးလွယ်ညွတ်လွယ် ဖြစ်သည်ဆိုပါက (ရောဂါဓာတ်ခံမရှိလျှင်) ခြေထောက်အား အသာဆွဲယူ ၍ သက်ဆိုင်ရာ အင်္ဂါအစိတ်အပိုင်းအလိုက် ကိုယ်စား ပြုနေရာများအား သေချာစွာ စစ်ဆေးပေးပါ။ သင့် ဘက်မှ နေရာမှန်အား ခွဲခြားနားလည်သိရှိပြီးနောက် လက်မနှင့် လက်ချောင်းများအား အသုံးပြု နှိပ်နယ် ခြင်းကို စတင်ပေးပါ။

ခြေထောက်သည်ခန္ဓာကိုယ်ရှိ အင်္ဂါအစိတ်အ ပိုင်းအားလုံးအား နေရာ အမျိုးမျိုးအလိုက် ကိုယ်စား ပြုထားသည်။

ယာဘက်ခြေထောက်သည် ခန္ဓာကိုယ်ယာဘက် ခြမ်းရှိ အင်္ဂါအစိတ်အပိုင်းများအား ကိုယ်စားပြုပြီး ဝဲဘက်က ဝဲဘက်ရှိ အင်္ဂါအစိတ်အပိုင်းများအား ကိုယ်စားပြုထားသည်။

Reflexology ၏ ထူးခြားချက်မှာ ရောဂါ လက္ခဏာအမျိုးမျိုးအား (ခြေထောက်ပေါ်ရှိနေရာသာခြားနားလျက်) တစ်ခုတည်းသော ကုသမှုပုံစံဖြင့် ကုသ ပျောက်ကင်းစေခြင်းပင် ဖြစ်သည်။

မိမိကိုယ်မိမိ ကုသခြင်းကြောင့် ဖြစ်ပေါ်ကြုံတွေ့ ရတတ်သည့် အများဆုံးသော ပြဿနာတစ်ရပ်မှာ ခြေထောက်ပေါ်ရှိ နေရာအမျိုးမျိုးအား အချိန်ကြာ ကြာနှင့်နာနာ နှိပ်နယ်ပေးမိခြင်းကြောင့်ပင်ဖြစ်သည်။

ထိရောက်သော ကုထုံးဖြစ်ရန် ချဉ်းကပ်လေ့လာခြင်း

Reflexology ဖြင့် ထိရောက်သော ကုသမှု လုပ်ရန်အတွက် ခန္ဓာကိုယ်တစ်ခုလုံးရှိ အင်္ဂါအစိတ် အပိုင်းများအား ခြေထောက်ရှိနေရာ အသီးသီးမှ နှိပ်နယ်၍ တုန့်ပြန်မှုကို ခံစားသိရှိအောင်လေ့ကျင့်ပါ။ ကိုယ်အင်္ဂါအသီးသီးရှိ အင်္ဂါအစိတ်အပိုင်းများအား အကုန်လုံးခြုံ၍ သက်သက်သာသာ ဖြစ်စေရန် ပထမ ကြိုးစားပေးပါ။

ရောဂါဝေဒနာများ လျော့ကျသက်သာအောင် ကုစားရာ၌ ရုပ်ပိုင်းဆိုင်ရာတစ်ခုတည်း အပေါ်သာ အာရုံစိုက်ရုံနှင့် မလုံလောက်ပဲ စိတ်ပိုင်းဆိုင်ရာ၌ပါ ရွှင်လန်းပေါ့ပါးမှုရှိနေရန် ကြိုးစားမှသာ ပိုမိုခရီးရောက်သော ကုသမှုများအား အရင်ကထက် သိရှိ လာနိုင်မည် ဖြစ်သည်။ ရောဂါကုသရာ၌ ခြေထောက် (ဝဲ၊ ယာ) နှစ်ဖက်စလုံးအား အသုံးပြုပါက ပိုမိုတိုး တက်သော အကျိုးရလဒ်ကို ရရှိမည်ဖြစ်သည်။