Skip to product information
1 of 13

စိတ်ကူးချိုချိုစာပေ

အောင်မေစော(စိတ်ပညာ) - ခေါင်းဆောင်ဖြစ်လိုသလား

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out
Type

မိတ်ဆက်စကား

ခေါင်းဆောင်ခြင်းဆိုတာဟာ ကြီးမားတဲ့ အလုပ် တစ်ခုကို လုပ်ဆောင်နိုင်စေဖို့ ဘယ်လို စတင်အကောင် အထည်ဖော် ဆောင်ရွက်မယ်၊ ဘယ်လိုအရည်အသွေး အရည်အချင်းနဲ့ စွမ်းဆောင်မှုတွေ လိုအပ်မယ်ဆိုတာကို နားလည်သိရှိမယ့်သူတွေ များနိုင်သမျှများအောင် စည်းရုံး နိုင်တဲ့ ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးနိုင်စွမ်းရှိခြင်းပဲ ဖြစ်ပါတယ်။

ခေါင်းဆောင်ခြင်းပညာဟာ အောင်မြင်တဲ့ မန်နေ ဂျာတွေ ဖြစ်လာစေဖို့ ပုံမှန်လေ့လာ သင်ယူ လေ့ကျင့်မှုတွေ လုပ်ပေးရမယ့် အရေးပါသော ကျွမ်းကျင်မှုတစ်ခု ဖြစ်ပါ တယ်။ ကုမ္ပဏီလုပ်ငန်း အဖွဲ့ အစည်းတွေမှာ ခေါင်းဆောင်တာဝန်ယူထားရတဲ့ ပုဂ္ဂိုလ်တွေ၊ အထူးသဖြင့် အမြဲ တမ်းလိုလို အလုပ်များနေတတ်တဲ့ မန်နေဂျာတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အတတ်ပညာဟာ ခေါင်းဆောင်မှု ပညာပဲဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းအဖွဲ့ အစည်းတွေမှာရှိတဲ့ အသီး သီးတာဝန် ခွဲဝေဆောင်ရွက်တဲ့ အသင်းအဖွဲ့ တစ်ခုစီ အလိုက် ခေါင်းဆောင်တွေဟာ ဘယ်လိုနည်းလမ်းတွေကို အသုံးပြုပြီး သူ့တို့ရဲ့ လုပ်ငန်းအောင်မြင်အောင် ဆောင် ရွက်နိုင်ခဲ့တယ်ဆိုတာကို သည်စာအုပ်မှာ ရှင်းလင်းဖော်ပြ ပေးထားပါတယ်။

တစ်နည်းအားဖြင့် သင်က လုပ်ငန်းအောင်မြင် အောင် ဘယ်လိုစဉ်းစားတွေးခေါ်ပြီး ဘယ်လို အရေးယူ ဆောင်ရွက်မှုတွေ လုပ်ရမယ်၊ သင့်အသင်းအဖွဲ့ကို ဘယ် လိုခေါင်းဆောင်မှုတွေ ပေးရမယ်ဆိုတာကို သိနိုင်ဖို့ သည် စာအုပ်က အကြံပြု၊ လမ်းညွှန်၊ ထောက်ပြပေးထားခြင်း ဖြစ်ပါတယ်။

သင်ဟာ မှန်ကန်သောနည်းလမ်း၊ စစ်မှန်သော အရည်အသွေးတွေနဲ့ လုပ်ငန်းကိုဦးဆောင်နိုင်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ သင့်ကိုယ်သင် သိမြင်သုံးသပ်မှု တွေလုပ်ပြီး သင့်အနီးဝန်းကျင်ကိုလည်း သေချာစွာ ချဉ်း ကပ်လေ့လာမှုတွေလုပ်ဖို့ လိုအပ်ပါတယ်။

ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် လက် တွေ့ကျကျ ကျင့်ကြံအားထုတ်ဖို့ ဤစာအုပ်ပါအချက် တွေကို လိုက်နာဆောင်ရွက်နိုင်မယ်ဆိုရင်... အလုပ်ခွင် အတွင်း သင်ရပ်တည်ရတဲ့ အခန်းကဏ္ဍဟာ အရေးပါနေ သလောက် သင့်ရဲ့ ခေါင်းဆောင်နိုင်စွမ်းကလည်း အစဉ် ထက်မြက်နေမှာ ဖြစ်ပါတယ်။

ဤစာအုပ်ဟာ ခေါင်းဆောင်တွေ ရင်ဆိုင်ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို အဆင့်ဆင့်ကျော်လွှား ဖြတ်ကျော် နိုင်ဖို့နဲ့ လုပ်ငန်းကိုလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစွာ နဲ့ ဆက်လက်ဦးဆောင်နိုင်မယ့်သူတွေဖြစ်အောင် ထောက်ပြ ပေးထားတာ တွေ့ရပါတယ်။ ။

စာအုပ်ပါ အချက်အလက်တွေ အားလုံးဟာ ထိ ရောက်တဲ့ အကြံပြုချက်တွေဖြစ်ပြီး သင့်အား လူအများ အပေါ် ဦးဆောင်နိုင်စွမ်းရှိတဲ့ ခေါင်းဆောင် ကောင်း တစ်ယောက်အဖြစ် အောင်မြင်မှုရရှိအောင် ထိရောက်စွာ အကူအညီပေးပါလိမ့်မယ်။

“ခေါင်းဆောင်ခြင်း” သဘောသဘာဝကို အပြည့်အဝ နားလည်ခြင်း

သင်က လုပ်ငန်းခွင်တစ်ခုမှာ ဦးစီးခေါင်းဆောင်ရတဲ့ အခန်း ကဏ္ဍမှာရှိနေတယ်ဆိုရင်..... လုပ်ငန်းကဏ္ဍမျိုးစုံကို ကိုင်တွယ်ဖြေရှင်း ရတော့မယ်လို့ မျှော်လင့်မိပါလိမ့်မယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ လုပ်ငန်းသစ်တွေ ထပ်မံ တိုးချဲ့နိုင်ဖို့ အခွင့်အရေးနဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးစေဖို့အတွက် သင် ဦးဆောင်နေတဲ့ အသင်းအဖွဲ့နှင့်အတူ သင့်လုပ်ငန်း အဖွဲ့ အစည်းတစ်ခုလုံး တိုးတက်အောင်မြင်အောင် ထူးခြားဆန်းသစ်တဲ့ အမြင်တွေ၊ တန်ဖိုးတွေကို ကောင်းမွန်သင့်လျော်စွာ အသုံးချရမှာ ဖြစ်ပါတယ်။

သင်ဟာ ခေါင်းဆောင်တာဝန်ယူထားရပြီဆိုတာနဲ့ အထက်ပါ အတိုင်း ခေါင်းဆောင်တွေမှာ ရှိထားရမယ့် အရည်အသွေး အရည်အချင်းတွေနဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းတာဝန်တွေကို ကျေပွန်အောင် ဆောင်ရွက်ခြင်း ထက်ပိုသာတဲ့ စွမ်းဆောင်မှုတွေနဲ့ လုပ်ငန်းကို တာဝန် ယူနိုင်ပါလိမ့်မယ်။

ခေါင်းဆောင်ခြင်း”ရဲ့ သဘောသဘာဝကို အပြည့် အဝ နားလည်ပြီဆိုရင် သင်ဟာ အရည်အချင်း အရည် အသွေးတွေ ပြည့်ဝနေတဲ့ ခေါင်းဆောင်ကောင်းတစ် ယောက်အဖြစ် အောင်မြင်စွာ ရပ်တည်နိုင်ပြီ ဖြစ်ပါတယ်။ အလိုက်ဖြစ်စေ လုပ်ငန်းစွမ်းဆောင်မှုတွေကို တိုင်းတာပေးနိုင်ခြင်း၊ လုပ်ငန်းအဖွဲ့ အစည်း တစ်ခုလုံးအတွက် အဆင်ပြေချောမွေ့စွာ လည် ပတ်နိုင်အောင် ဦးဆောင်စီစဉ်ပေးနိုင်ခြင်းတွေ ရှိနေဖို့လိုအပ်ပါတယ်။ ခေါင်းဆောင်ခြင်းနှင့် စီမံခန့်ခွဲခြင်း

ခေါင်းဆောင်နိုင်စွမ်းရှိသလောက် စီမံခန့်ခွဲနိုင်စွမ်းမရှိနိုင်သလို စီမံခန့်ခွဲမှုတွေ အားကောင်းသော်လည်း ခေါင်းဆောင်နိုင်စွမ်း မရှိတတ် တာကို သတိပြုဖို့ လိုအပ်ပါတယ်။

တကယ်တော့ ခေါင်းဆောင်ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့အကြားမှာ များစွာသော အဓိပ္ပာယ်ကွာဟမှုတွေ ရှိနေပြီးဖြစ်ပါတယ်။

ခေါင်းဆောင်တစ်ယောက်ဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ပြီး အသင်းအဖွဲ့ ဝင်တွေအပေါ်မှာ တိကျတဲ့ သတင်းစကား တွေနဲ့ ပြောဆိုဆက်ဆံမှုတွေ လုပ်နိုင်ကြပါတယ်။

မန်နေဂျာတစ်ယောက်အနေနဲ့ မဟာဗျူဟာတွေကို အကောင် အထည်ဖော်ခြင်း လုပ်ငန်းစွမ်းဆောင်မှုတွေကို တိုင်းတာနိုင်ခြင်းတွေနဲ့ လုပ်ငန်းတိုးတက်အောင် ဆောင်ရွက်ရပါတယ်။ ။

လုပ်ငန်းတစ်ခုလုံးတိုးတက်အောင် ခေါင်းဆောင်ခြင်းအလုပ်ကို လုပ်တဲ့ခေါင်းဆောင်တွေသာ အရေးပါနေတာမဟုတ်ဘဲ စီမံခန့်ခွဲခြင်း အလုပ်တွေကို နိုင်နင်းစွာလုပ်ဆောင်နေတဲ့ ‘မန်နေဂျာ” တွေရဲ့ စွမ်းဆောင်မှုတွေကလည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာကို သတိပြုရပါမယ်။

စီမံခန့်ခွဲမှုအားကောင်းတဲ့ မန်နေဂျာတွေအတွက် အဘက်ဘက် က တာဝန်ခံပေး၊ အာမခံချက်ပေးနိုင်တဲ့ ခေါင်းဆောင်တွေရဲ့ ဦးဆောင် မှုလိုအပ်ပါလိမ့်မယ်။