Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

အောင်မေစော(စိတ်ပညာ) -ကျွန်ုပ်တို့ဘာကြောင့်အိပ်မပျော်ရတာလဲ

Regular price 1,000 MMK
Regular price Sale price 1,000 MMK
Sale Sold out

အိပ်ရေးကိုရောင်းချခြင်း

“ကျွန်တော်က အကောင်းဆုံး အိပ်စက်ခွင့်ရရှိသူ တစ်ယောက် ဖြစ်ပါတယ်။ ကျွန်တော့်လောက် ဘယ်သူမှ အခုလို ကံကောင်းတာမျိုး မရှိပါဘူး” လို့ စာရေးသူ Freud က “အိပ်မက်ကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း” ဆိုတဲ့ စာအုပ်ထဲမှာ အသိပေး ပြောဆိုထားခဲ့ဖူးပါတယ်။

အိပ်ရေးနဲ့ပတ်သက်ပြီး တကယ်တော့ ကံကောင်း သူတွေက အနည်းငယ်ပဲ ရှိတတ်ပါတယ်။ လူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် အိပ်ရေးပျက်နေတတ်ပြီး ပျက်ကွက်ဆုံးရှုံးသွားခဲ့တဲ့ အိပ်ရေးကို ပြန်လည်ဖြည့်စွက် ဖို့လည်း အခွင့်အရေး နည်းပါးနေတတ်ကြတာ တွေ့ရပါ တယ်။

အနည်းဆုံး လူသုံးဦးမှာ တစ်ဦးနှုန်း အိပ်ရေးပျက် တတ်ကြပြီး အိပ်ရေးပျက်ရခြင်းအပေါ်မှာလည်း စိတ်ကျေနပ်မှု မရှိကြပါဘူး။ လွန်ခဲ့သောဆယ်စုနှစ် အနည်း ငယ်အတွင်း အိပ်ရေးပျက်ခြင်းဒဏ်ကို ကာကွယ်ဖို့ (တစ်နည်းအားဖြင့်) အိပ်ရေးဝဝ အိပ်စက်နိုင်ဖို့ (နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်ဖို့) အိပ်ဆေးအကူအညီ ရယူသုံးစွဲ မှုတွေ သိသိသာသာ များပြားလာခဲ့တာကို တွေ့ရှိရပါ တယ်။ တချို့လူတွေက အိပ်ဆေးသောက်သည့်တိုင် အိပ်ပျော်ဖို့ အခက်အခဲ ရှိနေတတ်တာကြောင့် ဆေးရုံ တက်ပြီး စနစ်တကျ ဆေးကုသမှုခံယူတာ၊ ဆရာဝန်တွေ နဲ့ တိုင်ပင်ပြီး အကြံဉာဏ်ကောင်း ရယူတာတွေ ရှိခဲ့ပါ တယ်။

အိပ်ရေးပျက်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ က ကျွန်ုပ်တို့ခန္ဓာကိုယ်ကိုသာမက စိတ်ပိုင်းဆိုင်ရာ အခြေအနေ အမျိုးမျိုးကိုပါ အချိန်တိုအတွင်း သိသာစွာ ထိခိုက်စေတတ်ပါတယ်။

ယနေ့ကာလ အမေရိကန်ပြည်ထောင်စုမှာ (အထူး သဖြင့် ရှော့ပင်းမောတွေမှာ) ရှိတဲ့ spa (အပန်းဖြေ အနားယူစခန်း) တွေမှာ အိပ်ရေးပျက်ခြင်းဒဏ် သက်သာ ပြေလျော့အောင် အိပ်စက်ခြင်းကိုဖြစ်စေတဲ့ ကိုယ်စိတ် နှစ်ပါး သက်သာပြေလျော့မှုရှိစေတဲ့ နှိပ်နယ်ခံခြင်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် အိပ်ပျော်အောင် ဖန်တီးလုပ်ဆောင်လာ ကြတာကို ကျယ်ပြန့်စွာ တွေ့ရှိရပါတယ်။

ဒီအခါ ကိုယ်စိတ်နှစ်ပါး သက်သာပြေလျော့ပြီး နှစ်ခြိုက်စွာ အိပ်ပျော်အောင် နှိပ်နယ်ပေးတဲ့ spa အပန်း ဖြေစခန်း (ကျန်းမာရေးအထောက်အကူပြု အနားယူ စခန်း) တွေဟာ အိပ်ရေးပျက်ပြီး အိပ်စက်မှု လိုအပ်သူတွေ အတွက် အိပ်ရေးအလုံအလောက်ရရှိအောင် ရောင်းချပေး နေတဲ့နေရာဌာနတွေ ဖြစ်လာရပါတယ်။

လူအများစုအနေနဲ့ အိပ်ရေးပျက်ခြင်းကြောင့် နှစ်ခြိုက်စွာ အိပ်စက်လိုပေမဲ့ နောက်တစ်နေ့ နံနက်မှာ နိုးကြားတက်ကြွ လန်းဆန်းစွာနဲ့ ပြန်လည်နိုးထလိုကြ ပါတယ်။ အိပ်ရေးပျက်ပြီး အစားပြန်မအိပ်နိုင်သေးတဲ့ လူတွေဟာ ကဖိန်းဓာတ်ပါတဲ့ကော်ဖီသောက်သုံးပြီး အိပ် ချင်စိတ်ကို ဖြေဖျောက်ရတတ်သလို ခန္ဓာကိုယ် အင်အား ယုတ်လျော့ခြင်းမှ ကာကွယ်တဲ့အနေနဲ့ အားဖြည့်အချို ရည်တွေကို အားကိုးတကြီး သောက်သုံး ကြရလေ့ရှိတတ် ပါတယ်။

ခန္ဓာကိုယ်အတွက်သာမက စိတ်ပိုင်းဆိုင်ရာအတွက် ပါ အရေးပါလှတဲ့ အိပ်ရေးဟာ ရောင်းကုန်ပစ္စည်းတစ်ခု သဖွယ်တန်ဖိုးရှိနေပြီး လူတိုင်းအတွက်အသက်သွေးကြော တစ်ခုသဖွယ် အရေးပါလွန်းတာကြောင့် မိမိတို့ကိုယ်တိုင် အိပ်စက်နိုင်အောင် ကြိုးစားပြီး အိပ်ရေး အပြည့်အဝရရှိအောင် ဖန်တီးနိုင်သလို ကိုယ်တိုင် အိပ်ပျော်အောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပါက အိပ်ရေးကို ရနိုင်သော နည်းလမ်းအမျိုးမျိုးဖြင့် ရယူခြင်း (သို့မဟုတ်) ရောင်းကုန်ပစ္စည်းတစ်ခုအဖြစ် ဝယ်ယူခြင်းတွေနဲ့ ရရှိသုံးစွဲနိုင် အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။

နေ့စဉ် နေ့တိုင်းလိုလိုသတင်းစာတွေ၊ အင်တာနက် ဝက်ဘ်ဆိုက်တွေ၊ တီဗီရှိုးတွေမှာ အိပ်ရေးနဲ့ပတ်သက်ပြီး အသိပညာပေး ဟောပြောချက်တွေ များစွာပါရှိနေတာကို တွေ့ရှိရပါတယ်။

ကျွန်ုပ်တို့ အိပ်ရေးဝမယ်ဆိုရင် (နှစ်ခြိုက်စွာ အိပ် ပျော်နိုင်မယ်ဆိုရင်) ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရေး အတွက် အပြည့်အဝ အထောက်အကူပြု နေမှာဖြစ်ပြီး အိပ်ရေးပျက်လာပြီ (အိပ်ရေးပျက်ပြီး အစားထိုးပြန်မအိပ် နိုင်ဘဲ အိပ်ရေးအကြွေးတင်လာပြီ) ဆိုပါက ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်ပြီး ဦးနှောက်ဉာဏ်ရည်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုတွေမှာလည်း ကြည်လင်မှုမရှိတော့တာကြောင့် စီးပွားရေးဆိုင်ရာလုပ်ငန်းကိစ္စအဝဝမှာ ဆုံးရှုံး မှုတွေ များလာပါလိမ့်မယ်။

အကယ်၍ အိပ်ရေးပျက်သူက သင်ဖြစ်တယ်ဆို ရင် သင့်စီးပွားရေး၊ လူမှုရေးနဲ့ ကျန်းမာရေးမှာ ထိခိုက် ဆုံးရှုံးရမှာဖြစ်သလို သင့်အလုပ်သမားတွေ (သင့်ယာဉ်မောင်းတွေ) က အလုပ်ပင်ပန်းပြီး ကောင်းမွန်စွာ အိပ်စက် ရခြင်း မရှိခဲ့ပါကလည်း သင့်စီးပွားရေးကိုသာ အကြီး အကျယ်ထိခိုက်ရမှာ ဖြစ်ပါတယ်။ ။

အိပ်ရေးပျက်ခြင်းဒဏ်ကို ခုခံကာကွယ်နိုင်စေဖို့ကျွမ်းကျင်သူ ပညာရှင်တွေက သူတို့ရဲ့ ထင်မြင်ချက်တွေ၊ အကြံဉာဏ်တွေကို ထုတ်ဖော်ပြောဆိုလေ့ရှိခဲ့ပါတယ်။

ပညာရှင်တွေရဲ့ အဆိုအရ ကျွန်ုပ်တို့မှာ ရှိနေတတ် တဲ့ စိုးရိမ်ကြောင့်ကြမှုတွေ၊ ဝမ်းနည်းကြေကွဲမှု တွေ၊ ကျရှုံးမှုတွေကြောင့် ကျွန်ုပ်တို့ ကောင်းမွန်စွာ အိပ်စက် နိုင်ခြင်း မရှိတာကို တွေ့ရပါတယ်။

တချို့လူတွေဟာ အိပ်ရေးပျက်ပါ များလာပြီး အိပ်ရေးမဝတဲ့ ရောဂါဖြစ်တဲ့ (Insomnia) ရောဂါရလာ တတ်ကြပါတယ်။

အိပ်မပျော်တဲ့ရောဂါရလာပြီဆိုရင် သင်၊ ကျွန်ုပ် တို့ရဲ့ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေအားလုံး လျော့ကျပျက်စီးလာပြီး ကျန်းမာရေး၊ စီးပွားရေး၊ လူမှု ရေးဆိုင်ရာ အခြေအနေတွေမှာလည်း ပျက်စီးဆုံးရှုံးမှုတွေ၊ ငွေကြေးမြောက်မြားစွာ ကုန်ကျမှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ကျွန်ုပ်တို့ အိပ်ရေးမဝတဲ့အခါ စိတ်ဓာတ်ကျစရာ အခြေအနေတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး စိတ်ဓာတ်ကျနေ တဲ့ အနေအထားတွေနဲ့ လုပ်ကိုင်ဆောင်ရွက်တဲ့အခါ အရာရာ အမှားအယွင်းတွေနဲ့သာ ကြုံတွေ့ရမှာ ဖြစ်ပါ တယ်။

အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ ကောင်းကျိုးတွေနဲ့ အိပ်ရေးပျက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ဆိုးကျိုးတွေ အကြောင်းကို လွန်ခဲ့သောနှစ်ပေါင်း ၁ဝဝ ကျော်ကာလက တည်းက သုတေသနပြုတဲ့ မှတ်တမ်းတွေ များစွာ ရှိခဲ့ပြီး ဖြစ်ပါတယ်။

အိပ်စက်ခြင်းနဲ့ မှတ်ဉာဏ်အကြား အရေးပါတဲ့ ဆက်သွယ်မှုတွေ ရှိနေတယ်ဆိုတာကို ၁၉ ရာစုကာလ အတွင်း လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။ လေ့လာမှုတွေ အရ အိပ်ရေးပျက်ခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ ရှုထောင့်အရသာမက ကျန်တဲ့ ကဏ္ဍတွေကိုပါ ထိခိုက်မှု တွေ ရှိနေတယ်ဆိုတာကိုလေ့လာတွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။

ကျွန်ုပ်တို့ အိပ်ရာထဲ လဲလျောင်းလိုက်ပြီဆိုတာနဲ့ စမတ်ဖုန်းကို ဖွင့်ပြီး အီးမေးလ်ဝင်ရောက်ထားတာတွေကို ကြည့်တာ၊ ဆိုရှယ်မီဒီယာတွေ ဖွင့်ကြည့်တာ၊ သတင်း ဝက်ဘ်ဆိုက်တွေ ဖွင့်ကြည့်တာတွေ လုပ်မိတတ်ပါတယ်။

ကျွန်ုပ်တို့အနေနဲ့ အိပ်စက်ခြင်းမပြုခင် ခေတ္တခဏ အချိန်ယူပြီး စမတ်ဖုန်းကို အသုံးပြုမယ်လို့ ရည်ရွယ်ထား ပေမဲ့ လေ့လာဖတ်ရှုချင်စရာတွေက အကန့်အသတ်မဲ့ များလွန်းနေတာကြောင့် မမျှော်လင့်ဘဲ ညသန်းခေါင်ကျော် တဲ့အထိ ဖုန်းသုံးဖြစ်သွားတတ်ပါတယ်။ ။

ဒီလိုအခြေအနေမျိုးနဲ့ ရက်ပေါင်းအတော်ကြာ ကြာ တွေ့ကြုံလာရတဲ့အခါ အိပ်ရေးပျက်လာပြီး ထိခိုက် နစ်နာ၊ လက်လွတ်ဆုံးရှုံးမှုတွေနဲ့ စတင်ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

စမတ်ဖုန်းကို ကောက်ကိုင်ပြီး အင်တာနက် ဖွင့် လိုက်တယ်ဆိုတာနဲ့ လူမှုကွန်ရက် ဝက်ဘ်ဆိုက်တွေပါ ပြင်ပအကြောင်းအရာ သတင်းအချက်အလက်တွေက အကန့်အသတ်မဲ့စွာ သင့်ကိုဆီးကြိုနေမှာဖြစ်ပြီး သင်က ဝက်ဘ်ဆိုက်တစ်ခုခုကို စိတ်ဝင်တစား ဝင်ရောက် ကြည့်ရှုလေ့လာမှုတွေ လုပ်လိုက်တယ်ဆိုတာနဲ့ အချိန် တိုအတွင်း ပြန်မထွက်နိုင်ဘဲ အိပ်ရာဝင် နောက်ကျတတ် ပါတယ်။

သင်က အိပ်ရာဝင်နောက်ကျပြီဆိုတာနဲ့ အိပ်ရာထ နောက်ကျတတ်ပြီး သင့်အတွက် အရေးကြီးတဲ့ ချိန်း ဆိုမှုတွေမှာလည်း နောက်ကျသွားရပါလိမ့်မယ်။

တကယ်လို့ သင်က ညအိပ်ရာဝင် နောက်ကျပြီး နံနက်စောစော အိပ်ရာထဖို့ နှိုးစက်နာရီကို အားကိုးပေမဲ့ အိပ်ရေးမဝခြင်းကြောင့် အိပ်ရာစောစောထခြင်းရဲ့ကောင်းကျိုးတွေကိုလည်း အဓိပ္ပာယ်ရှိရှိ ခံစားခွင့် မရရှိ နိုင်ပါဘူး။

လူအများစုက အိပ်ရာမဝင်ခင် ဖုန်းဖွင့်ပြီး စစ်ဆေး ကြည့်ရှုတာ၊ ဖုန်းမှာပါတဲ့ သတင်းအကြောင်းအရာ တွေကို ဖတ်ရှုတာဟာ အလေ့အထတစ်ခုလို ဖြစ်နေတတ် ပါတယ်။

အိပ်စက်ခြင်းကို လေ့လာတဲ့ သိပ္ပံပညာရပ်နယ် ပယ်ရဲ့ အဆိုအရ ကျွန်ုပ်တို့ အသုံးပြုနေတဲ့ စမတ်ဖုန်းက ထွက်ရှိတဲ့ အပြာရောင်အလင်းတန်းဟာ ကျွန်ုပ်တို့ အိပ်စက်နိုင်ဖို့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို အနှောင့်အယှက် ပေးတတ်လေ့ရှိကြောင်း သတိပြုရမှာ ဖြစ်ပါတယ်။

အပန်းဖြေခန်းမလို့ပြောနိုင်တဲ့ spa ခန်းမတွေဟာ ကိုယ်စိတ်နှစ်ပါး သက်သာပြေလျော့ပြီး စိတ်တည်ငြိမ် အေးချမ်းမှုရှိစေတာကြောင့် အိပ်ရေးပျက်ထားသူတွေကို ခေတ္တခဏဖြစ်စေ နှစ်ခြိုက်စွာ အိပ်ပျော် စေတတ်ပါတယ်။

ဒါကြောင့်လည်း spa (စပါး) အပန်းဖြေခန်းမတွေ ကို အိပ်စက်ခြင်းလိုအပ်သူတွေ(အိပ်ရေးပျက်နေသူတွေ အတွက်) “အိပ်ရေးရောင်းချသော စင်တာတစ်ခု” အဖြစ် မှတ်ယူရတော့မှာ ဖြစ်ပါတယ်။

spa ခန်းမတွေဟာ ကိုယ်စိတ်နှစ်ပါး သက်သာ ပြေလျော့မှုနဲ့ စိတ်တည်ငြိမ်အေးချမ်းမှုကို ပေးစွမ်းနိုင် ခြင်းကြောင့် အိပ်စက်အနားယူခြင်းကို ဖြစ်စေပေမဲ့လည်း ငွေကြေးပြည့်စုံကြွယ်ဝမှုရှိသူတွေလောက်သာ သွား ရောက်နိုင်တဲ့၊ လူတန်းစားခွဲခြားမှုကိုဖြစ်စေတဲ့နေရာ တစ်ခု ဖြစ်ပါတယ်။

ဒါကြောင့် spa သို့ သွားရောက်နိုင်စွမ်း မရှိသူတွေ အနေနဲ့ စိတ်ပျက်အားငယ်စရာမလိုဘဲ အိပ်ရေးပျက်ခြင်း ကိုဖြစ်စေတဲ့ အခြေခံအကြောင်းရင်းဖြစ်တဲ့ စိုးရိမ်ကြောင့်ကြခြင်း၊ ဝမ်းနည်းပူဆွေးခြင်း၊ မျှော်လင့်ချက် မဲ့ခြင်းဆိုတဲ့ မကောင်းတဲ့ စိတ်ခံစားမှုတွေ လျော့ပါး