စာအုပ်အချက်အလက်သို့ ကျော်သွားပါ။
1 8

စိတ်ကူးချိုချိုစာပေ

အောင်ခိုင်မြတ် - ပျော်ပျော်နေကြေကွဲ

အောင်ခိုင်မြတ် - ပျော်ပျော်နေကြေကွဲ

ပုံမှန်ဈေး 0 Ks
ပုံမှန်ဈေး 0 Ks ရောင်းဈေး 0 Ks
ရောင်းရန် ရောင်းကုန်ပြီ
စာအုပ်အမျိုးအစား

:: ဤစာအုပ်ကို စာမြည်းဖတ်လိုပါက “စာမြည်းရန်အီးဘွခ်” ဆိုသည်ကိုရွေး၍ (Buy it now) ခလုတ် ကိုနှိပ်ကာ၀ယ်ယူပေးပါ၊ အခမဲ့ အမှာစာ (Order) တင်ပြီးသည့်နောက်တွင် ၄င်းအီးဘွခ်ပီဒီအက်ဖ်ဖိုင် ဒေါင်းလုပ်ဆွဲရန်လင့်ကို စာဖတ်သူ၏ အီးမေလ်ထဲသို့ ပို့လိုက်မည်ဖြစ်ပါသည်၊

:: ပုံနှိပ်စာအုပ် ၀ယ်ယူရန်အတွက်မူ “ပုံနှိပ်စာအုပ်” ဆိုသည်ကိုရွေး၍ (Buy it now) ခလုတ် ကိုနှိပ်ကာ ရှေ့ဆက်လုပ်ဆောင်၍၀ယ်ယူပေးပါ။                                   

------------------------------------

ပျော်ပျော်နေကြေကွဲ

ငါဝတ်ထားတဲ့တီရှပ်ဟာ

ငါ့ကိုယ်ပေါ်မှာအေးအေးဆေးဆေး

ငါဝတ်ထားတဲ့ဂျင်းဘောင်းဘီဟာ

ငါ့ကိုယ်ပေါ်မှာတည်ငြိမ်လျက်

စာအုပ်ကို ငါကသွားဖတ်မိခဲ့တာ

ကဗျာကို ငါကသွားရေးမိခဲ့တာ

မှန်ရှေ့ငါသွားရပ်လို့ ငါ့ကိုယ်ငါမြင်ရတာ

ရုပ်မြင်သံကြားက ငါသွားမဖွင့်ရင် ပွင့်မလာဘူး

တိုင်မှာချိတ်ထားတဲ့ပြက္ခဒိန်ဟာ သူ့အတိုင်းငြိမ်သက်လျက်

နေ့တွေသာ ပြောင်းပြောင်းသွားကြ

ငါဘာမှသွားမပတ်သက်ရင်

သူတို့ဘဝက အေးအေးဆေးဆေးပဲ

စကားမပြောကြဘူးရန်မဖြစ်ကြဘူးဘာကိုမှမလိုက်စားကြဘူး

သေစရာလည်းမလိုဘူး

အသက်ရှိလို့ပူလောင်မိပြီး

ပျော်စရာကိုလိုက်ရှာတော့

ပျော်စရာရှားလို့

ရေခဲတုံးလိုမှ သွားပျော်မိခဲ့တယ်

တစ်စက်ချင်း တစ်ယောက်ချင်း။

ဟာသပဲ ကာလ

လာမယ့်နှစ်တွေလည်း

စစ်အင်အားအပြည့်နဲ့ပဲလား

မြေခွေးတို့မြွေပွေးတို့က

မကျေအေးကြသေးဘူးလား

ဒီနေ့အကြောင်းအရာကို မနေ့ကအကြောင်းအရာက

ဓားတပြပြန့်ပဲလား

မီးပျက်လို့မဆုံးသွေးပျက်လို့မဆုံး

ဘဝပျက်လို့မဆုံး

ခေတ်ပျက်လို့မဆုံးတော့ဘူးလား

အမှိုက်ကားတွေမလာခင် အမှိုက်တွေပျော်ကြ

မီးသတ်ကားတွေမလာခင် မီးတွေပျော်ကြ

သူတို့ဘက်က ဒီလိုလား

နေပူကြီးထဲ ကျောကော့အောင်ရုန်းနေရတဲ့

ကောင်မလေးရဲ့နာမည်ဟာ

အေးအေးတဲ့လား။

အဝေးရောက်ဒီနေံခေတ်

ဆွေးမြည့်မှုကာကွယ်ရေးစက်ကို

ငါတို့တီထွင်ခဲ့တယ်

တကိုယ်ရည်သုံးပျံသန်းရေးဝတ်စုံကို

ငါတို့ချုပ်ဝတ်ခဲ့တယ်

သက်တမ်းကုန်နေတဲ့မျှော်လင့်ချက်ကို

ငါတို့ချမရောင်းခဲ့ဘူး

လက်နက်ဖိုးပေးချေဖို့

ဘယ်သွေးသားကိုမှ ငါတို့ချမရောင်းဘူး

သေဒဏ်စီရင်ချက်ကျမကျ

သေပြီးမှသိရမယ့်ခေတ်ကို ငါလည်းအလိုမရှိ

စက်ရုပ်လိုနေထိုင်တတ်တိုင်းတော့

စက်မှုနိုင်ငံဖြစ်မလာပါဘူး

ကိုယ်တို့တသက်လုံး

ကွဲစရာဗုံးတွေအလုံးအရင်းကျန်နေဦးမှာပဲ

မင်းပုန်းနေတဲ့နေရာကို

ငါတူးထားတာပါအချစ်ရယ်။

ရင်အန္တရာယ်ကင်းရှင်းရေး

အသည်းကွဲတယ်ဆိုတာ

နေပူကြီးထဲတစ်ယောက်တည်းရပ်နေရသလိုပဲ

ကိုယ်ကနေပူခံကျောက်ပြားမဟုတ်တော့

ချောက်ချားစရာ

လမ်းတွေကခွဲသွားမှာပဲ

လမ်းခွဲကိုဆက်လျှောက်တတ်မှ

တစ်ယောက်ရှိရာတစ်ယောက်ပြန်ရောက်မယ်

တစ်ယောက်ဆီတစ်ယောက်ရောက်သွားကြရင်

ခိုနားစရာအရိပ်တွေချည်းပဲ

မေတ္တာတရားကအရွက်အကိုင်းတွေမိုးပေးထားတယ်

အပူဟာ အပင်ကိုထိုးဖောက်ပြီး

တို့နှစ်ယောက်ဆီရောက်လာခွင့်မရှိဘူး။

မျက်ရည်လေဆိပ်

ပျံသန်းနေရုံနဲ့မပျော်ရွှင်လာတော့ရင်

လေဆိပ်ကိုအပေါ်ကစီးကြည့်ပြီး သတိရပစ်ပေါ့

နှလုံးသားကိုစက်တပ်ထားလည်း

မသဲကွဲသူဟာ အရေးပေါ်ထိုးဆင်းရတာပဲ

ကိုယ်ချစ်မိတာထက် တစ်ဝက်ပဲရောက်တဲ့ခရီးဟာ

လေယာဉ်ပြောင်းစီးသွားခဲ့

ပုံမှန်ထုတ်လွှင့်တဲ့သတင်းပါပဲ

အထီးကျန်ခြင်းဟာ ပြန်ပေးဆွဲခံထားရပါတယ်

ဗားရှင်းအသစ်မြှင့်ထားပြီး

ပုံထွက်လည်းကြည်လင်ပြတ်သားတဲ့

နောက်ဆုံးပေါ်ကြေကွဲခြင်းဟာ

လေယာဉ်နဲ့ပဲကမ္ဘာကြီးဆီရောက်လာ

မျက်ရည်စင်တာမှာ

ငါလည်းတိုးဝှေ့ငေးမောလို့။

အသေးစိတ်အချက်အလက်အပြည့်အစုံကို ကြည့်ပါ။