Skip to product information
1 of 30

စိတ်ကူးချိုချိုစာပေ

အောင်ဇင်မင်း - ကဗျာပေါင်းချုပ်

Regular price 8,000 MMK
Regular price Sale price 8,000 MMK
Sale Sold out

ထမင်းငတ်သောအခါ

အင်အားရင်းလျက်

ထုနှက်ပေသံ၊ မိုးသို့လျှံထိ

အံတင်းကြိတ်ပြီး၊ ချွေးဒီးဒီးကျ

လုပ်နေရလည်း၊ လုပ်ခ ရငွေ

မညီချေဘဲ၊ ဝမ်းတွေ ဟောင်းလောင်းဖြစ်ရလျှင်။

ကိုင်ဆောင်၍ထား

သံထည်များကို၊ ဓားသွားအသွင်

တီထွင်ပြောင်းလဲ၊ လက်ထဲကိုင်ဆ

ရုန်းကန်ကြွရင်း၊ ငတ်ကြသူတို့

ဝမ်းပြည့်ဖို့၊ ထလို့ တိုက်ပွဲဝင်မှာပဲ။

ထမင်းလည်းငတ်

အားအင်ပြတ်သော်၊ ရပ်တန့်တွေဝေ

ငြိမ်မနေဘူး၊ အသေမခံ

တော်လှန်ကြမည်

တိုက်ကြမည် ။

“လူသည် ငတ်ရင် မုန်တိုင်းပေါ့” ။

တရားသော တိုက်ပွဲ

ကန်ပေါင်ဘေးနား

ဆိုင်းဘုတ်ကား “ငါးများ မဖမ်းရ” တဲ့။

ငါးမဖမ်းရ၊

ဆိုင်းဘုတ်ပြလျက်၊ ကန့်ကွက်တားမြစ်

ထိုအဖြစ်ကို၊ ဆန်းစစ်လေ့လာ

အဖြေရှာလျှင်၊ အသွင်သည်ကား

ငါးအများကို၊ ကယ်ထားသယောင်ယောင်။

ဆိုင်းဘုတ်ကိုမြင်

တွေးဆလျှင်မူ၊ ကယ်တင်သူအား

လက်ဝါးဖျစ်တီး၊ ကောင်းချီးသြဘာ

ပေးမိမှာတည့်။

ဆိုင်းဘုတ်မမြင်

ရေပြင်ထဲမှ၊ ငါးများကမူ

ကယ်တင်သူကို၊ လိုလားမှုမျှ

မပြကြဘဲ၊ ကန်ထဲထားပြီး

ဒို့အား ချုပ်နှောင် ထားသည့်တွက်။

ကန်ပေါင်ဖျက်ဆီး၊ ရေစီးချောင်းဖောက်

မြစ်သို့ရောက်အောင်၊ ပို့ဆောင်ပေးရန်

တောင်းဆိုသံဖြင့်၊ ကန်ရေပွက်ထိ

ထိုးနှက်တိုက်ပွဲ ဆင်နေတကား။ ။

အလွှာနှစ်ခု၏ စပ်ကြားတွင်

ခွေးသည် အိပ်ငိုက်

အိမ်စေရိုက်လျှင်

လူကိုက်နေကြောင်းသိနိုင်သည်။ ။

အိုးဝေဂျာနယ်၊

၁၅၊ ဇန်နဝါရီ၊ ၁၉၆၉။

အလွှာနှစ်ခု၏ စပ်ကြားတွင်

ခွေးသည် အိပ်ငိုက်

အိမ်စရိုက်လျှင်

လူကိုက်နေကြောင်း သိနိုင်သည်။ ။

အိုးဝေဂျာနယ်၊

၁၅၊ ဇန်နဝါရီ၊ ၁၉၆၉။

ကျေးဇူးကန်း

ခိုင်းနွားတွေလျှင်

မြက်ပင်ကိုစား၊ သူ့အင်အားဖြင့်

လူသားများကို လုပ်ကျွေးသည်။

လူအများ

နွားကိုသာလျှင်၊ ကျေးဇူးတင်ပြီး

မြက်ပင်ကိုကား၊ မေ့၍ထားသည်

 ဒို့များ မိုက်ရိုင်းကြတကား။

ကဗျာလမ်းနှင့် နောက်ဆုံးခရီး

ပြည်သူ့ဘက်မှ

ရပ်တည်ပြသည့်၊ ဘဝကဗျာ

ရေးပြီးပါသော်

ကျနော် အယ်ဒီတာထံ ပို့ပါ၏။

အယ်ဒီတာက

စတိုင်ကျကျ၊ မာနကြီးစွာ

ထိုင်ပြီးကျောမတ်၊ မျက်မှန်တပ်လျက်

ကျွန်တော်ဆက်သည့်၊ စာရွက်ကဗျာ

အလင်္ကာကို၊ ဖတ်ကာ စိစစ်ပြီးသည့်နောက်။

“ကြမ်းလွန်းတယ်ကွာ ကဗျာကတော့၊ ကောင်းသည်ပေါ့” လို့

ကျနော့်ရှေ့မှာ၊ ပြောပြီးပါသော်

ကဗျာပြန်ပေးလိုက်ပါသည်။

ပယ်သည့်စာရွက်

ကိုင်လျက်ယူပြီး၊ ဝမ်းမနည်းမိ

ရှိသည့်အင်အား၊ စုစည်းထားပြီး

တခြားကြောင်းရာ၊ ထပ်ပြန်ရှာပြီး

ကဗျာတစ်ပုဒ် ရေးလိုက်သည်။

ထိုကဗျာကား

သစ္စာမပါ၊ မုသားသာတည့်

ပြည်သူ့ဘက်မှ၊ ကင်းလွတ်စွတည့်

ခက်ထန်ခြင်းကား၊ ဖျောက်လျက်ထားတည့်

ဘဝဖယ်ခွာ၊ အလှသာတည့်

သွေးအိုင်ကင်းပျောက်၊ ရေကြည်ပေါက်တည့်။

စသည့် ကဗျာ

အယ်ဒီတာက၊ “ကောင်းကွာ ကြိုက်တယ် ရွေးချယ်တယ်”

ဟု ရယ်ကာ ပြုံးကာ ပြောလိုက်ပါသော်

ကျနော် ဝမ်းမသာနိုင်ပါချေ။

ဪ.. အယ်ဒီတာက

သဘောကျလို့၊ ရှေ့လထုတ်မှာ

ကဗျာပါပြီ ဆိုပါစို့။

ပြည်သူတွေက

ဖတ်ပြီးကြလျှင်၊ ဘဝဖောက်ပြန်

လမ်းမမှန်သည့်၊ ကျနော်၏ကဗျာ

စာမျက်နှာကို

ထပ်ကာ ပယ်တော့မည်သာတည်း။