စိတ်ကူးချိုချိုစာပေ
အောင်စိုး(တိရိစ္ဆာန်ဆေးကုဆရာဝန်) - မြန်မာ့ဟင်းစားကြက်
အောင်စိုး(တိရိစ္ဆာန်ဆေးကုဆရာဝန်) - မြန်မာ့ဟင်းစားကြက်
ထုတ်ယူရရှိနိုင်မှုကို မတင်နိုင်ခဲ့ပါ။
အခန်း (၁)
မြန်မာ့ဟင်းစားကြက်
* * သန်းခေါင်ယံ ဆောင်ပျံထက်ဆီက၊
ဗလောင်ဆန်အောင် တောင်ပံနှက်ပါလို့၊
ညောင်ကန်ကြက်တွန်သံ ထင်ပ။
* * လင်းကြက်က အတန်ဆောင်ပြီ၊
ဘယ်ဇာတ်တော်လေမှန်းမသိ၊
အခန်းခန်းအထွေထွေ၊
ကနိုင်ကြလေ x x x x x
ရှေးစာပေပညာရှင်တစ်ဦး ရေးသားသီကုံးခဲ့သည့် အထက်ပါဆိုင်းဆင့် စကားထဲတွင်ပါရှိသည့် သန်းခေါင်ယံအချိန်၌ တွန်ကျူးသည့် ကြက်သတ္တဝါ သည် မြန်မာ့ရေမြေ တောတောင်ထဲ၌ တွေ့ရတတ်သည့် ငှက်မျိုးနွယ်သတ္တဝါ ပင်ဖြစ်ပါသည်။
ဆိုင်းဆင့်စကားလာတို့သည် မြန်မာ့ဓလေ့၊ မြန်မာ့ယဉ်ကျေးမှုအစဉ် အလာတို့ကို ဖော်ပြတတ်သည်သာမက ကြက်သတ္တဝါသည် မြန်မာတို့၏ ရှေးရိုးစဉ်လာကပင် ပေါက်ဖွားခဲ့သည့်အကြောင်းကို သက်သေခံနေပါသည်။
မြန်မာ့ရေမြေတောတောင်ထဲတွင် နေထိုင်၍ အခြားနိုင်ငံရှိ မျိုးနွယ်တူ သတ္တဝါများနှင့် မတူ၊ သီးခြားစရိုက်လက္ခဏာ၊ အမူအကျင့်ရှိသည့် မြန်မာ့ဆင်၊ မြန်မာ့မြင်း၊ မြန်မာ့ကျား၊ မြန်မာ့ဥဒေါင်းကဲ့သို့ ကြက်သတ္တဝါသည်လည်း သီးခြားစရိုက်၊ လက္ခဏာ၊ ကိုယ်ခန္ဓာတည်ဆောက်ပုံနှင့် ပတ်ဝန်းကျင်နှင့် ရောနှောနေထိုင်သည့် အလေ့အထများ ကွဲပြားခြားနားစွာရှိပါသည်။ သို့ဖြစ်ခြင်းကြောင့် မြန်မာ့ကြက်အကြောင်းကို သီးခြားဖွဲ့ ဆိုခြင်းသည် ခိုင်ခိုင် မာမာသက်သေပြနိုင်ခြင်း ရှိ၊ မရှိကို ဤစာအုပ်တွင် ဖတ်ရှုလေ့လာဆုံးဖြတ် နိုင်ပါသည်။
(ခ) ကြက် - ဟူသောဝေါဟာရ
ကြက်- ဆိုသည်မှာ မြန်မာစကားစစ်စစ်ဖြစ်ပါသည်။ အခြားတိုင်းတစ် ပါးဘာသာစကားမှ ဆင်းသက်သည့်စကား၊ မွေးစားယူသည့်စကား မဟုတ်ပါပေ။
ဝေါဟာရလိနတ္တ ဒီပနီတွင်မူ ကြက်ဟုခေါ်ဝေါ်ခြင်းကား သက္ကတ ဘာသာပျက်ဟု မှတ်သားသင့်ကြောင်း အဆိုအမိန့်ရှိပါသည်။
အမရကောသ အဘိဓာန်တွင် စရဏာယုခေါ- ကလိကရာကူဟူ၍ ကြက်ပရိယာယ်ကို ပြဆိုပါသည်။ သဒ္ဒါပုဒ်နေရာတွင် နောက်ဖြစ်သော အက္ခရာကို တံခွန်တင် (သတ်) ၍ ကြက်- ဟု ရေးသည်ဟု ပြဆိုပါသည်။
ကြက်သည် ယက်၍စားတတ်သော ပိတိရ- ငှက်မျိုးတွင် ပါဝင်၍ ကုန်းထွက်ကျက်စားကြောင်း သတ်မှတ်ထားပါသည်။ ။
စရဏယု၊ ကြက် - ခြေ၌ယက်တတ်သော လက်နက်ရှိခြင်းကြောင့် စရဏာယုစသည် မည်သည်၊ ကြက်ပရိယာယ်လေးပုဒ်ကို ပြဆိုထားပါသည်။
ကုက္ကုဋံ ရဝတီတီ ကုက္ကုဋော
ဟူ၍ အဘိဓာန်တွင် ပြဆိုပါသည်။ ယင်းအနက်မှာ| ကုက္ကဋ၊ ကုတ်ကုတ်ထွက်ထွက်ဟူသော အသံကို ရဝတီ၊ မြည်တွန် တတ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်၊ ကုက္ကုဋေ၊ ကုက္ကုဋ (ဝါ) ကြက်မည်၏အနက်ဖွင့်ထားသည်ကို မှတ်သားရပါသည်။
ရန်ကုန်တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်၊ ပေမူ- အမရကောသ အဘိဓာန်တွင်မူ၊ သက္ကဋစာနှင့် နိသဿပြုရေးသားထားပါသည်။
* * ဣကရာကူး၊ ကြက်
ထွာပြစူးဋ၊ ကြက်
ကုက္ကဋူး၊ ကြက်
မဟာဇေယသင်္ခယာ စာဆိုတော်ကမူ ကြက်၏ ပရိယာယ်ကို ၂-ပုဒ် ပြဆိုထားပါသည်။
တမ္ပနူဋော - ကြက်
ကုက္ကုဋော - ကြက်
ဟူ၍ဖြစ်ပါသည်။
ဤကရာဟူကြက်ဟုလည်း ခေါ်ဝေါ်ရေးသားကြောင်း ပြဆိုပါသည်။
ဝေါဟာရလိနတ္တဒီပနီ၊ အပိုဒ် (၂၅၀)။
ယနေ့ မြန်မာနိုင်ငံတွင် ကြက်ကို (၄) မျိုး ခွဲခြားသတ်မှတ်လက်ခံထားပါသည်။
(က) တောကြက်
ကြက်ရိုင်းဖြစ်သည်၊ တောတောင်ထဲတွင် ကျက်စားသည်၊ ယဉ်ပါးအောင် မွေးမြူ၍ မရနိုင်ပါ။
(ခ) အိမ်ကြက်
လူနှင့်အတူ ယဉ်ပါးနေထိုင်သည်၊ ဟင်းစားကြက်ဟူ၍လည်း ခေါ် ဝေါ်ပါသည်။
(ဂ) ရေကြက်
ရေတစ်ပိုင်း၊ ကုန်းတစ်ပိုင်း နေထိုင်သည့်ကြက် ဖြစ်သည်။
(ဃ) ကြက်ဆင်
ကြက်အမျိုးအစားတွင် ပါဝင်သည်၊ မြန်မာကြက်မျိုး မဟုတ်ပါချေ။ နိုင်ငံခြား မျိုးနွယ် ဖြစ်ပါသည်။
ရေကြက် (Coot) မှာ ကြက်ဟူသည့် စကားရပ်နှင့် နှီးနွှယ်ခေါ်ဝေါ်ခြင်း အပြင် ပုံသဏ္ဌာန်၊ နေထိုင်၊ သွားလာ စားသောက်ပုံတို့မှာ အိမ်ကြက် တောကြက် များနှင့် ကွဲပြားပါသည်။ သို့ဖြစ်၍ ကြက်ဆင်နည်းတူ ယခု ရေးသား ပြုစုသည့် မြန်မာ့ဟင်းစားကြက်တွင် ရေကြက်နှင့် ကြက်ဆင်အကြောင်းတို့ကို ချန်လှပ်၍ ရေး သားထားပါသည်။
သို့ပါ၍ ကမ္ဘာပေါ်ရှိအိမ်မွေးကြက်မျိုးများ၏ မူလအစ တောကြက် (ဝါ) ကြက်ရိုင်း ၏ ဆင်းသက်လာသည့် သမိုင်းခြေရာကို လေ့လာဖော်ပြအပ်ပါသည်။
မြန်မာ့ဟင်းစားကြက်၏ သမိုင်းအစ အယူအဆ။
ကြက်ရိုင်းဟုခေါ်ဆိုရမည့် တောကြက်တို့သည် ဂဲလစ် ဂဲလစ် (Gallus Gallus) အုပ်စုတွင် ပါဝင်ကြသည်။ အိမ်မွေးယဉ်ပါးသော တိရစ္ဆာန်မျိုးနွယ်များတွင် ကြက်သည် နွားများ၊ ဝက်များ၊ ဆိတ်များထက်စော ၍ လူနှင့်နီးစပ်နေထိုင်ခဲ့ကြောင်း သိရှိမှတ်သားရပါသည်။
ကြက်ဥနှင့်ကြက် ဘယ်ကစ။
(ကြက်ဥနှင့်ကြက် ဘယ်ဟာ အရင်ပေါ်ပေါက်ခဲ့သလဲ-)
ယောအတွင်းဝန် မြန်မာပညာရှိအမတ်ကြီး ဦးဖိုးလှိုင်သည် ကနောင် မင်းသားနှင့် အာလာပ သလ္လာပပြောနေစဉ် ဤမေးခွန်းကို မေးလိုက်သည်။ သိပ္ပံနှင့် စစ်ရေးပညာတွင် အထူးလေ့လာလိုက်စားသည့် ကနောင်မင်းသား သည် စဉ်းစားသည်၊ ခေါင်းကို ဖြည်းညင်းစွာ သုံးလေးကြိမ် ညိတ်သည်။ သို့သော် ယောမင်းကြီး၏မေးခွန်းကိုမူ မဖြေကြားခဲ့ပေ။ ထို့အတူ မေးခွန်းရှင် ယောမင်းကြီးသည်လည်း ပုစ္ဆာကို အဖြေမထုတ်ခဲ့ပါ။
ထို့အတူ ထိုမေးခွန်းကို သိပ္ပံပညာ ကျော် အိုင်းစတိုင်းသည်လည်း မဖြေကြားခဲ့ပါ။ ယနေ့တိုင် လူအများသည် ထိုမေးခွန်းကို မှုန်ရီမှုန်ဝါးဖြစ် နေကြသေးသည်။
ကြက်၏ သမိုင်းအစကို ရှာဖွေခြင်းသည် လူ၏သမိုင်းအစကို ရှာဖွေ ခြင်းထက် ပိုမိုခက်ခဲမည်ဟုသာ တင်ပြလိုပါသည်။
သိပ္ပံမျိုးသန့်၊ ပတ်ဝန်းကျင်မှ သတ္တပညာ စာ (၆၉-၇၁)
မြန်မာတို့က သတ္တဝါတို့၏ ဖြစ်တည်မှုသံသရာကို ဘုရားသခင်မှ ဖန်ဆင်း တော်မူသည်ဟူသည့် အယူအဆကို လက်မခံပါ။ သတ္တဝါတို့သည် ကမ္ဘာဦးလူတို့ ပေါ်ပေါက်သကဲ့သို့ ဓမ္မတာအရ ပေါ်ပေါက်သည်ဟု လက်ခံကြပါသည်။ သန္ဓေတဇ- ပဋိ သန္ဓေတည်ရှိသည်မှ သတ္တဝါအဖို အမများ ပေါက်ဖွားလာကြပြီး၊ ထိုအဖို အမမှတစ်ဆင့် ဆင့်ကဲဆင့်ကဲ ပေါက်ဖွားခဲ့ ခြင်းဖြစ်သည်ဟု ယူဆကြပါသည်။
သို့ဖြစ်ရကား ကြက်၏ မူလပြဿနာ၊ ဥနှင့်ကြက်ကို ဖော်ထုတ်ရန်မှာ လွယ် မယောင်နှင့် ခက်ပါသည်။ ဥကို ကြက်သည်၊ ဥ၏ထွက်ကုန်သည် ကြက်၊ ထို့နည်းတူ ကြက်၏ထွက်ကုန်သည် ဥ ဖြစ်ပါသည်။ ယင်းတို့က သဘာဝရှိ အခြင်းအရာများတွင် )
ရာဇဝင်များထဲက ကြက်သတ္တဝါ
မြန်မာတို့ မြို့ပြ ပြည်ရွာများ မတည်ထောင်သည့် အချိန်ကာလကပင် ကြက်သတ္တဝါသည် အိမ်တော်ပါတိရစ္ဆာန်အဖြစ် ကူးပြောင်းနေပြီဖြစ်ပါသည်။
မြို့ပြတည်ထောင်သည့် သရေခေတ္တရာပြည်တွင် သာသနာတော် သက္ကရာဇ် (၄၃၃) ခုနှစ်တွင်၊ ငတပါး မင်းဖြစ်တော်မူပါသည်။
ငတပါးသည် မင်းမျိုးမဟုတ်၊ သရေခေတ္တရာပြည်တွင်နေသူတစ် ယောက်သည် မိမိသားကို ဆရာရဟန်းထံအပ်၍ ငယ်စဉ်ကပင် သာမဏေ ပြုစေ၏။ ဆရာက သနားတော်မူ၍ တပည့်အား စာပေလည်းသင်၊ သိမ်မွေ့ အောင်လည်း တပည့်အမှတ်ထား၏။
တစ်နေ့သောအခါ ဆရာတော်မွေးထားသည့် ကြက်ဖသည် အခါခပ် သိမ်းတွန်သမျှ ငါ့ခေါင်းစား ငတပါးမင်း- ဖြစ်လတ္တံ့ဟူ၍ တွန်စမှတ်ပြု သည်။ ဆရာလည်း သင်းသည် တိရစ္ဆာန်ဖြစ်လျက် ဤသို့ အခြင်းအရာကို တွန်သည်ဟု နှလုံးထားတော်မူသည်။ ရှင်သူငယ်ကိုခေါ်၍ ကြက်သားဟင်း
* ပြောင်းလဲသည့်သဘော၊ ငှက်မျိုးနွယ်ဝင်ကြက်များသည် ဆင့်ကဲဖြစ်စဉ်များအရ ကြက် အဖြစ်သို့ ပြောင်းလဲလာသည်ဟု ယေဘုယျ ယူဆကြရန်သာ ဖြစ်ပါသည်။
အိမ်ကြက်သည် တောကြက်မှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အိမ်ကြက် ပြောင်းလဲဖြစ်ပေါ်လာခြင်းသည် ပထမဦးဆုံး လူတို့ စတင်မွေးမြူသော တောကြက်မှ ပေါက်ပွားလာရပေမည်။ ထိုမှတစ်ဆင့် အိမ်ကြက်အဖြစ် ယဉ်ပါးပြီး ဟင်းစားကြက်၊ ဥစားကြက် အမျိုးအမည်ပေါင်းများစွာ ပေါက်ပွား ဖြစ်ထွန်းလာခြင်း ဖြစ်ပါသည်။ မျိုးရိုးဗီဇများ အဆင့်ဆင့်ပြောင်းလဲလာပြီး ရေမြေကိုလိုက်၍ ကွဲပြားခြားနားသည့် ကြက်မျိုးကွဲများ ဖြစ်လာကြပါသည်။
ယနေ့၊ တောကြက်တစ်ကောင်ကို ဖမ်း၍ အိမ်ကြက်အဖြစ် မွေးမြူရန် မဖြစ်နိုင်ပါ။ တောကြက်အကောင်ကို ဖမ်း၍ အခြားငှက်သတ္တဝါ၊ သာလိကာ၊ ကြက်တူရွေးကဲ့သို့ မွေးမရပါ။ ထို့အတူ တောကြက်ဥကို အိမ်ကြက်နှင့် ဖောက်၍လည်း မွေးမရပါ။ ပေါက် ဖွားလာပြီး အရွယ်ရောက်လျှင် တောကြက် စိတ်ပေါ်လာပြီး ရိုင်းပြမည်ဖြစ်ပါသည်။ ထိုနည်းတူ မြန်မာဟင်းစားကြက်ကိုလည်း ဥစားကြက်အဖြစ် ပြောင်းလဲ မွေးမြူ၍ မရပေ။
ချက်ကာ ကပ်စေသည်။ မောင်ရှင်ငယ်သည် ဆရာဆိုတိုင်း ချက်ပြုတ်ပြီးသော် ကြက်ကို အိုးမှအဆယ် ကြက်ခေါင်းပြုတ်၍ စားဖို၌ ကျလေသည်။ ရှင်သူငယ်သည် ကြက်ခေါင်းကို မသန့်ပြီဟူ၍ ဆေးကြော၍ စားလိုက်သည်။
ဆရာလည်း ကြက်ခေါင်းမပါ၍ မေးသည်တွင် မောင်ရှင်က ဆယ်ရာ တွင် မသန့်သောကြောင့် မထည့်ဘဲ ကျွန်ုပ်စားပေသည်ဟု ဆိုသည်။ ဆရာက ကြက်တိရစ္ဆာန်တွန်သံ မှန် မမှန် သိရပေတော့မည်ဟူ၍ မောင်ရှင်အား အထူးထူးသော စာပေကို သင်ကြားစေ၏။ အရွယ်ရောက်သော် လူပြုစေ၍ အမတ်စစ်သူကြီးထံ အပ်နှံလေ၏။ အမတ်ကြီးသည် သားငယ်အရာထား၍ နန်းတော်သို့ အခစားဝင်ရာတွင် ခေါ်သွား၏။ ဘုရင်မင်းမြတ်ကလည်း မြင် လျှင် ချစ်ခင်၍ တောင်းယူကာ သူငယ်၏ အမူအကျင့် ကျစ်လျစ်၍ မင်းခွင့် စိုးရာနှင့် ပြည့်စုံသည်ကို သဘောကျ၍ သားတော်လည်းမရှိသည်နှင့် သား အမှတ်မွေးမြူသည်။ ။
သူငယ်ကလည်း လိမ္မာသည့်အပြင်၊ မင်းတကာတို့ ကျင့်အပ်သော တရားနှင့်အညီ နေထိုင်လုပ်ဆောင်အပ်သည်ဖြစ်၍ မင်းကြီးက သမီးတော်နှင့် စုံဖက်၍ နန်းလျာထားသည်။ ခမည်းတော်မင်းကြီး ကွယ်လွန်သော် သရေ ခေတ္တရာပြည်ကြီးတွင် ငါ့တပါးအမည်နှင့် မင်းဖြစ်ပါသည်။
သမိုင်းမတင်မီ ခေတ်ကာလဖြစ်၍ ရာဇဝင်အကြောင်းကို အခိုင်အမာ မညွှန်းလိုသော်လည်း ခေတ္တရာပြည်မြို့တွင် ကြက်ခေါင်းစားဘုရားဟူ၍ ရှိခဲ့ပါသည်။
စာဆိုရှင် ပြည်နဝဒေးကြီးက ကြက်ခေါင်းစားဘုရားတိုင် (ပြည်) ရတုတွင်
# * ရွှေပြည်နှစ်ခွင်၊ လယ်ချက်တွင်နိုက်
ခုဝင်- ကိုးထောက်၊ စိုးသည့်နှိုက်ဝယ်
ဘုန်းတောက်လျှံလင်း၊ တပါးမင်းလျှင်၊
ဖြောင့်စင်းညွှန်ကြည်၊ ကုသိုလ်ရည်၍x x x
တပါးမင်းဆိုသည်မှာ ငတပါးမင်းကို ဆိုပါသည်။
သရေခေတ္တရာအလွန် ပုဂံမင်းဆက်တွင် ဘုရင်မင်းမြတ်တို့ လက်သုံး တော်၊ ကြက်တိုက်သည့် ရာဇဝင်ဇာတ်ကြောင်းတို့ များစွာရှိလာပါသည်။
Share














