Skip to product information
1 of 13

စိတ်ကူးချိုချိုစာပေ

အောင်စည်သာ - အောင်မြင်သူတွေဘယ်လိုဦးဆောင်သလဲ

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out

အောင်မြင်သူတွေ ဘယ်လိုဦးဆောင်သလဲ

အဆင့် [၁] | ရာထူးနေရာ

လူတွေက သင့်နောက်ကို လိုက်ကြတာ တာဝန်အရပါ

ရာထူးနေရာနဲ့ ခေါင်းဆောင်တယ်ဆိုတာ ခေါင်းဆောင်မှုအဆင့် တွေထဲမှာ အနိမ့်ဆုံး လူသစ်တန်းအဆင့်ပါ။ ရာထူးနဲ့ ခေါင်းဆောင် နေရာကို ယူထားသူမှာရှိတဲ့ လွှမ်းမိုးမှုက အဲဒီနေရာအတွက် ပေးထားတဲ့ အခွင့်အာဏာတစ်ခုပါပဲ။ ခေါင်းဆောင်နေရာကို ရယူထားခြင်းဟာဘာမှတော့ မမှားပါဘူး။ ဒါပေမဲ့ အဲဒီနေရာကို အသုံးချပြီး လူတွေကို ဦးဆောင်ဖို့ ကြိုးစားမယ်ဆိုရင်တော့ သင် အမှားကြီး မှားသွားပါပြီ။ ရာထူးနေရာဆိုတာ သြဇာလွှမ်းမိုးမှုကို အစားထိုးဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အရာပါ။

ဒီအဆင့် (၁) မှာပဲ ရပ်နေတဲ့ လူတွေဟာ အထက်အရာရှိတော့ ဖြစ်ချင်ဖြစ်မယ်။ ဘယ်တော့မှ ခေါင်းဆောင်တစ်ယောက်ဖြစ်မှာ မဟုတ် ပါဘူး။ သူတို့မှာရှိတာ လက်အောက်ငယ်သားသာဖြစ်ပြီး အဖွဲ့ဝင်တွေ မဟုတ်ကြပါဘူး။ စည်းမျဉ်းစည်းကမ်း၊ ဖွဲ့စည်းပုံနဲ့ ပေါ်လစီတွေကိုမှီခိုနေရပြီး လူတွေဟာ သူတို့ပြောတာကို သူတို့ အာဏာတည်သရွေ့ အတိုင်းအတာထိသာ လိုက်လုပ်ကြမှာဖြစ်ပါတယ်။ ပြီးတော့ သူတို့ရဲ့ လူတွေဟာ မိမိတို့ အလိုဆန္ဒပြည့်ရေးကိုသာ ဦးစားပေးကြမှာလည်း ဖြစ်ပါတယ်။ ရာထူးနဲ့ ယူထားတဲ့ ခေါင်းဆောင်မှုကို သုံးပြီး လူတွေကို အလုပ်နည်းနည်းပိုလုပ်ပေးဖို့ ခိုင်းတဲ့အခါ ရဖို့ ခဲယဉ်းပါတယ်။

ရာထူးနဲ့ ယူထားတဲ့ ခေါင်းဆောင်နေရာက လူတွေဟာ စေတနာ့ ဝန်ထမ်းတွေ လူငယ်တွေ၊ ပညာတတ်တွေနဲ့ အလုပ်လုပ်ရာမှာ အဆင် မပြေတတ်ကြပါဘူး။ ဘာဖြစ်လို့လဲဆို လွတ်လပ်မှုကြိုက်တဲ့ သူတို့လို လူမျိုးတွေအပေါ်မှာ ရာထူးနေရာကို လက်ကိုင်ထားတဲ့ ခေါင်းဆောင်တွေ ဟာ သြဇာလွှမ်းမိုးမှုမရှိတော့လို့ပါ။ ရာထူးဆိုတာ လူတိုင်းကို ခန့်လို့ ရပါတယ်။ ခွန်အားနဲ့ စွမ်းရည်ဘာမှ မလိုတဲ့အရာမဟုတ်လား။

အဆင့်(5)

ခေါင်းဆောင်မှုအထွတ်အထိပ် (လေးစားမှု)

လူတွေက သင့်နောက်လိုက်တာ သင်ဖြစ်နေလို့ပါ

အဆင့်(4)

ပြုစုပျိုးထောင်ပေး၊ မြေတောင်မြှောက်ပေးခြင်း

သူတို့ အပေါ် သင်ကောင်းခဲ့လို့ လူတွေက သင့်နောက်လိုက်တာပါ

အဆင့်(3)

အလုပ်ဖြစ်မှု (ရလဒ်)

အဖွဲ့အစည်းအပေါ် သင်လုပ်ပေးခဲ့တဲ့ အရာတွေအတွက် လူတွေကသင့်နောက်လိုက်တာပါ။

အဆင့်(2)

ခွင့်ပြုခြင်း (ဆက်ဆံရေး)

လူတွေက လိုက်ချင်လို့ သင် နောက်လိုက်တာပါ။

အဆင့်(1)

ရာထူးနေရာ (အခွင့်အာဏာ)

လူတွေက တာဝန်ရှိလို့ သင့်နောက်လိုက်တာပါ။

အဆင့် [၂] [ ခွင့်ပြုခြင်း

လူတွေက လိုက်ချင်လို့ကို သင့်နောက်လိုက်တာပါ

ခေါင်းဆောင်မှုရဲ့ အဆင့် (၂) က ဆက်ဆံရေးအပေါ် လုံးလုံး မှီခိုနေပါတယ်။ ခွင့်ပြုခြင်းအဆင့်မှာ လူတွေ သင့်နောက်ကို လိုက်တာ သင့်ကို တပည့်ခံတာ သူတို့ကိုယ်တိုင် စိတ်ပါလို့ပါ။ လူတွေကို လေး လေးစားစားနဲ့ တန်ဖိုးထားပြီး ဆက်ဆံတဲ့အခါ သူတို့အပေါ် သင့်ရဲ့ သြဇာလွှမ်းမိုးနိုင်ပါတယ်။ ယုံကြည်မှုလည်း တည်ဆောက်နိုင်ပါတယ်။ သင့် ပတ်ဝန်းကျင်ဟာ တဖြည်းဖြည်းလိုလားမှုတွေနဲ့ချည်း ပြည့်လာ လိမ့်မယ်။ အိမ်မှာဖြစ်ဖြစ်၊ အလုပ်မှာဖြစ်ဖြစ်၊ လုပ်အားပေးရာမှာပဲ ဖြစ်ဖြစ်ပေါ့။

အဆင့် (၂) ရဲ့ အဓိကအချက်က ရာထူးနေရာကို ထိန်းသိမ်းထား ခြင်း မဟုတ်ပါဘူး။ လူတွေအကြောင်း သိဖို့နဲ့ ဘယ်လို ပေါင်းရမလဲဖော်ထုတ်ဖို့ပါ။ အဲဒီလူတွေက ဘယ်လိုလူတွေလဲဆိုတာ ရှာဖွေကြည့် ရအောင်။ နောက်လိုက်တွေက သူတို့ခေါင်းဆောင် ဘာဆိုတာ သိချင် ကြတယ်။ ပြီးတော့ ခိုင်မာတဲ့ တည်တံ့တဲ့ ပေါင်းသင်းဆက်ဆံရေး တစ်ခု တည်ဆောက်လိုကြပါတယ်။

လူတွေကို ခေါင်းမဆောင်ရဘဲလည်း ခင်မင်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့နဲ့ မခင်မင်ဘဲနဲ့တော့ သူတို့ကို ဦးဆောင်နိုင်မှာ မဟုတ်ပါ။ အဲဒါဟာ ခေါင်းဆောင်မှု အဆင့် (၂) ရဲ့ အနှစ်သာရပါပဲ။

အဆင့် | အလုပ်ဖြစ်မှု [၃] ] (ရလဒ်)

အဲဒီအဆင့်ကပ်လုပ်တဲ့ ပစည်း ပြီးမှ သင့်တာပေးမှုမှာ

အဖွဲ့အစည်းအပေါ် သင်လုပ်ပေးခဲ့တဲ့ အရာတွေအတွက် လူတွေက သင့် နောက်လိုက်တာပါ

ခွင့်ပြုခြင်းအဆင့်ရဲ့ အန္တရာယ်ရှိတဲ့ အချက်က ခေါင်းဆောင်တွေ အဲဒီအဆင့်မှာတင် ရပ်လိုက်မှာကိုပါ။ ဒါပေမဲ့ ခေါင်းဆောင်ကောင်း ဆိုတာ အလုပ်လုပ်တဲ့ ပတ်ဝန်းကျင်ကို သာယာအောင် လုပ်ရုံတင် မဟုတ်ပါဘူး။ အလုပ်တွေလည်း ပြီးမှ ရမှာပါ။ အဲဒါကြောင့်ပဲ သူတို့ ဟာ ဒီအဆင့် (၃) ဆီ ရောက်အောင် လာသင့်တာပေါ့ ။ ရလဒ်အပေါ် အခြေခံတဲ့ အဆင့်တစ်ခုပါ။ ဒီအဆင့် (၃) ခေါင်းဆောင်မှုမှာ သြဇာ လွှမ်းမိုးမှုဟာ လူတွေရဲ့ အားကိုးချင်စိတ်က လာပါတယ်။ ခေါင်းဆောင် တစ်ယောက် သူ့အဖွဲ့ အစည်းအပေါ် လုပ်ပြခဲ့တဲ့ ရလဒ်အတွက် လူတွေ က သင့်နောက်လိုက် လုပ်ချင်လာကြတာပါ။

ခေါင်းဆောင်မှု အဆင့် (၃) ကို ရောက်ပြီဆိုတာနဲ့ ခေါင်းဆောင် တွေအတွက် ကောင်းတာတွေ တော်တော်များများ ဖြစ်ထွန်းလာပါပြီ။ အလုပ်တွေ ပြီးလာပြီ၊ စိတ်နေစိတ်ထားတွေ ကောင်းလာပြီ၊ အမြတ်တွေ လည်း တိုးတက်လာပြီပေါ့။ နောက်ဆုံး ပန်းတိုင်တွေလည်း တစ်ခုပြီး တစ်ခု ရနိုင်လာပါပြီ။ အဲဒါဟာ အဆင့် (၃) ရဲ့ အရှိန်ရမှုပါပဲ။

လူတွေကို ခေါင်းဆောင်ရတာ၊ လွှမ်းမိုးရတာကို ပျော်လာနိုင်ပါ တယ်။ အောင်မြင်မှုနဲ့ အလုပ်ဖြစ်မှုတွေက ပြဿနာ တော်တော်များများကို ဖြေရှင်းသွားပါလိမ့်မယ်။ ဒီအဆင့် (၃) မှာ ခေါင်းဆောင်တွေက အပြောင်းအလဲတွေ ဖန်တီးဖို့ စတင်သူတွေ ဖြစ်နိုင်ပါတယ်။ ခက်ခဲတဲ့ ပြဿနာတွေ ကြုံရတိုင်း အပြောင်းအလဲဖြစ်မယ့် ဆုံးဖြတ်ချက်တွေ ချမှတ်ရင်း သူတို့ရဲ့ နောက်လိုက်တွေကို ထိရောက်မှုအဆင့်တစ်ခုဆီ ထပ်မံခေါ်ဆောင်သွားပါလိမ့်မယ်။