Skip to product information
1 of 12

စိတ်ကူးချိုချိုစာပေ

အောင်စည်သာ - အောင်မြင်ခြင်းလမ်းမများ

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out

တစ်နေ့တစ်ခေါက် အရောက်သွား အောင်မြင်ခြင်း လမ်းမများ

အခန်း (၁)

အိပ်မက် မက်ပါ (နေ့စဉ်ပေါ့)

“ကျွန်ုပ်ရဲ့နောက်မှာအနန္တ စွမ်းအင်ရှိတယ်။ ကျွန်ုပ်ရဲ့ရှေ့မှာအဆုံးမဲ့ ဖြစ်နိုင်ခြေတွေရှိတယ်။ ကျွန်ုပ်ရဲ့ပတ်လည်မှာ အတိုင်းအဆမဲ့အခွင့်အရေးတွေရှိတယ်။ ကျွန်ုပ်ဘာကိုကြောက်ရမှာလဲ”

စတယ်လာ စတားဘတ်

အိပ်မက်တွေကို သင့်ကလေးတွေလို ပြုစုပျိုးထောင်ပါ

သင့်ကလေးတွေကို သင် ဂရုစိုက်ရဲ့ လား။ သင့်ဘဝအတွက် အောင် မြင်မှု အိပ်မက်တွေကို သင့် ကလေးတွေလို့ သင် ဘယ်တော့မှ စဉ်းစား မိမယ် မထင်ပါဘူး။ ဒါပေမဲ့ အဲဒါ အမှန်တကယ်ပါပဲ။ သူတို့ဟာ သင့်ရဲ့ ပစ္စုပ္ပန် ပျော်ရွှင်မှုနဲ့ သင့်ရဲ့ အနာဂတ်မျှော်လင့်ချက်တွေပါပဲ။ သင့် အိပ်မက် တွေကို ကာကွယ်ပါ။ ကျွေးမွေးစောင့်ရှောက်ပါ။ ပြုစုပျိုးထောင်ပါ။ ရှင်သန် ကြီးထွားဖို့ အားပေးပါ။ ဂရုစိုက်ပါ။ တစ်ချိန်ချိန်မှာ သင့် အိပ်မက်တွေဆီက အပြန်အလှန် မေတ္တာဆိုတာ သင် ပြန်ရနိုင်ပါတယ်။

“သင့် အနာဂတ် မျှော်မှန်းချက်တွေ သင့်အိပ်မက်တွေကို သင့်စိတ်ရဲ့ ရင်သွေးတွေလို့ သဘောထားစောင့်ရှောက်ခြင်းဟာ အနန္တအောင်မြင်မှုတွေအတွက် အကြီးမားဆုံး အခြေခံပါပဲ”

နပိုလီယံ ဟေးလ်

အောင်မြင်ဖို့ လိုအပ်လဲ။ လူတွေပေါ့

ဘယ်အရာကိုမှ တစ်ဦးတည်း အောင်အောင်မြင်မြင် မစွမ်းဆောင်နိုင် ပါဘူး။ သင် ပတ်ဝန်းကျင်ရဲ့ အကူအညီ လိုပါလိမ့်မယ်။ ထို့အတူသင့် ပတ်ဝန်းကျင်ကိုလည်း သင် ကူညီရပါလိမ့်မယ်။ သင် အောင်မြင်ချင်တယ် ဆိုရင်ပေါ့။ ဒါ့အပြင် သင် လူတွေနဲ့ ဆက်ဆံဖို့လည်း လိုအပ်လိမ့်မယ်။ ဒီအချက်တွေနဲ့ ပေါ့၊ သင့် ပေါင်းသင်းဆက်ဆံရေး အောင်မြင်မှုအတွက်...

- လူတွေအပေါ် အာရုံစိုက်ပါ ။

- လူချစ်လူခင် များအောင် နေပါ

- သူတစ်ပါးအပေါ် သင့် ဂရုစိုက်မှု၊ အလေးထားမှုကို ပြပါ။

- နာမည်တွေကို မှတ်မိပါစေ။

- လူကြားမှာ ဖြည်းညင်းစွာ လမ်းလျှောက်ပါ

- ကြင်နာ သနားပါ

- ဦးစားပေးပါ။

အောင်မြင်မှုရဲ့ လျှို့ဝှက်ချက် ၇ ချက်

၁။ အောင်မြင်ခြင်းမှာ လျှို့ဝှက်ချက် မရှိပါဘူး ။

၂။ အောင်မြင်မှုဟာ လူတိုင်းအတွက်ပါ။

၃။ သင်ကိုယ်တိုင် ကောင်းလာမှ သင့်ဘဝလည်း ကောင်းလာမှာပါ။

၄။ စွန့်လွှတ်ခြင်း မရှိဘဲ မအောင်မြင်နိုင်ဘူး။

၅။ အောင်မြင်မှုဆိုတာ လက်မတွေနဲ့ပဲ တိုင်းတာရတာ။ မိုင်တွေနဲ့တိုင်းမတာရဘူး ။

၆။ မနက်ဖြန်အောင်မြင်မှုအတွက် ကြောက်စရာအကောင်းဆုံးရန်သူက ဒီကနေ့ အောင်မြင်မှုပဲ။

၇။ သင်လိုက်မလုပ်ပါပဲနဲ့တော့ အောင်မြင်ခြင်းအတွက် ဘယ်အကြံပေးချက်ကမှ မထိရောက်ဘူး။

လယ်သမားတစ်ယောက်ဆီက သင်ခန်းစာ

မြို့ပေါ်က သတင်းအတတ်ပညာနဲ့ဘွဲ့ရတဲ့ လူငယ်လေးတစ်ယောက် ဟာ အလုပ်ဝင်တဲ့အခါ သတင်းစာတစ်စောင်မှာ ဂျာနယ်လစ်အနေနဲ့ တာဝန်ကျပါတယ်။ တစ်နေ့တော့ သူ့ရဲ့ ပထမဆုံး အလုပ်တာဝန်အနေနဲ့ သူတို့မြို့ရဲ့ မိုင် ၂၀ လောက် ကွာဝေးတဲ့ လယ်ကွင်းမှာနေတဲ့ လယ်သမား ကြီးတစ်ဦးကို အင်တာဗျူးဖို့ ဖြစ်လာပါတယ်။

လယ်သမားကြီးရဲ့ အိမ်ရှေ့ ကွပ်ပျစ်မှာ ထိုင်ကြရင်း လူငယ်လေးက လယ်သမားကြီးကို စမေးလိုက်တဲ့ မေးခွန်းကတော့ ...

“ဦးလေး ဘယ်အချိန် အလုပ်သွားပါသလဲ”တဲ့။ ။

အဲဒီအခါ လယ်သမားကြီးက “လူကလေး အဘ ဘယ်တော့မှ အလုပ်ထဲကို မသွားဘူးကွဲ ။ အလုပ်တွေကြားထဲမှာပဲ အဘ နေထိုင်တာ” လို့ ပြန်ပြောပါတယ်။

ကျွန်တော်တို့ သူ့အဖြေကနေ သင်ခန်းစာတွေ အများကြီး ရနိုင်ပါ တယ်။ ကျွန်တော်တို့အတွက် အခွင့်အလမ်းတွေဟာ လယ်သမားကြီးရဲ့ လုပ်ငန်းခွင်လိုပါပဲ။ နေရာတိုင်းမှာ အချိန်တိုင်းအတွက် အခွင့်အရေးတွေ အသင့်ရှိနေပါတယ်။ ပြဿနာတစ်ခုက အခွင့်အရေးဆိုတာ ကိုယ်က သွားရ မယ့် အရာတစ်ခုလို့ပဲ ကျွန်တော်တို့ ထင်ကြတယ်။ ဘေးမှာ ဝန်းရံနေတာ ကိုတော့ ဘယ်သူမှ သတိမပြုမိကြပါဘူး။

သင့်ရဲ့ နေ့စဉ်ဘဝကို ဖြတ်သန်းတဲ့အခါမှာ ပတ်ဝန်းကျင်ကို မျက်စိ လျင်လျင် ထားကြည့်ပါ။ သင့်ဘဝ အောင်မြင်မှုအတွက် အခွင့်အရေးတွေကို မမြင်ဘူးဆိုရင် သူတို့ရှိမနေလို့ မဟုတ်ဘူးဆိုတာ သတိရပါ။ လူတိုင်းဟာ အခွင့်အရေးတွေ ဝန်းရံတာ ခံနေရပါတယ်။ အလွယ်ဆုံး လုပ်ရမှာက သင့် မျက်စိနဲ့ ခံစားသိကို အာရုံစိုက်ပြီး မြင်အောင် ကြည့်ရုံပါ။ ပြီးတော့ အမိအရ ဖမ်းဆုပ်ယူပြီး အဲဒီအခွင့်အရေးကို အကောင်အထည်ဖော်ရုံပေါ့။

အလိုရှိသည်

- တိုးတက်ဖို့များများ၊ ဆန့်ကျင်ဖို့နည်းနိုင်သမျှ နည်းနည်း

- အလုပ်လုပ်သူများများ၊ စကားများသူနည်းနိုင်သမျှနည်းနည်း

- ဖြစ်နိုင်ပါတယ်များများ၊ မဖြစ်နိုင်ပါဘူးနည်းနိုင်သမျှ နည်းနည်း

- လှုံ့ဆော်ပေးမှုများများ၊ စိတ်ဓာတ်ချမှုနည်းနိုင်သမျှနည်းနည်း

- ထိုးဖောက်ဝင်ရောက်သူများများ၊ ဘေးထိုင်ဘုပြောနည်းနိုင်သမျှနည်းနည်း

- အမှန်ကိုပြမည့်သူများများ၊ အမှားရှာမည့်သူ နည်းနိုင်သမျှနည်းနည်း

- ဖယောင်းတိုင် ထွန်းမည့်သူများများ၊ မီးပိတ်မည့်သူ နည်းနိုင်သမျှနည်းနည်း

အမည်မသိ