Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

အောင်စည်သာ - အိပ်မက်တွေကစတဲ့လမ်း

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out
Type

အခန်း (၁)

သင်ဘယ်ကိုသွားနေသလဲဆိုတာသာသိရင်

ခရီးလမ်းက ပျော်ဖို့ကောင်းတယ်

လူတိုင်းနီးပါးအောင်မြင်မှုကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ ခက်ခဲတယ်ဆို တာကို ကျွန်တော်တွေ့ရှိခဲ့တယ်။ ဒါပေမဲ့ အောင်မြင်မှုဆိုတာ ဘာလဲ သင်မသိဘဲနဲ့ အောင်မြင်မှုကို သင်ဘယ်လိုရယူနိုင်မှာပါလဲ။ အဲဒါကြောင့် သင့်ရဲ့ အောင်မြင်မှုဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုခြင်းမှာ ကျွန်တော် ပါဝင်ကူညီချင်ပါတယ်။ အောင်မြင်မှုဆိုတာ တကယ်တော့ အမြဲတမ်း သွားနေရမယ့် ခရီးတစ်ခုသာ ဖြစ်ပါတယ်။

၁၉၈၅ ခုနှစ်က တည်ထောင်ခဲ့တဲ့ ခေါင်းဆောင်နှုန်းတစ်ကိုယ် ရေဖွံ့ ဖြိုးတိုးတက်မှုဆိုင်ရာ ဘာသာရပ်တွေကို သင်ကြားတဲ့ကျွန်တော့်ရဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ INJOY ရဲ့ ဝန်ထမ်း ၇၄” ယောက်ရှေ့မှာ ကျွန် တော်တို့ ကုမ္ပဏီဟာ အခုအခြေစိုက်တဲ့ အန်ဒီယေဂိုမြို့၊ ကာလီဖိုးနီး ယားပြည်နယ်ကနေ၊ ဂျော်ဂျီယာပြည်နယ် အတ္တလန္တာကို ပြောင်းမယ် ဆိုတဲ့သတင်းစကားကို လွန်ခဲ့တဲ့ လအနည်းငယ်က ကျွန်တော်ပြောခဲ့ပါတယ်။

အဲဒီလိုမပြောခင် အဲဒီလိုပြောင်းဖို့ ဆုံးဖြတ်ချက်ကိုချဖို့ ခြောက် လလောက် အချိန်ယူခဲ့ပါတယ်ဆိုတာပါပဲ။ INJOY ရဲ့ ဥက္ကဋ္ဌ ဒစ်(ခ်) ပီတာဆန်နဲ့ ကျွန်တော်နဲ့ ဘာတွေဖြစ်လာနိုင်သလဲဆိုတဲ့ မေးခွန်းတွေမြောက်မြားစွာနဲ့ ဒီအတွေးကို အကောင်အထည်ဖော်ခဲ့ပါတယ်။ ပြီးတော့ အကောင်း အဆိုးချိန်ထိုးပြီး ကျွန်တော်တို့ရဲ့ ဘဏ္ဍာရေးဒါရိုက်တာကို ငွေကြေးဆိုင်ရာ ဆန်းစစ်မှုအချို့ ပြုလုပ်ခိုင်းလိုက်ပါတယ်။ နောက်ဆုံးတော့ စီးပွားရေးအရရော၊ သယ်ယူပို့ဆောင်ရေးအရရော၊ ကျွမ်းကျင်မှု အရပါ ပြောင်းသင့်မယ်ဆိုတဲ့ အဖြေထွက်လာခဲ့တယ်။ ကုမ္ပဏီတစ်ခုခု ရယ် မဟုတ်ပါဘူး။ လူတစ်ဦးချင်းစီမှာလည်း ခုကိုယ်ရောက်နေတဲ့ အဆင့်ရဲ့ နောက်တစ်ဆင့်ကို တိုးတက်ချင်တယ်၊ ကြီးပွားချင်တယ်ဆိုရင် ကျွန်တော်တို့ ပြောင်းလဲရမယ်ဆိုတာကို သိပြီးသားပါ။

ပြောရရင်တော့ အဲဒီဆုံးဖြတ်ချက်ဟာ သိပ်ခက်ခဲတဲ့ဆုံးဖြတ်ချက် ပဲ၊ အန်ဒီယေဂိုကနေပြောင်းဖို့ ကျွန်တော်ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူး ဘူး။ အင်ဒီယာနားကနေ လင်မယားနှစ်ယောက်သား ဒီမြို့ကို ပြောင်း လာပြီးကတည်းက ကလေးတွေလည်း ဒီမှာပဲမွေး၊ ဒီမှာပဲကြီးပြင်းနဲ့ အန်ဒီယေဂိုဟာ ကျွန်တော့်အိမ်လို ဖြစ်နေပါပြီ။ ဘာပဲဖြစ်ဖြစ် ပိုကြီးမားတဲ့ အောင်မြင်မှုအတွက် ဒါကိုလည်း စွန့်လွှတ်ရမှာပါပဲ။ ပိုဆိုးတာက ကျွန် တော်ရဲ့ ဝန်ထမ်းတွေပါ။ ဝန်ထမ်းအများစုက အန်ဒီယေဂိုဇာတိတွေဖြစ် ကြပြီး သူတို့ကို ဒီက မပြောင်းစေမယ့် ဖိအားများစွာရှိနေပါတယ်။ အဲဒီလိုနဲ့ အဲဒီဆုံးဖြတ်ချက်ကို ပြောလိုက်တဲ့အချိန်ကို မျက်လုံးထဲကကို မထွက်ပါဘူး။ တစ်ယောက်တစ်မျိုးစီ အံ့သြ၊ စိတ်ပျက်၊ ဝမ်းနည်း၊ ထိတ်လန့်တဲ့ အမူအရာတွေနဲ့ သူတို့ ခေတ္တ ေ အသွားခဲ့ကြပါတယ်။

ပြီးတော့ အတ္တလန္တာရဲ့ အခြေအနေကို ဗီဒီယိုအချို့နဲ့ ပြသရင်း ရှင်းလင်းပြောကြားပါတယ်။ သူတို့ အတ္တလန္တာကိုပြောင်းပြီးတာနဲ့အလုပ်ရမယ်ဆိုတဲ့ အကြောင်းလည်း ဆက်ပြောပါတယ်။ အဲဒီလိုနဲ့ ကျွန်တော်နဲ့ ဥက္ကဋ္ဌတို့နှစ်ယောက်မိနစ် ငါးဆယ်လောက် ပြောင်းဖို့ရွှေ့ဖို့ ပြောပြီးတဲ့အချိန်မှာ အတ္တလန္တာက ခေါ်လာခဲ့တဲ့ အိမ်ခြံမြေအကျိုးဆောင် နှစ်ယောက်နဲ့ မိတ်ဆက်ပေးပြီး သူတို့စိတ်ထဲရှိတာတွေကို မေးစေခဲ့ပါ တယ်။

ခရီးစဉ်တွင်လိုက်ပါဖို့ သဘောတူကြခြင်း

ကျွန်တော်တို့ဝန်ထမ်းတွေဆီက ဘယ်လိုတုံ့ပြန်မှုမျိုးလာမယ်ဆို တာ မခန့်မှန်းတတ်ခဲ့ပါဘူး။ သူတို့ဘဝကို အကြီးအကျယ်ပြောင်းလဲစေ မယ့် အဓိက အပြောင်းအရွှေ့တစ်ရပ်ကို ကျွန်တော်တို့အဆိုပြုခဲ့တယ်။ အံ့သြဖို့ကောင်းတာက ကျွန်တော်တို့ ဝန်ထမ်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော် ထံက ပြောင်းမယ်ဆိုတဲ့ လူတွေနဲ့ အနည်းဆုံးတော့ ပြောင်းလဲဖို့ စဉ်းစား မယ်ဆိုတဲ့ လူတွေချည်းဖြစ်နေတာကို တွေ့ရတာပါပဲ။ သူတို့ခရီးစဉ်မှာ လိုက်ပါချင်ကြပါတယ်။

သူတို့ရဲ့ ထူးဆန်းတဲ့အပြုအမူဟာ ကျွန်တော့်ကို အတွေးတွေများ စေပါတယ်။ ဘာလို အဲ့လောက်အများကြီးက သူတို့ရဲ့ မိသားစု၊ သူတို့ရဲ့ သူငယ်ချင်း၊ သူတို့ရဲ့ မွေးရပ် ပတ်ဝန်းကျင်ကို ခွဲခွာပြီး တစ်နေရာနဲ့တစ် နေရာ ဘာလို့ပြောင်းချင်တာလဲလို့ပေါ့။ နောက်ဆုံးတော့ အကြောင်းပြ ချက် လေးခုကို သွားတွေ့ပါတယ်။

၁။ ကျွန်တော်တို့ သူတို့ဘယ်ကိုသွားနေတယ်ဆိုတဲ့ ပုံရိပ်ကို ကောင်းစွာဖော်ပြပေးခဲ့တယ်။

အိမ်ခြံမြေအကျိုးဆောင်နှစ်ယောက်၊ နစ်(ခ်)နဲ့ကျွန်တော်တို့ရဲ့ ပြော စကားတွေဟာ ဝန်ထမ်းတွေအတွက် အတ္တလန္တာမှာ ဘယ်လိုဖြစ်မလဲ ဆိုတဲ့ အနာဂတ်ရဲ့ ပုံရိပ်တွေပါပဲ။ ကောင်းတဲ့အရပ် ပတ်ဝန်းကျင်၊ပိုပြီးကြီးမားကျယ်ပြန့်တဲ့လူဦးရေ၊ သူတို့ဘဝရဲ့ အရည်အသွေးကို တိုး တက်စေမယ့်အခွင့်အရေးနဲ့ ကုမ္ပဏီကို နောက်တစ်ဆင့်မြှင့်တင်နိုင်မယ့် အခွင့်အလမ်းတွေကို သူတို့တွေ့မြင်သွားနိုင်ခဲ့တယ်။

၂။ ကျွန်တော်တို့ သူတို့မေးခွန်းတွေကို ဖြေခဲ့တယ်။

အဲဒီလိုကြီးမားတဲ့ အပြောင်းအလဲဟာ လူတွေကို မလုံခြုံမှု၊ စိုးရိမ် မှုတွေနဲ့ မေးခွန်းပေါင်း မြောက်များစွာထွက်ပေါ်လာစေတာ အမှန်ပါပဲ။ ရုံးခန်းကဘယ်မှာလဲ၊ ကျောင်းတွေကရော ဘယ်လိုလဲ၊ အိမ်ခြံမြေဈေး ကွက်၊ ယဉ်ကျေးမှုနဲ့ အပန်းဖြေစရာတွေ၊ အဲဒီပြည်နယ်ရဲ့ အခွန်စနစ် စတာတွေကို ပေးကြတယ်။ ပထမဆုံး အစည်းအဝေးမှာပဲ အဲဒီမေးခွန်း တွေအားလုံးနီးပါးကို ကျွန်တော်တို့ ဖြေနိုင်ခဲ့ပါတယ်။

၃။ သူတို့ရဲ့ဘဝမှာ တစ်ကိုယ်ရေအောင်မြင်မှုကို ခံစားခဲ့ကြဖူးတယ်။

INJOY ဟာ အဖွဲ့တစ်ခုအနေနဲ့ကတော့ အောင်မြင်မှုတွေရခဲ့ပါ တယ်။ အဖွဲ့ထဲမှာ ပါဝင်တဲ့ လူတွေရောပေါ့။ သူတို့ဟာ ကုမ္ပဏီရဲ့အောင်မြင်မှုအတွက် တာဝန်ရှိခဲ့ရုံမက အောင်မြင်မှုရဲ့ အသီးအပွင့်တွေကို လည်း ခံစားခဲ့ရတယ်။ သူတို့မှာ ရည်ရွယ်ချက်ဆိုတဲ့ အသိစိတ်ရှိခဲ့ပါ တယ်။ သူတို့ တစ်ကိုယ်ရည်အဆင့်မှာလည်း အမြဲတိုးတက်နေကြ တယ်။ ပြီးတော့ သူတို့လူတွေကိုလည်း ကူညီနိုင်ခဲ့တယ်။

၄။ သူတို့ အခြားဘယ်မှာမှမရတဲ့ ထူးခြားတဲ့ပုံစံကို ဒီကုမ္ပဏီနဲ့ ဆက်လက်ရယူလိုကြတယ်။

အပြောင်းအရွှေ့ကို မကြော်ငြာခင် ရက်သတ္တပတ်အနည်းငယ်မှာ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတစ်ယောက်က INJOY မှာလုပ်ရတာ လူတွေ ကို များစွာကူညီနိုင်တဲ့အကြောင်း၊ အခြားဘယ်ကုမ္ပဏီမှာမှ ဒီလိုမျိုးမကြုံရနိုင်ကြောင်း ပြောနေတာကို ကြားခဲ့ရပါတယ်။ တစ်စုံတစ်ယောက် က သူ့ရဲ့ ထူးခြားမှုကို သိရှိသွားတာနဲ့ လက်မလွတ်ချင်သလို အဆုံးရှုံး လည်း မခံချင်ကြတော့ပါဘူး။ သူတို့ရဲ့ဘဝမှာ ထူးခြားတဲ့အရာတွေက သူတို့ရဲ့ အမြင်နဲ့ ဦးစားပေးအရာတွေကို ပြောင်းလဲစေခဲ့ပါတယ်။

ဟုတ်ပါပြီ သင့်ရဲ့ ဝန်ထမ်းတွေကတော့ ပြောင်းချင်တာဟုတ်ပါပြီ။ ကဲ ကျွန်တော်က မပြောင်းချင်ဘူးဆိုပါတော့ ကျွန်တော်ကဘာလုပ်ရမှာ လဲ။ ကျွန်တော်အတွက်ရော အောင်မြင်မှုဆိုတဲ့ အဓိပ္ပာယ်သတ်မှတ်ချက် က ဘာပါလဲ။ သင်မသွားချင်ဘူးဆိုတာလည်း ဖြစ်နိုင်ပါတယ်။ ဒါဟာ လဲ သင့်ရဲ့ ခရီးစဉ်ပါပဲ။ သင်ကျွန်တော်တို့နဲ့အတူ မဟုတ်တဲ့၊ ကျွန်တော် တို့ထက်ပိုဝေးတဲ့၊ ပိုနီးတဲ့၊ ခရီးစဉ်ကို သင်ဖန်တီးနိုင်ပါတယ်။ အဲဒီ ခရီးစဉ်က သင်အိပ်မက်ထားတာထက်၊ သင်မျှော်မှန်းထားတာထက်တောင် ပိုပြီး သင့်ကို ခေါ်ဆောင်သွားနိုင်ပါတယ်။ အဲဒီလိုဖြစ်ဖို့ဆိုရင် သင့်မှာ ကျွန်တော့်တို့ INJOY ဝန်ထမ်းတွေမှာ ရှိခဲ့သလိုမျိုး အထက်ပါ အကြောင်းပြချက် လေးမျိုးတော့ ရှိရပါမယ်။ သင်ဘယ်ကိုသွားနေသလဲ ဆိုတဲ့ ပုံရိပ်၊ သင့်ရဲ့ အောင်မြင်မှုအတွက် မေးခွန်းနဲ့အဖြေတွေ၊ အောင် မြင်မှုဆိုတာဘာလဲဆိုတဲ့ ဗဟုသုတနဲ့ တိုးတက်ဖို့ပြောင်းလဲနိုင်တဲ့ အစွမ်း သတ္တိတွေပါ။

အောင်မြင်မှုဆိုတာ လူတိုင်းအတွက်ပါ။”

အောင်မြင်မှုရဲ့ သမားရိုးကျရုပ်ပုံလွှာ

အောင်မြင်ချင်တဲ့လူတွေရဲ့ ပြဿနာက အောင်မြင်မှုကို မဆောင် ကျဉ်းနိုင်တာမဟုတ်ပါဘူး။ သူတို့အတွက် အဓိကအတားအဆီးက သူတို့အောင်မြင်မှုဆိုတာကို တလွဲအဓိပ္ပာယ်ပေါက်နေကြတာပါ။ အောင် မြင်မှုနဲ့ပတ်သက်တဲ့ အကြီးမားဆုံးအဓိပ္ပာယ်ပေါက်မှုအလွဲက အောင် မြင်မှုဆိုတာ ပါရမီရှိရမယ်၊ ဉာဏ်ကြီးရမယ်၊ မျက်လှည့်ဆန်တယ် သို့ မဟုတ် ကိုယ်တွေမှာမရှိတဲ့အရာလို့ ထင်မြင်နေတတ်ကြခြင်းပါပဲ။

အောင်မြင်မှုဆိုတာဘာလဲ အောင်မြင်ဆိုတာ ဘာနဲ့တူလဲစတဲ့ မေး ခွန်းတွေနဲ့ပတ်သက်လို့ လူတွေမှာ အဖြေမှားတွေရှိကြတယ်။ သူတို့ကတော့ အောင်မြင်မှုဆိုတာနဲ့ အောက်ပါလူတွေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို မြင်ကြတယ်။

- ဘီလ်ဂိတ်ရဲ့ချမ်းသာမှု

- အာနိုး(လ်)ရဲ့ ခန္ဓာကိုယ်

- အိုင်စတိုင်းရဲ့ ဉာဏ်ရည်

- မိုက်ကယ်ဂျော်ဒန်ရဲ့ အားကစားစွမ်းရည်

- ဒေါ်နယ်(လ်)ထရမ့်ရဲ့ စီးပွားရေးပါဝါ

- ဂျက်ကီကနေဒီရဲ့ လူချစ်လူခင်ပေါမှု

- ဒေါ့(လ်)(တ်)ဒစ္စနေးရဲ့ ဖန်တီးမှု

- မာသာထရီဆာရဲ့ နှလုံးသား စတာတွေပါပဲ။

အဲဒီအတွေးအခေါ်ဟာ အောင်မြင်မှုနဲ့နီးစပ်ပါတယ်။ ကျွန်တော် တို့က အောင်မြင်မှုတွေဟာ အခြားလူတွေကို အဲဒီအပေါ်ကလူတွေလို ဖြစ်ရမယ်လို့ ယုံကြည်နေကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ကျွန်တော် တို့ကိုယ်တိုင်ထက်ပိုပြီး အပေါ်ကတစ်ယောက် ဘယ့်နှယ်ဖြစ်နိုင်မှာပါလဲ။ သင်ဖြစ်လည်း မဖြစ်ချင်သင့်ပါဘူး။ အဲဒါဟာ အရေးကြီးပါတယ်။ သင့်သူများနဲ့တူဖို့ ကြိုးစားနေပြီဆိုရင် သင်မအောင်မြင်နိုင်တော့ပါဘူး။ သင်ဖြစ်ချင်တဲ့အလားအလာကို သင်ကိုယ်တိုင် ရိုက်ချိုးမိသလို ဖြစ်သွား ပါလိမ့်မယ်။

*

အောင်မြင်မှုရဲ့ ပုံစံအလွဲများ

လူတွေဟာ အောင်မြင်တဲ့သူတွေနဲ့ တူချင်တဲ့ ထောင်ချောက်တင် မဟုတ်ပါဘူး။ သူတို့က အောင်မြင်မှုလို့မြင်နေတဲ့ အောင်မြင်မှုဟန်ဆောင်နေတဲ့ ပုံရိပ်အလွဲတွေရှိပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ရဲ့ အောင်မြင်မှုရှာဖွေခြင်းမှာ ရှောင်ရှားနိုင်ရပါမယ်။

ချမ်းသာကြွယ်ဝမှု

လူတိုင်းနားလည်တဲ့အောင်မြင်မှုက ချမ်းသာကြွယ်ဝမှုဆိုတာပါ။ လူတော်တော်များများက သူတို့ချမ်းသာရင် အောင်မြင်ပြီလို့ ထင်ကြ တယ်။ ဒါပေမဲ့ ချမ်းသာကြွယ်ဝမှုဟာ အောင်မြင်မှုလည်း မဟုတ်သလိုကျေနပ်အားရခြင်းကိုလည်း ဖြစ်စေနိုင်မှာ မဟုတ်ပါဘူး။ စက်မှုလုပ် ငန်းရှင်တစ်ယောက်ဖြစ်တဲ့ ဂျွန်ဒီရော့စ်ပယ်လာဟာ သိပ်ကိုချမ်းသာတဲ့ လူဖြစ်ပြီး သူ့ဘဝတစ်လျှောက်လုံးမှာ ဒေါ်လာသန်း ၃၅၀ လောက် လှူဒါန်းခဲ့သူလည်း ဖြစ်ပါတယ်။ တစ်ခါက သူ့ကို ငွေဘယ်လောက်ထပ် ရရင် ကျေနပ်နိုင်ပြီလည်းလို့ မေးတဲ့အခါ “ဒီထက် နည်းနည်းထပ်ရရင် ပေါ့”လို့ ဖြေခဲ့ပါတယ်။ ရှေးဟောင်းအစ္စရေးတို့ရဲ့ ဘုရင်ဖြစ်တဲ့ ဆော် လမွန်ဘုရင်က “ငွေကိုချစ်တဲ့လူတွေဟာ ဘယ်တော့မှမတင်းတိမ်နိုင်ကြ သလို၊ ကြွယ်ဝမှုကို ကြိုက်တဲ့လူများကလည်း သူတို့ရဲ့ လစာကို ဘယ်တော့မှ မကျေနပ်ကြပါဘူးတဲ့။”

ဂရိမီလျံနာတစ်ယောက်လည်းဖြစ်တဲ့ အရစ်တိုတယ်လ် ဟိုနားစစ် က “အမှတ်တစ်ခုကိုရောက်ပြီးရင်၊ ငွေဆိုတာ အရေးမကြီးတော့ပါဘူး” လို့ ပြောခဲ့ပါတယ်။ “တကယ်အရေးကြီးတာက အောင်မြင်မှုပါလို့လဲ” သူက ထပ်ပြီး ဖြည့်စွက်ပြောကြားခဲ့ပါသေးတယ်။

ထူးခြားတဲ့ခံစားချက်

အောင်မြင်မှုနဲ့ပတ်သက်လို့ အမြင်မှားတစ်ခုက လူတွေက သူတို့ ပျော်ရွှင်တယ်၊ အောင်မြင်တယ်လို့ ခံစားရရင် အောင်မြင်မှုကိုရပြီလို့ ထင်ကြတာပါပဲ။ အောင်မြင်တယ်လို့ ထင်ဖို့ဆိုတာ ချမ်းသာဖို့ ကြိုးစား ရတာထက် ပိုပြီး ခက်ခဲနိုင်ပါသေးတယ်။ ဒေါ်နယ်ထရမ့်က ပြောခဲ့တယ် “အောင်မြင်မှုတွေရဲ့ တကယ့်အတိုင်းအတာဟာ ပျော်ရွှင်မှုပါပဲ။ ကျွန် တော့်လောက် ပိုက်ဆံမရှိပေမဲ့ ကျွန်တော်ထက်ပိုပြီး ပျော်ရွှင်ရတဲ့သူငယ် ချင်းတွေ ရှိတယ်။ သူတို့ဟာ ကျွန်တော့်ထက်ပိုပြီး အောင်မြင်ကြပါ တယ်”တဲ့။ လူတိုင်းက အောင်မြင်တယ်လို့ထင်တဲ့ ထရမ့်ဟာ ပျော်ရွှင်မှု ကို အောင်မြင်မှုလို့ ထင်ပါတယ်။ သူ့သူငယ်ချင်းတွေကလည်း ထရမ့်က ပိုအောင်မြင်တယ်လို့ ထင်ကြပါလိမ့်မယ်။ အဲဒါကိုကြည့်ခြင်းဖြင့် လူတွေ က ကိုယ့်မှာမရှိတာကို အောင်မြင်မှုလို့ သတ်မှတ်တတ်ကြတဲ့အကျင့်ကို သွားတွေ့ရပါတယ်။

ပျော်ရွှင်မှုကို အမြဲရှာဖွေနေတဲ့ အကြောင်းကလည်း လူအများကို လမ်းလွဲစေတာပါ။ သင်ဟာ ပျော်ရွှင်မှုကို ပန်းတိုင်လို့သတ်မှတ်ခဲ့မယ် ဆိုရင် သင်ကျရှုံးဖို့များပါပြီ။ သင်ဟာ ရိုလာကိုစတာ စီးနေရသလို ဖြစ်နေရပါလိမ့်မယ်။ ဘာလို့ဆို ဘဝဆိုတာ အမြဲပြောင်းလဲနေတာပါ။ ဒါကြောင့် သင့်ရဲ့ စိတ်ခံစားမှုပြောင်းလဲတိုင်း သင်အောင်မြင်လိုက်၊ ကျရှုံးလိုက်ဖြစ်နေပါလိမ့်မယ်။ ဘဝဆိုတာ မသေချာပါဘူး။ ခံစားချက်တွေက မတည်ငြိမ်ပါဘူး။ ပျော်ရွှင်မှုကလည်း အောင်မြင်မှုရဲ့ အတိုင်းအတာ အဖြစ် တသမတ်တည်း သတ်မှတ်ရာ မကောင်းပြန်ပါဘူး။

“သင်သာပျော်ရွှင်မှုကို သင့်ရဲ့ပန်းတိုင်လို့ သတ်မှတ်လိုက်ရင် သင်ကျရှုံးဖို့ ကျိန်းသေနေပါပြီ”

တစ်ခုခုဖြစ်ချင်တာ၊ ပိုင်ဆိုင်ချင်တာ

ကျွန်တော်ငယ်ငယ်က စက်ဘီးလေးတစ်စီး သိပ်လိုချင်တာ။ စက် ဘီးရှိတဲ့ လူတွေကတော့ အောင်မြင်တယ်လို့ ထင်ခဲ့တယ်။ ပြီးတော့ကျောင်းလက်ရွေးစင် ဘတ်စကတ်ဘောသမားလည်း သိပ်ဖြစ်ချင်တာ။ နောက်ပြီး ကျောင်းသားအသင်းရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ချင်ခဲ့တာ။ အဲဒါတွေ အကုန်ရခဲ့ပါတယ်။ အကုန်လုံးလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်ခုခု လိုချင်တာနဲ့အတူတော့ အောင်မြင်မှုဟာ လိုက်ပါမလာခဲ့ပါဘူး။ တကယ်တော့ လိုချင်မှုတွေဟာ ခဏတာသာယာမှုကိုပဲ ဖြစ်စေတာပါ။ အောင် မြင်မှုဟာ ဒီနည်းလမ်းနဲ့ မရဘူးနိုင်သလို၊ တိုင်းတာလို့လည်း မရနိုင်ပါ ဘူး။

အာဏာ

ချားလ်(စ်)မက်အဲလ်ရိုင်းဆိုတဲ့ပုဂ္ဂိုလ်က တစ်ခါက ဟာသအဖြစ် ပြောခဲ့ဖူးတယ်။ “အာဏာဆိုတာ အကောင်းဆုံးခဏတာ စိတ်ရူးပေါက် မှုပါပဲ”လို့ ဆိုပြီးတော့ပေါ့။ သူ့စကားမှာ အမှန်တရားအချို့ ပါဝင်နေပါ တယ်။ ပါဝါတွေ၊ အာဏာတွေက သင့်ကို အောင်မြင်ပြီလို့ ခဏတော့ ထင်စေပါလိမ့်မယ်။ ဒါပေမဲ့ အဲဒါဟာ အောင်မြင်မှုအစစ် မဟုတ်ပါဘူး။

အာဏာဆိုတာ တကယ်တော့ လူရဲ့ စရိုက်ကို စမ်းသပ်ခြင်းပါ။ “လူတိုင်းက သည်းထိတ်ရင်ဖိုကိစ္စကို ကြံ့ကြံ့ခံနိုင်ကြတယ်။ ဒါပေမဲ့ ခင်ဗျားတစ်ယောက်ကို စမ်းသပ်ချင်ရင် သူကို အာဏာပေးကြည့်စမ်းပါ” လို့ အေဘရာဟင်လင်ကွန်းက ပြောခဲ့ဖူးပါတယ်။ အာဏာဆိုတာကောင်းတဲ့လူလက်ထဲမှာတော့ အကျိုးကျေးဇူးကို ဖြစ်နိုင်စေပေမဲ့ လူဆိုး လက်ထဲရောက်သွားရင်တော့ ဆိုးရွားတဲ့ပျက်စီးမှုတွေကို ဖြစ်ပေါ်စေပါ တယ်။ သူ့ဟာသူကတော့ အာဏာဆိုတာ အကောင်းလည်း မဟုတ်၊ အဆိုးလည်း မဟုတ်ပါဘူး။

ပန်းတိုင်ရောဂါ

ပန်းတိုင်ရောက်လို့ အောင်ပွဲခံပါဆိုတဲ့လူတွေ ရှိပါတယ်။ ဟုတ်ပါ တယ်။ သူတို့တစ်စုံတစ်ခုကို ရရှိခဲ့ပါပြီ။ အဲဒါကို သူတို့က အောင်မြင် ပြီလို့ ထင်နေကြတယ်။ ကျွန်တော့်ကတော့ အဲဒါကို ပန်းတိုင်ရောဂါလို့ နာမည်ပေးထားပါတယ်။ ကျွန်တော်လည်း တစ်ခါတုန်းကတော့ တစ်ခုခု ကို ရယူနိုင်တာ၊ ရည်ရွယ်ချက်တစ်ခုကို ရောက်နိုင်တာကို အောင်မြင်မှု လို့ ထင်ခဲ့ဖူးပါတယ်။ ကြိုတင်သတ်မှတ်ထားတဲ့ ပန်းတိုင်ဆီမရောက် မချင်းတော့ အဲဒီစိတ်ဓာတ်က တိုးတက်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမဲ့ အချိန်တွေကြာလာတဲ့အခါ ဒီအချက်မှာလည်း အကန့်အသတ်ရှိ လာပြန်တယ်။

“ဘယ်လိုလူနှစ်ယောက်အတွက်မဆိုအောင်မြင်မှုပုံစံ မတူနိုင်ပါဘူး။”

သင့်ရဲ့ ရည်မှန်းချက်ကို ရောက်တိုင်းအောင်မြင်မယ် (သို့) ကျေနပ်မယ်လို့ အတပ်မပြောနိုင်ပါဘူး။ မိုက်ကယ်ဂျော်ဒန်ကိုပဲ ကြည့်ကြည့် ပါ။ သူလိုချင်တဲ့ ပန်းတိုင်တွေအကုန် ရခဲ့လို့ ဘတ်စကက်ဘောကစား သမားဘဝက အနားယူမယ်လို့ ပြောခဲ့ပြီး၊ သူကြာကြာမနေနိုင်ခဲ့ပါဘူး။ အဲဒီဘတ်စကက်ဘောကွင်းနဲ့ ဝေးဝေးမှာပေါ့။ နည်းနည်းကြာတော့ သူ အောက်တန်းလိဂ်လေးတွေမှာ ပြန်ပြီးကစားခဲ့ပါတယ်။ ဒါကြောင့် အောင်မြင်မှုဆိုတာ တစ်ခုပြီးတစ်ခုရရမယ့် ပန်းတိုင်စာရင်းမဟုတ်ပါဘူး။ ရောက်ရမယ့်ခရီးဆုံးတစ်ခု မဟုတ်ပါဘူး။ သွားနေရမယ့် ခရီးလမ်းတစ် ခုသာ ဖြစ်ပါတယ်။

အောင်မြင်ခြင်းရဲ့ပုံရိပ်အမှန်

အဲဒါဆိုရင် သင်အောင်မြင်ခြင်းခရီးကို ထွက်ခဲ့ပြီလား။ အောင် မြင်ဖို့ ဘာတွေလိုအပ်မယ်လို့ သင်ထင်ပါသလဲဆိုရင် နှစ်ခုတော့လိုအပ် ပါတယ်။ အောင်မြင်မှုရဲ့ ပုံရိပ်အမှန်နဲ့ အောင်မြင်မှုဆီသွားရမယ့် ဥပဒေသ အမှန်တွေကို သိဖို့ပါပဲ။

ဘယ်လိုလူမျိုးနှစ်ယောက်အတွက်မဆို အောင်မြင်ခြင်းပုံရိပ်လွှာ ဟာ တစ်ထပ်တည်းမဖြစ်နိုင်ဘူး။ ဘာဖြစ်လို့ဆို ကျွန်တော်တို့အားလုံး ဟာ မတူညီတဲ့ လူတွေအဖြစ် ဖန်တီးခြင်းခံထားရလို့ပါ။ ဒါပေမဲ့ အောင် မြင်နိုင်ဖို့ လုပ်ငန်းစဉ်ကတော့ အားလုံးအတွက် အတူတူပါပဲ။ အဲဒါကတော့ မပြောင်းလဲတဲ့ ဥပဒေသတွေအပေါ်မှာ အခြေခံထားရပါတယ်။ နှစ်ပေါင်း အစိတ်လောက် အောင်မြင်မှုဘာသာရပ်ကို လေ့လာတဲ့အတွေ့ အကြုံအရရော၊ အောင်မြင်သူတွေနဲ့ ခင်မင်ခဲ့မှုအရရော၊ အောင်မြင်မှုကို ကျွန်တော်က ဒီလိုအဓိပ္ပာယ်ကဖွင့်ချင်ပါတယ်။