Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

အောင်စည်သာ - အလွယ်ကူဆုံးစျေးကွက်ထိုးဖေါက်ရေးနည်းဗျူဟာများ

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out
Type

အလွယ်ကူဆုံး ဈေးကွက်ထိုးဖောက်ရေး နည်းဗျူဟာများ

သင့်ထုတ်ကုန်ကို အရင်ဆုံး မြည်းစမ်းစေပါ။

ဒီနည်းလမ်းဟာ သင့်ရဲ့ ထုတ်ကုန် (Product) အသစ်ထုတ် လုပ်မှုကို ပြိုင်ဘက်တွေက ကြိုတင်သိရှိသွားနိုင်ခြင်း စတဲ့ အားနည်း ချက် အနည်းငယ်ရှိပေမယ့် စားသုံးသူများရဲ့ အကြိုက်ကို လေ့လာနိုင် မှုနဲ့ ထုတ်ကုန်ကို စားသုံးသူအကြိုက် ပြန်လည်ပြင်ဆင်ပြီး ထုတ်လုပ် နိုင်တာမို့ ရောင်းရမှာသေချာတဲ့အတွက် အကောင်းဆုံး ဈေးကွက် ထိုးဖောက်နည်းတစ်ခုပါပဲ။

အခြားသူကို ပြန်ပြောရလောက်အောင် ဝန်ဆောင်မှုပေးပါ။

ဒီအကြံဉာဏ်ဟာ ဝန်ဆောင်မှုလုပ်ငန်းတွေက ရရှိလာတာပါ။ သင့်ရဲ့ ဝန်ဆောင်မှုတွေကို စားသုံးသူတွေအတွက် ပါးစပ်ဖျားက မချ ချင်လောက်အောင် ဆောင်ရွက်ပေးပါ။ သို့မှသာ သူတို့မှတစ်ဆင့် သူတို့မိတ်ဆွေတွေ၊ သူတို့မိတ်ဆွေတွေမှတစ်ဆင့် အခြားမိတ်ဆွေတွေ ဆီ သတင်းပျံ့နှံ့သွားပြီး သင့်လုပ်ငန်းအနေနဲ့ ဈေးကွက်မှာ ဖောက် သည် များများရအောင် သင် ထိုးဖောက်နိုင်မှာဖြစ်တဲ့အတွက် ယခု အကြံဉာဏ်ဟာလည်း အကောင်းဆုံးထဲက တစ်ခုပါပဲ။

အတူတကွ ဆုံးဖြတ်ကြပါ။

ယခု အကြံဉာဏ်ကတော့ စားသုံးသူနဲ့ တိုက်ရိုက်မထိတွေ့ခင် ဘယ်လိုနည်းလမ်းနဲ့ ထိုးဖောက်မလဲဆိုတဲ့ ဆုံးဖြတ်ချက်ချခြင်းနဲ့ သက် ဆိုင်ပါတယ်။ စစ်တမ်းများအရ တစ်ယောက်တည်း ဆုံးဖြတ်တာနဲ့ စာရင် မိမိရဲ့ လက်အောက်ဝန်ထမ်းတွေဆီက အကြံဉာဏ်ကို စုပေါင်း ရယူပြီး ဆောင်ရွက်လိုက်တာဟာ ပိုပြီးအောင်မြင်တယ်လို့ ဆိုပါတယ်။ ဝန်ထမ်းတွေဟာ စားသုံးသူတွေနဲ့ တိုက်ရိုက် ဆက်ဆံနေရသူတွေမို့ သူတို့ဟာ စားသုံးသူအကြိုက်ကို တစ်ခါတစ်ရံ မိမိထက် ပိုသိနေတတ် ပါတယ်။ ဒါကြောင့် ဆုံးဖြတ်ချက်များကို အုပ်စုဖွဲ့ပြီး ဆွေးနွေးတိုင်ပင် ဆုံးဖြတ်ခြင်းဟာလည်း ကောင်းသော မားကက်တင်း အကြံဉာဏ် တစ်ခုပါပဲ။

စားသုံးသူတွေရဲ့ အညှာကို ကိုင်မိပါစေ။

ဒီနည်းလမ်းဟာ လက်ရှိ နိုင်ငံခြားမှာ စာအုပ်ထုတ်ဝေသူတွေ၊ အထူးသဖြင့် သင်ကြားရေးနဲ့ပတ်သက်တဲ့ ထုတ်ဝေသူတွေက အကြံပြု ထားတာပါ။ သင်ဟာ စားသုံးသူတစ်ဦးကို ဆွဲဆောင်ခြင်းဖြင့် သင့် အတွက် ဖောက်သည်အများအပြား ရရှိစေတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဥပမာအားဖြင့် ဆရာတစ်ယောက်ကို စာအုပ်လက်ဆောင်ပေးခြင်းဖြင့် ထိုစာအုပ်ကောင်းလျှင် ဆရာက တပည့်ကို လမ်းညွှန်ပေးနိုင်ပါတယ်။ ဒါ့အပြင် တခြားသော ကုန်ပစ္စည်းတွေကိုလည်း သင့်ရဲ့ ဖောက်သည် များက သူတို့ အတုယူ၊ အားကျသော(သို့) သြဇာရှိသော လူ တစ်ယောက်လို လိုက်ပြီး သုံးစွဲကြမှာ မလွဲပါဘူး။

စာပို့ကြော်ငြာများမှာ လက်ဆောင်လေးတစ်ခု ထည့်ပေးပါ။

စာပို့ကြော်ငြာခြင်းကို မားကက်တင်းအများစုက မနှစ်သက် တတ်ကြပါဘူး။ လူတွေဟာ အများအားဖြင့် စာတိုက်မှ လက်ခံရရှိ တဲ့ ကြော်ငြာတွေကို မဖတ်ဖြစ်တာ များလို့ပါ။ တကယ်လို့ သင်ဟာ စာအိတ်အတွင်းမှာ လက်ဆောင်လေးတစ်ခု ထည့်ပေးနိုင်မယ်ဆိုရင် သင့်အတွက် အဖြေဟာ ထူးခြားလာမှာပါ။ ထို့သို့ လက်ဆောင်ပစ္စည်း လေး ထည့်ပေးခြင်းဖြင့် လက်ဆောင်ပစ္စည်းကို စိတ်ဝင်စားခြင်းနဲ့အတူ သင့်ပစ္စည်းကို စိတ်ဝင်စားမှုတွေ ကူးစက်လာမှာပါ။ ဒါ့အပြင် သင့်ရဲ့ လက်ဆောင်ပစ္စည်းမှာ သင့်ရဲ့ ကုန်ပစ္စည်းတံဆိပ် ရိုက်နှိပ်ထားခြင်း ဖြင့် သင့်ရဲ့ ကုန်ပစ္စည်းကို တကယ်မဝယ်တောင်မှ လက်ဆောင်ပစ္စည်း အသုံးပြုတိုင်း သင့်ကို ကြော်ငြာပေးနေတယ်လို့ မှတ်ပါ။

မအောင်မြင်တဲ့ ထုပ်ပိုးမှုပုံစံကို ဖက်တွယ်မနေပါနဲ့။

စားသုံးသူရဲ့ အကြီးအကဲဟာ အမြဲပြောင်းလဲနေပါတယ်။ သင့် ရဲ့ ထုပ်ပိုးမှုပုံစံ (packing) ဟာ အမြဲတမ်း တစ်ပုံစံတည်း ဖြစ်မနေ သင့်ဘူး။ ဒါကြောင့် စားသုံးသူက ထုပ်ပိုးမှုပုံစံကို မကြိုက်တော့လို့ရောင်းအားကျပြီဆိုရင် ချက်ချင်း ပြောင်းပစ်ပါ။ စားသုံးသူတွေကို အသစ်အသစ်သော ထုပ်ပိုးမှုတွေက ဆွဲဆောင်နိုင်တာမို့ သင့်ကုန် ပစ္စည်းရဲ့ အရောင်းကို ပြန်လည် မြင့်တက်စေမှာပါ။ သင့်ပစ္စည်းဟာ စားသုံးသူ ဘယ်လောက်ကြိုက်ပါစေ ထုပ်ပိုးတဲ့ပုံစံက တစ်သမတ် တည်း ဖြစ်နေရင်တော့ ရိုးအီလာမှာမို့ အရည်အသွေး (quality) ကိုသာမက ထုပ်ပိုးမှုကိုပါ ဂရုစိုက်ပါ။