Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

အောင်စည်သာ - သင့်လုပ်ငန်းကို Face Book မှာထိထိရောက်ရောက်ကြော်ငြာနိုင်ဖို့နည်းလမ်းနှင့်မဟာဗျူဟာများ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out
Type

အခန်း(၁)

ဒစ်ဂျစ်တယ်မားကက်တင်းနှင့် Facebook မားကက်တင်းနည်းဗျူဟာ ၁၀ ခု

ပထမဆုံးအခန်းမှာတော့ လက်ရှိစီးပွားရေးလုပ်ငန်းတွေကြား ရေ ပန်းစားနေတဲ့ Facebook နဲ့ ဒစ်ဂျစ်တယ်မားကက်တင်းရေစီးကြောင်း တွေကို လေ့လာရမှာပါ။ ပထမ ငါးခုက ယေဘုယျဆန်ပြီး ဒစ်ဂျစ်တယ် မားကက်တင်းတစ်ခုလုံးနဲ့ သက်ဆိုင်တာတွေပါ။ နောက် ငါးခုကတော့ Facebook နဲ့ဆိုင်တဲ့ ခေတ်စားလာတဲ့ ရေစီးကြောင်း ငါးခုပါ။

ဒီရေစီးကြောင်း ၊ သို့မဟုတ် မဟာဗျူဟာ ၁၀ ခုက နိဒါန်း သဘောမျိုးဖြစ်ပြီး သူတို့နဲ့ သက်ဆိုင်တဲ့ အသေးစိတ်အချက်အလက် တွေကို နောက်အခန်းတွေမှာ အသေးစိတ်ဖော်ပြသွားမှာပါ။

ဒစ်ဂျစ်တယ်မားကက်တင်း ရေစီးကြောင်းများ

၁။ သင့်ဖောက်သည်ရဲ့ ဝယ်ယူမှု ကတော့”ကို အာရုံစိုက်ပါ

အရင်တုန်းကတော့ သင့် ကုန်ပစ္စည်းအကြောင်း သိစေချင်ရင် ပြည်တွင်းသတင်းစာ၊ ဂျာနယ်ထဲထည့် ကြော်ငြာလိုက်တာပဲ။ ခုခေတ်မှာတော့ အောင်မြင်တဲ့ ကုမ္ပဏီတွေဟာ အရောင်းကတော့”(တစ်ဖြစ်လဲ) ဝယ်ယူမှု ကတော့ တွေကို လေ့လာဆန်းစစ် ဖန်တီးသင့်ပါပြီ။ ရေတွေကို “ကတော့ထဲကို လောင်းထည့်ရင် တရဟော စီးဝင်သွားသလိုပေါ့။ သင့် ကုန်ပစ္စည်းတွေကိုလည်း ဖောက်သည်တွေဆီ တရဟော စီးဝင်သွားဖို့ အောက်ပါဝယ်ယူမှု “ကတော့ တွေ ဖန်တီးရပါမယ်။

အောက်မှာ ဖော်ပြထားတဲ့အတိုင်း ဝယ်ယူမှု “ကတော့ မှာ အဆင့် ၃ ဆင့်ပါ ပါတယ်။ ဝယ်ယူသူတွေဟာ ပစ္စည်း၊ သို့မဟုတ် ဝန်ဆောင် မှုတစ်ခုကို ဝယ်ယူဖို့ အဲဒီ သုံးဆင့်ကို ဖြတ်သန်းရလေ့ရှိပါတယ်။

* ပထမအဆင့်မှာ သင့်ရဲ့ ကြော်ငြာကို မြင်ရုံပဲ မြင်ပြီး မတုံ့ ပြန်တဲ့ လူတွေဟာ သင့်ကြော်ငြာကို ပထမဆုံး မြင်ဖူးတဲ့ လူတွေပါ။ သူတို့ အတွက် အချက်အလက်တွေ ပိုပြီး လိုအပ်ပါသေးတယ်။

* ဒုတိယအဆင့်ကို ရောက်လာပြီဆိုရင်တော့ သင့်ရဲ့ ကုမ္ပဏီ ကို သိနှင့်ပြီး အခြားကုမ္ပဏီရဲ့ ကုန်စည်၊ သို့မဟုတ် ဝန်ဆောင်မှုနဲ့ နှိုင်းယှဉ် စဉ်းစားနေကြပါပြီ။ သူတို့ရဲ့ ရွေး ချယ်မှု ပြတ်သားစေဖို့ သင်က ယုံကြည်မှု တည်ဆောက်ဖို့ လိုပါတယ်။

* တတိယအဆင့်က လူတွေအတွက် သင် လုပ်ရမှာက သူတို့ရဲ့ စရိုက်လက္ခဏာတွေက ဘာတွေလဲဆိုတာကို လေ့လာဆန်းစစ်ဖို့ပါ။ ဒါမှ သူတို့ကို သင့်ရဲ့ Facebook ကြော်ငြာတွေမှာ ချိန်ရွယ်နိုင်မှာပေါ့။ ပြီးတော့ သူတို့ရဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေကို သင့် ကုန်ပစ္စည်းအကြောင်း ညွှန်ပေးဖို့လည်း သင် သူတို့နဲ့ ဆက်သွယ်ရဦးမယ်လေ။ သင့်ရဲ့ ပထမဆုံးအဆင့်နဲ့ ဒုတိယအဆင့်က လူတွေကို “ကတော့” ထဲ လျှောကျလာအောင် ဘယ်လိုလုပ်မလဲ။

- တန်ဖိုးရှိတဲ့ ဝန်ဆောင်မှုအချို့ကို အခမဲ့ စမ်းသပ်စေလိုက်ပါ။ (သင်ပေးတဲ့ အခမဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုက တန်ဖိုး ရှိပြီး၊ သူတို့ရဲ့ လက်ရှိပြဿနာနဲ့ ကိုက်ညီနေဖို့က အရေး ကြီးပါတယ်။)

- သင့် ကုမ္ပဏီနဲ့ ဆက်သွယ်နိုင်ဖို့ ပိုပြီး များပြားတဲ့ လမ်း ကြောင်းတွေ ဖန်တီးပေးထားပါ။

(ဥပမာ- Facebook သာမက Viber စသည်ဖြင့်ပေါ့။)

- ယုံကြည်မှုနဲ့ သမာဓိကို တည်ဆောက်ပါ။ အရင် ဖောက် သည်တွေရဲ့ အဖြစ်အပျက်နဲ့ မှတ်ချက်တွေကို ဝေမျှပါ။ သင့်ရဲ့ ပစ္စည်းကို ဝယ်ဖို့ အဓိက တွန်းအားပေးတဲ့ အချက် အလက်က ဘာလဲဆိုတာ စစ်တမ်းကောက်ပါ။ အဲဒီ အချက်ကို အသုံးချပြီး သင့်ရဲ့ ‘ကတော့ကို တိုးတက်စေပါ။

- “ကတော့” အဆင့်တိုင်းရဲ့ ရလဒ်ကို စစ်ဆေး ဆုံးဖြတ်ပြီး

အမြဲ ပြင်ဆင်၊ ဆန်းစစ်ဖြည့်စွက်ယူပါ။

၂။ ဖောက်သည်တွေကို ဆွဲဆောင်ထားနိုင်ချိန်ဟာ ပိုတိုလာတယ်ဆိုတာကို လက်ခံပါ

တိုးတက်လာတဲ့ မိုဘိုင်းကိရိယာတွေနဲ့ ဒစ်ဂျစ်တယ်လူနေမှု ဘဝက ပြောပြတဲ့ အမှန်တရားတစ်ခုက လူတွေရဲ့ အင်တာနက်မှာ ဈေးဝယ်မှုပုံစံကို ပြောင်းလဲပစ်လိုက်တယ်ဆိုတာပါပဲ။ လေ့လာမှုတွေ အားလုံးက ပြောတဲ့အချက်က ဝယ်သူရဲ့ တစ်ခုခုအပေါ် စိတ်ဝင်စား ချိန်ဟာ တိုတောင်းလာပြီး အဲဒီ ရေစီးကြောင်းကို ကုမ္ပဏီတွေအနေနဲ့ ကိုက်ညီအောင် ဆောင်ရွက်သင့်တယ်ဆိုတာပါပဲ။

- သင့်ကြော်ငြာကို တိုတိုတုတ်တုတ် ထိထိမိမိ ရေးပါ။ ရုပ်ပုံတွေ၊ ဗီဒီယိုအတိုလေးတွေ သုံးပါ။ လှုပ်ရှားနေတဲ့ ရုပ်ပုံ (Gifs) တွေလည်း သုံးလို့ ရပါတယ်။

-သင့် ကြော်ငြာစာသား၊ ပထမစာလုံးတွေနဲ့ သင့် ကြော် ငြာ ဗီဒီယိုတွေရဲ့ ပထမ လေးစက္ကန့်ဟာ သင့် ကြော်ငြာ ထိရောက်မှုအတွက် အသက်တမျှ အရေးကြီးပါတယ်။

ခု သင်ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုက သင့် ကြော်ငြာ ကို ကြည့်လိုက်မိတဲ့အချိန် ခဏလေးအတွင်းမှာ ဘယ်လို ဆွဲဆောင်မလဲ ဆိုတာပါပဲ။ ထက်မြက်တဲ့ ကုမ္ပဏီတွေကတော့ အဲဒီအချက်ကို အသုံး ချထားနှင့်ပါပြီ။ သင်လည်း လုပ်သင့်ပါတယ်။

၃။ ဝယ်သူနဲ့ ထိတွေ့တဲ့ နေရာများများ ဖန်တီးပါ

အရင်ကတော့ ကုမ္ပဏီတစ်ခု Website တစ်ခုရှိရင် ပြီးရောဆို ပေမဲ့ ခုခေတ်မှာတော့ မရတော့ပါ။ သင့်ကုမ္ပဏီရဲ့ ယုံကြည်စိတ်ချရမှု တွေအတွက် ဝယ်သူတွေက ဘက်ပေါင်းစုံ၊ ထောင့်ပေါင်းစုံက စမ်းသပ် စစ်ဆေးဆက်သွယ်လိုကြတယ်။

ဥပမာ ပြောရရင် ဝယ်သူက သင့်ကြော်ငြာကနေ သင့်ရဲ့ Facebook Page ကို ဝင်ကြည့်မယ်။ ပြီးရင် သင့်ရဲ့ Website ၊ သို့မဟုတ် Blogကို ဝင်ကြည့်မယ်။ ပြီးရင် အချက်အလက်တွေကို နှိုင်းယှဉ်မယ်။ ပြီးမှ သင့်အပေါ် ယုံကြည်မှုကို သူတို့ ဆုံးဖြတ်မှာပါ။

(Facebook ရဲ့ ဂေဟစနစ်ကတော့ WhatsApp ၊ Messenger နဲ့ Instagram ပါ။ မြန်မာပြည်မှာတော့ Facebook၊ Messenger နဲ့ Instagram လောက်ကို ချိတ်ဆက်ထားနိုင်ရင် ရပါပြီ။ Viber တို့ ဘာတို့လည်း အသုံးပြုနိုင်ပါတယ်။

၄။ အခပေး ကြော်ငြာတွေရဲ့ တိုးတက်လာတဲ့ အရေးပါမှုကို သတိထားပါ။

ရှေ့မှာ ပြောခဲ့သလိုပဲ ဝယ်သူတွေက ကုမ္ပဏီအကြောင်း ပိုသိ ချင်ကြတယ်။ သင့်ရဲ့ Websiteအတွက် အကောင်းဆုံးအဖော်က မြန်မာ ပြည်အတွက်ဆို Facebook ရဲ့ အခပေး ကြော်ငြာတွေပါပဲ။ ယခင်က Facebook မှာ အခမဲ့ကြော်ငြာခွင့်ရှိခဲ့ပေမဲ့ ယခုအခါ သင် တင်တဲ့ Postတွေ လူများများ မြင်နိုင်ဖို့ သင်တင်တဲ့ ကြော်ငြာကို လူတွေ့နိုင်ဖို့ သင် ပိုက်ဆံပေးရတော့မှာပါ။

ဟုတ်ပါတယ်။ ကုန်ကျစရိတ်တော့ ရှိမှာပါ။ ဒါပေမဲ့ သင် သုံးလို တဲ့ ပမာဏနဲ့ အထိရောက်ဆုံးဖြစ်ဖို့ သင် သုံးနိုင်တဲ့ Tool တွေကို Facebook က ဖန်တီးပေးထားပါပြီ။ ဥပမာအားဖြင့် သင် မြင်စေချင် တဲ့ လူတွေနေတဲ့ နေရာ၊ အသက်နဲ့ စိတ်ဝင်စားမှုကို စစ်ထုတ်နိုင်တဲ့ Tool တွေ Facebookok Advertising မှာ ရှိပါတယ်။ ဒါတွေကို စသုံးဖို့ အချိန်ရောက်ပါပြီလို့ အကြံပေးပါရစေ။

၅။ မဝေးတော့တဲ့အချိန်မှာ ရောက်လာမယ့် နည်းပညာသစ်ပုံရိပ်ယောင်နည်းလမ်းတွေက သင့်လုပ်ငန်းအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုရှိလာနိုင်တာမို့ ကြိုတင်ပြင်ဆင်ထားပါ။

ဒစ်ဂျစ်တယ် မားကက်တင်းရဲ့ လက်ရှိခေတ်စားလာတဲ့ ရေစီး ကြောင်းတစ်ခုက ပုံရိပ်ယောင် အခြေပြုနည်းပညာတွေပါ။ (Virtual Reality) ပုံရိပ်ယောင်ကို အသုံးပြုပြီး တကယ့် ပြင်ပကမ္ဘာထဲရောက်နေ သလို မျက်မှန်ကနေ တစ်ဆင့် ခံစားမြင်တွေ့နိုင်တဲ့ နည်းပညာဟာ လက်ရှိ ဂိမ်းနယ်ပယ်မှာ အသုံးပြုနေပါပြီ။ Facebook CEO မာ့(စ်) ဇူကာဘက်ရဲ့ အဆိုအရ မကြာခင် Celebale မှာ အဲဒီနည်းပညာဟာ ခေတ်စားလာတော့မှာပါ။ အဲဒီအခါ သင့်ရဲ့ ဗီဒီယိုတွေ၊ ကြော်ငြာတွေကို သုံးဖက်မြင် ရုပ်ကြွအဖြစ် ဖန်တီးလာနိုင်မှာဖြစ်ပြီး လက်တွေ့ စူပါ မားကက်ကြီးထဲ ရောက်နေသလို ခံစားရွေးချယ်နိုင်မှုစတဲ့ နည်းပညာ တိုးတက်မှုရေစီးကြောင်းတွေမှာ အလိုက်သင့် စီးမျောနိုင်ဖို့လည်း သင် ပြင်ဆင်ထားဖို့ လိုပါပြီ။

Facebook မှ မားကက်တင်းရေစီးကြောင်းများ

၆။ Facebook ဟစနစ်က ပေးတဲ့ အခွင့်အလမ်းတွေကို မှီခိုပါ။

ခုလောလောဆယ်တော့ Facebook ဟာ သုံးစွဲသူ ၁ ဒသမ ၅ ဘီလီယံလောက်နဲ့ ကမ္ဘာ့အကြီးဆုံး လူမှုရေးမီဒီယာတစ်ခုဖြစ်နေပြီး အခြား Application တွေဖြစ်တဲ့ သုံးစွဲသူ ၄ဝဝ မီလီယံလောက်ရှိတဲ့ Instagram၊ သုံးစွဲသူ တစ်ဘီလီယံကျော်ရှိတဲ့ WhatsAppနဲ့ သုံးစွဲသူ ၈ဝဝ မီလီယံလောက်ရှိတဲ့ Messengerတို့ကိုပါ အသုံးချနိုင်ပါတယ်။ အဲဒီတစ်ခုချင်းစီက ထူးခြားပြီး စွမ်းရည်ပြည့်ဝတဲ့ အထောက်အကူတွေ ပေးနိုင်ပြီး သင့်ရဲ့ အလားအလာရှိတဲ့ ဝယ်သူတွေနဲ့ ဆက်သွယ်နိုင်ဖို့ ကူညီပေးနိုင်မှာပါ။ အဲဒါ Facebook ရဲ့ ဂေဟစနစ်ပါပဲ။

(မှတ်ချက် ။ ။ လောလောဆယ်တော့ မြန်မာပြည်မှာ Whats App ကို တွင်တွင်ကျယ်ကျယ် မသုံးကြသေး ပါဘူး။ ဒါပေမဲ့ သင့်ရဲ့ အနာဂတ်လုပ်ငန်းအ တွက်ရော၊ မတူကွဲပြားတဲ့ အခြားမဟာဗျူ ဟာတွေ သိရှိဖို့အတွက်ပါ ထည့်သွင်းဖော်ပြလိုက်ပါတယ်။)

Facebookဟစနစ်ကို နောက်ပိုင်းမှာ တစ်ခုချင်းစီ အသေးစိတ်ရှင်းပြသွားပါမယ်။ ခု အကြမ်းဖျင်း အနှစ်ချုပ်ရှင်းလင်းချက်ကလေး တွေကို အရင်ဖတ်လိုက်ပါဦး။

Facebook ။ ။ လူမှုရေးမီဒီယာ (Social Media) နဲ့ မားကက်တင်းလုပ်ချင်တဲ့လူတိုင်းဟာ Facebook Business Page တစ်ခုတော့ ရှိသင့်ပါတယ်။ သင့် ကိုယ်ပိုင် တစ်ကိုယ်ရည် Profile ကို ကောင်းစွာ အသုံးချ တတ်ခြင်းကလည်း သင့်တစ်ကိုယ်ရည် အမှတ် တံဆိပ်ကို တိုးတက်စေမှာပါ။ ဒါ့အပြင် Facebook ရဲ့ အဆုံးမသတ်နိုင်သော ကြော်ငြာဝန်ဆောင်မှုတွေက ဝယ်သူတွေထံပိုပြီး ပျံ့နှံ့ရောက်ရှိစေနိုင်ပါတယ်။ Instragram ။ ။ Instragram ကတော့ ဓာတ်ပုံတင်တဲ့ ဆိုက်တစ်ခုပါ။ သူသည်လည်းပဲ လျင်မြန်စွာ တိုးတက်လာပြီး အဓိကအားဖြင့် စားသောက်ဆိုင်လို၊ အခြား ကုန် ပစ္စည်းထုတ် လုပ်ငန်းလို မြင်ရ၊ ကိုင်တွယ်လို့ ရတဲ့ ထုတ်ကုန်တွေအတွက် ဓာတ်ပုံကောင်းတွေ တင်နိုင် ခြင်းနဲ့ ဝန်ဆောင်မှုပေးနိုင်ပါတယ်။ သူတို့ရဲ့ ကြော် ငြာ Tool လေးတွေဟာ လုပ်ငန်းတိုင်းအတွက် ထိရောက်နိုင်ပါတယ်။ ။

Whats App ။ ။ ဒီ Application က Messangerလိုပဲ အထူးသဖြင့်ဝယ်သူနဲ့ ဖောက်သည်တွေကို တစ်ဦးချင်း ဆက် သွယ်ပြောကြားရတဲ့အခါ ဝယ်သူတွေ၊ သတင်း အ ချက်အလက်တွေကို ပိုလိုချင်တဲ့အခါတွေမှာ အသုံး ပြုနိုင်ပါတယ်။ သုံးဖူးတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့အပြောအရတော့ ယုံကြည်မှုနဲ့ မိမိတို့ ကုန်အမှတ် တံဆိပ်အပေါ် ဖောက်သည်တွေ သစ္စာရှိနေစေဖို့ သုံးသင့်တဲ့ Application တစ်ခုပါပဲ။ )

Messenger ။ ။ Facebook ရဲ့ နာမည်ကျော် ဆက်သွယ်ရေး Application ပါ။ ရုပ်ပုံတွေ၊ ဗီဒီယိုတွေ၊ အသံ Messageတွေ ပို့နိုင်ခြင်းမှ နောက်ပိုင်းမှာ ဖောက်သည် ဝန်ဆောင်မှုဆိုင်ရာနဲ့ ပတ်သက်တဲ့ ပြီးပြည့်စုံတဲ့ အသုံးပြုစရာ ကိရိယာလေးတွေ ထပ်ပေါင်းထည့်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ သင့်ရဲ့ စီးပွားရေးလုပ်ငန်းကို တိုးတက်စေဖို့ဆိုရင် အဲဒီ လေးခု လုံးကို ပေါင်းစပ်အသုံးပြုနိုင်ဖို့ လိုအပ်ပါတယ်။ တစ်ခုချင်းစီကို ကောင်း စွာ အသုံးပြုနိုင်ဖို့ဆိုရင် သင်ယူဖို့ အချိန် အနည်းငယ်ယူရမှာ ဖြစ်ပေ မယ့် ပေးဆပ်ရတာ ထိုက်တန်တဲ့ Social Media တွေပါ။ ဘာလို့ဆို အဲဒီထဲက အချို့ Tool လေးတွေက လုံးဝ အသစ်ဖြစ်ပြီး သင့်ရဲ့ သူမတူ တဲ့ ထိရောက်တဲ့ ကြော်ငြာတွေအတွက် အသုံးချနိုင်ဖို့ သေချာပါလိမ့် မယ်။

၇။ Facebook ပေါ်မှာ အဆမတန် တိုးတက်လာတဲ့ ဗီဒီယိုမားကက်တင်းရဲ့ အကျိုးကျေးဇူးကိုလည်း အရယူပါ

ဖောက်သည်တွေဆီက ယုံကြည်မှုရနိုင်ဖို့ ဗီဒီယိုရုပ်သံတွေက ထိ ရောက်စေပါတယ်။ များသောအားဖြင့် ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု အကြောင်းကို ဗီဒီယိုနဲ့ ရှင်းပြနိုင်ခြင်းက သင့်ရဲ့ ဝယ်သူကို ဝယ်ယူဖို့ ဆုံးဖြတ်ချက် မြန်မြန်ချနိုင်ဖို့ အထောက်အကူ ပြုပါလိမ့်မယ်။ အရင် ခေတ်ကတော့ အင်တာနက် လိုင်းနှေးကွေးမှုကြောင့် ဗီဒီယိုဖိုင်တွေကိုသုံးစွဲဖို့ အခွင့်မသာခဲ့ပေမဲ့ ယခုခေတ်ရဲ့ မိုဘိုင်းဖုန်းအသုံးပြုသူတွေ အတွက် ဗီဒီယိုမားကက်တင်းဟာ အသုံးဝင်တဲ့ ကြော်ငြာနည်းလမ်း တစ်ခုဖြစ်လာခဲ့ပါပြီ။ Facebook မှာ သင့်ရဲ့ ဗီဒီယိုမားကက်တင်းက တစ်ဆင့် ရနိုင်တဲ့ ထူးခြားတဲ့ အကျိုးကျေးဇူးတွေက ... ။

  • Facebook က သင့်ရဲ့ ဗီဒီယိုတွေကို ဓာတ်ပုံတွေ Statusတွေထက် ပိုပြီး လူများများဆီ ရောက်စေနိုင်ပါတယ်။
  • တိုက်ရိုက်ထုတ်လွှင့်တဲ့ Facebook Liveကို သုံးခြင်းဖြင့်သင့်ရဲ့ ပွင့်လင်းမြင်သာမှုနဲ့ ယုံကြည်မှုကို တည်ဆောက် ခြင်း၊ ဖောက်သည်တွေရဲ့ မေးခွန်းတွေကို အချိန်နဲ့ တစ်ပြေး ညီ Commentမှာ ဖြေဆိုနိုင်ခြင်း စတာတွေကို ပြုလုပ်နိုင် ပါတယ်။

. ၃၆ဝ ဒီဂရီ ဗီဒီယိုနဲ့လည်း ဖောက်သည်တွေဆီက အထင် ကြီးမှုကို ရနိုင်ပါသေးတယ်။

. ဗီဒီယိုတွေနဲ့ သင့်ရဲ့ ကုန်ပစ္စည်းကို သုံးပုံ သုံးနည်းတွေ၊ စမ်းသပ်ချက်တွေကို အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။ ပြီးတော့ Facebook ရဲ့ ဗီဒီယိုမားကက်တင်း ကုန်ကျစရိတ် ဟာ ယခင်က တီဗီက ကြော်ငြာတွေထက် အဆမတန် ဈေးသက်သာတဲ့အပြင် မိမိရဲ့ ကိုယ်ပိုင်ဖုန်းနဲ့ ရိုက်တဲ့ ဗီဒီ ယိုတွေပါ တင်နိုင်တဲ့အတွက် သက်သာထိရောက်စေပါ တယ်။

၈။ Website မလိုနိုင်တော့ပါဘူး၊ Facebook က မိတ်ဆက်တဲ့ စီးပွားရေးလုပ်ငန်းသုံးစနစ်တွေကို အသုံးချလို့ ရနေပါပြီ။

မကြာသေးတဲ့အချိန်ကပဲ Facebook ဟာ စီးပွားရေးလုပ်ငန်တွေကို ကူညီနိုင်ဖို့ စနစ်အသစ်တွေ မိတ်ဆက်ခဲ့ပါတယ်။ ရိုးရိုးသာမန် Website ရဲ့ သွင်ပြင်လက္ခဏာတွေကို Social Media ရဲ့ ပျံ့နှံ့မှုနဲ့ ပေါင်းစပ်ပြီး သင့်ရဲ့ အရောင်းပမာဏကို တိုးတက်မှုရှိအောင် ဆောင် ရွက်နိုင်မှာပါ။ အဲဒါတွေဟာ လူ သိပ်မသုံးသေးတဲ့ ကြော်ငြာနည်း အသစ်တွေဖြစ်တာကြောင့် သင်ဟာ ခေတ်ရှေ့ပြေးပြီး အရောင်းတိုးတက် ဖို့ အများနဲ့မတူတဲ့ နည်းလမ်းနဲ့ ကြိုးစားချင်တယ်ဆိုရင် အတော်ပါပဲ။

စီးပွားရေးလုပ်ငန်းတွေအတွက် Facebook က မိတ်ဆက်လိုက် တဲ့ အဓိက ကိရိယာ လေးခု ရှိပါတယ်။ ။

→ Facebook Business Page ။  ။ အရင်ဖွင့်နေကျ Page တွေထက် Facebook အသုံးပြုသူတွေကို စီးပွားရေးလုပ်ငန်းတွေနဲ့ ထိတွေ့ဆက်နွှယ်နိုင်အောင် ဖန်တီးပေးထားတဲ့ ကိရိယာတစ်ခု ပါ။ မိတ်ဆက်တာအနည်းငယ် ကြာခဲ့ပေမယ့် အသစ်အသစ်သောလုပ်ဆောင်ချက်တွေက အမြဲထပ်ထွက်နေပါတယ်။

- Facebook Canvas ။ ။ ဒါက ကုမ္ပဏီတွေ သူတို့ရဲ့ထုတ်ကုန်တွေကို Website တွေမှာလို တန်းစီပြီး ပြသနိုင်မယ့် စနစ်အသစ်တစ်ခုပါ။ ပိုပြီး အသေးစိတ်မြင်တွေ့ချင်တယ်ဆိုရင်တော့ www.canvas.facebook.com ကိုဝင်ပြီး လေ့လာကြည့် ပါ။

→ Facebook Local Advertising ။         ။ဒီဝန်ဆောင်မှုက ကြော်ငြာထဲမှာ တစ်ခါတည်း ဖုန်းတန်းခေါ်နိုင်ခြင်း၊ ဈေးမေးနိုင်ခြင်း၊ လှမ်း ပြီး Reserve ပြုလုပ်ခြင်းစတဲ့ Website တစ်ခုက လုပ်နိုင်မယ့် အရာတော်တော်များများကို ဆောင်ရွက်ပေးနိုင်မှာပေါ့။

→ Facebook Local Service ။    ။ ဒီလုပ်ဆောင်ချက်ကတော့ ဝယ်သူတွေကို လုပ်ငန်းအပေါ် မှတ်ချက်တွေပေးနိုင်ဖို့ ပြည်တွင်း