Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

အောင်စည်သာ - လျှပ်ပျာလျှပ်ပျာနမော်နမဲ့အလွဲများမှစနစ်ကျ၍အလုပ်ပြီးသောဘ၀သို့

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out
Type

သင်လုပ်နိုင်တာနဲ့ သင်မလုပ်နိုင်တာ

ဟင်နရီဖို့ဒ်က ပြောတယ် “သင်လုပ်နိုင်မယ်လို့ ထင်တာပဲဖြစ်ဖြစ်၊ သင်မလုပ်နိုင်ဘူးလို့ ထင်တာပဲဖြစ်ဖြစ် အဲဒီအထင်က အမြဲမှန်ပါတယ်” တဲ့။ ပြောရရင်တော့ ဒီအလုပ်တွေကို ငါဘယ်တော့မှ ပြီးမှာမဟုတ်ဘူးလို့ ထင်ရင် ဘယ်တော့မှ ပြီးမှာမဟုတ်သလို၊ ဒါကခဏပါ ပြီးသွားမှာလို့ ယုံကြည်ရင်တော့ သေချာပေါက် အားလုံးပြီးသွားမယ်လို့ ဆိုလိုခြင်းပါ။

သင်လည်း အခြားသူတွေလို လူသားပါပဲ။ အခြားလူတွေနဲ့ ဘာမှ မထူးခြားပါဘူး။ သင်သိတဲ့ အလုပ်အရမ်းရှုပ်နေပြီး အဲဒီအလုပ်တွေကိုကောင်းကောင်းစီမံခန့်ခွဲနိုင်သူ တစ်ယောက်ကို ရှာတွေးကြည့်လိုက်ပါ။ သင့်ဆီလာတိုင်း သူတို့ဥယျာဉ်ကထွက်တဲ့ ပန်းတစ်စည်း မမေ့မလျော့ ယူလာပေးနိုင်သူကို သတိရလိုက်ပါ။

သူတို့တောင်လုပ်နိုင်သေးရင် သင်လည်း ဘာလို့မလုပ်နိုင်ရမှာ လဲ။ သင် ဖြစ်ကိုဖြစ်ရမယ်လို့ ယုံကြည်ဖို့ပဲ လိုပါတယ်။ ဒါမှမဟုတ် ဖြစ်နိုင်ချေတွေကို လမ်းဖွင့်ပေးထားလိုက်ပါ။ သင် တစ်ခုခုကို မဖြစ်နိုင် ဘူး။ မမှတ်မိနိုင်ဘူးလို့တွေးတိုင်း သူတို့ကို သတိရလိုက်ပါ။ အလုပ်တွေကို တကယ်ပြီးမြောက်ဖို့ အရေးကြီးတဲ့အရာက သင့်ကိုယ်ထဲမှာပဲ ရှိတာ ပါ။ သင့်ရဲ့ ခံယူချက်နဲ့ လုပ်ကိုလုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုပါပဲ။ အား မစိုက်ရဘဲ အလုပ်များများပြီးနေတဲ့လူတွေကို လေ့လာပါ။ သူတို့လည်း ခေါင်းတစ်လုံးနဲ့ ခြေနှစ်ဖက်၊ လက်နှစ်ဖက်ပဲပါတာပါ။ သင့်ထက် ဘာမှ ထူးခြားမနေပါဘူး။ သူတို့လုပ်နိုင်ရင် သင်ဘာလို့ မလုပ်နိုင်ရမှာပါလဲ။ ပြောကြကြေးဆို ခြေအချို့ လက်အချို့မရှိဘဲ အောင်မြင်တဲ့လူတွေတောင် သင်ရှာရင် တွေ့နိုင်ပါသေးတယ်။ အဲဒီတော့ လုပ်နိုင်ခြင်း မလုပ်နိုင်ခြင်း ဆိုတာ သင့်စိတ်ပဲဆိုတာ ယုံလိုက်ပါ။

စနစ်ကျချင်တဲ့စိတ် ရှိကိုရှိမှဖြစ်မယ်

ကျွန်တော်တို့ဟာ ဘဝကို တစ်နည်းနည်းနဲ့တော့ စနစ်တကျလေး ဖြစ်ချင်ကြပါတယ်။ ချက်ပြုတ်ပြင်ဆင်ရေးမှာ သန့်သန့်ရှင်းရှင်း သပ်သပ် ရပ်ရပ်ပဲ အမြဲဖြစ်ချင်ပြီး ကားသော့တို့ အိမ်သော့တို့ကိုလည်း ဘယ်တော့ မှ ခေါင်းမီးတောက်အောင် မရှာရတဲ့လူတွေ ဖြစ်ချင်ကြမှာ အသေချာပါပဲ။ ကျွန်တော်တို့ဟာ အားလပ်ရက်တွေမှာ အံ့သြစရာတွေ ပြည့်နှက်နေတာ ရုတ်တရက် တအံ့တဩဖြစ်ရတာတွေကို သဘောကျနိုင်ကြပေမဲ့ အစည်း အဝေးတွေကိုတော့ စနစ်တကျပဲ ပြုလုပ်ချင်ကြတာပါ။

သင်ပိုပြီး စနစ်ကျချင်တယ်ဆိုရင် ခွန်အားစိုက်ဖို့ မလိုပါဘူး။ တစိုက်မတ်မတ်နဲ့ ပြောရင်ပြောတဲ့အတိုင်း လုပ်ဖို့ပဲလိုပါတယ်။ အပေါ်ယံ သဘောနဲ့ ဒီတိုင်းပဲ အလွယ်တကူထင်ရင် ဘယ်တော့မှ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ သင့်ရဲ့ ရင်ထဲ အသည်းထဲကကို စနစ်ကျတဲ့လူတစ်ယောက် အဖြစ် တောင့်တဖို့လိုအပ်ပါတယ်။ သဘဝအတွက် အပြောင်းအလဲအစစ် တွေကို ဖန်တီးချင်ရင်ပေါ့။

အဲဒါဟာ သင့်ရဲ့ သေချာပေါက် လိုချင်မှုတော့ဖြစ်မယ်။ ကြိုးစားပမ်းစားရယူမှု မဟုတ်လောက်ပါဘူး။ သင် အဲဒီအဆင့်ကို မရောက်သေး ရင် သင့်ဘဝကို အရိုးသားဆုံးသုံးသပ်ပြီး သင့်ရဲ့ စနစ်မကျ၊ နမော်နမဲ့ ပျာယာခတ်မှုတွေကြောင့် မလိုအပ်ဘဲ ပိုပြီး စိုးရိမ်သောကရောက်ခဲ့တဲ့ အချိန်တွေကို တစ်ပတ်နှစ်ပတ်လောက် အချိန်ယူ စဉ်းစားကြည့်လိုက်ပါ။ သင့်ရဲ့ ခရီးသွားလက်မှတ်ပျောက်လို့ စိုးရိမ်ဖူးပါသလား။ တစ်ခုခုကို အပြီးမသတ်နိုင်လို့ ချိန်းဆိုမှုတွေရှိရာ ကမန်းကတန်း သွားဖူးပါသလား။ စာရွက်အထပ်လိုက်ကြီးကို လှန်လှောပြီး တစ်ခုခုကို စိတ်တိုစွာ၊ ကြောက် လန့်စွာ ရှာဖွေဖူးပါသလား။ ပြီးတော့ သင့်ရဲ့ ဘဝမှာ အရေးပါတဲ့ လူ တစ်ယောက်ရဲ့ မွေးနေ့ကို မေ့ပြန်ပြီလား။ အဲဒါတွေဟာ ဘဝရဲ့ စိန်ခေါ်မှု တွေ မဟုတ်ပါဘူး။ သင့်ရဲ့ စရိုက်တွေအဖြစ် သင်ကိုယ်တိုင် လပေါင်း များစွာ မွေးမြူလာခဲ့တဲ့ကိစ္စတွေပါ။ စနစ်မကျတဲ့စိတ်ကို ရင်ဆိုင် မ ရှင်းခဲ့ဘဲနဲ့ပေါ့ ။

စနစ်ကျခြင်းဖြင့် သင့်ရဲ့ စိတ်ဖိစီးမှု တော်တော်များများ လျော့ပါး သွားနိုင်တယ်ဆိုတာကို သိတဲ့အချိန်မှာ အဲဒီကိစ္စနဲ့ပတ်သက်လို့ တစ်ခုခု လုပ်ဖို့၊ ပြောင်းလဲဖို့ သင့်ကိုယ်သင် ကတိပေးပြီး ဖြစ်နေပါလိမ့်မယ်။

သင့်ရဲ့ ပင်ကိုစရိုက်ကို ပြောင်းဖို့မလိုပါဘူး

သင့်ကိုယ်သင် စနစ်မကျတဲ့လူတစ်ယောက်အဖြစ် ခံယူထားရင် အဲဒါကိုစွန့်လွှတ်ဖို့ ခက်ခဲပါလိမ့်မယ်။ သေချာတာပေါ့။ ဘယ်သူမှတော့ ကိုယ့်ကိုယ်ကိုယ် စနစ်မကျဘူးလို့ မပြောဘူးဆိုတာ။ သင့်ကိုယ်သင် လွတ်လပ်တဲ့လူ၊ စာအုပ်ကြီးသမား မဟုတ်တဲ့လူ၊ သဘာဝကျတဲ့လူ၊ မေ့လွယ်ပျောက်လွယ်တဲ့လူ၊ ဘဝကို ပေါ့ပါးစွာဖြတ်သန်းနေတဲ့လူ လို့ပဲ ထင်မှာပါ။ စနစ်ကျတဲ့လူတွေကိုတော့ သင်က ပျင်းစရာကြီး၊ ဘာမှ မထူးခြား၊ ဘဝကို ရိုးရိုးပဲဖြတ်သန်းနေပြီး အနာဂတ်အတွက် ဘာဖြစ်ချင် စိတ်မှမရှိတဲ့ စာအုပ်ကြီးသမားတွေလို့ သင်ထင်ချင်ထင်ပါလိမ့်မယ်။ ဒါပေမဲ့ သင့်မှာ မိသားစုဝင်အချို့နဲ့ သူငယ်ချင်းအချို့ ရှိကိုရှိရပါမယ်။ အဲဒီလို ဆိုးကျိုးတွေမရှိဘဲ ပျာယီးပျာယာမဟုတ်ဘဲ အေးဆေး ကားမီ၊ ရထားမီတဲ့ လူတွေပေါ့ ။

ကဲ ဘယ်လိုခံစားရပါသလဲ။ ကျွန်တော်လည်း စာအုပ်ကြီးသမား တစ်ယောက်ဖြစ်ဖို့၊ စနစ်ကျတဲ့ လူတစ်ယောက်ဖြစ်ဖို့ဆိုတဲ့ အတွေးကို သဘောမကျပါဘူး။ အဲဒါဟာ ကျွန်တော်ဖြစ်ချင်တဲ့ပုံစံ မဟုတ်ပါဘူး။ဒါပေမဲ့ အမှန်အတိုင်းဝန်ခံရရင် ကျွန်တော် သိပ်ကိုစနစ်ကျပါတယ်။ အဲဒါဟာ ကျွန်တော့်ရဲ့ ပင်ကိုစရိုက်လို့ ကျွန်တော်တော့ မထင်ဘူး။ နှစ်တွေအများကြီး အသုံးချပြီး အလုပ်တွေပြီးမယ့် နည်းစနစ်ကို သင်ယူ ခဲ့တဲ့ကာလအလျောက် ကျွန်တော့်ရဲ့ အမူအကျင့်တွေကို တော်တော်ကြီး ပြင်ဆင်ခဲ့ရတယ်။ မျက်နှာဖုံးရဲ့ နောက်ကွယ်မှာတော့ ကျွန်တော်ဟာ စနစ်ကျတဲ့ လူတစ်ယောက် မဟုတ်ပါဘူး။ ထုံးစံအတိုင်း စိတ်လှုပ်ရှား ပျာယီးပျာယာနိုင် ကြည့်ကျက်လုပ်ဆိုတဲ့ စနစ်တွေကို ကျင့်သုံးနေတုန်း။ နေ့စဉ် လုပ်ဆောင်ဖွယ်စာရင်းရေးဖို့ မျက်မှန်ပျောက် ရှာနေရတုန်းပါပဲ။

အဲဒီတော့ မစိုးရိမ်ပါနဲ့။ သပ်ရပ်၊ စနစ်ကျတဲ့ လူတစ်ယောက် အဖြစ် သင့်ကိုယ်သင် ပြောင်းလဲနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ သင် ဟာ ပျော်ရွှင်ပြီး ပေါ့ပါးလွတ်လပ်တဲ့လူအဖြစ် နေနိုင်ပါတယ်။ သင်ဟာ စနစ်ကျချင်ဟန်ဆောင်နေရင်တောင်မှ တကယ် စနစ်ကျပြီး အလုပ်တွင် မယ်ဆိုတာ သိလာပါလိမ့်မယ်။ အဲဒီတော့ သင့်ရဲ့ ပင်ကိုစရိုက်ကို ဒီတိုင်း ထားပါ။ အချို့ အရေးကြီးတဲ့အပြုအမူလေးတွေကိုပဲ သတိထားပြီး ပြောင်းလဲပါ။ အလုပ်ခွင်မှာတော့ မျက်နှာဖုံးတပ်ထားပါ။ အများအတွက် တင်မဟုတ်ပါဘူး။ သင့်အတွက်လည်း ပါပါတယ်။ ကျန်တဲ့ ကိုယ်ပိုင် အချိန်မှာတော့ ကိုယ်နေချင်သလို နေပေါ့ ။

သင့်ကိုယ်သင်သိပါ

ဘဝက အမြဲတမ်းအလုပ်ရှုပ်နေပြီး မပြီးနိုင်တဲ့ နေ့စဉ် လုပ်ဆောင် ဖွယ်စာရင်းတွေ၊ အလုပ်ကြွေးတွေ အများကြီးပါပဲ။ အဲဒါကိုသာ ပြောင်း လဲနိုင်ခဲ့ရင် အားလုံးရှင်းလင်းသွားမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ အဲဒါ ဟာ ဘယ်တော့မှ ဖြစ်မလာခဲ့ပါဘူး။

ရယ်စရာကောင်းပါတယ်။ ကျွန်တော် အဲဒီပြဿနာကို အခြားလူ တွေနဲ့ နှိုင်းယှဉ်ပြီး စဉ်းစားလိုက်တော့ အဲဒါဟာ သူတို့အတွက် ပြဿနာ မဟုတ်ဘူးဆိုတာ သွားတွေ့ပါတယ်။ ကျွန်တော်ဟာ အချိန်တိုင်း အလုပ်တွေရှုပ်နေရတာကို ကြိုက်နှစ်သက်တာပါ။ အချိန်အားရတိုင်း ဘာလုပ် မယ်ထင်လဲ။ ဂေါက်ရိုက်ဖို့၊ စာဖတ်ဖို့၊ ကော်ဖီဆိုင်ထိုင်ဖို့ စဉ်းစားမယ် ထင်ပါသလား။ ဘယ်တော့မှ မလုပ်ပါဘူး။ အဲဒီအားတဲ့အချိန်ကိုဖြည့်ဖို့ အလုပ်တစ်ခုခုကို ရှာပြီးလုပ်လိုက်တာပါပဲ။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော် နှစ်ခြိုက်လို့ပါလို့ပဲ ပြောရမလိုပါပဲ။

သင်လည်း ဘဝကို အဲဒီလိုပဲ ပျာယာခတ်ရှုပ်ယှက်ခတ်နေရတာကို ကြိုက်တဲ့လူလား စဉ်းစားကြည့်ပါ။ အဲဒါဟာ တကယ် သင်ကြိုက်နှစ်သက်တာဆိုရင် စိုးရိမ်တာကို ရပ်လိုက်ပါ။ သင်စဉ်းစားဖို့က ဘဝရဲ့ အရည်အသွေးပါပဲ။ ကျွန်တော့်မှာ သွားတိုက်ဖို့၊ ဈေးဝယ်ဖို့တောင် အချိန် မရှိတဲ့အဖြစ်တွေ ကြုံခဲ့ဖူးပါတယ်။ အဲဒါဟာ သိပ်ဆိုးပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ အလုပ်တွေလုပ်နေရတယ်ဆိုရင်ကို ပျော်နေတာပါပဲ။ အဲဒီတော့ ကျွန်တော့်မှာ ဘာစိုးရိမ်စရာ ရှိပါသလဲ။ ကျွန်တော် ဒါကို ပြောင်းလဲလို့မရဘူးလို့ သဘောပေါက်လာတယ်။ ဒီတော့ ပျော်ပျော်ပဲ နေလိုက်တော့တယ်။ အဲဒီပုံစံမျိုးပဲ။

သင်ဟာ အဲဒီလို လူမျိုးဆိုရင် ဒီစာအုပ်ထဲမှာ သင့်အတွက် အလုပ် မြန်မြန်ပြီးနိုင်မယ့် နည်းစနစ်တွေ အများကြီးရှိပါတယ်။ ပြီးတော့ သင် ရှုပ်ချင်တဲ့အလုပ်တွေ ထပ်ဖြည့်လို့ရမယ့်အချိန်အားတွေလည်း ထွက်လာ ပါလိမ့်မယ်။ ဒါပေမဲ့ သိပ်အများကြီး အားဖို့တော့ မမျှော်လင့်ပါနဲ့။ ဘာလို့ဆို အဲဒါဟာ သင့်ကြိုက်တဲ့ပုံစံ မဟုတ်လို့ပါ။ သင်အားတိုင်း သင့်ရဲ့ အားလပ်ချိန်ကို တစ်ခုခုနဲ့ ဖြည့်ဖို့ ကြိုးစားနေပါလိမ့်မယ်။ ဘာလို့ ဆို အဲဒါဟာ သင့်ကို အမြဲပျော်ရွှင်စေတာကိုး။ ဒါပေမဲ့ မပြီးတဲ့ အလုပ် တွေထက်စာရင်တော့ အလုပ်အများကြီး ပုံနေရင်တောင် တစ်ခုပြီးတစ်ခု ပြီးမြောက်သွားရတဲ့ ခံစားချက်ကို သင်ပိုနှစ်သက်မှာပါ။ ပြီးရင် ထုံးစံ အတိုင်းသင့်ရဲ့ အပုံမှာ အသစ်တွေထပ်ထပ် တင်မိလိမ့်မယ်။ ပြဿနာ မရှိပါဘူး။ သင်ပျော်တာပဲ။ အဟောင်းတွေ တပံ့ပံ့ ဖြစ်မနေရင် ရပါပြီ။ အလုပ်ရှုပ်ရတာပဲ ကြိုက်ပါ။ အလုပ်မပြီးရတာ မကြိုက်ပါနဲ့။