Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

အောင်စည်သာ - လူငယ်တွေးစကားလုံးများ

Regular price 4,000 MMK
Regular price Sale price 4,000 MMK
Sale Sold out
Type

ဘဝ

ဘဝဆိုတဲ့ စကားလုံးကလည်း လူတွေရဲ့ ဘဝမှာ တော်တော်နေရာ ယူတတ်တဲ့ စကားလုံး။ စာအုပ် စာပေတွေမှာပဲ ဖြစ်ဖြစ်၊ ရုပ်ရှင်ကားထဲ မှာပဲ ဖြစ်ဖြစ်၊ နေ့စဉ်ပြောတဲ့ စကားတွေမှာ ဖြစ်ဖြစ် ဘဝဆိုတဲ့ စကားလုံး ကို တော်တော်လေး သတိပြုမိပါတယ်။ ခုလည်းကြည့်၊ ကျွန်တော့် စာအုပ် ခေါင်းစဉ်က စကားလုံးများနဲ့ ဘဝ၊ ရွေးချယ်တဲ့စာပိုဒ်ခေါင်းစဉ်က ဘဝ၊ ခု စာထဲမှာလည်း ဘဝဆိုတဲ့ စကားလုံး ရာနဲ့ချီ ပါဝင်နေပါလိမ့်မယ်။ ကဲ..အဲဒီလောက် အရေးပါနေတဲ့ စကားလုံးဆိုတော့လည်း တွေးမိတယ်။ ကျွန်တော်တို့ ပြောပြောနေတဲ့ ဘဝဆိုတာ ဘာလဲပေါ့။ တချို့က ပြောကြ တယ်၊ ဘဝဆိုတာ ကစားပွဲတဲ့။ ဘာလို့ဆို ဘဝဆိုတာ အနိုင်အရှုံးတွေနဲ့ ဖြတ်သန်းရတယ်။ ပန်းတိုင်ကို ရောက်အောင် ပြိုင်ဆိုင်ရုန်းကန်ရတယ်။

ဒါ့အပြင် သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေလည်း ရှိသေးရဲ့။ တစ်ခုပဲ ကွာတာက ဘဝဆိုတဲ့ ကစားပွဲက ရိုးရိုးကစားပွဲတွေထက် အချိန်ပိုကြာ၊ အနိုင်အရှုံးကလည်း မသဲကွဲ၊ ပိုပြီးတော့လည်း ရုန်းကန်ရတာပါပဲ။ တချို့ ကတော့ ဘဝကို ခပ်ကြမ်းကြမ်းလေး အဓိပ္ပာယ်ဖွင့်ကြတယ်၊ တိုက်ပွဲတဲ့။ ကစားပွဲနဲ့ ဆင်ပေမယ့် ရည်မှန်းရာကို တိုက်ခိုက်ယူခြင်း သဘောတွေ၊ စည်းမျဉ်းစည်းကမ်းတွေကို မထီမဲ့မြင် ပြုလုပ်လာခြင်း၊ တရားမျှတမှုကို ဥပေက္ခာပြုခြင်း သဘောတွေ နည်းနည်း ပါဝင်လာတဲ့ အဓိပ္ပာယ်သတ်မှတ်ချက်ပေါ့။ ဒီလို သတ်မှတ်ခြင်းကလည်း ကျွန်တော်တို့ တစ်ခါတစ်ရံ ကြုံရ တဲ့ မမျှတမှုတွေ၊ ဖိနှိပ်မှုတွေ၊ ကြမ်းတမ်းခက်ထန်တဲ့ လမ်းခရီးတွေ အတွက် ကောင်းကောင်းကို ထင်ဟပ်နိုင်တဲ့ ဖွင့်ဆိုထားချက်ပါပဲ။ အဲဒီလိုပဲ တခြား သော ပညာရှင်တွေ၊ ထင်ရှားကျော်ကြားတဲ့လူတွေက ဒီစကားလုံးကို သူတို့ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေ၊ သူတို့ ဖြတ်သန်းခဲ့ရတဲ့ ပတ်ဝန်းကျင်၊ သူတို့ ရုန်းကန်ခဲ့ရတဲ့ အတွေ့အကြုံတွေပေါ် မူတည်ပြီး အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆို လိုက်သမှ လိုက်လို့တောင် မဆုံးပါဘူး။ ဒါပေမဲ့ များပြားလှတဲ့ မတူညီတဲ့ ဘဝရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တိုင်းဟာ မတူညီတဲ့ ဘဝတစ်ခုစီကနေ ထွက် ပေါ်လာတာပါပဲ။

အပေါ်က အဓိပ္ပာယ်ဖွင့်ဆိုသူ၊ အောင်မြင်ထင်ရှား ကျော်ကြားသူ၊ ရုန်းကန်ကြိုးစားရင်ဆိုင်သူတွေဟာ မတူညီတဲ့ သူတို့ဘဝတွေကို အောင်မြင်အောင်၊ ခရီးရောက်အောင် အရင် ကြိုးစားခဲ့ကြရတယ်။ ပြီးမှ သူတို့ရဲ့ ဘဝဆိုတဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုထုတ်ဖော်နိုင်ခဲ့ကြတာပါ။ ကျွန်တော်တို့လည်း ဘဝဆိုတဲ့ စကားလုံးကို ကျွန်တော်တို့ဘဝနဲ့ ယှဉ်တဲ့ ဖွင့်ဆိုချက် ကောင်းကောင်းလေးတစ်ခု ပေးနိုင်ဖို့ ကိုယ်တိုင်အောင်မြင်အောင် (ဒါမှမဟုတ်) ခရီးရောက်အောင် အရင်ကြိုးစားကြည့်ဖို့ လိုမှာပါ။

မိသားစု

ကျွန်တော်က တစ်ဦးတည်းသော သားပါ။ ပြေးကြည့်ရင် မိသားစု ရယ်ဆိုလို့ အဖေရယ်၊ အမေရယ်၊ ကျွန်တော်ရယ် ဒီသုံးယောက်သာ ရှိပါ တယ်။ မိသားစုဆိုတဲ့ စကားလုံးက လူတိုင်းအတွက် အရေးမပါတောင် လူတိုင်းရဲ့ ဘဝမှာတော့ ဖျောက်ဖျက်မရတဲ့ စကားလုံးတွေထဲက တစ်ခုပေါ့။ တချို့က မိသားစုကို ကွန်းခိုရာ၊ နွေးထွေးမှုစတဲ့ နာမဝိသေသနတွေနဲ့ အထူး ပြုကြတယ်။ ကျွန်တော့်အတွက်တော့ မိသားစုဆိုတာ ထို့ထက် မကပါဘူး။ မိသားစုဆိုတဲ့ စကားလုံးက ကျွန်တော့်ကို နွေးထွေးစေတယ်။ ခွန်အားတွေ ရှိစေတယ်။ လုံခြုံမှုတွေ ရစေတယ်။ ထောက်ခံမှုတွေလည်း ပေးပါတယ်။ တချို့က ကိုယ့်အကြောင်းအရာလေးတွေနဲ့ ကိုယ်၊ ကိုယ့်မိသားစုနဲ့ အဆင် မပြေကြဘူး။ အိမ်ထောင်ကွဲ၊ မိဘကွဲ၊ မောင်နှမကွဲ၊ သားကွဲ၊ သမီးကွဲ စသည်ဖြင့် ကံတရားအလိုက် ဘဝမှာ မိသားစုဆိုတဲ့ အနှစ်သာရကို အပြည့် အဝ မခံစားရတဲ့လူတွေကို ကျွန်တော်တွေ့ရတဲ့အခါ အဲဒီလူတွေက မိသားစု ရှိတဲ့ လူတွေထက် ပိုပြီး ကြံ့ခိုင်၊ စိတ်ဓာတ်ခိုင်မာမှ ရှေ့ရောက်တာကို တွေ့ရ ပါတယ်။ အဲဒီမှာတင် မိသားစုဆိုတဲ့ စကားလုံးရဲ့ ခွန်အားဘယ်လောက် ကြီးမားတယ်ဆိုတာ တွေ့ရပါတယ်။

ကျွန်တော်တို့ ကျင်လည်ရတဲ့ဘဝဆိုတာ အမြဲတမ်း ပန်းခင်းလမ်းပေါ် မှာ နင်းလျှောက်ရတာ မဟုတ်ပါဘူး။ ဘဝမှာ ပင်ပန်းဆင်းရဲမှုတွေ၊ စိတ်ညစ်ညူးစရာအချိန်တွေဆိုတာကို ကျော်ဖြတ်ရတဲ့အခါ ရင်ဖွင့်ဖော်၊ အား ပေးဖော်ဆိုတဲ့ အရာလေးကို လူတိုင်းလောက်နီးနီး တောင့်တဖူးကြမှာပါ။ အဲဒီ ကွက်လပ်လေးကို ဖြည့်ပေးမှာက ကိုယ်ချစ်တဲ့၊ ကိုယ့်ကိုလည်း ချစ်တဲ့ မိသားစုပါပဲ။ နောက်တစ်ခု ကျွန်တော် စဉ်းစားမိတာက ကွဲကွာရခြင်းပါ။ မိသားစုဆိုတာ ကိုယ့်အတွက် အဖော်မွန်ကောင်းဆိုပေမယ့် ကိုယ်နဲ့အတူ တစ်သက်လုံးနေသွားမလားဆိုတော့ မဟုတ်ပြန်ပါဘူး။ အပေါ်က ပြောခဲ့ သလို ကံကြမ္မာက ဖန်တီးလာတဲ့အပေါ်မှာ မမျှော်လင့်တဲ့၊ မထင်မှတ်တဲ့၊ မလိုချင်တဲ့ ကွဲကွာခြင်းဆိုတာတွေ ရှိလာဦးမှာပါ။ ကျွန်တော်ကတော့ ရှိနေ တဲ့ မိသားစုလေးနဲ့ ပျော်အောင် နေမယ်။ ဘဝအခက်အခဲကို အတူတကွကျော်ဖြတ်မယ်ပေါ့ဗျာ။ ကံတရားကြောင့် ကွဲကွာရတဲ့အချိန် ရောက်လာတော့ လည်း တစ်ယောက်တည်းရင်ဆိုင်နိုင်အောင်၊ စိတ်ဓာတ်ခိုင်မာအောင် နေထိုင် မယ်လို့ တွေးမိပါတယ်။ အဲ...ဒါပေမဲ့ မိသားစုနဲ့လည်း အတူနေလို့ရမယ်။ ကံတရားကလည်း မျက်နှာသာပေးမယ်ဆိုရင်တော့လည်း အသက်ထက်ဆုံး မိသားစုဆိုတဲ့စကားလုံးကို အပျော်တွေနဲ့ပဲ ထုံမွှမ်းထားချင်တာ ကျွန်တော့် ဆန္ဒပေါ့။ လူတိုင်းကို ကံတရားက မျက်နှာသာပေးပါရက် ကိုယ့်မိသားစုကို တန်ဖိုးမထားတတ်တဲ့၊ ကိုယ့်မိသားစုနဲ့ ဝေးသထက်ဝေးအောင် လုပ်မိတဲ့ သူတွေ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းမိတယ်ဗျာ။

ရွေးချယ်ခြင်း

ကျွန်တော် ရှစ်တန်းကျောင်းသားဘဝမှာ ဒီစကားလုံးကို သတိထား မိတယ်ဗျာ။ ဘာလို့ဆို ရှစ်တန်းအောင် ကိုးတန်းရောက်တဲ့အခါမှာ သိပ္ပံ၊ ဝိဇ္ဇာ၊ ဝိပ္ပံ ဆိုတဲ့ ဘာသာတွဲတွေကို ရွေးချယ်ရတော့မှာပါ။ ရွေးချယ်မှုဆို တဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို ကောင်းကောင်းမသိခင်ကတည်းက ရွေးချယ် မှုတွေကို ကျွန်တော် လုပ်ခဲ့ရပါတယ်။ ငယ်စဉ်က ကစားစရာတွေ၊ မုန့်တွေ၊ သွားလာလည်ပတ်စရာ ကစားကွင်း စတာတွေကို ကျွန်တော် ကလေးဘဝ ရွေးချယ်မှုဆိုတာ ဘာမှန်းမသိခင်ကတည်းက ရွေးခဲ့တဲ့ အရာတွေပေါ့။ ရှစ်တန်းလောက်ရောက်တဲ့အခါ ရွေးချယ်မှုရဲ့ စွန့်လွှတ်ခြင်းသဘောကို နည်းနည်း သဘောပေါက်လာတယ်။ ဘာလို့ဆို ကျွန်တော် ရှစ်တန်းအောင် ကိုးတန်းတက်တဲ့အခါ ဘောဂဗေဒနဲ့ တွဲတဲ့ ဝိပ္ပံဆိုတဲ့ ဘာသာတွဲကို ကျွန်တော်ရွေးချယ်ခဲ့လို့ပါ။ ဝိပ္ပံဘာသာရပ်ကို ရွေးချယ်လိုက်ခြင်းအားဖြင့် အဲဒီ အခါမှာ လူအများ ရည်မှန်းရာ ဆေးတက္ကသိုလ်တက်ခွင့်ဆိုတဲ့ အခွင့်အရေး ကြီးတစ်ခုကို လက်လွှတ်လိုက်ရခြင်းပါပဲ။ ကျွန်တော် ပြတ်သားစွာပဲ ရွေး ချယ်ခဲ့ပါတယ်။ ဘာလို့ဆို ကျွန်တော် အဲဒီဘာသာရပ်၊ အဲဒီ အလုပ်အကိုင် ကို စိတ်မဝင်စားလို့ပါ။ အဲဒီ နောက်ပိုင်း ရွေးချယ်မှုဆိုတဲ့ စကားလုံးဟာ ကျွန်တော့်ဘဝမှာ တော်တော် နေရာယူခဲ့ပါတယ်။ ကျွန်တော် ရွေးချယ်မှုတိုင်း ကို လွယ်လွယ် ကျော်ဖြတ်ခဲ့တာ မဟုတ်ပါဘူး။ ရွေးချယ်မှုဆိုတဲ့ စကားလုံးရဲ့ နောက်ကွယ်မှာ စွန့်လွှတ်ရခြင်းတွေ၊ အခြေအနေတွေ၊ အချိန်အခါတွေ၊ အခွင့်အလမ်းတွေ၊ ကောင်းကျိုး ဆိုးကျိုး စတာတွေဟာ တွဲလျက်ပါလာတတ် တာပါပဲ။ ရွေးချယ်မှုဆိုတဲ့ စကားကို ပြောကြပြီဆိုရင် မပါမဖြစ် စကားလုံး လေးနောက်တစ်လုံးက တွေဝေခြင်း” ပါပဲ။ ရွေးချယ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ စွန့်လွှတ်ရခြင်းတွေ၊ ရင်ဆိုင်နေရတဲ့ အခက်အခဲ၊ စိတ်ခံစားမှု၊ ရည်မှန်းချက်၊ ပတ်ဝန်းကျင် စတာတွေဟာ ကျွန်တော်တို့ကို တွေဝေစေတဲ့ ဖိအားတွေပါ ပဲ။ ကျွန်တော်ကတော့ ရွေးချယ်မှုတိုင်းကို စွန့်လွှတ်ရမယ့်အရာနဲ့ ရည်မှန်း ချက်ချိန်ထိုးပြီးတော့ ရွေးချယ်ခဲ့တယ်။ တစ်ခါတစ်ရံ ပတ်ဝန်းကျင်ဖိအား တွေကို ရင်ဆိုင်ရတဲ့အခါ ရေတိုအခက်အခဲတွေ၊ ရေရှည်အကျိုးရလဒ်တွေ နဲ့ တွေဝေမှုတွေကို ကျော်ဖြတ်ရတဲ့အခါလည်း ရှိတာပေါ့။ ကျွန်တော့် အတွက် ရွေးချယ်မှုဆိုတဲ့ စကားလုံး ဘဝမှာ ပေါ်လာတိုင်း စွန့်လွှတ်ရမှာက စ, စဉ်းစားတယ်။ နောက် အကျိုးရလဒ်တွေကို စဉ်းစားတယ်။ ရည်မှန်း ချက်၊ အခြေအနေတွေနဲ့ စဉ်းစားတယ်။ နောက်ဆုံး ရည်မှန်းချက်ကတော့ တွေဝေမှုကို ရိုက်ထုတ်ခြင်းပါပဲ။ မသေချာ မရေရာ ရွေးခဲ့ရတဲ့အရာတွေ ရှိခဲ့တာပေါ့။ ဒါပေမဲ့ ကိုယ့် ရွေးချယ်မှုအပေါ် အောင်မြင်အောင် လုပ်မယ် ဆိုတဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကလည်း တစ်ခါတစ်ရံ မှားယွင်းတဲ့ ရွေးချယ်မှုတွေကို သိပ်အဆိုးကြီး ဖြစ်မသွားစေတာကိုတော့ ကျွန်တော် ဝန်ခံရပါမယ်။