Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

အောင်စည်သာ - လမ်းဘေးMBA

Regular price 4,000 MMK
Regular price Sale price 4,000 MMK
Sale Sold out

အခန်း [၁]

လုပ်ငန်းတစ်ခုချဲ့ထွင်ခြင်း

ကျွန်တော်တို့ ခရီးစဉ်အစမှာ တိမ်မြုပ်ပျောက်ကွယ်နေတဲ့ စိတ်ဝင် စားဖွယ်လုပ်ငန်းအသေးလေးတွေအကြောင်း ရှာဖွေဖို့ ကြိုးစားခဲ့ကြပါတယ်။ ကျွန်တော်တို့နေတဲ့ တနင်္ဂနွေတစ်မနက်မှာ တွေ့ကြတယ်။ ရှုခင်းတွေ ကြည့်၊ မြူဆိုင်းတဲ့နေဝင်ချိန်တွေကို ခံစားရင်း ကမ္ဘာလှည့်ခရီးသည်တွေအဖြစ် ပထမဆုံးနေ့ကို ကုန်ဆုံးစေခဲ့တယ်။ ဘာဘီကြူးတွေ၊ ပျော်ရွှင်ဖွယ်ညစာ အစီအစဉ်တွေနဲ့ပေါ့။ နောက်နေ့ တနင်္လာနေ့ မနက်သာယာတဲ့နေရောင်နဲ့ အတူနိုးထလာပြီး ဟောလီးဒေးအင်းက ပေါ့ပေါ့ပါးပါး မနက်စာကို အမြန် စားတယ်။ ပြီးတော့ အနောက် မြောက်ဘက်ဆီကိုဦးတည်ပြီး ထွက်ခွာလာခဲ့ ပါတယ်။ မစ္စစ္စပီမြစ်ရဲ့ ဘေးတစ်လျှောက် သွယ်တန်းနေတဲ့ တောင်တန်းတွေ ဆီကိုပေါ့။ အဲဒီလိုနဲ့ ဆက်လက်ထွက်ခွာလာရင်း ကော်ဖီသောက်ရန် ခဏ ရပ်ဖို့ အကြံပြုတဲ့ မိုက်(ခ်)ကို နားမလည်နိုင်စွာဘဲ ပြန်ကြည့်မိတယ်။ ခုလေး တင် စားလာတဲ့မနက်စာက ကော်ဖီနဲ့ မလုံလောက်နိုင်သေးဘူးလားလို့ စကော့(တ်)က ပြန်မေးလိုက်ပါတယ်။ အဲဒီတော့ မိုက်(ခ်)က အစည်းအဝေးနောက်တစ်ခုတက်ဖို့ လေးဆယ့်ငါးမိနစ်တောင်လိုသေးတာပဲ၊ ကားပေါ်မှာ ထိုင်နေပြီး ဘာလုပ်မှာလဲလို့ ပြောပါတယ်။

အဲဒီနောက် ကျွန်တော်တို့အနီးဆုံး Starbuck ကော်ဖီဆိုင် ဝင်လိုက်တယ်။ ပြီးတော့ ကောင်တာမှာ ကော်ဖီမှာပြီး မနက်စောစောလူကျနေတဲ့ Starbuck ကော်ဖီဆိုင် မြင်ကွင်းကို အော်ဒါမှာ ထားတဲ့ကော်ဖီခွက်ကို စောင့်ရင်း ဘာရယ်မဟုတ် ငေးကြည့် မိနေပါတယ်။ ပေါ(လ်)က သူ့ရဲ့ ကော်ဖီခွက်ရှည်ရှည်ကိုယူရင်း ငါတို့ဦးတည်ချက်က အသေးစားလုပ်ငန်း တွေရဲ့ အကြောင်း လေ့လာဖို့ မဟုတ်ဘူးလား၊ ခုလို ဆိုင်ထက်အမှီအခို ကင်းတဲ့ အခြားကော်ဖီဆိုင်သေးသေးတစ်ခုမှာ ရှိမနေသင့်ဘူးလားလို့ မေးပါ တယ်။ အဲဒီလိုနဲ့ ပြောဆိုရင်း ကျွန်တော်တို့ စကားဝိုင်းဟာ တစ်ချိန်က တစ်ဆိုင်တည်းသာရှိခဲ့တဲ့ Starbuck ကနေ ကမ္ဘာတစ်ဝန်းမှာ ဆိုင်ပေါင်းထောင်နဲ့သောင်းနဲ့ချီရှိတဲ့ လုပ်ငန်းတစ်ခု ဘယ်လိုဖြစ်လာလဲဆိုတဲ့ အကြောင်း အရာဆီရောက်လို့ သွားပါတယ်။ အဲဒီ အောင်မြင်မှုဟာ ကြီးထွားလိုစိတ်ရှိတဲ့ အသေးစားလုပ်ငန်းတွေအတွက် အမြဲတမ်းဖြစ်နိုင်ခြေရှိတယ်ဆိုတာကို ကတိ ကဝတ်ပေးတဲ့ ဥပမာတစ်ခုပါပဲ။ Starbuck ရဲ့ အောင်မြင်မှုအကြောင်း ဆွေးနွေးရင်း လမ်းဘေးခရီးစဉ်အတွက် ပထမဆုံးဘယ်ကုမ္ပဏီတွေကို သွား လေ့လာမလဲဆိုတဲ့ ဘောင်လေးတစ်ခု ချမှတ်နိုင်ခဲ့ပါတယ်။ စီးပွားရေး လုပ် ငန်းတွေကို ကြီးထွားလာအောင်ဘယ်လိုလုပ်လဲ ဆိုတာနဲ့ ပတ်သက်ပြီး စဉ်းစားစရာလေးတစ်ခုပေါ့။ စီးပွားရေးလုပ်ငန်းတွေ ချဲ့ထွင်ဖို့ ကြိုးစားတဲ့ အခါမှာ သူတို့ရဲ့ ကြီးထွားခြင်းကိုကန့်သတ်ပိတ်ပင်တဲ့ အချက်တွေများ ရှိသလား၊ ကုမ္ပဏီတွေ အကျိုးရှိရှိဘယ်လိုချဲ့ထွင်လို့ ရသလဲ၊ ပြီးတော့ ဘယ်လိုအမှားတွေကို သူတို့ရှောင်ရှားရမလဲစတဲ့ မေးခွန်းတွေ ဖြစ်ပေါ်လာ ပါတယ်။ ကျွန်တော်တို့ ကိုယ့်လုပ်ငန်းတွေကို ကြီးပွားတိုးတက်အောင် သူများနဲ့မတူ ထူးခြားဆန်းသစ်တဲ့ နည်းလမ်းတွေနဲ့ ကြိုးစားနေတဲ့ ကုမ္ပဏီတွေကို တွေ့ခဲ့ရပါတယ်။ အဲဒီအထဲက တချို့ကုမ္ပဏီတွေဆိုရင် သူ့အတိုင်းအတာနဲ့ လက်ခံနိုင်လောက်တဲ့အောင်မြင်မှု ရရှိနေတာတောင် ဆက်လက်ကြီးထွားဖို့ ကြိုးစားနေကြတာတွေကအစ လေ့လာခဲ့ရပါတယ်။ လုပ်ငန်းတွေကို ချဲ့ထွင်ခြင်းနဲ့ ပတ်သက်လို့ အသေးစားစီးပွားရေးလုပ်ငန်း ပိုင်ရှင်တွေအတွက် အရေးကြီးတဲ့မေးခွန်းတစ်ခုကတော့ အောင်မြင်တဲ့ လုပ်ငန်းချဲ့ထွင်မှုဟာ ဘာတွေအပေါ်မူတည်နေသလဲ....

အာကန်စာ(စ်)ပြည်နယ် ဂျိုနက်(စ်)ဘိုရို

BRACES BY BURRIS သွားဆေးခန်းရဲ့ ကျင့်ထုံး

လုပ်ငန်းဆောင်တာများကို စုပေါင်း၍ ကုန်ကျစရိတ်လျှော့ချခြင်း

ကဖိန်းဓာတ်ကိုအပြည့်ဖြည့်ပြီး ဂျိုနက်(စ်)ဘိုရိုမြို့ တစ်ပတ်ပတ်ပြီးတဲ့ အခါ ရုံးခန်းမန်နေဂျာ နော်နာစတန်း(စ်)ဆိုသူကို တွေ့ဖို့ Braces By Burris သွားဆေးခန်းကို ရောက်လို့ သွားပါတယ်။ အဲဒီကိုရောက်ရောက် ချင်းတော့ ကျွန်တော်တို့ အနည်းငယ် ဇဝေဇဝါဖြစ်သွားပါသေးတယ်။ ဘာ ဖြစ်လို့ဆို ကျွန်တော်တို့ ထင်ထားတဲ့ သွားဆေးခန်းတစ်ခုဆိုတာ ဧည့်ကြိုကောင်တာတစ်ခု ရှိရပါမယ်။ ပြီးတော့ သွားနုတ်ဖို့ ကြောက်လန့်နေတဲ့ ကလေးငယ်တွေ၊ ဆေးခန်းပြဖို့ လူနာတွေစောင့်ဆိုင်းနေတဲ့နေရာလို့ ထင် မှတ်ထားခဲ့တာကိုး။ အဲဒီအစား မှန်ခန်းတွေ၊ လေးထောင့်ပုံစံ အလုပ်စားပွဲတွေနဲ့ ဝန်းရံနေတဲ့ နေရာတစ်ခုကိုရောက်သွားတဲ့အခါ လိပ်စာမှားပြီလားလို့တောင် သံသယဖြစ်ခဲ့မိပါသေးတယ်။

“ကျွန်မတို့ရဲ့ ရုံးချုပ်ဌာနေက ကြိုဆိုပါတယ်”လို့ ပြောရင်း အရပ်မြင့် မြင့်၊ မျက်မှန်ထူထူ၊ အဖြူရောင်ဝမ်းဆက်ကို စမတ်ကျကျဝတ်ထားတဲ့ ဂ်နာက ကြိုဆိုပါတယ်။ ကျွန်တော်တို့ကို သူမရဲ့ ရုံးခန်းထဲမှာ ဧည့်ခံ ရင်း အာကန်စာ(စ်)ပြည်နယ်ရဲ့ ပထဝီဝင်အနေအထားကို ရှင်းပြပါတယ်။ “ပြီးတော့ ကျွန်မတို့ ဝက်(စ်)မမ်းဖစ်(စ်)ဆိုတဲ့ မြို့မှာလည်း အနားယူသွားတဲ့ သွားဆရာဝန်တစ်ယောက်ဆီက လွှဲပြောင်းဝယ်ယူပြီး ဖွင့်ထားတဲ့ ဆေးခန်း တစ်ခုလည်း ရှိပါတယ်။ ပြီးတော့ ကျွန်မတို့ ဖောရက်(စ်)စီးတီးနဲ့ ဘာ(လ်) သီဗီလီမှာလည်း ဖွင့်ထားပါသေးတယ်။ အဲဒီဟာတွေ အားလုံး ဂျိုနက်(စ်) ဘိုရိုကနေ မိုင်ခြောက်ဆယ်လောက်အကွာမှာ ရှိပါတယ်။ သူမ ဆေးခန်း စာရင်း ရွတ်ပြနေလိုက်တာ ကျွန်တော်တို့ အင်တာဗျူးအစီအစဉ်ရဲ့ ပထမ ဆယ့်ငါးမိနစ် ကုန်ဆုံးသွားပါတယ်။ ပြီးခဲ့တဲ့ နှစ်တော်တော်များများမှာ ဆေးခန်းပိုင်ရှင်ဒေါက်တာဘားရစ်(စ်) ဟာ နေရာဒေသ သစ်တော်တော်များ များမှာ သွားဆေးခန်းနေရာတွေဖွင့်ရင်း လုပ်ငန်းကိုချဲ့ထွင်ခဲ့ပါတယ်။ အဲဒီလိုနဲ့ နော်နာပြောပြလာလိုက်တာ စုစုပေါင်းမြို့ပေါင်း ဆယ့်တစ်မြို့မှာရှိတဲ့ ဘားရစ်(စ်)သွားဆေးခန်းနေရာတွေ စုံသွားမှပဲ အခု ကျွန်တော်တို့ ရောက်နေ တာ ဘားရစ်(စ်)သွားဆေးခန်းတွေ အားလုံးရဲ့ ဌာနချုပ်တစ်ဖြစ်လဲ စီမံခန့်ခွဲမှု ရုံးခန်း ဖြစ်နေတာကို သိရပါတော့တယ်။ ဒေါက်တာဘားရစ်(စ်)ချဲ့ထွင်ခဲ့တဲ့ မြို့ တော်တော်များများဟာ တကယ်တော့ သေးသေးကျဉ်းကျဉ်းမြို့လေးတွေ ပါပဲ။ ပြီးတော့ ဆေးခန်းနေ့တိုင်းလည်း ဖွင့်စရာမလိုဘူးလေ။

“ကျွန်မတို့ ဆေးခန်းတည်ရှိတဲ့နေရာတော်တော်များများကို အလှည့် ကျဇယားချပြီး သွားလေ့ရှိပါတယ်။ တကယ်တော့ ကျွန်မတို့ဆေးခန်း အား လုံးကို လည်ပတ်နေတာ လက်ထောက်နှစ်ယောက်နဲ့ သွားဆရာဝန် တစ် ယောက်ပါတဲ့ ခရီးသွားအဖွဲ့နှစ်ဖွဲ့ သုံးဖွဲ့တည်းနဲ့ပါပဲ။ ကျွန်မတို့ အခြား သွားဆရာဝန်တွေနဲ့ အခြားနေရာဒေသတွေကို လွှတ်ဖို့ အဖွဲ့အသစ် တချို့ ဖွဲ့စည်းနေတုန်းပါပဲ။ တစ်ခါတစ်ရံ ရက်တွေသိပ်ကြာသွားတယ်။ ခွဲစိတ်မှုနဲ့ ကုသမှုတွေ တော်တော်များများက ဂျိုနက်(စ်)ဘိုရိုမြို့ ပတ်ဝန်းကျင်မှာသာ လုပ်ရလေ့ရှိပါတယ်။ ကျွန်မတို့ ဆေးခန်းတိုင်းမှာ ပစ္စည်းကိရိယာ တော်တော်များများရှိပေမဲ့ အချို့အရေးကြီး ဆေးခန်းသုံးပစ္စည်း ကိရိယာ တွေကိုတော့ ခရီးသွားရင်း ကားပေါ်မှာပဲ သယ်ဆောင်သွားလေ့ရှိပါတယ်။ အချို့ဝေးလွန်းတဲ့ နေရာတွေကို သွားတဲ့အခါ တစ်ခါတစ်ရံ မနက်ခုနစ် နာရီလောက်မှ ထွက်ပြီး ည ခြောက်နာရီခွဲတာတောင် ပြန်ရောက်ဖို့ မလွယ်ကူ ပါဘူး”လို့ ရှော်နာက ရှင်းပြပါတယ်။

ဒီရုံးမှာက ဘာလုပ်ကြတာလဲ”လို့ မိုက်(ခ်)က မေးပါတယ်။' နေရာက ကျွန်မတို့ရဲ့ အုပ်ချုပ်မှုရုံးခန်းလေ။ စာရင်းဇယားတွေ၊ ဝန်ထမ်းရေး ရာတွေ၊ အိုင်တီတွေ၊ ငွေပေးချေမှု၊ ငွေကောက်ယူမှုနဲ့ ဖုန်းလက်ခံဌာနတွေ ရှိတာပေါ့။ ကျွန်မတို့မှာ လာသမျှ ဖုန်းတွေကို ဖြေဖို့ လူငါးယောက် ရှိပါ တယ်။ တော်တော်များများက ပြည်တွင်း ဖုန်းနံပါတ်တွေပါ။ အကုန်လုံးဟောဒီဖုန်းတစ်လုံးကပဲ မြည်ပါတယ်။ ပြီးတော့ အားလုံးကို တစ်ပုံစံတည်းပဲ ပြန်လည်ဖြေကြားပါတယ်”လို့ ရော်နာက ပြန်လည်ရှင်းပြပါတယ်။

ဘားရစ်(စ်)ဆေးခန်းတွေဟာ ဝေးကွာတဲ့သွားဆေးခန်းတွေကို မသွား ချင်ကြတဲ့ လူတွေရဲ့ စိတ်ဆန္ဒကို သဘောပေါက်ပြီးနောက် ကြီးထွားလာခဲ့တာပါ။ သွားတွေကို ဂရုတစိုက် ဝန်ဆောင်မှုပေးတယ်ဆိုတဲ့လုပ်ငန်းဟာ ဧည့်ကြိုဧရိယာသေးသေးလေးတစ်ခု လူနာတွေမြင်နိုင်လောက်တဲ့ ဆေးကုသ ခန်းလေးတွေရှိခြင်းထက် ပိုပါတယ်။ လူတွေနားနီးတဲ့ ဆင်ခြေဖုံးနေရာ တွေမှာ ဆေးခန်းခွဲတွေ ဖွင့်ရတာ နေရာငှားရမ်းခအလွန်ပဲ သက်သာပါတယ်။ ဆေးခန်းခွဲအများအပြားကို ဖွင့်လှစ်ပြီး ရွေ့ လျားအဖွဲ့ငယ်လေးတွေနဲ့ အဆင် ပြေချောမွေ့ စွာလည်ပတ်နိုင်ဖို့ ဟောဒီရုံးချုပ်က ကူညီပေးပါတယ်။ ငွေပေး ချေမှုနဲ့ အာမခံတွေကို တစ်နေရာတည်းမှာ ချုပ်ကိုင်ထားခြင်းအားဖြင့် ဆေးခန်းတိုင်းဆေးခန်းတိုင်းမှာ အဲဒီအလုပ်အတွက် လူတစ်ယောက်စာ သက်သာပါတယ်။ အဲဒီ အလေ့အထကို ထောက်ပံ့ပေးတာက သူတို့ ဆေးခန်းတွေ တည်ရှိတဲ့ အာကန်စာပြည်နယ်ဟာ သွားအတွက် ကျန်းမာရေး အာမခံပေးတဲ့ ပြည်နယ်အနည်းငယ်မှာတစ်ခု အပါအဝင်ဖြစ်နေခြင်းပါပဲ။ သွားအာမခံ ပြန်လည်ထုတ်ယူရတာမှာ ကြိုးနီစနစ်ပေါင်းများစွာကို ကျော် ဖြတ်ရတဲ့ အာကန်စာပြည်နယ်ရဲ့ စည်းမျဉ်းနဲ့ ဘားရစ်(စ်)သွားဆေးခန်းရဲ့ ဗဟိုချုပ်ကိုင်မှု စနစ် ကတော့အံကိုက်ပါပဲ။ ရွေ့လျားဆေးခန်းတွေကို ဗဟို ချုပ်ကိုင်မှုနဲ့ အုပ်ချုပ်ခြင်းက ဘားရစ်(စ်)သွားဆေးခန်းတွေကို ခပ်မြက်မြက် ကလေး တိုးတက်စေပါတယ်။

အရေအတွက်များများထုတ်လုပ်မှုဖြင့် တစ်ခုချင်းစရိတ်လျှော့ချခြင်း ဆိုတဲ့ စီးပွားရေးဆိုင်ရာ သဘောတရားတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ Economies of Scales လို့ ခေါ်ပါတယ်။ ဘားရစ်(စ်)သွားဆေးခန်းတွေ ဟာ အမြတ်ရှိရှိ ကြီးပွားတိုးတက်ခြင်းရရှိဖို့ ပထမဆုံး ဥပဒေသတစ်ခုဖြစ်တဲ့ Economies of Scales ကို ရှာဖွေခြင်းနှင့် သုံးချခြင်းဆိုတာနဲ့ တိုးတက် လာခဲ့ပါတယ်။ Economies of Scales ဆိုတာ အပေါ်က ပြောခဲ့သလိုပါ ပဲ။ ထုတ်ကုန်အရေအတွက် များလာတာနဲ့အမျှ ကုမ္ပဏီအတွက် ပိုပြီး အကျိုး ရှိရှိ ဒါ့အပြင် ကုန်ကျစရိတ်နည်းနည်းနဲ့ လုပ်ကိုင်နိုင်လာတာပါပဲ။ အဲဒီ သဘောတရားကို နားလည်ဖို့ ဘောဂဗေဒဘာသာရပ်ရဲ့ ကုန်ကျစရိတ် အဓိပ္ပာယ်ဖွင့်ဆိုချက် သုံးမျိုးအကြောင်း နားလည်ရပါမယ်။ ပထမဆုံး တစ်ခုက ပျမ်းမျှကုန်ကျစရိတ်ဆိုတာပါပဲ။ ပျမ်းမျှကုန်ကျစရိတ်ဆိုတာ လုပ်ငန်းတစ်ခုရဲ့ ကုန်ပစ္စည်းထုတ်လုပ်မှုအတွက် စုစုပေါင်း ကုန်ကျစရိတ်ကိုစုစုပေါင်း ကုန်ပစ္စည်းအရေအတွက်နဲ့ စားခြင်းဖြင့်ရရှိလာတဲ့ ရလဒ်ပါပဲ။

ဒုတိယတစ်ခုက ပုံသေကုန်ကျစရိတ်။ ပုံသေကုန်ကျစရိတ်ဆိုတာ လုပ်ငန်းတစ်ခုက ဘယ်လောက်အရေအတွက်ပဲထုတ်ထုတ် ကုန်ကျရတဲ့ စရိတ်ပါ။ အဲဒီစရိတ်မှာ အဆောက်အဦ ငှားရမ်းခတွေ၊ စက်ပစ္စည်းနဲ့ လုပ်ငန်းလိုင်စင်လျှောက်ထားခတွေ စသည်ဖြင့် ပါရှိပါတယ်။ ဘားရစ်(စ်) ဆေးခန်းအတွက်ဆိုရင် ဂျိုနက်(စ်)ဘိုရိုမြို့က ရုံးချုပ်အတွက် ကုန်ကျစရိတ် အားလုံးဟာ လူနာအရေအတွက်ပေါ် မမူတည်တဲ့ ပုံသေကုန်ကျစရိတ် တွေပါပဲ။ တတိယတစ်ခုကတော့ ကိန်းရှင်ကုန်ကျစရိတ်ပါပဲ။ တစ်နည်း အားဖြင့် အရေအတွက်ပေါ် မူတည်ပြီး ပြောင်းလဲနိုင်တဲ့ မူသေမဟုတ်သော ကုန်ကျစရိတ်တစ်မျိုးပါပဲ။ ထုတ်လုပ်မှုများပြားလေ ကိန်းရှင်ကုန်ကျစရိတ် များပြားလေပါပဲ။ အချို့လုပ်ငန်းတွေမှာ သွင်းအားစုတွေဟာ အရေးပါတဲ့ ကိန်းရှင်ကုန်ကျစရိတ်တွေပါပဲ။ ဥပမာ ကားထုတ်လုပ်သူတစ်ယောက်ဟာ ကားတစ်စီး ပိုရောင်းရလေ တာယာလေးလုံး ပိုဝယ်ရလေပါပဲ။ ဒါပေမဲ့ အချို့လုပ်ငန်းတွေမှာတော့ ကိန်းရှင်ကုန်ကျစရိတ်ဟာ အလွန်ပဲ နည်းပါးပါ တယ်။ ဥပမာ မိုက်ကရိုဆော့(ဖ်)ကုမ္ပဏီဟာ သူ့ရဲ့ ဆော့(ဖ်)ဝဲလ် စီဒီတစ်ချပ် ပိုရောင်းရတဲ့အခါ ကိန်းရှင်ကုန်ကျစရိတ်ဟာ အလွန်ပဲနည်းပါတယ်။ အဲဒီလို ပါပဲ ဘားရစ်(စ်)ဆေးခန်းအတွက် အုပ်ချုပ်မှုဆိုင်ရာကိစ္စတွေ အားလုံးကို ရုံးချုပ်မှာပဲ ဆောင်ရွက်နိုင်တာကြောင့်သူ့ရဲ့ ရွေ့လျားအဖွဲ့ ငယ်တွေအတွက် ထပ်တိုးကုန်ကျရတဲ့ ကိန်းရှင်ကုန်ကျစရိတ်ဟာ အလွန်ပဲ နည်းပါတယ်။ များသောအားဖြင့် ပုံသေကုန်ကျစရိတ်က ကိန်းရှင်ကုန်ကျစရိတ်ထက် များတဲ့ အခါ Economies of Scales ရှိတာပါပဲ။ အကြောင်းပြချက်က ရှင်းပါ တယ်။ ဘယ်လောက်ထုတ်လုပ်မှုတိုးတိုး ပုံသေကုန်ကျစရိတ် စုစုပေါင်းကပြောင်းလဲခြင်းမရှိဘဲ ထုတ်လုပ်မှုများလာလေ ထုတ်ကုန်တစ်ခုချင်းစီအတွက် ပုံသေကုန်ကျစရိတ် နည်းလာလေပါပဲ။ ပြီးတော့ Economies of Scalesကောင်းလာတာနဲ့ အမျှ လုပ်ငန်းကြီးထွားလာခြင်းဟာ အကြောင်းပြချက်နှစ်ခု နဲ့ အမြတ်များခြင်းကို ဖြစ်ပေါ်လာစေပါတယ်။ ပထမတစ်ချက်က ထုတ် လုပ်မှု တိုးတက်လာခြင်းနှင့် ပျမ်းမျှကုန်ကျစရိတ်နည်းပါလာခြင်းတွေပါပဲ။ မြင်ယောင်ကြည့်လိုက်စမ်းပါ၊ သင့်လုပ်ငန်းရဲ့ ထုတ်ကုန်တိုးတက်လာပြီးတစ်ခုချင်းစီအတွက် ပျမ်းမျှစရိတ် လျော့ကျလာတဲ့ အခြေအနေတစ်ခုကို အသေးစားလုပ်ငန်းတိုင်းအတွက် ရယူဖို့ကောင်းတဲ့ အခွင့်အလမ်းတစ်မျိုးပေါ့ ။

ဘားရစ်(စ်)ဆေးခန်းဟာ Economies of Scales ကို ကောင်း ကောင်းအသုံးချနိုင်ခဲ့ပါတယ်။ နောက်ကွယ်က လုပ်ရမယ့် ရုံးလုပ်ငန်းတွေကို ဗဟိုချုပ်ကိုင်ပြီး တစ်နေရာတည်းမှာ ပေါင်းစည်းထားလိုက်ခြင်းဖြင့် စုစုပေါင်း ကုန်ကျစရိတ်ကို လျှော့ချနိုင်ခဲ့ပါတယ်။ သွားတွေ ပြုပြင်ရာမှာ အသုံးပြုရတဲ့ သံခွက်ကလေးတွေနဲ့ နန်းကြိုးမျှင်လေးတွေကို တစ်နေရာတည်းမှာပဲ စုပုံ သိုလှောင်ထားခြင်းအားဖြင့် ကုန်ကျစရိတ်ဆိုင်ရာ အားသာချက် တစ်ရပ် ရရှိပါတယ်။ ဆိုဒ်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးရှိတဲ့ သွားဘက်ဆိုင်ရာ အပိုပစ္စည်း တွေကို တစ်နေရာစီမှာသာ ရာနှင့်ချီပြီး သိုလှောင်ထားရရင် ကုန်ကျစရိတ် တက်မယ်ဆိုတာ ပြောဖို့တောင် မလိုပါဘူး။ အဲဒီတော့ ကျွန်မတို့က ပစ္စည်းတွေကို နေရာတိုင်းမှာမထားဘဲ ရုံးချုပ်တစ်ခုတည်းမှာပဲ သိုလှောင်ထား ရှိတာ ကုန်ကျစရိတ်အသက်သာဆုံးနဲ့ အကျိုးအရှိဆုံးဖြစ်ပါတယ်လို့ရှော်နာက ပြောပါတယ်။ ဘားရစ်(စ်)သွားဆေးခန်းဟာ ထိထိရောက်ရောက် ကြီးပွားတိုးတက်ဖို့အတွက် သူတို့ရဲ့ နယ်နိမိတ်ကို ထပ်တိုးကုန်ကျစရိတ် သိပ်မများဘဲ နေရာဒေသတော်တော်များများအထိ ချဲ့ထွင်နိုင်ခဲ့တယ်။ အဲဒီ အချက်ဟာ ဝန်ဆောင်မှုပေးနိုင်တဲ့ Customer အရေအတွက် များသထက် များလာပြီး လုပ်ငန်းစုရဲ့ ပုံသေကုန်ကျစရိတ် (Fixed Cost) ကိုမျှပြီး ခံယူဖို့ အခွင့်အလမ်းတွေပိုရလာကာ ထိရောက်တဲ့ Economies of Scales ကို ရရှိခဲ့ပါတယ်။

ပေါ(လ်)က ဘားရစ်(စ်)သွားဆရာဝန်တွေဟာ ဘယ်လောက်ဝေးဝေး ထိ နယ်ခြေချဲ့ထွင်နိုင်မလဲလို့ သိချင်နေပါတယ်။ “ကျွန်မတို့ရဲ့ နေရာတစ်ခု က ဒီကနေ လေးနာရီလောက်ဝေးပါတယ်။ အဲဒီနေရာလေးက သိပ်သေး ငယ်တဲ့အတွက် တစ်လတစ်ခါပဲ သွားပါတယ်။ ကျွန်မတို့ လေယာဉ်ကို ပစ္စည်းအပြည့်ထည့်ပြီး ဦးစိုက်ချလိုက်ရုံပါပဲလို့ ကျော်နာက ဥပမာတစ်ခု ပေးပါတယ်။ အဲဒီစကားကို စကော့(တ်)က မသေချာလို့ “ခဏလေး၊ ခဏ လေး၊ ခင်ဗျား လေယာဉ်လို့ ပြောလိုက်ပါသလား”လို့ မေးပါတယ်။ ဟုတ် တယ်လေ။ ဒေါက်တာဘားရစ်(စ်)က တစ်လတစ်ခါ အာကန်စာ အလယ် ပိုင်းဆီကို လေယာဉ်နဲ့ပဲ သွားလေ့ရှိတယ်။ အဲ့အတွေ့အကြုံက သိပ်ကို ကောင်းမွန်ပါတယ်”လို့ ရှော်နာက မထူးဆန်းသလို ပြန်လည်ဖြေကြားပါတယ်။

ကျွန်တော်တို့ လုပ်ငန်းပိုင်လေယာဉ်တစ်စီးရှိတဲ့ သွားဆေးခန်းငယ် တစ်ခုကို လာပြီး စကားပြောနေရတယ်လို့ တကယ်ကို မမျှော်လင့်ခဲ့ပါဘူး။ လုပ်ငန်းဆိုင်ရာကိစ္စရပ်တွေကို ဗဟိုချုပ်ကိုင်ဆောင်ရွက်ခြင်းနှင့် ပုံသေ ကုန်ကျစရိတ်တွေကို ရနိုင်သမျှ ရုံးခွဲ တော်တော်များများက စုပေါင်းကျခံ စေခြင်းက အားရစ်(စ်)သွားဆေးခန်းတွေအတွက် အရေးကြီးလှပါတယ်။ ရွေ့လျားသွားဆေးခန်းတွေကို အသုံးပြုခြင်းဖြင့် ဘားရစ်(စ်)အဖွဲ့ ဟာ နေရာဒေသ တော်တော်များများကို အကျိုးရှိရှိ လည်ပတ်လှုပ်ရှားနိုင်ပြီး တချို့ အထိုင်ချသွားဆရာဝန်တွေထက် သာလွန်ကောင်းမွန်တဲ့အချက်ပါပဲ။ တစ်ချိန်တည်းမှာပဲ ဝန်ဆောင်မှုပေးနိုင်တဲ့ နေရာများလေလေ လူနာအရေ အတွက်များပြီး စွမ်းဆောင်ရည်ရော လုပ်ငန်းအရွယ်အစားပါ ကြီးမားလာပါ တော့တယ်။

နော့(တ်)ကာရိုလိုင်းနားပြည်နယ်၊ ဒန်ဗာ စတီးရာဘာပစ္စည်းထုတ်လုပ်ငန်းစု

ဝင်ငွေရရှိနိုင်ခြေဟာ ပုံသေစရိတ်ထက်သာလွန်ပါစေ

ကျွန်တော်တို့ ပါမောက္ခသုံးယောက် ခရီးဆက်ခဲ့တာ နော့(တ်) ကာရိုလိုင်းနား ပြည်နယ်၊ ဟခ်ခိုရီဒေသကို ရောက်ရှိခဲ့ပါတယ်။ အဲဒီဒေသ ဟာ ပရိဘောဂထုတ်လုပ်မှု လုပ်ငန်းတွေအများစု အခြေစိုက်တဲ့နေရာ ဖြစ်ပါ တယ်။ အဲဒီဒေသရဲ့ ထူထပ်တဲ့သစ်တောတွေနဲ့ သယ်ယူပို့ဆောင်ရေး အဆင် ပြေမှုက ပရိဘောဂလုပ်ငန်းတွေအတွက် ကြီးမားတဲ့ အထောက်အကူပါပဲ။