စိတ်ကူးချိုချိုစာပေ
အောင်စည်သာ - ရက်သတ္တပတ်MBA
အောင်စည်သာ - ရက်သတ္တပတ်MBA
Couldn't load pickup availability
စီးပွားရေးနဲ့ စီမံခန့်ခွဲမှုပညာမှာ ကမ္ဘာ့စီးပွားရေးဖိအားတွေနဲ့ အပြောင်းအလဲအကြောင်းကို လေ့လာခြင်းဟာ ဒီကနေ့ရဲ့ စီမံခန့်ခွဲမှု အလေ့အကျင့်တွေကို နားလည်ဖို့မှာအဓိကကျပါတယ်။ ပြီးတော့ ကိုယ့် ရဲ့အနာဂတ်လမ်းကြောင်းကို ရွေးချယ်ချမှတ်ဖို့လည်း မရှိမဖြစ်နားလည် ထားသင့်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ အဖွဲ့ အစည်းတွေနဲ့ စီးပွားရေးလုပ် ငန်းတွေအပေါ် သက်ရောက်နေတဲ့ ဒီနေ့ခေတ်ရဲ့ လူမှုဝန်းကျင်ဖိအား တွေနဲ့ အင်အားတွေကြား ဘယ်လိုစည်းမျဉ်းတွေနဲ့ စီးပွားရေးလုပ်ငန်း တွေ ရပ်တည်နေလဲ၊ သူတို့လုပ်ငန်းကို ဘယ်လိုတည်ဆောက်ကြသလဲ စတာတွေကို နားလည်ဖို့အတွက်တော့ ဒီသင်ခန်းစာဟာ အခြေခံပါပဲ။
အဓိက ဖိအားတွေ
ကမ္ဘာ့စီးပွားရေးအပေါ်ကို သက်ရောက်နေတဲ့ ဖိအားတွေအနက်က အရေးကြီးတဲ့ ဖိအားအချို့ကို ဖော်ပြချင်ပါတယ်။ အပြောင်းအလဲနဲ့ ဖိအားအသစ်အသစ်တွေရဲ့ သက်ရောက်မှုတွေဟာ အဖွဲ့ အစည်းတွေရဲ့မောင်းနှင်မှုကို အုပ်ချုပ်နိုင်ဖို့နဲ့ စည်းမျဉ်းစည်းကမ်းဥပဒေတွေ သတ်မှတ် နိုင်ဖို့အတွက် စီးပွားရေးသမိုင်းတစ်လျှောက်လုံးမှာ အရေးပါခဲ့ပါတယ်။
- ကမ္ဘာ့ဘဏ္ဍရေးဘောဂဗေဒ
၂၀၀၇/၂၀၀၈ စီးပွားရေးပျက်ကပ်ကနေ ကျွန်တော်တို့ရှင်သန် ထမြောက်လာပြီးတဲ့နောက် ဘဏ်တွေနဲ့ ဘဏ်စနစ်အပေါ် စည်းမျဉ်း အသစ်အချို့ ထပ်မံချမှတ်ခဲ့ပါတယ်။
- ပထဝီဝင်နိုင်ငံရေး အပြောင်းအလဲများ
ဥပမာအားဖြင့် တရုတ်နဲ့ အိန္ဒိယရဲ့ စူပါပါဝါနိုင်ငံတွေအဖြစ် ပေါ် ပေါက်လာခြင်း၊ ရုရှားနိုင်ငံရဲ့ အရှေ့ဥရောပနိုင်ငံတွေသို့ နယ်မြေချဲ့ထွင် ရေး ရည်မှန်းချက်ရဲ့ အရှေ့အလယ်ပိုင်းက ပဋိပက္ခတွေဟာ စီးပွားရေး လုပ်ငန်းတွေအတွက် ထင်ရှားတဲ့ပြောင်းလဲမှုတွေပါ။
- ဆက်သွယ်ဆက်ဆံရေး
ကွန်ပျူတာတွေရဲ့ စွမ်းအားနှင့် ဉာဏ်ရည်မြင့်မားလာခြင်းနဲ့ အနာ ဂတ်လုပ်သားဈေးကွက်အပေါ် ၎င်းပြောင်းလဲမှုရဲ့ အကျိုးသက်ရောက် မှုစတာတွေကို လေ့လာရမှာ ဖြစ်ပါတယ်။
- လုံခြုံရေး၊ မှုခင်း၊ ပဋိပက္ခနဲ့ ရဲလုပ်ငန်းစဉ်တို့၏သဘော သဘာဝများပြောင်းလဲလာခြင်း
ဥပမာအားဖြင့် အန္တရာယ်များသောဒေသများတွင် ဒရုန်းနှင့် ရိုဘော့ များ ပိုမိုသုံးစွဲလာခြင်း၊ ဆိုက်ဘာစစ်ပွဲနှင့် ဆိုက်ဘာတိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်း၊ ဆိုက်ဘာလုံခြုံရေး အရေးပါလာခြင်း။
- ပို့ဆောင်ဆက်သွယ်ရေးတစ်ခေတ်ဆန်းမှု
လူများ၊ အရေးပေါ်နှင့် ကျန်းမာရေးအကူအညီများ၊ ကုန်ကြမ်း နှင့် ကုန်ချောစသည်တို့အတွက် သယ်ယူပို့ဆောင်ရေးတစ်ခေတ်ဆန်းမှုများ။
- သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှု
အဲဒီပြောင်းလဲမှုရဲ့ ကမ္ဘာ့လူ့အဖွဲ့ အစည်းအပေါ် သက်ရောက်မှု (ဥပမာ-တရုတ်မှာရှိတဲ့ ရေကာတာနဲ့ ကြီးမားတဲ့ လှိုဏ်ခေါင်းစီမံကိန်း တွေဟာ လူတွေရွှေ့ပြောင်းအခြေချမှုနဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ရွှေ့ ပြောင်းမှုကို ဖြစ်ပွားစေပါတယ်။ အာတိတ်ဒေသ ရေခဲဖုံးတောင်တွေ ရွေ့ လျားမှုက တိုတောင်းထိရောက်တဲ့ ပင်လယ်သွားလမ်းကြောင်းတေ ပေါ်ပေါက်လာပြီး အဲဒီဒေသရဲ့ သယံဇာတရှာဖွေရေးမှာ ပိုပြီးထိရောက် ကုန်ကျစရိတ် သက်သာစေပါတယ်။
ပတ်ဝန်းကျင် အပြောင်းအလဲ
မန်နေဂျာတစ်ယောက်က စီးပွားရေးလုပ်ငန်းတွေ ဘယ်လိုလည် ပတ်နေသလဲဆိုတဲ့ သဘောသဘာဝကို သိဖို့လိုအပ်ပါတယ်။ စီးပွား ရေးလုပ်ငန်းတွေဟာ အထူးသဖြင့် မိမိကုမ္ပဏီဟာ လေဟာနယ်ထဲမှာ ရပ်တည်နေတာ မဟုတ်ပါဘူး။ မိမိကုမ္ပဏီနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ပတ်ဝန်းကျင်ဆိုတာ ရှိပါတယ်။ ငါထုတ်ချင်တဲ့ ကုန်ပစ္စည်းထုတ်မယ်။ကောင်းကောင်းလုပ်ရင် ရောင်းရမှာပဲ။ အရည်အသွေးကောင်းရင် ရောင်း ရမှာပဲ။ ဈေးပေါရင်ရောင်းရမှာပဲ။ ငါဒါလုပ်ရင် ဖြစ်မှာပဲဆိုတဲ့ မှန်းဆ မှုတွေ တော်တော်များများ မှားရတဲ့အကြောင်းအရင်းက ဘာလဲဆိုတော့ ပတ်ဝန်းကျင်ကို ထည့်မတွက်လို့ပါ။ လုပ်ငန်းက ထုတ်လုပ်ပြီး ရောင်းချတာမှန်ပေမဲ့ အဲဒီဖြစ်စဉ်အပေါ် ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုက အရမ်းကြီး မားပါတယ်။
လုပ်ငန်းရပ်တည်လည်ပတ်နေတဲ့ ပတ်ဝန်းကျင်ရဲ့ အပြောင်းအလဲ တွေကို ထည့်သွင်းမစဉ်းစားဘူးဆိုရင် ကျွန်တော်တို့လုပ်ငန်းရဲ့ ရပ်တည် ချက်နဲ့ လှုပ်ရှားမှုဆုံးဖြတ်ချက်တွေက မှန်ကန်မှာမဟုတ်ပါဘူး။ ဒါကြောင့် ဘာဆိုဘာမှမလုပ်ခင်မှာ ပတ်ဝန်းကျင်ကို လေ့လာဖို့ လိုပါလိမ့် မယ်။ စီးပွားရေးလုပ်ငန်းတွေရဲ့ ပတ်ဝန်းကျင်ကို အပြင်စက်ဝိုင်းနဲ့ အတွင်းစက်ဝိုင်းဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။ ။
အပြင်စက်ဝိုင်းထဲမှာပါတဲ့ ပတ်ဝန်းကျင်အမျိုးအစားတွေက
(၁) နိုင်ငံရေးနှင့် ဥပဒေပတ်ဝန်းကျင်
(၂) စီးပွားရေးပတ်ဝန်းကျင်
(၃) လူမှုရေးပတ်ဝန်းကျင်
(၄) နည်းပညာပတ်ဝန်းကျင်နှင့်
(၅) သဘာဝပတ်ဝန်းကျင်တို့ပဲ ဖြစ်ပါတယ်။
အပြင်စက်ဝိုင်းထဲက ပတ်ဝန်းကျင်တွေရဲ့ ထူးခြားမှုက အဲဒီပတ် ဝန်းကျင်တွေရဲ့ ပြောင်းလဲမှုဟာ စီးပွားရေးလုပ်ငန်းတွေအပေါ် အကျိုး သက်ရောက်မှုများစွာရှိပေမဲ့ စီးပွားရေးလုပ်ငန်းတွေဟာ အဲဒီပတ်ဝန်းကျင် တွေကို ဘယ်လိုမှဝင်ရောက်ထိန်းချုပ်လို့ မရတာဖြစ်ပါတယ်။ အဲဒီတော့ အဲဒီပတ်ဝန်းကျင်အမျိုးအစားတွေရဲ့ လက်ရှိအခြေအနေနဲ့ ပြောင်းလဲမှု တွေကို လေ့လာပြီးလိုက်ပါ လှုပ်ရှားနိုင်မှ စီးပွားရေးလုပ်ငန်းဟာ အောင် မြင်နိုင်မှာပါ။ အဲဒီပြောင်းလဲမှုတွေက အခွင့်အရေးရှိနိုင်မယ်လို့ အချက်ပြ ရင် သင်ဟာ အဆင်သင့်ပြင်ဆင်ပြီး စောင့်ဆိုင်းရမှာဖြစ်ပြီး ဆိုးကျိုးပေး နိုင်မယ့် ပတ်ဝန်းကျင်အပြောင်းအလဲကိုလည်း သင်ဟာ မထိန်းချုပ်နိုင် တာကြောင့် တတ်နိုင်သမျှ ထိခိုက်မှု နည်းပါးအောင် ကြိုတင်လေ့လာထားခြင်းဖြင့် အဆိုးတွေကို လျှော့ချနိုင်ဖို့ ကြိုးစားရမှာလည်း ဖြစ်ပါတယ်။
နိုင်ငံရေးနှင့် ဥပဒေပတ်ဝန်းကျင်
နိုင်ငံရေးပတ်ဝန်းကျင်မှာ အထူးသဖြင့် အစိုးရရဲ့ မူဝါဒတွေ၊ တိုင်း ပြည်ရဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ အစိုးရချင်း ပူးပေါင်းဆောင်ရွက်မှုတွေ၊ အစိုးရအကူးအပြောင်းနဲ့ ဥပဒေ အပြောင်းအလဲတွေ ပါဝင်ပါ တယ်။ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ နိုင်ငံရေးပတ်ဝန်းကျင် ဥပဒေတွေကတော့
- ဗျူရိုကရေစီ
- လာဘ်စားမှုအဆင့်
- သတင်းစာလွတ်လပ်ခွင့်
- အကောက်ခွန်
- ကုန်သွယ်မှုပေါ်လစီ
- ပညာရေးဥပဒေ
- အလုပ်သမားဥပဒေ
- အခွန်နှုန်းထား
- စားသုံးသူကာကွယ်ရေးမူဝါဒ
- ပြိုင်ဆိုင်မှုထိန်းချုပ်ရေးဥပဒေ
- ကုန်သွယ်ခွန်ဥပဒေ
- ဝင်ငွေခွန်ဥပဒေ
စတာတွေဖြစ်ပြီး အဲဒီအချက်တွေအပေါ် အစိုးရရဲ့ ဆုံးဖြတ်ချက် တွေဟာ
- စီးပွားရေး
- ထိန်းချုပ်မှု
- နိုင်ငံရေးတည်ငြိမ်မှုနဲ့
- စွန့်စားရနိုင်ခြေတို့အပေါ် သက်ရောက်စေနိုင်တာကြောင့် စီး ပွားရေးလုပ်ငန်းတွေအနေနဲ့ အဆိုပါ ပတ်ဝန်းကျင်ရဲ့ အပြောင်းအလဲ တွေကို လေ့လာပြီးဆုံးဖြတ်ချက်များ သေချာချမှတ်သင့်ပါတယ်။
ဘောဂဗေဒပတ်ဝန်းကျင်
စီးပွားရေးလုပ်ငန်းတွေအတွက် ဘောဂဗေဒ ပတ်ဝန်းကျင်ဆိုတာ ဟာ ထုတ်ကုန်တွေ၊ ငွေကြေးတွေနဲ့ ပတ်သက်နေပါတယ်။ အဲဒီဘောဂ ဗေဒ ပတ်ဝန်းကျင်ရဲ့ ပြောင်းလဲမှုတွေဟာ စီးပွားရေးလုပ်ငန်းတွေကို တိုက်ရိုက် ထိခိုက်တာထက် နိုင်ငံရဲ့ ငွေရေးကြေးရေးနဲ့ အခြားသောဘောဂဗေဒ ညွှန်းကိန်းတွေအပေါ် ပိုပြီး သက်ရောက်မှုရှိတာတွေကို တွေ့ရမှာပါ။ ဒါပေမဲ့ သင်နဲ့ တိုက်ရိုက်သက်ဆိုင်လာမယ့် ဒီပတ်ဝန်း ကျင်ရဲ့ သက်ရောက်မှုအကျိုးဆက်တွေက ဝယ်လိုအား၊ အခွန်နဲ့ ပိုင် ဆိုင်မှုတန်ဖိုး သတ်မှတ်ခြင်းတို့ဟာ အခြားသော ဒီပတ်ဝန်းကျင်မှာ ပါဝင်တဲ့အချက်တွေက
- အတိုးနှုန်း
- ငွေလဲနှုန်း
- ငွေဖောင်းပွမှုနှုန်း
- အခွန်နဲ့
- ဝယ်လိုအား၊ ရောင်းလိုအား
-ဝင်ငွေအဆင့်အတန်းတို့ပဲ ဖြစ်ပါတယ်။ ဘောဂဗေဒပတ်ဝန်းကျင်ထဲမှာပါဝင်တဲ့ အထက်ပါအရာတွေကိုကြိုတင်သုံးသပ်လေ့လာထားခြင်းဖြင့် မိမိစီးပွားရေးလုပ်ငန်းနဲ့ ကိုက်ညီသော မဟာဗျူဟာ (သို့) နည်းလမ်းတစ်ခုကို ကောင်းစွာဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
လူမှုရေးပတ်ဝန်းကျင်
လူမှုရေးပတ်ဝန်းကျင်ဆိုတာ တကယ်တော့ လူ့အဖွဲ့ အစည်းရဲ့ ပြောင်းလဲမှုတွေကို လေ့လာခြင်းပါပဲ။ လုပ်ငန်းတွေဟာ ပတ်ဝန်းကျင် လေ့လာမှုနဲ့ပတ်သက်ရင် လုပ်ငန်းအပေါ် မူတည်ပြီး အခြားသော နိုင်ငံ ရေးနဲ့ စီးပွားရေးပတ်ဝန်းကျင်တွေကို ရွေးချယ်လေ့ရှိကြသော်လည်း ယခု လူမှုရေးပတ်ဝန်းကျင်ရဲ့ ပြောင်းလဲမှုတွေကိုတော့ လုပ်ငန်းတိုင်း လေ့လာ ကြရပါတယ်။ လူမှုရေးပတ်ဝန်းကျင်တွေနဲ့ပတ်သက်ရင် သင်အဓိက လေ့လာရမှာက လူ့အဖွဲ့ အစည်းရဲ့ စရိုက်လက္ခဏာနဲ့ ဓလေ့ထုံးစံပြောင်း လဲမှုတွေကိုပါ။ ဒီနေရာမှာ သင့်လုပ်ငန်းရဲ့ ဈေးကွက်စစ်တမ်းကောက်ယူ မှုဟာ အရေးပါလာပြီဖြစ်ပါတယ်။ သင်ဟာ ဒီပတ်ဝန်းကျင်မှာတော့ ပတ်ဝန်းကျင်ထဲပါဝင်တဲ့ အချက်တွေ ဆိုတတ်နိုင်သမျှ အသေးစိတ်လေ့ လာနိုင်လေ သင့်အတွက် အကျိုးရှိလေ့ရှိပါပဲ။ ဒီပတ်ဝန်းကျင်မှာပါဝင် တဲ့ အဓိကအချက်တွေကတော့
- လူနေမှုပုံစံနှင့် အဆင့်အတန်း
- ဝယ်ယူမှုအလေ့အထ
- ပညာရေးအဆင့်အတန်း
- ဘာသာရေးနှင့် ကိုးကွယ်ယုံကြည်မှု
- ကျန်းမာရေးလိုက်စားမှု
- ကျား၊ မ အချိုး
- မိသားစုအရွယ်အစားနှင့်ပုံစံ
- ငွေစုဆောင်းခြင်းနှင့် အသုံးပြုခြင်းအပေါ် သဘောထား
- လူဦးရေတိုးတက်မှုနှုန်း
- အသက်အရွယ်ကွာခြားမှုနှင့် ပျမ်းမျှအသက်
- ဘဝနေထိုင်မှုအပေါ်သဘောထား
(အလုပ်၊ ငွေကြေးနှင့် အနားယူခြင်း)
- ဝတ်စားဆင်ယင်မှု
- အစားအသောက်ပုံစံ
- အကြိုက်နှင့် ဓလေ့ထုံးစံများ စသည်တို့ ဖြစ်ပါတယ်။
အထက်ပါအရာတွေကို လေ့လာထားခြင်းဟာ သင့်ရဲ့
- မည်သည့်ကုန်ပစ္စည်းကို ထုတ်လုပ်မည်
- မည်သူတို့အတွက် ထုတ်လုပ်မည်
- မည်သည့်ဈေးနှင့် ရောင်းချမည်
- မည်သည့်ပုံစံနှင့် ရောင်းမည်
- မည်မျှရောင်းရမည် ၊
- မည်သို့ကြော်ငြာရမည်။
စတဲ့ ဆုံးဖြတ်ချက်နှင့် ခန့်မှန်းမှုဆိုင်ရာ မေးခွန်းတွေကို ဖြေဆိုဖို့ ကူညီပေးနိုင်မှာပါ။
နည်းပညာပတ်ဝန်းကျင်
နည်းပညာပတ်ဝန်းကျင်ဆိုတာဟာ နည်းပညာရပ်တွေ တည်ရှိမှု၊ ရယူလာနိုင်မှုနဲ့ တိုးတက်ဖွံ့ဖြိုးမှုတွေ ပါဝင်ပါတယ်။ ဂဏန်းသင်္ချာတွက်ချက်နိုင်စွမ်းကနေ လောင်စာဆီလောင်ကျွမ်းမှုထိ အားလုံးပါဝင်ပါတယ်။
နည်းပညာပတ်ဝန်းကျင်က စီးပွားရေးလုပ်ငန်းတွေကို ဘယ်လို များ အကျိုးသက်ရောက်နိုင်ပါ့မလဲလို့ သင်သံသယဝင်နိုင်ပါတယ်။ သင့် ဘဝနဲ့ သင့်လုပ်ငန်းမှာ နေ့တိုင်းသုံးနေတဲ့ နည်းပညာတွေကို သင်မြင် နိုင်သရွေ့ ပေါ့။ သင့်ကား၊ သင့်အင်္ကျီ၊ သင့်ကွန်ပျူတာ၊ သင့်ထိုင်ခုံကအစ ဘယ်အရာမှ နည်းပညာနှင့် မလွတ်ကင်းနိုင်ပါ။ စီးပွားရေးလုပ်ငန်းတွေ ဟာလည်း နည်းပညာနှင့်မကင်းနိုင်တာမို့ နည်းပညာနဲ့ပတ်သက်တဲ့ ပြောင်းလဲမှုတွေကို မျက်ခြည်မပြတ်စေဖို့လိုပါတယ်။ နည်းပညာဟာ သင့်လုပ်ငန်းတွေကို
- တိုးတက်ထိရောက်စေခြင်း ၊
- ကုန်ကျစရိတ်သက်သာစေခြင်း
- အမြတ်တိုးစေခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ပေးနိုင်သလိုနည်းပညာပြောင်းလဲမှုတွေကို ဂရုမစိုက်ခြင်းက
- သင့်လုပ်ငန်းကို ပျက်စီးစေခြင်း ၊ (ဒစ်ဂျစ်တယ်ကင်မရာပေါ်လာခြင်းက ဖူဂျီရဲ့ ဖလင်ကင်မရာ လုပ်ငန်းကို ပျက်စီးစေပါတယ်။ ဖူဂျီဟာ အဲဒီအချိန်က ကမ္ဘာ့ နံပတ်တစ်ကင်မရာထုတ်လုပ်သူပါ။)
- သင့်ပြိုင်ဘက်ထက်နောက်ကျခြင်း ၊ (နိုကီယာဟာ စမတ်ဖုန်းနည်းပညာကို ရယူမှုနောက်ကျခဲ့တာကြောင့် Apple နဲ့ ဆမ်ဆောင်းတို့ရဲ့ နောက်ကောက်ချခြင်းကို ခံခဲ့ရပါတယ်။)
နည်းပညာမှာ ထူးခြားချက်က အပေါ်က ပတ်ဝန်းကျင်တွေလို အချက်မရှိတာပါ။ ရှိတဲ့အချက်ကလည်း အသစ်ပေါ်လာမှာသာ သိရှိ နိုင်မှာပါ။ လတ်တလော နည်းပညာပြောင်းလဲမှုအချို့ကတော့
Share








