စာအုပ်အချက်အလက်သို့ ကျော်သွားပါ။
1 8

စိတ်ကူးချိုချိုစာပေ

အောင်စည်သာ - မသိမဖြစ်စီးပွါးရေးအတွေးအခေါ်များ

အောင်စည်သာ - မသိမဖြစ်စီးပွါးရေးအတွေးအခေါ်များ

ပုံမှန်ဈေး 0 Ks
ပုံမှန်ဈေး ရောင်းဈေး 0 Ks
ရောင်းရန် ရောင်းကုန်ပြီ
Type

Adhocracy အက်ဒ်ဟိုခရေစီ

အဖွဲ့ အစည်းတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ (Structure) တွေ ထဲမှာ Adhocracy ဆိုတာ ဗျူရိုကရေစီနဲ့ ဆန့်ကျင်ဘက် အတွေး အခေါ်ပါပဲ။ ဖွဲ့စည်းတည်ဆောက်ပုံ တင်းကျပ်မှုမရှိ၊ ဗဟို ချုပ်ကိုင်မှု မရှိ။ ပြောရမယ်ဆိုရင် လျင်လျင်မြန်မြန် တုံ့ပြန်နိုင်တဲ့ တည်ဆောက် ပုံမျိုးနဲ့ အဖွဲ့ အစည်းတွေပေါ့ ။ ဗျူရိုကရေစီမှာတော့ စည်းမျဉ်းစည်း ကမ်းနဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေဟာ လူတွေထက် အရေးကြီးပါတယ်။ ဒါပေမဲ့ Adhocracy ကတော့ လူတွေဆီက အကောင်းဆုံးရနိုင်ဖို့ စီစဉ်ဒီဇိုင်းဆွဲထားခဲ့တာပါ။

Adhocracy ကို ပထမဆုံး ဖော်ထုတ်ခဲ့တဲ့လူက ခေါင်းဆောင်မှုဆိုင်ရာ ဘာသာရပ်ပညာရှင် အမေရိကန်လူမျိုး ဝါရင်းဂျီ ဘားနစ်(ခ်) ပါ။ အနာဂတ်ရဲ့ ကုမ္ပဏီတွေအကြောင်း ရေးထားတဲ့ ၁၉၆၈ ခုနှစ်မှာ ဖီလစ်စလက်တာဆိုသူနဲ့ အတူတွဲဖက်ရေးသားခဲ့တဲ့ "The Temporary Society" (“တစ်ခဏ လူ့အဖွဲ့ အစည်း”ဆိုတဲ့ စာအုပ်မှာ ပြင်လွယ်ပြောင်းလွယ် လိုက်လျောညီထွေဖြစ်တဲ့ အဖွဲ့ ငယ်တွေအပေါ် ပိုမိုမှီခိုဖို့လိုတယ်ဆိုတဲ့ အတွေးအခေါ်နဲ့ Ad-hocracy ဆိုတဲ့ အတွေး အခေါ်ကို အစပြုခဲ့တာပါ။ လက်တင်ဘာသာစကားမှာ "Ad hoc"ဆိုတာ 'ဒီကိစ္စအတွက်ပဲ”လို့ အဓိပ္ပာယ်ရပါတယ်။ ဒီနေ့ခေတ်မှာတော့ တိုးတက်မှုကို ကိုယ်စားပြုတဲ့ စကားလုံးဖြစ်လာခဲ့ပါပြီ။

Adhocracy ရဲ့ ပိုမိုရှင်းလင်းတဲ့ အတွေးအခေါ်ကို အယ်(လ်) ဗင်တော်ဖလာဆိုသူက ၁၉၇၀ ခုနှစ်က ထုတ်ခဲ့တဲ့ သူရဲ့ ဘက်ဆဲလား စာအုပ် "Future Shock" ("အနာဂတ်ရဲ့ ထိတ်လန့်စရာများ) ဆိုတဲ့ စာအုပ်မှာ ဖော်ပြခဲ့ပါတယ်။ သူမြင်တာကတော့ အနာဂတ်မှာ လုပ်ငန်းတွေ ရှင်သန်နိုင်ဖို့ဆိုရင် ပိုပြီး အဆင့်နည်းတဲ့ ဖွဲ့စည်းတည်ဆောက်ပုံ၊ ပိုပြီး မြန်ဆန်သွက်လက်တဲ့ အဖွဲ့အစည်းအတွင်း ဆက်ဆံရေးနဲ့ ပြုလွယ် ပြင်လွယ် ပရောဂျက်အဖွဲ့ငယ်တွေ၊ ခုဖွဲ့ စည်း ခု ဖျက်လို့ရတဲ့ အဖွဲ့ငယ် တွေ၊ တစ်မုဟုတ်ချင်း ပြောင်းလဲနိုင်တဲ့ အဖွဲ့ငယ်တွေ လိုတယ်လို့ ဆိုပါ တယ်။

၁၉၇၉ မှာတော့ ဟင်နရီဖင့်(ဇ်)ဘတ်က လုပ်ငန်းတွေ ကျင်လည် နေရတဲ့ ပတ်ဝန်းကျင်နဲ့ လုပ်ငန်းတွေရဲ့ သဘောသဘာဝရိုးရှင်းမှု၊ ရှုပ် ထွေးမှုတို့အပေါ် မူတည်ပြီး ဖွဲ့စည်းတည်ဆောက်ပုံ ၄ ခုကို ဖော်ထုတ်ခဲ့ ပါတယ်။

Machine Bureaucray - ယန္တရား ဗျူရိုကရေစီ ဒီတည်ဆောက်ပုံဟာ လုပ်ထုံးလုပ်နည်းနဲ့ ရလဒ်တွေကို တစ်သမတ်တည်း သတ် မှတ်ထားတာ ဖြစ်ပါတယ်။ ဗဟိုချုပ်ကိုင်မှု များပါမယ်။ စည်းမျဉ်းစည်း ကမ်းတွေ၊ တင်းကျပ်တဲ့ အဆင့်တွေနဲ့ များပြားတဲ့ လုပ်ဆောင်ချက် အဆင့်တွေ ရှိပါမယ်။

Professional Bureaucracy-ပရိုဖက်ရှင်နယ် ဗျူရိုကရေစီ ဒီစနစ်ကတော့ တစ်ဦးချင်းစီ ဆက်စပ်ပုံကို တင်းကျပ်မထားပေမဲ့တစ်ဦးချင်းအပေါ် သက်ရောက်တဲ့ နည်းလမ်းတွေ၊ စနစ်တွေက တစ်သမတ်တည်း ဖြစ် တယ်။ တစ်ဦးချင်းက ထုတ်တဲ့ စည်းမျဉ်းတွေနဲ့ အဆင့်တွေ ရှိမယ်။ ပြီးတော့ ဒီဖွဲ့စည်းတည်ဆောက်ပုံနဲ့ လုပ်ငန်းရဲ့ ပရော်ဖက်ရှင်နယ်၊ကျွမ်းကျင်ပညာရှင်တွေရဲ့ အရည်အချင်းနဲ့ ဓလေ့တွေက တစ်သမတ် တည်း ဖြစ်လေ့ရှိပါတယ်။

ဥပမာ- ဆေးရုံ၊ ဆေးခန်း၊ ရှေ့နေ အဖွဲ့ အစည်းစသည်ဖြင့်။

Enterpreneurial Startup - စွန့်ဦးတီထွင် လုပ်ငန်းသစ် ဒီစနစ်မှာ တင်းကျပ်မှုနည်း နည်းပေမဲ့ အဖွဲ့ အစည်းငယ်လေးတွေမှာ ပိုင်ရှင်တိုက်ရိုက် အုပ်ချုပ်တဲ့ ဗဟိုချုပ်ကိုင်တဲ့စနစ်ပါပဲ။

Adhocracy အက်ဒဟိုခရေစီ အက်ဒဟိုခရေစီဟာ ယန္တရား ဗျူရို အက်ဒဟိုခရေစီခရေစီနဲ့တော့ လုံးဝဆန့်ကျင်ဘက် ပါပဲ။ ဘာမှ တစ်သမတ်တည်းသတ်မှတ်ထားတာ မရှိဘူး။ အဲဒီအစား လုပ်ငန်းငယ်တွေရဲ့ မတင်းကျပ် မှုနဲ့ ပရော်ဖက်ရှင်နယ်ဗျူရိုကရေစီရဲ့ တစ်ဦးချင်း လွတ်လပ်မှု ပုံစံကို တွဲဖက်ထားပါတယ်။ ပညာရှင်တွေဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိပြီး လိုက်လျောညီထွေ၊ ပြုလွယ် ပြင်လွယ် အဖွဲ့ ငယ်လေးတွေနဲ့ ဖွဲ့စည်း ထားကြတယ်။ အဓိက,ကတော့ တီထွင်ဆန်းသစ်မှုနဲ့ ဖန်တီးမှုကို ဦးစားပေးတဲ့ လုပ်ငန်းဖွဲ့စည်းတည်ဆောက်ပုံပါပဲ။

အသေးစိတ်အချက်အလက်အပြည့်အစုံကို ကြည့်ပါ။