စိတ်ကူးချိုချိုစာပေ
အောင်စည်သာ - မန်နေဂျာလက်သင်များအတွက်
အောင်စည်သာ - မန်နေဂျာလက်သင်များအတွက်
ထုတ်ယူရရှိနိုင်မှုကို မတင်နိုင်ခဲ့ပါ။
- ဝေဖန်ပါ
အကြံပြုမှတ်ချက်ပေးပါ
မန်နေဂျာလက်သင်ဘဝရဲ့ အလုပ်အစိတ်အပိုင်းတစ်ခုအနေနဲ့ သင့် ဝန်ထမ်းတွေကို အကြံပြုမှတ်ချက်အချို့ ပေးရပါလိမ့်မယ်။ ဒါပေမဲ့ အဲဒါဟာ အဲဒီမှာပဲ ရပ်မသွားပါဘူး။
လုပ်ရည်ကိုင်ရည်နဲ့ ရလဒ်တိုးတက်ဖို့ ဝန်ထမ်းက ဘာလုပ်ဖို့ လိုတယ်ဆိုတဲ့ သင် ထင်တဲ့ မှတ်ချက်တစ်ခုပေးလိုက်ရုံနဲ့ အဲဒီ မှတ်ချက် ပေးတဲ့ ဖြစ်စဉ်ဟာ ပြီးမသွားပါဘူး။ ဘယ်အချိန်မှာမှ ပြီးသလဲဆိုရင် သင့်ရဲ့ မှတ်ချက်ကို ဝန်ထမ်းက နားလည်ပြီး အောင်မြင်စွာ ပြန်လည် အသုံးချပြီးတဲ့အခါမှပါ။
များသောအားဖြင့် မန်နေဂျာတွေက မကောင်းဘူးဆိုတဲ့ မှတ်ချက် ပေးရမှာ မကြိုက်ကြပါဘူး။ သူတို့ရဲ့ စေတနာစကားတွေကို ဝန်ထမ်း တွေက ပုဂ္ဂိုလ်ရေးဝေဖန်ချက်တွေလို့ အထင်မှားသွားမှာကို သူတို့ သိပ် ကြောက်ကြပါတယ်။ ပြီးတော့ အဲဒီ မန်နေဂျာကြီးတွေက သူတို့ဟာသူတို့ ဘာသိဘာသာနေပြီး အလုပ်နဲ့ ပတ်သက်တဲ့အပြစ်တွေ ပြောရ မှာ၊ လူတစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှု ဖြစ်စေ၊ စိတ်နေစိတ်ထား ကို ဖြစ်စေ ဝေဖန်ရမှာ တွန့်ဆုတ်နေလို့လည်း ဖြစ်နိုင်တာပဲလေ။
အဲဒါတွေကို ကျော်လွှားလိုက်ပါ။
ထိရောက်တဲ့ မန်နေဂျာဆိုတာ နေ့တိုင်း မှတ်ချက်ပေးရပါမယ်။ သာမန်မှတ်ချက်တွေနဲ့ ထူးကဲတဲ့ ချီးကျူးဂုဏ်ပြုမှုတွေကနေ ပြင်းပြင်း ထန်ထန် သတိပေးမှုတွေအထိ ပါနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အပေါင်း လက္ခဏာဆောင်တဲ့ အားထုတ်မှုက အခြားဘယ်အရာထက်မဆို အလေးသာသင့်တယ် မဟုတ်ပါလား။ ဝန်ထမ်းတွေဟာ သူတို့ရဲ့ အထက်အရာရှိဆီက မှတ်ချက်တစ်ခုရဖို့ သိပ်ကို ဆန္ဒပြင်းပြကြပါတယ်။ အဲဒီ မှတ်ချက်တွေကို သူတို့ လုံးဝမှတ်မိရုံသာမက တန်ဖိုးလည်းထား တယ်။ ပြီးတော့ သူတို့ရဲ့ မိသားစု၊ သူငယ်ချင်းတွေကို ပြန်လည်မျှဝေ လေ့ရှိပါတယ်။
ဝန်ထမ်းတွေ ဘာတွေ မှန်တာတွေ လုပ်နေလဲဆိုတာကို သိဖို့ အခွင့်အရေးကို အမြဲတမ်း ရှာနေပါ။ ရတောင့်ရခဲ ရလဒ်တွေနဲ့ သိပ်ကြီး တော်လွန်းအားကြီးမှ ချီးကျူးရမယ်လို့ စွဲမှတ်မထားပါနဲ့။ ဝန်ထမ်းတွေ ကို သူတို့ ဝယ်သူတွေကို ဘယ်လို ဆက်ဆံတာ၊ သူတို့ရဲ့ အလုပ်ခွင်ကို သေချာစီမံထားတာ၊ ပြဿနာတွေကို အဖြေရှာတာ စတာတွေကိုပါ သင်က တန်ဖိုးထား လေးစားတယ်ဆိုတာကို သူတို့ကို သိစေခြင်းဖြင့် သင်နဲ့ အဖွဲ့ကြား ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေပါတယ်။
သင့်ရဲ့ ရည်ရွယ်ချက်က ဝန်ထမ်းတွေအတွက် အထောက်အကူ ပြုမယ့် မှတ်ချက်တွေပေးဖို့ဆိုတာ အဆင့်လေးတွေ သတ်မှတ်ထားရအောင်။ အပြန်အလှန် ဆက်ဆံရေး ဖြစ်ပါစေ။ တစ်ဖက်ဖက်ကို ကိုယ် ကပဲ ပြောတဲ့ဆက်ဆံရေးမျိုး မဖြစ်ပါစေနဲ့။ သင်နဲ့ သင့်ဝန်ထမ်းအပေါ်သင် သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ ပတ်သက်ပြီး သင့် ဝန်ထမ်း တွေက ဘယ်လို ထင်လဲဆိုတာပါ ပြန်လည် နားထောင်ပါ၊ အဲဒါက “ကဲ ဒါတွေက မင်းတို့ အမှားလုပ်ထားတာ၊ ဒါတွေနဲ့ ပတ်သက်ပြီး ဘယ်လိုပြင်ရမလဲဆိုတော့ ”လို့ ပြောတာထက်ပိုပြီး နားထောင်လို့ ကောင်းပါတယ်။
ဝန်ထမ်းအားလုံးနီးပါး မှတ်ချက်ကို လိုလားတောင့်တတယ် ဆိုတဲ့ အချက်ကို မှတ်ထားပါ။ ဝန်ထမ်းတစ်ယောက်ရဲ့ ကြီးမားတဲ့ စောဒက တက်မှုက “ကျွန်တော်၊ ကျွန်မရဲ့ အထက်အရာရှိဆီက ထင်မြင်ချက်၊ မှတ်ချက်လုံလုံလောက်လောက် မရဘူး”ဆိုတာပါပဲ။ သံသယတွေကို ဖယ်ထုတ်လိုက်ပါ။ သင့် အိုင်ဒီယာတွေ၊ အကြံပြုချက်တွေနဲ့ ထင်မြင် ချက်တွေကို ပွင့်ပွင့်လင်းလင်းဝေမျှပါ။ လူတိုင်းကို လုပ်ရည်ကိုင်ရည်နဲ့ ပတ်သက်လို့ ပေးသိပြီး၊ တိုးတက်အောင် လုပ်ဆောင်နိုင်ဖို့ လမ်းညွှန် ပေးပါ။ထိရောက်မယ့် မှတ်ချက်တွေ ပေးနိုင်ဖို့ အောက်ပါအဆင့် ၃ - ဆင့်ကို အသုံးပြုနိုင်ပါတယ်။
ရလဒ်တွေကို သုံးသပ်ဖို့ဝန်ထမ်းတွေကိုဖိတ်ခေါ်ပါ
သူတို့ရဲ့ လုပ်ရည်ကိုင်ရည်နဲ့ ပတ်သက်ပြီး တိတိကျကျ အမှတ် ပေးဆုံးဖြတ်တတ်ပါစေ။ တစ်က တစ်ဆယ်၊ သို့ Aမှ F အထိပေါ့။ လူတော်တော်များများက သင် ထင်တာထက် သူတို့ကိုယ်သူတို့ နှိမ့်ချ သတ်မှတ်ပါလိမ့်မယ်။ ကိုယ့်အဆင့်ကို မြှင့်ပြီး သတ်မှတ်တဲ့ ဝန်ထမ်း တွေ ရှိမှာပါ။ ဒါပေမဲ့ အနည်းဆုံးတော့ သင့်မှာ အခြေခံ စဉ်းစားစရာ တစ်ခုခု ရှိသွားတယ် မဟုတ်ပါလား။
နောက်ဆက်တွဲမေးခွန်းတွေမေးပါ
သတင်းအချက်အလက်တွေကို ရနိုင်သမျှ ရှာဖွေပါ။ သူတို့ရဲ့ အဆင့် သတ်မှတ်ပုံနဲ့ ပတ်သက်တဲ့ ဥပမာတွေကို အသေးစိတ်ပြောပြ ချင့်ချိန်ခိုင်းပါ။ ဘယ်လိုပုံစံတွေနဲ့ သူတို့ကိုယ် သူတို့ အမှတ်ပေးသလဲ ဆိုတာနဲ့ သူတို့ရဲ့ လုပ်ရည်ကိုင်ရည်ကို ဘယ်လိုဆွဲထုတ်ယူလဲဆိုတာကို မှတ်ထားပါ။
သင့်ရဲ့ သုံးသပ်ချက်တွေနဲ့ သူတို့ရဲ့ထင်မြင်မှုတွေ ချိန်ဆပါ
အခု သင့်အလှည့်ပေါ့။ ပထမဆုံး သူတို့ကို ကျေးဇူးတင်လိုက်ပါ။ ပြီးတော့ ဒါဟာ ကောင်းတဲ့အကျင့်ဖြစ်ကြောင်း ရှင်းပြပါ။ ပြီးတော့ ဖြည့်စွက်ပြောစရာလေးတွေ ရှိပါတယ်ဆိုပြီး သူတို့ သတိမထားမိတဲ့ မှတ်ချက်လေးတွေပေးပေါ့။ ပြီးတဲ့အခါ အပေါင်းလက္ခဏာဆောင်တဲ့ မှတ်ချက်တွေနဲ့ အကြံဉာဏ်တွေ ပေးပါ။ ပြီးတော့ ချီးမွမ်းသင့်တာတွေကို ချီးမွမ်းပြောကြားဖို့လည်း မမေ့ပါနဲ့။
“မန်နေဂျာတွေထဲက အတော်ဆုံးလူတွေဆိုတာ လက် အောက်ငယ်သားတွေကို သူတို့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ဘယ်တော့မှမပြောဘဲ သူတို့ကိုယ်တိုင် ပြောလာအောင် ဘယ် လိုလုပ်ရမလဲဆိုတာ သိတဲ့လူတွေပါ”
- ပီတာ ဒရပ်ကာ
Share














