Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

အောင်စည်သာ - ဘဝစီမံကိန်း

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out

ဘဝစီမံကိန်း

စာအုပ်ဆိုင်မှာ စာအုပ်တွေမွှေရင်းနဲ့ ထူးထူးခြားခြား စာအုပ်တစ်အုပ် တွေ့တယ်။ Life Plan တဲ့။ ဘဝစီမံကိန်းဆိုတော့ နည်းနည်းစိတ်ဝင်စား သွားတယ်။ စာအုပ်ကို နည်းနည်း စာမြည်းလိုက်တော့ စာရေးဆရာက လူတွေရဲ့ဘဝမှာ ပိုကောင်းတာတွေကို ပိုင်ဆိုင်နိုင်ဖို့ ဘဝနဲ့ဆိုင်တဲ့ ကဏ္ဍ အလိုက် နည်းလမ်းတွေ ၇၀၀ ကို ခေါင်းစဉ်လေးတွေခွဲပြီး ဆွေးနွေးထား တာပါ။ အဲဒီစာအုပ်က တိုးတက်ရေး မိမိဘဝနဲ့ အသုံးဝင်မယ့်အတွက် လိုတိုရှင်းနည်းလမ်းလေးတွေ သုံးထားတာမို့ ဖတ်ရတာလည်း အရမ်း မလေးပင်တဲ့အတွက် ဘာသာပြန်ပြီး ဝေမျှလိုက်ပါတယ်။

ဒီစာအုပ်မှာ ပါဝင်တဲ့ ခေါင်းစဉ်ခွဲအချို့ကတော့ ဘဝမှာ အရေးပါတဲ့ အရာတွေဖြစ်တဲ့ ကျန်းမာရေး၊ အောင်မြင်မှု၊ မိသားစုဘဝ၊ ငွေကြေးစသည် ဖြင့် သက်ဆိုင်ရာ ခေါင်းစဉ်လေးတွေအောက်မှာ ဘဝစီမံကိန်း ဘယ်လို ဆွဲမလဲဆိုတာကို အချက်ကလေးတွေနဲ့ ဆွေးနွေးထားတာပါ။ ဒီလတော့ အောင်မြင်မှုဆိုတာနဲ့ စတင် မိတ်ဆက်ရအောင်။

၁)

အောင်မြင်မှု ကျွန်တော်တို့အတွက် အောင်မြင်မှုဆိုတာ ဘာလဲ။

အောင်မြင်မှုဆိုတာကို သတ်မှတ်တဲ့ အဓိပ္ပာယ်တွေဟာ လူတစ် ယောက်ချင်းအပေါ် မူတည်ပြီး ကွဲပြားပါတယ်။ ကျွန်တော်တို့ဟာ အောင်မြင် မှုကို အဓိပ္ပာယ်အမျိုးမျိုး သတ်မှတ်ကြတယ်။ အဲဒီသတ်မှတ်တဲ့ အောင်မြင်မှု ကိုရဖို့ ကျွန်တော်တို့ ကြိုးစားကြတယ်။ ဘာလို့ ကွာခြားရတာလဲ။ ကျွန်တော်တို့အတွက် အောင်မြင်မှုဆိုတာ ဘာလို့ တစ်သမတ်တည်း မရှိရ တာလဲ။ အဖြေကတော့ ကျွန်တော်တို့ တစ်ယောက်ချင်းစီအပေါ်မှာ သက် ရောက်တဲ့ တွန်းအားတွေ၊ ယုံကြည်မှုတွေ၊ ဓလေ့တွေ၊ ထုံးစံတွေ၊ ကျင်လည် ရတဲ့ ပတ်ဝန်းကျင်၊ ရှင်သန်ခဲ့ရတဲ့ ခရီးစတာတွေ ကွဲပြားလို့ပါပဲ။ အဲဒါတွေ ကွဲပြားလာခဲ့တော့ လိုအင်ဆန္ဒတွေလည်း ကွဲပြားမယ်။ နောက်ဆုံး အောင် မြင်မှုဆိုတာပါ ကွဲပြားသွားမယ်ပေါ့ဗျာ။

လူသားတွေ အောင်မြင်မှုကို အရမ်းလိုချင်ကြတယ်။ လူတိုင်းရဲ့ ဘဝ စီမံကိန်းမှာ အောင်မြင်မှုဆိုတာ ထိပ်ဆုံးက နေရာယူလေ့ရှိတယ်။ လူတိုင်းအောင်မြင်လိုကြတယ်ပေါ့ဗျာ။ အဲဒီတော့ လူ့အကြောင်းကို စိတ်ဝင်စားတဲ့ ပညာရှင်တွေကလည်း စစ်တမ်းတွေကောက်၊ ကောက်ချက်တွေဆွဲ၊ အချက် အလက်တွေကို လေ့လာဆန်းစစ်ကြတာပေါ့။ သူတို့က အောင်မြင်မှုကို ဘယ် လို သတ်မှတ်လဲ၊ ဘယ်အရာက လူတွေအတွက် တွန်းအားလဲ၊ လူတွေက ဘယ်အရာကိုရရင် အောင်မြင်တယ်လို့ သတ်မှတ်ကြလဲ စသည်ဖြင့်ပေါ့ဗျာ၊ လေ့လာကြတာပေါ့။

အောင်မြင်မှုကို အနှစ်ချုပ်လိုက်တော့ သုံးချက် သွားတွေ့တယ်။ လူ တွေ အောင်မြင်တယ်လို့ ယူဆတာက ...

[၁] ဘယ်လောက်ပိုင်ဆိုင်လဲ၊ ဘာတွေ ပိုင်ဆိုင်လဲ စတဲ့ ပိုင်ဆိုင်မှု

[၂] ဘယ်လောက် လူသိလဲ၊ ဘာကြောင့် လူသိလဲ စတဲ့ အသိအမှတ်ပြုခံရမှု

(၃) ကိုယ့်လုပ်ရပ် ဘယ်လောက်အကျိုးရှိ သလဲ၊ ဘယ်သူတွေအတွက်လဲစတဲ့ လုပ်ရည်ကိုင်ရည် စတဲ့ အဲဒီသုံးချက်အပေါ် မူတည်ပြီး စဉ်းစားတယ် ဆိုပါတယ်။

ကွဲပြားတဲ့ အောင်မြင်မှုတွေ

ယေဘုယျအားဖြင့် အောင်မြင်မှု ၁၀ မျိုး ရှိပါတယ်။ အဲဒါတွေကတော့..

(၁) Material Success လို့ခေါ်တဲ့ ရုပ်ဝတ္ထု ဆိုင်ရာအောင်မြင်မှု

ဥပမာ - ပိုက်ဆံတွေ၊ ကားတွေ၊ ရွှေငွေ ရတနာတွေ ရတာပေါ့ဗျာ။

[၂] Emotional Successလို့ခေါ်တဲ့ ခံစားမှုနဲ့ပတ်သက်တဲ့ အောင်မြင်မှု။

ဥပမာ - ကိုယ့်ဟာကိုယ် ယုံကြည်တာတွေ၊ စိတ်ထားတတ်တာတွေ

စသည်ဖြင့်ပေါ့။

(၃) Intellectual Success y လို့ခေါ်တဲ့ ဉာဏပစ္စည်းတွေနဲ့ဆိုင်တဲ့ အောင်မြင်မှု။

 ဥပမာ - သူတစ်ပါးထက်ပိုပြီး စာတွေ၊ ဖြစ်ရပ်တွေကို သင်ယူနိုင်၊နားလည်နိုင်တာပေါ့။

(၄) Spiritual Success လို့ခေါ်တဲ့ စိတ်ပိုင်းဆိုရာ အောင်မြင်မှု။

ဥပမာ - အပေါ်က နံပါတ် ၃ အချက်၊ လုပ်ရည်ကိုင်ရည်နဲ့ ရည်ရွယ် ချက်နဲ့ ပတ်သက်တာ။

(၅) Physical Successလို့ခေါ်တဲ့ ရုပ်ပိုင်းဆိုင်ရာ အောင်မြင်မှု။

ဥပမာ - ကျန်းမာရေး၊ အလှအပ စသည်ဖြင့်ပေါ့။ ။

[၆] Commercial Success လို့ခေါ်တဲ့ စီးပွားရေးဆိုင်ရာ အောင်မြင်မှု။

ဥပမာ-ကုမ္ပဏီအမြတ်ငွေ၊ ဂုဏ်သိက္ခာ၊ လုပ်ငန်းချဲ့ထွင်တာတွေပေါ့။

(၇) Evangelical Success လို့ခေါ်တဲ့ ဩဇာသက်ရောက်မှုနဲ့ အောင်မြင်မှု။

ဥပမာ - သူတစ်ပါးကို လွှမ်းမိုးနိုင်တာ၊ စံပြဖြစ်တာပေါ့ ။

(၈) Environmental Success လို့ခေါ်တဲ့ ပတ်ဝန်းကျင်မှာ အောင်မြင်မှု။

ဥပမာ - အိမ်၊ ကျောင်း၊ ပတ်ဝန်းကျင်မှာ ထင်ပေါ်တာမျိုးပေါ့။

(၉) Time Success လို့ခေါ်တဲ့ အချိန်တွေနဲ့ ပတ်သက်တဲ့ အောင်မြင်မှု။

ဥပမာ - အချိန်နဲ့ပတ်သက်လို့ သူတစ်ပါးထက် အချိန်ပိုထွက်အောင်လုပ်နိုင်တာပေါ့။

(၁၀] Collective Success လို့ခေါ်တဲ့ အုပ်စုလိုက် အောင်မြင်မှု။

ဥပမာ - အုပ်စုလိုက်ရလာတဲ့ ရလဒ်တွေက သူတစ်ပါးထက်သာပြီး ဆုတွေ၊ ဒိုင်းတွေ ရတာ မျိုးပေါ့။

ကိုယ့်အတွက် အောင်မြင်မှုဆိုတာကို ဘယ်လိုသတ်မှတ်မလဲ

အောင်မြင်မှုကို လူတွေက အမျိုးမျိုး မြင်ကြတယ်။ ခံယူချက် အမျိုး မျိုး ရှိကြတယ်။ တစ်ယောက်နဲ့တစ်ယောက် အောင်မြင်မှုချင်း မတူဘူးလေ။ အဲဒီတော့ ကိုယ်ဟာ ဘယ်လိုဖြစ်မှ အောင်မြင်မယ်ဆိုတဲ့ ရည်မှန်းချက် ပန်းတိုင်ကို မိမိဘာသာ ချမှတ်ရမှာပါ။ အဆောက်အအုံဆောက်မယ်ဆို... တကယ် မဆောက်ခင် ပုံကြမ်းလေးတော့ ဆွဲထားမှ ကိုယ်လိုသလို နှိုင်းယှဉ် ကြည့်လို့ ရမှာပေါ့။ ကိုယ့်ရဲ့ တစ်ကိုယ်ရေအောင်မြင်မှု အဆောက်အအုံကို (ဘယ်လို) ပုံစံလေး ထွက်မလဲလို့ ပုံဖော်နိုင်တဲ့အရာ ၁၀ ခုက ..

ငွေကြေး

လူတွေက ပထမတော့ အောင်မြင်မှုဆိုတာ ငွေကြေးနဲ့ ပုံဖော်လေ့ ရှိကြတယ်။ ဒါပေမဲ့ ရေရှည်မှာ လုံလောက်တယ်ဆိုတဲ့ အတိုင်းအတာထက် ပိုရလာတဲ့ ငွေကြေးတွေက သင့်ကို ပျော်ရွှင်မှု မပေးနိုင်တာ တွေ့ရတယ်။ သင့်ရည်မှန်းချက်ဟာ ငွေကြေးပမာဏပဲ။ ပျော်ရွှင်မှုမဟုတ်ဘူး ဆိုရင်တော့ ငွေများများရလေ သင် အောင်မြင်လေပေါ့။

ကျန်းမာရေး

အနာရောဂါကင်းဝေးဖို့ကလည်း အရေးကြီးပါတယ်။ ကျန်းမာရေး အပေါ်မူတည်ပြီး အောင်မြင်မှုဆိုတဲ့ သတ်မှတ်ချက်ကလည်း ပြောင်းသွားနိုင် ပါတယ်။ ကျန်းမာရေး မကောင်းတဲ့သူအတွက် အောင်မြင်မှုဟာ နေပြန်ကောင်းလာဖို့ ကြိုးစားမှုပဲပေါ့။ ကျန်းမာရေးကောင်းနေရင်တော့ အောင်မြင် မှုဟာ တစ်မျိုးတစ်ဖုံ ဖြစ်မှာပေါ့။

ချစ်ခြင်းမေတ္တာ

အချစ်ဟာ အောင်မြင်မှုမှာ အရေးအပါဆုံးပဲ။ သင်ချစ်တဲ့သူရဲ့ တွန်း အားကြောင့် ဖြစ်ဖြစ်၊ သင့်ကို ချစ်တဲ့သူအတွက်ပဲဖြစ်ဖြစ်၊ ချစ်ခြင်း တရား ကိုလည်း အောင်မြင်မှုကို ပုံဖော်ရာမှာ သုံးလေ့ရှိတယ်။ ဘာပြုလို့လဲဆိုတော့ အချစ်မရှိရင် ဘဝဟာ ဗလာကြီးလေ။

သက်သောင့် သက်သာရှိမှု

လူ့ရဲ့ ခန္ဓာကိုယ်ဟာ ကောင်းကောင်းနား၊ ကောင်းကောင်းစားပြီး နွေးနွေး ထွေးထွေးနေမယ်ဆိုရင် အလုပ်များများ လုပ်လို့ရပါတယ်။ အောင် မြင်မှုရဖို့ ကြိုးစားပုံဖော်တဲ့နေရာမှာ သက်သောင့်သက်သာရှိမှုကိုလည်း ထည့် သွင်းစဉ်းစားဖို့ လိုမယ်နော်။

သင်ယူမှု

တက္ကသိုလ်၊ ကောလိပ်တွေက သင့်ကို ဘယ်လို သင်ယူရမလဲဆိုတာ လောက်ပဲ ပြပေးလိုက်မှာပါ။ တကယ် သင်ယူရမယ့် ပတ်ဝန်းကျင်က အပြင် လောကမှာပါ။ အောင်မြင်တဲ့သူတွေ ပြောလေ့ရှိတဲ့စကားက သူတို့ဟာ ဘဝ တစ် လျှောက်လုံး သင်ယူနေရတယ်တဲ့။ ဘဝသင်ခန်းစာဆိုတာ ဘယ်တော့မှ အဆုံးသတ်မသွားပါဘူးတဲ့။ ဒါကြောင့် သင်ယူတတ်မှုကလည်း အောင်မြင်မှု ဆိုတာနဲ့ တိုက်ရိုက်ပတ်သက်နေ ပြန်ပါရော။

အပျော်အပါး

အောင်မြင်သူတိုင်းဟာ အမြဲတမ်း အလုပ်ချည်း လုပ်နေတာ မဟုတ် ပါဘူး။ သူတို့ဟာ များသောအားဖြင့် ဟာသဉာဏ်ရွှင်တတ်တယ်။ သူတို့ရဲ့ဖျော်ဖြေရေးအတွက် အချိန်ပေးထားလေ့ ရှိပါတယ်။ အဲဒီတော့ ဘဝစီမံကိန်း ရေးဆွဲရာမှာ အပျော်အပါးကို မမေ့စေနဲ့ပေါ့။

ပေးကမ်းခြင်း

အောင်မြင်မှုဆိုတာ ပေးကမ်းခြင်းနဲ့လည်း သက်ဆိုင်ပါတယ်။ သူ တစ်ပါးကို ကူညီတာကြောင့်လည်း အောင်မြင်နိုင်ပါတယ်။ အောင်မြင်မှု အပေါ် အဓိပ္ပာယ် သတ်မှတ်ချက်ကွာပေမယ့် အောင်မြင်သူတိုင်းဟာ လှူဒါန်း ပေးကမ်း၊ သူတစ်ပါးကို ကူညီတတ်တဲ့ စိတ်ထားရှိလေ့ ရှိပါတယ်။

ဆုတံဆိပ်များ

သင် ရရှိခဲ့တဲ့ဆုတွေ၊ တံဆိပ်တွေ၊ ဂုဏ်ထူး ဆောင်ဘွဲ့ တွေ စတာတွေ ဟာလည်း အောင်မြင်မှုကို ပုံဖော်ရာမှာ အရေးပါပါတယ်။ ဘာကြောင့်လဲဆို

တော့ အထက်ပါ အရာတွေဟာ သင့်လုပ် ရပ်တွေအတွက် ချီးမြှင့်မှုတွေလေ။ အဲဒီဆုတွေ၊ တံဆိပ်တွေ များလာတာဟာ သင့်လုပ်ရပ်တွေ အောင်မြင်လာ လို့ပေါ့။

အပြောင်းအလဲ

ဘယ်အရာမှ ပုံသေသတ်မှတ်လို့ မရပါဘူး။ အရာအားလုံးဟာ ပြောင်းလဲနေပါတယ်။ အောင် မြင်မှုတွေအတွက် တစ်သမတ်တည်း ပုံသေ ကား ချစိတ်ဟာ အသုံးမဝင်ပါဘူး။ ပြောင်းလဲနေတဲ့ ပတ်ဝန်းကျင်ကို လက်ခံ ပြီး ကောင်းကောင်းတုံ့ပြန်နိုင်မှသာ သင်လိုချင်တဲ့ပန်းတိုင် ရောက်မှာပါ။ ဒါကြောင့် အောင်မြင်မှုကို ပုံဖော်ရာမှာ အပြောင်းအလဲဆိုတာကို မေ့မထားပါနဲ့။

ပစ္စည်းဥစ္စာ

ဈေးကြီးတဲ့ပစ္စည်း၊ ကိုယ်ကြိုက်တဲ့ပစ္စည်း ဝယ်သုံးတာ ကောင်းပါ တယ်။ ဒါပေမဲ့ သင် ဘယ်လောက် တတ်နိုင်သလဲဆိုတာကတော့ အောင်မြင် မှု အစစ်အမှန်ကို တိုင်းတာနိုင်မှာ မဟုတ်ဘူး။ တစ်ခါတစ်ရံ ဘာမှမဟုတ်တဲ့ ကျပ် ၁ဝဝဝ တန် ကဒ်ကလေးကလည်း သင့် အောင်မြင်မှုအတွက် အရေးပါ လာနိုင်တာပဲလေ။

အဲဒီတော့ အထက်ပါအရာတွေကို သိပြီးတဲ့နောက်မှာ သင့်ရဲ့ တစ် ကိုယ်ရေ အောင်မြင်မှု (Personal Success) ကို သတ်မှတ်ဖို့ ကိုယ့်ကိုယ် ကိုယ်မေးဖို့ မေးခွန်း ၁၀ ခု ရှိပါတယ်။

မေးခွန်းတွေကတော့

၁။ အထက်ပါအရာတွေထဲမှာ အလိုချင်ဆုံး သုံးခုက ဘာလဲ။

၂။ ဘာလို့ အဲဒါတွေက ငါ့အတွက် အရေးကြီးဆုံး၊ အလိုချင်ဆုံး ဖြစ်ရတာလဲ။

၃။ ဘာကို ပထမ ဦးစားပေးထားရမလဲ။ ဘာလို့လဲ။

၄။ အဲဒီအရာတွေကို တကယ်ရအောင် လုပ်နိုင်စွမ်းကော ရှိရဲ့လား။

၅။ ငါ့ရဲ့ လုပ်ရပ်တွေကို ဘယ်လိုစံတွေနဲ့ တိုင်းတာသွားမလဲ။

၆။ ငါ ဘယ်နေရာက စရမလဲ။ ပထမ ခြေလှမ်းက ဘာလဲ။

၇။ ငါနဲ့အတူ အောင်မြင်မှုအတွက် ဘယ်သူတွေကို ပါဝင်စေရမလဲ။

၈။ သူတို့တွေကော ငါ့ကို ကူညီလို့ ဘာရနိုင်မလဲ။

၉။ သူတို့တွေရဲ့ ပူးပေါင်းပါဝင်မှု ရပြီဆိုတာ ဘယ်လိုသိနိုင်မလဲ။ သူတို့ကို ပါဝင်လာအောင် ဘယ်လို ဆွဲဆောင်ရမလဲ။

၁၀။ ငါ အဲဒီသုံးခုကို ရပြီဆိုတာနဲ့ နောက်ရည်မှန်းထားတဲ့ ရည်ရွယ်ချက်က ဘာလဲ။

အဲဒီ မေးခွန်းတွေကို ဖြေပြီးတဲ့နောက်မှာ အထက်က ပြောသလို သင့်ရဲ့ အဆောက်အအုံပုံကြီး ပေါ်လာပြီပေါ့။ ပြီးရင်တော့ အဲဒီပုံကြမ်းကို အခြေခံပြီး တိုက်စဆောက်ပေါ့။ Foundation လို့ခေါ်တဲ့ အခြေတော့ ခိုင်ဖို့ လိုတယ်နော်။