စာအုပ်အချက်အလက်သို့ ကျော်သွားပါ။
1 7

စိတ်ကူးချိုချိုစာပေ

အောင်စည်သာ - တကယ်ပဲအချိန်မလောက်ဘူးလား

အောင်စည်သာ - တကယ်ပဲအချိန်မလောက်ဘူးလား

ပုံမှန်ဈေး 1,350 Ks
ပုံမှန်ဈေး 1,500 Ks ရောင်းဈေး 1,350 Ks
ရောင်းရန် ရောင်းကုန်ပြီ
Type

“သင့်ဘဝကိုချစ်လား။ အဲဒါဆို အချိန်ကို အလွဲသုံးစားမလုပ်နဲ့။ ဘဝဆိုတာ အချိန်နဲ့ တည်ဆောက်ထားတာပါ။”

-ဘင်ဂျမင်ဖရန်ကလင်

အချိန် ဆိုတာ ဝယ်လို့မရ၊ ရောင်းလို့မရ၊ သူများနဲ့မျှယူလို့မရ၊ ပိုလို ချင်၊ လျော့လိုချင်လို့မရတဲ့ အဖိုးတန် အရင်းအမြစ်တစ်ခုပါ။ နေ့တိုင်း မှာ လူတိုင်းအတွက် ၂၄ နာရီရှိပါတယ်။ အဲဒီ ၂၄ နာရီကို ဘာလုပ် သလဲဆိုတာကပဲ ကျွန်တော်တို့ကြား ကွဲပြားမှုကို ဖြစ်စေတာပါ။ အချိန် ကို များများအသုံးချနိုင်တဲ့သူတွေမှာ ကွဲပြားတဲ့ နည်းလမ်းတွေ၊ စနစ် တွေ ရှိနိုင်၊ အသုံးချကောင်းချနေနိုင်ပါတယ်။ ဒါပေမဲ့သူတို့ အားလုံးမှာ တူညီတာတစ်ခုရှိပါတယ်။ အချိန်ကို ဘယ်လိုသုံးမလဲဆိုတာနဲ့ ပတ် သက်ပြီး ရေရှည်အမြင်ရှိတာပါ။ ရှင်းလင်းတဲ့ ဦးစားပေး အစီအစဉ်တွေ ပါဝင်တဲ့ အနာဂတ်ရည်မှန်းချက်တစ်ခုပေါ့။ အချိန်ကို ဘာလုပ်ရမလဲ ဆိုတာ သူတို့ ကောင်းကောင်းသိကြပါတယ်။

ပီတာဝိတ်(ခ်)မန်(န်)နဲ့ သူ့ဇနီး လော်ရာတို့ဟာဂရိတ်ဟားဗတ်(စ်) ဆိုတဲ့ ပေါင်မုန့်ကုမ္ပဏီကို လွန်ခဲ့တဲ့ ၂၅ နှစ်အကြောက တည်ထောင်ခဲ့ ပါတယ်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ သူတို့ဘဝရဲ့အချိန်တော်တော်များများကို အဲဒီအလုပ်အတွက်ပဲ မြှုပ်နှံထားခဲ့ပါတယ်။ ဒါပေမဲ့ အချိန်နဲ့ပတ်သက်တဲ့ ရေရှည်ဆုံးဖြတ်ချက်တစ်ခု သူတို့လုပ်ငန်း ကို စတင်ကတည်းက ရှိခဲ့ပါတယ်။ အဲဒါကတော့ သူတို့ ရုံးပိတ်ရက် အလုပ်မလုပ်ဘူးဆိုတာနဲ့ တစ်နှစ်တစ်ခါ အားလပ်ရက်မှာ ခရီးသွားမယ် ဆိုတဲ့ စည်းကမ်းပါပဲ။

“စီးပွားရေးလုပ်ငန်းစစချင်းမှာ ကျွန်တော်တို့မှာ ရိုးရှင်းတဲ့ စည်းမျဉ်းလေး တစ်ခုရှိခဲ့တယ်။ အဲဒါကို ဘာသာရေးစည်းမျဉ်းလိုပဲလိုက်နာခဲ့ပါတယ်။ တစ်ခုက တစ်ပတ်မှာ နှစ်ရက် အားလပ်နေဖို့ပါ။ ဘာကြီးပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲ အရေးကြီးကြီး၊ အဲဒါကို မချိုးဖောက်ခဲ့ပါဘူး။ အဲဒီစည်းကမ်းဟာ ကျွန်တော်တို့ ကျော်ဖြတ်ဖို့ ကြောက်လန့်ရတဲ့ စည်းပါပဲ။ အဲဒီစည်းကို ကျော်ဖြတ်မိရင် မိုးကြိုးပစ်မလိုကို ကြောက်မိခဲ့တာပါ။” “ပီတာဝိတ်(ခ်)မန်(န်)၊ ပိုင်ရှင် ဂရိတ်ဟားဗတ်(စ်) ပေါင်မုန့်ကုမ္ပဏီ

 

ဂရိတ်ဟားဗတ်(စ်) ကုမ္ပဏီဟာ ဆိုင်ခွဲပေါင်း ၁၃၇ ဆိုင် ဖွင့်နိုင် တဲ့အထိ တိုးတက်ခဲ့ပါတယ်။ မိမိအတွက် တစ်ကိုယ်ရည်အချိန်ယူဖို့ ဦးစားပေးခဲ့သော်ငြားလည်း ပီတာနဲ့ လော်ရာဟာ သူတို့ရဲ့ စီးပွားရေးကို သတိရှိရှိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ ပီတာနဲ့ လော်ရာ တို့လို အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် စုံတွဲအတွက် မယုံနိုင်လောက်အောင်ပဲ အလုပ်ကနေ အားလပ်ချိန် တကယ်ရခဲ့ပါတယ်။ အဲဒါဟာ သူတို့အချိန်ကိုဘယ်လိုသုံးရမလဲဆိုတာကို သိတဲ့ အတွေးအခေါ်ရှိလို့ပါပဲ။

“အလုပ်တစ်ခုနဲ့တစ်ခုကြား သေချာခွဲခြားထားတယ်။ အချိန်ကဒ်ကလေးတွေ လုပ်ထားပြီး ကပ်တယ် ခွာတယ်။ တစ်ခုခုလုပ်ဖို့ ငါးမိနစ်အလိုမှာပေါ့။ အလုပ်လုပ်နေရင် ဘာလုပ်နေလဲဆိုတာ သိတယ်။ ဘယ်အချိန်မှာ ဘယ်နှနာရီ အလုပ်လုပ်မလဲ၊ ဘာလုပ်မလဲဆိုတာနဲ့ပတ်သက်တဲ့ စာရင်းဇယားတစ်ခု ကျွန်တော့်ကွန်ပျူတာထဲမှာ အမြဲရှိတယ်။ ပြီးတော့ အလုပ်နဲ့ပတ်သက်တဲ့ အချိန်စီမံမှုကို တိတိကျကျဆုံးဖြတ်ချက်တွေနဲ့ပဲသွားမယ်။ ၁၉၉၆ မှာ နာရီတစ်ထောင် အလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ တစ်ယောက်တစ်ဝက်စီပေါ့။ အဲဒီတစ်ထောင်နာရီအတွင်းမှာ ကျွန်တော်တို့ရဲ့ အချိန်ဇယားကို အဆင်ပြေသလို ပြင်ဆင်ယူပါတယ်။”

“ပီတာဝိတ်(ခ်)မန်(န်)

အချိန်ကို သေချာအသုံးချခြင်း ၊

အချိန်ကို သေချာအသုံးချခြင်းဆိုတာ မိမိရဲ့ ရည်မှန်းချက်နဲ့ ပိုပြီးနီးစပ်တဲ့ကိစ္စတွေ၊ အလုပ်တွေအတွက်အချိန်ကို ဉာဏ်ရှိရှိ သုံးတတ်ခြင်းပါပဲ။ နောက်ထပ်အဓိပ္ပာယ် ဖွင့်ဆိုချက်တစ်ခုက မိမိရဲ့ ပန်းတိုင်ကိုရောက်ဖို့ မိမိနဲ့အချိန်အသုံးပြုမှုကို ဆန်းစစ် ခြင်းနဲ့ ကြိုတင်အစီအစဉ် ဆွဲခြင်းတို့ပါပဲ။

အချိန်ကို အသုံးချတတ်ခြင်းနဲ့ တန်ဖိုးက ဘာလဲ

သင်ဦးစားပေးချင်တဲ့အရာက ကိုယ်ပိုင်အချိန်ပဲဖြစ်ဖြစ်၊ အရောင်း တိုးတက်ချင်တာပဲဖြစ်ဖြစ်၊ ကုန်ပစ္စည်းအသစ်ထုတ်ချင်တာပဲဖြစ်ဖြစ်၊ စီးပွားရေးစီမံကိန်းဆွဲဖို့ ပဲဖြစ်ဖြစ် လုပ်ငန်းစီမံချက်ဆွဲဖို့ပဲဖြစ်ဖြစ်၊ သင့်ရဲ့ ပရောဂျက်ကို အပြီးသတ်ဖို့ပဲဖြစ်ဖြစ် အချိန်ကို မှီခိုအသုံးချတတ် ခြင်းက သင့်ကို အကူအညီ အများကြီးပေးပါလိမ့်မယ်။

အချိန်ကို အသုံးချတတ်ခြင်းနဲ့ အချိန်ကို စီမံခန့်ခွဲမှုကြားက ခြားနားချက်က ဘာပါလဲ။ အချိန်ကို အသုံးချတတ်ခြင်းဆိုတာ မိမိရဲ့ အရေး ကြီးဆုံးပန်းတိုင်ကိုရဖို့ အချိန်ကို ဉာဏ်ရှိရှိ အသုံးချတတ်ခြင်း မဟာဗျူဟာပါပဲ။ အချိန်ကို စီမံခန့်ခွဲခြင်းကတော့ အချိန်ကို အသုံးချ တတ်ဖို့ နေ့စဉ်လုပ်ငန်းဆောင်တာတွေပါပဲ။ အချိန်ဇယားဆွဲခြင်း၊ လုပ်စရာရှိတဲ့ အလုပ်များသတ်မှတ်ခြင်း၊ တာဝန်လွှဲအပ်ခြင်းနဲ့ သင့်ရဲ့ အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ အခြားစနစ်တွေ ပါဝင်ပါတယ်။ အနာဂတ်အမြင်နဲ့ စီမံကိန်းဆိုတဲ့ မဟာဗျူဟာနည်းလမ်းတွေမပါဘဲ အချိန်ကို စီမံခန့်ခွဲခြင်းက သင့်ကို ပန်းတိုင်ရောက်ဖို့ ကူညီနိုင်မှာ မဟုတ် ပါဘူး။ဒါကြောင့် သင့်ရဲ့ အချိန်ကို အမှီပြုအသုံးချခြင်းနဲ့ ပထမအဆင့်က သင့်ရဲ့ ဦးစားပေး အစီအစဉ်တွေကို ရှင်းလင်းစွာ သတ်မှတ်ခြင်းပါပဲ။

ခုလုပ်နေတာကို ဘာလို့ လုပ်နေရတာလဲ

လူတော်တော်များများမှာ လိုက်နာရမယ့် အချိန်ဇယားတွေ၊ ပြီး ပြတ်ရမယ့် နောက်ဆုံးရက်တွေနဲ့ နေ့စဉ်တိုင်းမှာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်ပြီးရမယ့်ကိစ္စရပ်တွေ ရှိပါတယ်။ ဒါပေမဲ့ဘာဖြစ်လို့လဲ။ အဲဒါတွေကို ဘာဖြစ်လို့လုပ်နေရသလဲဆိုတာကိုရော သင်သိပါသလား။ ကျွန်တော်တို့ ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေက ကျွန်တော်တို့ရဲ့ အသက်မွေးဝမ်းကျောင်းနဲ့ တစ်ကိုယ်ရည်ပန်းတိုင်တွေကို ဘယ်လိုပြည့် မြောက်စေမှာပါလဲ။ အောက်ပါ မေးခွန်းအချို့ကို ဖြေကြည့်ပါ။

  • သင်တကယ်လိုချင်တဲ့အရာအတွက် သင့်အချိန်ကို သုံးနေတာဟုတ်ရဲ့လား။
  • ဒါမှမဟုတ် ဒီတိုင်းပဲ ရည်ရွယ်ချက်မဲ့ လှုပ်ရှားနေတာပါလား။
  • ရှေ့ တော့ရွေ့ နေတယ်။ ဒါပေမဲ့ နှေးပြီး၊ မသေမချာဖြစ်နေပါလား။

သင်ဟာ သင့်အတွက် အရေးကြီးပန်းတိုင်ကိုရဖို့ သင့်အချိန်ကို အသုံးပြုနေတာ မဟုတ်ဘူးဆိုရင် ဒီအချိန်ဟာ ပြောင်းလဲရမယ့်အချိန်ပါ။

မဟာဗျူဟာကျကျ ရှုမြင်ခြင်း

အချိန်ကို အသုံးချတတ်ခြင်းဆိုတာ သင့်ရဲ့ အချိန်ကို ဘယ်လို အသုံးချမလဲဆိုတာနဲ့ ပတ်သက်ပြီး မဟာဗျူဟာကျကျ ရှုမြင်ခြင်းပါ။ အဲဒီလို အမြင်ကျယ်ခြင်းကတစ်ဆင့် သင့်အတွက် တကယ်အရေးကြီး တဲ့အရာတွေအတွက်ပဲ အချိန်ကို အသုံးချမိစေဖို့ပါ။ သင့်အတွက် အကျိုး များများရှိမယ့် အရာတွေအတွက်ပဲ အချိန်ကို ခွဲဝေအသုံးချ တတ်ခြင်းပါပဲ။ ဥပမာ

  • အလုပ်တစ်ခုကို သင်ကိုယ်တိုင်လုပ်တာနဲ့ အဖွဲ့ တစ်ဖွဲ့ ကို လေ့ကျင့်ပေးပြီး လုပ်ခိုင်းတာ ဘယ်အရာက ပိုပြီးအချိန်ကို သေချာ အသုံးပြုရာ ရောက်သလဲ။
  • သင်တန်းတက်တာနဲ့ မိမိကိုယ်ကို စာအုပ်ဖတ်ပြီး လေ့လာတာမှာ ဘယ်အရာက အချိန်ကို အထိရောက်ဆုံး ဖြစ်တာလဲ။
  • အဖွဲ့အတွက် ဆုံးဖြတ်ချက်တွေ ဝင်ချပေးတာနဲ့ တံခါးဖွင့်ပေး ပြီး အဖွဲ့ ကို အကြံပြုခိုင်းတာမှာ ဘယ်ဟာက ကိုယ့်အတွက် အချိန်ကို အမှီပြုအသုံးချမှု ပိုပြီးဖြစ်စေသလဲ။

ယောင်နေတာတွေကိုရှောင်ပြီး မိမိရဲ့ ဘဝနဲ့ အသက်မွေးမှုအတွက် အရေးကြီးတဲ့အရာတွေအတွက်ပဲ အချိန်ကို အမှီပြုအသုံးချနိုင်ပါစေ။

အသေးစိတ်အချက်အလက်အပြည့်အစုံကို ကြည့်ပါ။