Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

အလင်းပွင့် - ကိုယ့်ဘဝအတွက်ကိုယ်သာယုံကြည်အားထားရာ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားကိုးခြင်းသဘောကို နားလည်ခြင်း

အောင်မြင်မှုတွေအားလုံးက လုပ်နိုင်၊ ကိုင်နိုင် စွမ်းဆောင် နိုင်တယ်ဆိုတဲ့ အစွမ်းအစတွေကနေ ဖြစ်ပေါ်လာပြီး မလုပ်နိုင်၊ မကိုင်နိုင်၊ မစွမ်းဆောင်နိုင်ဘူးဆိုတဲ့ အစွမ်းအစမဲ့တဲ့ အခြေအနေ တွေကနေ ဖြစ်ပေါ်လာခြင်း မဟုတ်ပါ။

- စာရေးဆရာတစ်ဦး

ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားကိုးခြင်းဆိုတာဟာ တစ်စုံတစ်ရာ သောကိစ္စတစ်ခုကို အမှန်တကယ် လက်တွေ့လုပ်နိုင်၊ ဖြစ်နိုင်တယ်လို့ ယုံကြည်ထားခြင်းကို ဆိုလိုပါတယ်။ ဒါကြောင့် သင့်ကိုယ်သင် ယုံ ကြည်အားကိုးတယ်ဆိုတာဟာ သင့်ကိုယ်ပိုင်အစွမ်းအစ အရည်အချင်း တွေကို သင်ကိုယ်တိုင်က နားလည်အသိအမှတ်ပြုစွာနဲ့ လက်ခံယုံကြည် ထားခြင်းကို ဆိုလိုပါတယ်။

သင့်ကိုယ်သင် ယုံကြည်မှုရှိလာပြီဆိုရင် သင်ကိုယ်တိုင်အတွက် သာမကတော့ဘဲ သင့်အသင်းအဖွဲ့အတွက်ပါ ယုံကြည်မှုထားရှိနိုင်လာပါ လိမ့်မယ်။

သင်က ဘူတာရုံကို ရောက်ရှိပြီး ရထားက သတ်မှတ်ထားတဲ့အချိန်အတိအကျအတိုင်း ဝင်ကိုဝင်လာရမယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံ ကြည်မှုထားရှိနိုင်သလို သင် ဦးဆောင်သော အသင်းအဖွဲ့ က ပြိုင်ပွဲမှာ နိုင်ကိုနိုင်ရမယ်လို့ ယုံကြည်မှုထားရှိနိုင်ပါတယ်။ ဒီအခြေအနေနှစ်ရပ် စလုံးဟာ သင့်ကိုယ်သင် ယုံကြည်မှု ခိုင်ခိုင်မာမာရှိနေခြင်းကို အဓိက ရည်ညွှန်းနေပြီး ဘူတာရုံကို ရထားက အချိန်တိကျစွာဝင်တာ၊ မဝင်တာ နဲ့ သင့်အသင်းအဖွဲ့က ယှဉ်ပြိုင်မှုမှာ အနိုင်ရတာ မရတာဆိုတဲ့ကိစ္စက ဒုတိယကိစ္စဖြစ်သွားတဲ့သဘော ဖော်ပြနေပါတယ်။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားကိုးခြင်းဆိုတာဟာ သင်က ဘယ်အရာကိုမဆို လုပ်နိုင်၊ ကိုင်နိုင်၊ စွမ်းဆောင်နိုင်တယ်လို့ အခိုင်အမာယုံကြည်ထားခြင်းသာ ဖြစ်ပါတယ်။

အမှန်တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားကိုးခြင်းဟာ သင် ဘာလုပ်နိုင်တယ်၊ မလုပ်နိုင်ဘူးဆိုတာကို တိုက်ရိုက်ရည်ညွှန်းပြော ဆိုခြင်း မရှိပါဘူး။ သင် ဘာတွေ တွေးခေါ်စဉ်းစားတယ်၊ သင် ဘာကို ယုံကြည်နိုင်တယ်/ မယုံနိုင်ဘူး၊ သင် ဘာကိုလုပ်နိုင်တယ်/ မလုပ်နိုင် ဘူးဆိုတာကို သင် အမှန်တကယ်နားလည်သိရှိထားတဲ့ သဘော၊ သင် စဉ်းစားတွေးခေါ်မှုတွေအရ သင်ကိုယ်တိုင် လက်ခံယုံကြည်ထားတဲ့ သဘောကိုသာ တိုက်ရိုက်ရည်ညွှန်းနေပါတယ်။

သင်က အမြင့်ခုန်အားကစားပြိုင်ပွဲမှာ အနိုင်ရအောင် ယှဉ်ပြိုင်နိုင် တယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားတာ၊ သင်ဖြေဆိုပြီးတဲ့ စာမေး ပွဲ အောင်ကိုအောင်ရမယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားတာဟာ သင်အမှန်တကယ် အမြင့်ခုန်အားကစားမှာ အောင်နိုင်ချင်မှ အောင်နိုင် မယ်ဆိုတဲ့ မသေချာတဲ့ရလဒ်နဲ့ စာမေးပွဲအောင်ချင်မှအောင်မယ်ဆိုတဲ့ မသေချာ မရေရာတဲ့အခြေအနေ၊ ရလဒ်တွေကို လျစ်လျူရှုပြီး လက်တွေ့ ကျကျလုပ်စရာရှိတာကို သေချာစွာ လုပ်ရဲတဲ့စိတ် ရှိထားတာကို အဓိကရည်ညွှန်းနေခြင်းသာဖြစ်ပါတယ်။ ဒါကြောင့် သင့်ကိုယ်သင် ယုံကြည် အားကိုးတဲ့စိတ် ခိုင်မြဲစွာရှိစေလိုတယ်ဆိုရင် အောင်မြင်တာ ကျရှုံးတာ တွေကို ဒုတိယအဆင့်မှာသာထားရှိပြီး အောင်မြင်ရမယ်၊ လုပ်နိုင်ရမယ် ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားကိုးတဲ့စိတ်ကိုသာ ရှေ့တန်းတင် ထားပေးပါ။

သင့်ကိုယ်သင် ယုံကြည်အားကိုးတဲ့စိတ် ရှိနေတယ်လို့ သင်ကိုယ် တိုင် ခံစားသိရှိနေပြီဆိုရင် သင့်ဆီမှာ အပြုသဘောဆောင် အကောင်း မြင်တတ်တဲ့စိတ်တွေ မြင့်မားလာပြီး သင့်ရဲ့ ကိုယ်ပိုင်စွမ်းဆောင်ရည် တွေနဲ့ သင့်ကိုယ်သင် ယုံကြည်အားကိုးတဲ့စိတ်တို့ ပေါင်းစပ်မိသောအခါ သင် ကြံစည်ဆောင်ရွက်သမျှ ကိစ္စတွေအားလုံး အဆင်ပြေ ချောမွေ့ နေမှာဖြစ်ပါတယ်။

အကယ်၍ သင့်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားကိုးတဲ့စိတ် မရှိခဲ့ရင် သင် ကြံစည်ဆောင်ရွက်ရမယ့်ကိစ္စတွေအပေါ် လက်တွေ့ လုပ် မကြည့်ရသေးဘဲ အဆင်ပြေပါ့မလား၊ အောင်မြင်ပါ့မလား၊ လုပ်နိုင်စွမ်း ရှိပါ့မလားဆိုပြီး ရောက်မလာသေးတဲ့ အနာဂတ်အတွက် ကြိုတင်တွေး တော စိုးရိမ်ပူပန်နေတတ်ပါလိမ့်မယ်။

သင်မလုပ်နိုင်တဲ့အခြေအနေတွေ၊ ကျရှုံးခဲ့ရတဲ့အခြေအနေတွေ အားလုံးဟာ သင်ကိုယ်တိုင်က လုပ်နိုင်ရမယ်၊ အောင်မြင်ရမယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားကိုးလိုတဲ့စိတ်ဓာတ် လုံးဝမရှိခြင်းကနေ စတင်မြစ်ဖျားခံလာတာဖြစ်ပါတယ်။

အကယ်၍ သင်က ယာဉ်မောင်းလိုင်စင်ဖြေဆိုရာမှာ အောင်မြင် ရမယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘူးဆိုရင် သင့်စိတ်အာရုံတွေ က သင့်ရဲ့ ကျွမ်းကျင်မှုမရှိသေးတဲ့အခြေအနေတွေ၊ ယာဉ်မောင်းခြင်း အတတ်ပညာနဲ့ပတ်သက်တဲ့ အားနည်းချက်တွေကိုသာ အာရုံစိုက်မိနေတာကြောင့် သင် လိုင်စင်ဖြေတာနဲ့ သင် အာရုံစိုက်မိတဲ့ မကောင်းတဲ့ အခြေအနေတွေအတိုင်း အမှန်တကယ် ကျရှုံးတော့မှာဖြစ်ပါတယ်။ သင့် အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားကိုးတဲ့စိတ် မြင့်မားနေတဲ့အခါအောင်ကိုအောင်မြင်ရမယ်ဆိုတဲ့စိတ်တွေ လွှမ်းမိုးနေတာကြောင့် သင့် စွမ်းဆောင်ရည်က မပြည့်ဝသေးတဲ့တိုင် အောင်မြင်မှုကို ရယူနိုင်တာ တွေ့ရပါမယ်။

သင်က တစ်စုံတစ်ရာကို လုပ်ဖို့ ကြံစည်ရာမှာ အခက်အခဲ၊ အကျပ်အတည်းတွေ၊ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ သင့်ကိုယ်သင် ယုံကြည်အားကိုးတဲ့စိတ် ရှိမနေခဲ့ရင် သတ္တိတွေလျော့ပါးပြီး အလွယ် တကူ လက်လျှော့ချင်တဲ့စိတ် ဖြစ်လာပါလိမ့်မယ်။

အကယ်၍ သင့်ကိုယ်သင် ယုံကြည်တဲ့စိတ် မြင့်မားနေခဲ့ရင်တော့ ဘယ်လောက်ပဲ ခက်ခဲတဲ့ အတားအဆီး၊ အကျပ်အတည်းတွေနဲ့ ကြုံရ သည်ဖြစ်စေ၊ စိန်ခေါ်မှုတွေ ဘယ်လောက်ပဲများနေသည်ဖြစ်စေ အလွယ် တကူ ကျော်လွှားသွားနိုင်တာကို အံ့သြဖွယ်တွေ့ရှိရမှာဖြစ်ပါတယ်။

လက်တွေ့ကျင့်ကြံအားထုတ်ပါ

သင့်ကိုယ်သင် ယုံကြည်မှုရှိပါ။ သင့်ပင်ကိုအရည်အချင်း၊ စွမ်းဆောင်ရည်တွေအပေါ် ယုံကြည်ပေးပါ။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေဖို့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချ ဦးညွှတ်ခြင်းတွေ ရှိစရာမလိုပေမဲ့ သင် အောင်မြင်နိုင်တဲ့အခြေ အနေမရှိဘူး၊ သင် စိတ်ပျော်ရွှင်နိုင်တဲ့အခြေအနေ မရှိဘူးဆိုတဲ့ တစ်ဖက်သတ် တွေးထင်ယူဆချက်တွေကို အပြီးသတ် ဖယ်ရှား ပေးနိုင်ဖို့ လိုပါတယ်။

- နော်မန်ဗင်းဆင့်ပီယာလီ -