Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

အောင်ကျော်ဆင့် - ဘဝအတွက်အချက်အလက်များ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

ဘဝအတွက် အချက်အလက်များ

လွန်ခဲ့သော သုံးနှစ်ကာလ ပထမအကြိမ် ထုတ်ဝေပြီးကတည်းက ဘဝ အတွက် အချက်အလက်များ” သည် ကမ္ဘာနှင့်အဝန်း တုံ့ပြန်မှုများနှင့် တွေ့ ကြုံခဲ့ရပါသည်။ နိုင်ငံပေါင်းတစ်ရာကျော်က ဘာသာပြန်များ သို့မဟုတ် မှီငြမ်းပြုမှုများ ထုတ်ဝေခဲ့ပြီး ဘာသာစကားပေါင်း ၁၇ဝ ကျော်နှင့် ရေးသား ထုတ်ဝေထားသော စုစုပေါင်း စာအုပ်ရေ ၈ သန်းမျှမှာ အသုံးပြုလျက် ရှိပါသည်။

ဘဝအတွက် အချက်အလက်များ”၏ အဆိုပြုချက်မှာ ရိုးရှင်းပါသည်။ မရှိမဖြစ် လိုအပ်သော ကလေးကျန်းမာရေးဆိုင်ရာ သတင်းများနှင့် ပတ် သက်၍ ဆေးပညာပါရဂူများအတွင်း ကျယ်ကျယ်ပြန့်ပြန့် သဘောတူထား သောအချက်မှာ မိသားစုတိုင်းတွင် သိရှိရန် အခွင့်အရေးရှိကြောင်းပင် ဖြစ် သည်။ ထိုသတင်းများကို 'ဘဝအတွက် အချက်အလက်များ” က စုစည်း တင်ပြထားပါသည်။ ဤစာအုပ်တွင် လက်တွေ့ကျပြီး ကုန်ကျစရိတ် နည်း ပါးသော ကလေးများ၏ အသက်များနှင့် ကျန်းမာရေးကို ကာကွယ်စောင့် ရှောက်သောနည်းများကို ရိုးရှင်းသော ဘာသာစကားဖြင့် တာဝန်ယူသော အသွင် တင်ပြထားပါသည်။

* ဤစာအုပ်သည် ဖွံ့ဖြိုးဆဲ ကမ္ဘာမှ ကလေးသန်းပေါင်းများစွာကို ကယ်တင်ရာတွင် အကူအညီပေးနိုင်သော သတင်းအချက်အလက်များဖြစ်ပါသည်။

* ဤစာအုပ်သည် အာဟာရ မပြည့်ဝမှုကို သိသာထင်ရှားစွာ လျှော့ ချနိုင်ပြီး၊ နောင်မျိုးဆက်သစ်များ၏ ကျန်းမာစွာ ဖွံ့ဖြိုးမှုကို အကာအကွယ် ပေးရာတွင် ကူညီနိုင်သော သတင်းအချက်အလက်များ ဖြစ်ပါသည်။

* ဤစာအုပ်သည် မိဘတိုင်းလိုလိုက အလွန်ငွေကုန်ကြေးကျ သက် သာစွာဖြင့် အတိုင်းအတာတစ်ခုအထိ လက်တွေ့ကျင့်သုံးနိုင်သော သတင်း အချက်အလက်များ ဖြစ်ပါသည်။ ။

“ဘဝအတွက် အချက်အလက်များ” စာအုပ်ကို UNICEF, WHO, UNESCO နှင့် UNFPA တို့မှ ကမ္ဘာပေါ်တွင် လူသိအများဆုံး ကလေသူငယ်ဆိုင်ရာ အေဂျင်စီ ၁၆၀ တို့၏ ပူးပေါင်းပါဝင်မှုဖြင့် ထုတ်ဝေခြင်း ဖြစ်ပါသည်။

ဤပြုပြင်မွမ်းမံထားသော ထုတ်ဝေမှုတွင် လွန်ခဲ့သော သုံးနှစ်အတွင်း က အသုံးပြုသူများ၏ သဘောထားမှတ်ချက် အမြောက်အမြားကို ထည့် သွင်းစဉ်းစားထားပါသည်။ ထို့ပြင် အေအိုင်ဒီအက်(စ်) အပါအဝင် ဘာသာ ရပ် နယ်ပယ်အသီးသီးမှခေတ် လတ်တလောအကျဆုံးဖြစ်သော သုတေသန တွေ့ရှိချက်များကိုလည်း သေသေချာချာ သုံးသပ်ထားပါသည်။ | နိုင်ငံပေါင်းများစွာမှ မေတ္တာရပ်ခံချက်များကို တုံ့ပြန်သည့်အနေဖြင့် ကလေးများ၏ စိတ်ပိုင်းနှင့် ခံစားမှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှင့်ပတ်သက်၍ အခန်းတစ်ခန်း ဖြည့်စွက်ထားပါသည်။

ဆက်သွယ်ရေးဆောင်ရွက်သူများ

ဖွံ့ဖြိုးဆဲကမ္ဘာတွင် အပတ်စဉ် ကလေးပေါင်း တစ်သန်း၏ လေးပုံ တစ်ပုံမှာ သေဆုံးနေကြပါသည်။ သန်းပေါင်းများစွာသော ကလေးများ သည် မကောင်းသော ကျန်းမာရေးနှင့် ချို့တဲ့သော ကြီးထွားဖွံ့ဖြိုးမှုတို့ဖြင့် အသက်ရှင်နေကြရပါသည်။

ဤပူပင်သောက၏ အရင်းခံအကြောင်းအရပ်မှာ ဆင်းရဲမွဲတေမှု ဖြစ်ပါ သည်။ အခြားသော အရင်းခံအကြောင်းရပ်မှာ ကလေးများ၏ ကျန်းမာရေး နှင့် ကြီးထွားဖွံ့ဖြိုးမှုကို အကာအကွယ်ပေးသော ယနေ့ခေတ် အသိပညာအား လူအများစု သိရှိရန် မပို့ ဆောင်ရသေးသောကြောင့် ဖြစ်ပါသည်။

“ဘဝအတွက် အချက်အလက်များ”က ဤအသိပညာများ ပို၍ ကျယ် ကျယ်ပြန့်ပြန့် ရောက်ရှိစေရန် အကူအညီပေးပါသည်။

သို့ရာတွင် အတွေ့အကြုံများအရ ယုံကြည်စိတ်ချရသော အရင်းအမြစ် များမှ နှစ်ပေါင်းများစွာ ကြာအောင် သတင်းစကား အသစ်များကို မကြာ ခဏဆိုသလို ထပ်တလဲလဲ ထုတ်ပြန်မှသာ မိသားစုတိုင်းနှင့် လူ့အဖွဲ့ အစည်း တိုင်းသို့ ကျန်းမာရေးသတင်းအချက်အလက်များ ပို့ဆောင်ရာတွင် အောင် မြင်နိုင်ပါသည်။ )

“ဘဝအတွက် အချက်အလက်များ”က အောက်ဖော်ပြပါတို့အား ရေရှည် ဆက်သွယ်ဆောင်ရွက်ရေးကို စိန်ခေါ်မှုတစ်ရပ်အဖြစ် ထုတ်ပြန်လိုက်ပါ သည်။

* နိုင်ငံအကြီးကဲများနှင့် နိုင်ငံရေးခေါင်းဆောင်များ

* ပညာရေးစနစ်နှင့် သင်ကြားမှုအသက်မွေးဝမ်းကျောင်း

* ဆေးပညာအသက်မွေးဝမ်းကျောင်းနှင့် ကျန်းမာရေးဝန်ဆောင်မှု

* ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာနှင့် မဂ္ဂဇင်းလောကအတွင်း မီဒီယာအသက်မွေးဝမ်းကျောင်းပြုသူများ

* ဘာသာရေးနှင့် ဝိညာဉ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များ

* အလုပ်ရှင်များနှင့် လုပ်ငန်းအဖွဲ့ အစည်း

* ကုန်သွယ်ရေး ယူနီယံနှင့် သမဝါယမခေါင်းဆောင်များ

* လူထုကျန်းမာရေးလုပ်သားများ၊ သူနာပြုများနှင့် သားဖွားဆရာမများ

* တည်ဆောက်ရေးလုပ်သားများနှင့် စေတနာ့ဝန်ထမ်းအေဂျင်စီများ

* အမျိုးသမီးအဖွဲ့ အစည်းများ

* လူငယ် အဖွဲ့ အစည်းများ

* လူထုအဖွဲ့ အစည်းများနှင့် တိုင်းရင်းသားခေါင်းဆောင်များ

* ပြည်ထောင်စုနှင့် ဒေသဆိုင်ရာ အစိုးရဌာနများအားလုံး

* ပန်းချီဆရာများ၊ စာရေးဆရာများ၊ ဖျော်ဖြေသူများနှင့် အားကစားမောင်မယ်များ။

အားလုံးပေါင်းခြုံဆိုရလျှင် “ဘဝအတွက် အချက်အလက်များ” သည်အားလုံးတွင် အကြီးမားဆုံး ဆက်သွယ်ဆောင်ရွက်မှု၊ စိန်ခေါ်မှုကို ရင်ဆိုင် ရန် ကူညီနိုင်သူအားလုံးအတွက် ဖြစ်ပါသည်။ ယနေ့ အသိပညာကို ယနေ့ ကလေးများနှင့် အနာဂတ်ကမ္ဘာကို ကာကွယ်ရန် မိသားစုများအား စွမ်းအင် မြှင့်တင်ရန် စိန်ခေါ်မှုဖြစ်ပါသည်။

လက်စွဲစာအုပ်အဖြစ် အသုံးပြုနည်း

“ဘဝအတွက် အချက်အလက်များ” စာအုပ်သည် မရှိမဖြစ် လိုအပ်နေ သော ကလေးကျန်းမာရေးဆိုင်ရာ သတင်းစကားများကို မိသားစုတိုင်းသို့ ဆက်သွယ်ပို့ဆောင်ပေးနိုင်သည့် လူများအတွက်ဖြစ်ပါသည်။

ထို့ကြောင့် ဤစာအုပ်ငယ်သည် ဆက်သွယ်ဆောင်ရွက်သူ အမျိုးအစား အားလုံးအတွက် ဆွေးနွေးမှုများ၏ စတင်ဆောင်ရွက်ရမည့် နေရာဖြစ်ပါ သည်။ ဤနည်းမှာ အမျိုးအစားအားဖြင့် ကျယ်ပြန့်သော လူတစ်ဦးချင်းစီ နှင့် အဖွဲ့ အစည်းများအား သူတို့၏ ဆက်သွယ်ဆောင်ရွက်မှု အရင်းအမြစ် များနှင့် ကျွမ်းကျင်မှုကို အသုံးချကာ ကလေးကျန်းမာရေး မြှင့်တင်ရာတွင် စတင်ပါဝင်လာရန် ဖိတ်ခေါ်သောနည်းလမ်း ဖြစ်ပေသည်။

ဤစာအုပ်ငယ်သည် ထိုစိန်ခေါ်မှုကို ခိုင်မာစေပြီး၊ ဆက်သွယ်နိုင်စရာ ဖြစ်အောင် လုပ်ဆောင်သော နည်းတစ်ခုလည်း ဖြစ်ပေသည်။

* ဘဝအတွက် အချက်အလက်များ” ကို အသုံးပြုခြင်းအားဖြင့် လူထု မီဒီယာပိုင်ရှင်များနှင့် အယ်ဒီတာများက သူတို့၏စာဖတ်သူများ၊ သောတရှင် များနှင့် ကြည့်ရှုသူများထံ အရေးပါသော ကလေးကျန်းမာရေးသတင်းစကား များ မြှင့်တင်ရန် ရေရှည်တာဝန်ယူနိုင်ပေမည်။

* ပညာရေးဝန်ကြီးဌာနများ၊ ကျောင်းများနှင့် ဆရာအတတ်သင် ကောလိပ်မှ ကျောင်းအုပ်ကြီးများ၊ ဆရာများနှင့် သင်ကြားရေးယူနီယံများအား အရေးကြီးသော တာဝန်တွင် ပူးပေါင်းပါဝင်ရန် တိုက်တွန်းနိုင်ပေသည်။ သို့မှသာ ကလေးများ၏ ကြီးထွားမှုနှင့် အသက်ကို ကာကွယ်သော ယနေ့ ခေတ်နည်းလမ်းများအကြောင်း အသိပညာမပါဘဲ မည်သည့်ကလေးမှ ကျောင်းကို စွန့်ခွာသွားမည်မဟုတ်ချေ။

* ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ အလုပ်ရှင်များ၊ ကုန်သွယ်ရေးယူနီယံများနှင့် ကျန်းမာရေးဝန်ထမ်းများအား သူတို့၏ လူစု လူဝေးများ၊ မဲဆန္ဒရှင်များ၊ ဖောက်သည်များ၊ အမှုထမ်းများ၊ အဖွဲ့ဝင်များနှင့် အမှုသည်များထံ အခွင့်အရေးရှိသည့် အခါတိုင်းတွင် “ဘဝအတွက် သတင်းအချက်အလက်များ” မှ သတင်းစကားများကို မြှင့်တင်ဆောင်ရွက်ရန် တိုက်တွန်းနိုင်ပါသည်။ ။

“ဘဝအတွက် အချက်အလက်များ” အသုံးပြုသူတိုင်းမှာ တူညီသော စိန်ခေါ်မှုနှင့် ရင်ဆိုင်ရပေမည်။ ထိုစာအုပ်မှ အသိပညာကို အလိုအပ်ဆုံး လူများထံ မည်ကဲ့သို့ရောက်ရှိနိုင်မည်နည်း။ ထို့ပြင် ထိုအသိပညာကို လက် တွေ့ ကျင့်သုံးနိုင်အောင် ကူညီရန် မည်ကဲ့သို့ ပို့ဆောင်ပေးသင့်သနည်း။

ဘဝအတွက် အချက်အလက်များ” တွင် ပါဝင်သော သတင်းစကား အမျိုးအစားမှာ သူ၏ ကလေးများကျန်းမာရေးနှင့် ဖွံ့ဖြိုးမှုရှိရန် မိဘများ၏ ကြိုးပမ်းမှုကို အဆုံးအဖြတ်ပေးသော အင်အားများထဲမှ တစ်ခုဖြစ်ပါသည်။ အခြားစွမ်းအားရှိသော လွှမ်းမိုးမှုများတွင် လူမှုရေးစံနှုန်းများနှင့် ဖိအားများ၊ တစ်ဦးချင်းယုံကြည်မှုနှင့် ခံယူချက်၊ လိုအပ်နေသော အရင်းအမြစ်များနှင့် အထောက်အပံ့များ ရရှိနိုင်မှုများ ပါဝင်ပါသည်။

ထို့ကြောင့် ဘဝအတွက် အချက်အလက်များကို သူတို့၏ မဲဆန္ဒနယ် များသို့ ယူဆောင်လာသူတို့မှာ စာအုပ်တွင်ပါဝင်သော သတင်းစကားများ ကို အနာရောဂါ၊ အာဟာရချို့တဲ့မှုနှင့် ဆင်းရဲမွဲတေမှုတို့အား ထိပ်တိုက်ရင် ဆိုင်နေရသော လူများ၏ နေ့စဉ်ဘဝနှင့် ချိတ်ဆက်ပေးရန် ကြိုးပမ်းနေခြင်း ဖြစ်ပါသည်။

ဤလုပ်ငန်းစဉ်က ဂုဏ်သိက္ခာနှင့် မိမိကိုယ်မိမိ အားကိုးမှုအတွက် ရုန်းကန်နေသည်ဟု ထုတ်ဖော်ဝန်ခံသူများအကြားတွင် အထိရောက်ဆုံး ကျင့်သုံးသူများကို တွေ့ရှိရပါသည်။ ပို့ဆောင်ပေးသော အသိပညာအားလက်ခံပြီး ကျင့်သုံးလျှင် လုပ်ငန်းစဉ်မှာ အကောင်းဆုံး အောင်မြင်ပါသည်။

ထိုအရာသည် “ဘဝအတွက်အချက်အလက်များ” လက်စွဲစာအုပ်က ညွှန်ပြသော စိန်ခေါ်မှုဖြစ်ပါသည်။

ဤစာအုပ်ငယ်က အောက်ဖော်ပြပါကဲ့သို့သော မေးခွန်းများ တွေ့မြင် ပါသည်။

* 'ဘဝအတွက်အချက်အလက်များ”ကို နိုင်ငံတွင်အသုံးပြုရန် မည်သို့ ပြင်ဆင်ရမည်နည်း။

* “ဘဝအတွက် အချက်အလက်များ” ကို အသုံးပြုရန် မည်ကဲ့သို့ မဟာမိတ်များ တည်ဆောက်ရမည်နည်း။

* 'ဘဝအတွက် အချက်အလက်များ”တွင် ပါဝင်သော အသိပညာများ ကို အခြေခံလူတန်းစားထံသို့ ထိရောက်စွာ ပေးပို့နိုင်မည်နည်း။

လတ်တလောနှစ်များအတွင်း ကမ္ဘာနှင့်အဝန်း အတွေ့အကြုံများမှ ကောက်ချက်ဆွဲရလျှင် `ဘဝအတွက် အချက်အလက်များ” အသုံးပြုခြင်းကို ပြောင်းလဲမှုတစ်ခု ပြုလုပ်သည်ဟု ဆုံးဖြတ်နိုင်အောင် ပါဝင်သည့် နည်း ဗျူဟာများနှင့် လုပ်ဆောင်ချက်များကို ရှင်းလင်းဖော်ပြမည် ဖြစ်ပါသည်။