အိမ်ကြီးမောင် - အောင်မြင်ချင်တယ်ဆိုတာသေချာလား
အောင်မြင်တဲ့ စီးပွားရေးသမားဖြစ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အရည်အသွေး ၁၀ ခု
သင်ဟာ လုပ်ငန်းရှင်ပေါက်စဖြစ်စေ၊ လုပ်ငန်းကြီးတစ်ခုကို ဦးဆောင်နေသူဖြစ်စေ သင့်အနေနဲ့ ကိုယ့်အဖွဲ့အစည်းကို ဘယ်လို ဆောင်ရမယ်ဆိုတာ သိဖို့လိုပါတယ်။
သူဌေးကြီးတစ်ယောက်ဖြစ်မှာလား၊ ဒါမှမဟုတ် သူဌေး တစ်ယောက်စီကို အစီရင်ခံစာတင်ရတဲ့သူ ဖြစ်မလားဆိုတာ အောက်ပါ အရည်အသွေး ၁ဝ ခုနဲ့ တိုက်စစ်လိုက်ရအောင်။
(၁) ဇွဲလုံ့လရှိမှု
၁၈၉၀ ခုနှစ်မှာ ဟင်နရီဖို့ဒ်က စက်ဘီးရဲ့ ဘီးလေးဘီးပေါ်မှာ ကိုယ်ထည်တစ်ခုတပ်ဆင်ထားပြီး အီသနောအင်ဂျင်နဲ့ မောင်းနှင်နိုင်တဲ့ ဖို့ဒ်ကွာဒရာဆိုင်ကယ်ဆိုတဲ့ ယာဉ်တစ်ခုကို စတင်တီထွင်ခဲ့ပါတယ်။ မအောင်မြင်ခဲ့ပါဘူး။ နောက်လေးနှစ်ကြာတဲ့အခါမှာတော့ သူဟာ ဖို့ဒ် မော်တော်ကား ကုမ္ပဏီကို တည်ထောင်ပြီး Model Tကားအမျိုးအစား ကို စတင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒါနဲ့ပဲ သူဟာ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် ဖြစ်ခဲ့တယ်။
(၂) ဝေဖန်ရှုတ်ချမှုတွေကို လျစ်လျူရှုနိုင်လောက်တဲ့ အရေထူမှု
ကန်းဆက်စီးတီးစတားက အယ်ဒီတာတစ်ဦးက ဝေါ့ဒစ္စနီကို စိတ်ကူးသစ်၊ အတွေးသစ်မရှိဘူးလို့ ပြောခဲ့ဖူးတယ်။ ဒါပေမဲ့ သူဟာ အဲဒီ စကားလုံးတွေကို နားဝင်မခံခဲ့ဘူး။ ဒီလိုနဲ့ သူဟာ မီကီမောက်စ်လို ဇာတ်ရုပ်တွေကို တီထွင်ခဲ့တဲ့အပြင် အကယ်ဒမီဆု ၂၂ ဆု ရခဲ့ပြီး ကာတွန်းရုပ်ရှင်လောကရဲ့ အအောင်မြင်ဆုံးသော ဒါရိုက်တာ ဖြစ်ခဲ့ပါ တယ်။
ဒီနေ့ အချိန်မှာတော့ ဝေါ့ဒစ္စနီလို့ပြောလိုက်ရင် ဘာဆိုတာ တစ်ကမ္ဘာလုံးက မသိသူ မရှိသလောက်ဖြစ်ပြီး စိတ်ကူးသစ်၊ အတွေး သစ်၊ ဆန်းသစ်မှုရဲ့ ပြယုဂ်တစ်ခုလို ဖြစ်နေပါပြီ။
(၃) အစွမ်းအစရှိသူကို မြင်နိုင်စွမ်း ရှိသည် ။
ကိုယ့်လုပ်ငန်းကို သူများတွေနဲ့မတူအောင် လုပ်ချင်ရင် ကိုယ့်အနီး အပါးမှာ စိတ်ကူးစိတ်သန်းကောင်းပြီး၊ အစွမ်းအစရှိသူတွေနဲ့ ဝန်းရံထား နိုင်ဖို့ လိုပါတယ်။ နာမည်ကျော် Apple ကုမ္ပဏီရဲ့ CEO ဖြစ်သူ Stevejobsဟာ အခါမလပ် ဝန်ထမ်းကောင်းရှာတတ်တယ်လို့ ဆိုပါ တယ်။
သူဟာ တက္ကသိုလ်တွေက ဖိတ်ခေါ်လို့ ဟောပြောပွဲတွေကို သွား တဲ့အခါမှာတောင် ဘယ်သူဟာ သူ့အတွက် ဝန်ထမ်းကောင်းဖြစ်လာနိုင် မလဲလို့ စနည်းနာလေ့ရှိပါတယ်။ သူ့တစ်သက်မှာ အလုပ်လျှောက်သူ ၅,ဝဝဝ လောက်ကို ကိုယ်တိုင်အင်တာဗျူးလုပ်ခဲ့ပြီး သူ့အဖွဲ့ထဲပါတဲ့သူ မှန်သမျှ ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ခဲ့သူဖြစ်တယ်။
(၄) အလုပ်နဲ့ပတ်သက်လို့ မတင်းတိမ်တတ်တဲ့စိတ်
Google, Yahoo, Facebook တို့အားလုံးမှာ ဘုံတူညီတာ ဘာရှိသလဲ။ သူတို့ သုံးခုစလုံးဟာ တက္ကသိုလ်ကျောင်းဆောင်လေးထဲက နေ အစပြုခဲ့တာဖြစ်တယ်။ အများက လေးစားလောက်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးများဟာ အလုပ်နဲ့ပတ်သက်ရင် ကျေနပ်တင်းတိမ်နိုင်စွမ်း နည်းပါးသူများ ဖြစ်ကြပြီး လုပ်ငန်းတိုးတက်အောင် ဘာလုပ်ရမလဲဆို တာကို အမြဲလို တွေးတောလုပ်ဆောင်တတ်ကြတယ်။
(၅) ကြောက်စိတ်ကင်းခြင်း ၊
ကုမ္ပဏီပေါင်း ၄ဝဝ ကျော် စုစည်းထားတဲ့ Virgin အုပ်စု တည် ထောင်သူ ရစ်ချတ်ဘရွန်ဆန် ငယ်စဉ်က မိသားစုအပျော်ခရီးတစ်ခုမှာ အဒေါ်ဖြစ်သူက သူနဲ့ အလောင်းအစားတစ်ခု လုပ်ပါတယ်။ သူဟာ အဲဒီခရီးစဉ် မပြီးဆုံးမီ ရေကူးတတ်ရမှာ ဖြစ်တယ်။
ခရီးတစ်ခုလုံး ရေကောင်းကောင်း မကူးတတ်ခဲ့ဘူး။ အိမ်အပြန် လမ်းက မြစ်တစ်ခုနားအရောက်မှာ သူ့အဖေကို ရုတ်တရက်ကားရပ်ခိုင်း၊ မြစ်ထဲခုန်ချ၊ စွတ်ရွတ်ကူးပြီးတော့ အဲဒီပွဲကို အနိုင်ယူခဲ့တယ်။ အိမ်ပြန် ရောက်ရင် သူ ရှုံးတော့မှာဖြစ်တဲ့အတွက် အကြောက်တရားကို ဘေးဖယ် ပြီး မြစ်ထဲခုန်ချခဲ့တာပဲ ဖြစ်ပါတယ်။
သူဟာ စီးပွားရေးမှာ စွန့်စားလုပ်ကိုင်ခြင်းကို ယုံကြည်သူ၊ ကိုယ်နဲ့ ယဉ်ပါးပြီးသား ဧရိယာတွေမှာပဲ ကျင်လည်ရတာကို မနှစ်သက်တဲ့သူ ဖြစ်ပါတယ်။
“လမ်းလျှောက်တတ်လာတာဟာ လဲကျလိုက်၊ ပြန်ထလိုက်နဲ့ သင်ယူရင်း တတ်လာတာဗျ။ စည်းကမ်းတွေကိုလိုက်နာပြီး တတ်လာတာ မဟုတ်ဘူး” လို့ သူက ပြောပါတယ်။
(၆) အမှား ဝန်ခံခြင်း
Amazon က ခွင့်ပြုချက်မရဘဲ Kindle Store ထဲရောက်နေတဲ့ Animal Farms နဲ့ ၁၉၈၄ ဝတ္ထုတွေကို Kindle Fire အသုံးပြုသူတွေထံ အသိမပေးဘဲ ဖျက်ပစ်ခဲ့တယ်။ အဲဒီလုပ်ရပ်က အသုံးပြုသူ တော်တော် များများကို ဒေါသဖြစ်စေခဲ့ပါတယ်။
အဲဒီနောက် Amazonက သူတို့ရဲ့ အမှားကို ထုတ်ပြန်ချက်နဲ့တကွ CEO ဂျက်ဖ်ဘေဇုစ်က သူတို့ ကုမ္ပဏီရဲ့ ပြဿနာဖြေရှင်းနည်းဟာ ညံ့ဖျင်းခဲ့ကြောင်း၊ တစ်ဖက်သတ်ဆန်ကြောင်းနဲ့ ကုမ္ပဏီရဲ့ ကျင့်ဝတ် တန်ဖိုးများနဲ့ မကိုက်ညီပါကြောင်း တရားဝင် တောင်းပန်ခဲ့ပါတယ်။
(၇) မာရေကျောရေရှိခြင်း
စီးပွားရေးလောကထဲမှာ အရှေ့က ပြေးနေချင်တယ်ဆိုရင် ကိုယ့် ရပ်တည်ချက်နဲ့ကိုယ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရမှာ ဖြစ်ပါတယ်။
“တစ်စုံတစ်ယောက်က ခင်ဗျားနားရွက်ကို တံတွေးလာဆွတ်ရင် ထချပစ်လိုက်ပါ။ ရက်စက်ပစ်လိုက်ပါ။ အမောက်ထောင်ပြလိုက်ပါ” လို့ Donald Trump က ပြောပါတယ်။
“စီးပွားရေးလောကဆိုတာ လျင်သူစားကြေးဗျ။ မကြာမကြာ တံတောင်တွေ ဘာတွေ သုံးတတ်ရတယ်” လို့ Michael Bloomberg ကလည်း ပြောပါတယ်။
(၈) မိတ်သင်္ဂဟပေါများမှုနဲ့ လွှမ်းမိုးနိုင်မှု
ဒါပေမဲ့ အပေါ်မှာပြောခဲ့တဲ့ မာရေကျောရေရှိမှုကို လိုအပ်မှပြပါ။ သာမန်အားဖြင့် လူတွေဟာ ကိုယ်နဲ့ အလွမ်းသင့်တဲ့သူတွေ အတွက်သာ ကောင်းကောင်းမွန်မွန် လုပ်ကိုင်ပေးချင်စိတ် ရှိတာပါ။
“လူအများနဲ့ အဆင်ပြေချောမွေ့အောင် ဆက်ဆံတတ်တဲ့ အရည်အချင်းကို ကော်ဖီတို့၊ သကြားတို့လို ဝယ်ယူလို့ရမယ်ဆိုရင် လောကကြီးထဲက ရှိသမျှအားလုံးထက် အဲဒီအရည်အချင်းကို ဈေးပိုပေးဝယ်မယ်ဗျာ”လို့
John D Rockfeller က ပြောခဲ့ဖူးတယ်။
(၈) မိတ်သင်္ဂဟပေါများမှုနဲ့ လွှမ်းမိုးနိုင်မှု
ဒါပေမဲ့ အပေါ်မှာပြောခဲ့တဲ့ မာရေကျောရေရှိမှုကို လိုအပ်မှပြပါ။ သာမန်အားဖြင့် လူတွေဟာ ကိုယ်နဲ့ အလွမ်းသင့်တဲ့သူတွေ အတွက်သာ ကောင်းကောင်းမွန်မွန် လုပ်ကိုင်ပေးချင်စိတ် ရှိတာပါ။
“လူအများနဲ့ အဆင်ပြေချောမွေ့အောင် ဆက်ဆံတတ်တဲ့ အရည်အချင်းကို ကော်ဖီတို့၊ သကြားတို့လို ဝယ်ယူလို့ရမယ်ဆိုရင် လောကကြီးထဲက ရှိသမျှအားလုံးထက် အဲဒီအရည်အချင်းကို ဈေးပိုပေးဝယ်မယ်ဗျာ”လို့
John D Rockfeller က ပြေခဲ့ဖူးတယ်။
(၉) အမြင်ပြတ်သားမှု
အရာအားလုံးဟာ စိတ်ကူးက စတင်တာပါ။ Howard Schultz က တစ်ကမ္ဘာလုံးမှာ ဘရန်းတစ်ခုတည်းနဲ့ ကော်ဖီဆိုင်တွေဖွင့်ဖို့ စိတ်ကူး တစ်ခု ရှိခဲ့ပါတယ်။ နောက်တော့ အဲဒီစိတ်ကူးကို လက်တွေ့ အကောင် အထည်ဖော်ပြီး Starbucks ကို တည်ထောင်လိုက်တယ်။
“ခင်ဗျားဟာ စွန့်ဦးတီထွင်သူတစ်ဦးဖြစ်ချင်ရင် ကြီးကြီးကျယ်ကျယ် တွေးရမယ်၊ အဲဒီနောက်ကိုလည်း ပိုပြီးကြီးကျယ်တဲ့ ရည်မှန်းချက်တွေချပါ၊ သူများမမြင်တာကို ကိုယ်ကမြင်ပြီး အဲဒီအမြင်ကို အကောင်အထည် ဖော်နိုင်ဖို့ပါပဲ” လို့ ပြောခဲ့ပါတယ်။
(၁၀) စိတ်ဓာတ်ပြင်းပြမှု
ခေါင်းဆောင်ကောင်းတစ်ယောက်ဟာ ဘာပဲလုပ်လုပ် စိတ်အား ထက်သန်မှုအပြည့်နဲ့ လုပ်ပါတယ်။ စိတ်ဓာတ်ပြင်းပြမှုနဲ့ စိတ်အား ထက်သန်မှုဟာ အရေးအကြီးဆုံးပါ။ ဒါနဲ့ပတ်သက်လို့ Steve jobs က အခုလိုပြောဖူးပါတယ်။
“ခင်ဗျားဟာ စိတ်ကူးတစ်ခုနဲ့ လောင်ကျွမ်းနေရမယ်၊ ပြဿနာတစ်ခု၊ အမှားတစ်ခုကို အမှန်ဖြစ်အောင်လုပ်ချင်တဲ့ ဆန္ဒတွေနဲ့ တောက်လောင်နေတာ မျိုးပေါ့။ အစကတည်းက စိတ်အားထက်သန်မှုမရှိရင် သူများထက် ထူးမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
Oprah Winfrey ကလည်း “ရမ္မက်တစ်ခုလို စိတ်အားထက်သန်တာဟာ စွမ်းအင်ဖြစ်တယ်၊ ကိုယ့်စိတ်ကို နှိုးဆွနိုင်တဲ့အရာကို လုပ်လိုက်လို့ ဖြစ်လာတဲ့စွမ်းအားကို ခံစားကြည့်ပါ”လို့ ပြောပါတယ်။