Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

အိမ်ကြီးမောင် - လူမှုကွန်ယက်ဆိုင်ရာဆောင်ရန်ရှောင်ရန်များ

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out
Type

Social Media ဆိုတာ ဘာလဲ...

Digital Marketing လုပ်ချင်တယ်ဆိုရင် Social Media တွေကို မဖြစ်မနေ အသုံးပြုဖို့ လိုပါတယ်။ Social Media ဆိုတာ ဘာလဲ။ Social Media ကြောင့်ဖြစ်လာတဲ့ ဆိုးကျိုးများ၊ Social Media ကြောင့်ဖြစ်လာတဲ့ ကောင်းတဲ့အပြောင်းအလဲများ စတာတွေကို တင်ပြပါမယ်။

Social Media ဆိုတာ ဘာလဲ... ။

Social Media ဆိုတာကတော့ Internet အကူအညီဖြင့် Video, Files, Document, Photos အစရှိတာတွေကို Share လုပ်လို့ရတဲ့ Website or Application တွေပဲ ဖြစ်ပါတယ်။ Content တွေကို တစ်နေရာမှ တစ်နေရာသို့ အလွယ်တကူ သယ်ယူပို့ဆောင် လွှဲပြောင်းနိုင်အောင် လုပ်ဆောင်ပေးပါတယ်။ Social Media တွေက တစ်နေ့ပြီးတစ်နေ့ ပိုပို အရေအတွက်များလာပြီး သူတို့ရဲ့ Features တွေလည်း အမြဲအသစ်တွေ ထွက်ကြပါတယ်။

လက်ရှိကမ္ဘာမှာတော့ နာမည်ကြီးတဲ့ Social Mediaပေါင်း ၆၀ ကျော် ရှိပါတယ် ၊ပြီးရင် Social Media အသုံးပြုသူပေါင်း 4 billion (2018) ရှိပါတယ်။ အဲဒီထဲက Facebook ကတော့ လူသုံးအများဆုံး Social Media ဖြစ်ပြီး အသုံးပြုသူပေါင်း 2 billion ရှိပါတယ်။

Social Mediaက လူနေမှုစနစ်ကို အလွန်ပြောင်းလဲစေတဲ့ သက် ရောက်မှုရှိပါတယ်။ ကောင်းတဲ့သက်ရောက်မှု ရှိသလို ဆိုးတဲ့သက် ရောက်မှုတွေလည်း ရှိပါတယ်။ အသုံးပြုတတ်သူတွေအတွက်တော့ Social Media တွေက ကောင်းပေမဲ့ အသုံးမပြုတတ်သူတွေအတွက်တော့ Social Media က ကျန်းမာရေးမှအစ ထိခိုက်မှုရှိပါတယ်။ စီးပွားရေးမှာလည်း ပြောင်းလဲမှုတွေ လုပ်ဆောင်ပေးပါတယ်။ ။

ဖုန်းတွေပေါ်မှာ လူတွေ တစ်နေ့ကို ပျမ်းမျှအနည်းဆုံး သုံးနာရီ လောက် Social Media ကို အသုံးပြုပါတယ်။ ဒါကြောင့် Social Media မပေါ်ခင်မှာ လူတစ်ယောက်အတွက် အရေးကြီးဆုံးဖြစ်တဲ့ Bank account ပျောက်တာကို ၁၈ နာရီအကြာမှ သတိထားမိတတ် ကြပေမဲ့ ဖုန်းပြောင်းလဲသွားတာကို ၁၃ မိနစ်လောက်အကြာမှာပဲ သတိပြု တတ်ကြပါပြီ။ ဒါကြောင့် ဖုန်းဆိုတာ လူ့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်လာပါတယ်။ အခုလို ဖြစ်လာစေတာကတော့ Social Media တွေ ကြောင့်ပဲ ဖြစ်ပါတယ်။ ။

Social Media တွေက လူနေမှုစနစ်မှာ ကောင်းတဲ့အပြောင်း အလဲကို လုပ်ဆောင်ပေးတယ်ဆိုပေမဲ့ တခြားဆိုးကျိုးတွေလည်း တွဲပါ လာကြပါတယ်။ အဓိကပြဿနာကတော့ Addiction စွဲလမ်းမှုနဲ့ Security လုံခြုံမှု ဖြစ်ပါတယ်။ ဒါတွေကတော့ Social Media တွေကို အစွပ်စွဲခံရစေတဲ့ သူတို့ရင်ဆိုင်နေရတဲ့ အကြီးဆုံးပြဿနာတွေပဲ ဖြစ်ပါ တယ်။

Addiction ကတော့ လူတွေရဲ့ ပညာမဲ့၊ ဆင်ခြင်မဲ့ Social Media တွေကို အသုံးပြုကြတာကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ Social Media ကုမ္ပဏီတွေကလည်း လူတွေက Addictionဖြစ်လောက်စရာ Emotion တွေကို ကစားကြလို့ပဲ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ Security ပါ။ ဒါကတော့ Social Media နဲ့ Hackers တွေကြားမှာ အဓိကတွေ့ရတဲ့ ပြဿနာဆိုပေမဲ့ Personal Account တွေကိုပါ ထိခိုက်ပါတယ်။ အထူးသဖြင့် Social Media ဆိုတာ နာမည်ကြီးလူသိများသူတွေကို တိုက်ခိုက်ဖို့ အဓိက လက်နက်တစ်ခု ဖြစ်လာပါတယ်။ သရုပ်ဆောင် အဆိုတော်တွေအတွက် Social Media တွေက ပရိသတ်နဲ့ဆက်ဆံဖို့ ဖြစ်လာသလို သူတို့ကို ပြန်တိုက်ခိုက်ဖို့ အဓိက နေရာတစ်ခုလည်း ဖြစ်လာပါတယ်။

ကောင်းကျိုးနဲ့ဆိုးကျိုးဆိုတာက အမြဲဒွန်တွဲပါလာတတ်ပါတယ်။ Social Media မှာ ကောင်းကျိုးတွေလည်း ရှိပါတယ်။ Branding ဆိုတာ စီးပွားရေးလုပ်ရာမှာ အရေးကြီးပါတယ်။ Business Games မှာ အကောင်းဆုံး Branding ကအနိုင်ရပါတယ်။ Social Media က သင့်ကို Brandingလုပ်ရာမှာ အကောင်းဆုံး ကူညီပေးနိုင်ပါတယ်။

ဒီခေတ်မှာ လူတွေက ကိုယ့်ပတ်ဝန်းကျင်ကို ကြည့်တာထက် ကိုယ့်ဖုန်းကိုကြည့်ပြီး သွားတတ်ကြပါတယ်။ ဒီတော့ Marketer တစ်ယောက်ဟာ Customersရှိတဲ့နေရာကို နောက်ကလိုက်ပေးဖို့ လိုပါတယ်။ သူတို့မျက်နှာက Phones, Social Media မှာဆိုတော့ Marketer တွေက အပြင် Billboard Advertising တွေ Out door Advertisement တွေကိုပဲ ဂရုစိုက်နေလို့ မရတော့ပါဘူး။ Customers တွေ အများဆုံး တစိုက်မတ်မတ် ကြည့်နေတဲ့ Social Media မှာ မိမိကုန်အမှတ်တံဆိပ်ကို သတိထားမိလာစေဖို့ လုပ်ဆောင်ကြပါတယ်။

Branding ကို Facebook Page တွေ Instagram တွေကလုပ်ပေးလို့ ရပါတယ်။ Facebook Pageလုပ်ပြီး Advetising လုပ်ပေး လိုက်နိုင်ရင် လွယ်လွယ်လေးနဲ့အချိန်တိုအတွင်းမှာ Branding Awareness ကို တည်ဆောက်လို့ရပါတယ်။ Social Media တွေက Data ကုမ္ပဏီတွေ ဖြစ်တဲ့အတွက် သူ့ Social Media အသုံးပြုသူတွေ အကြောင်းကို သူတို့ ကောင်းကောင်းသိတာကြောင့် Target Audienceလုပ်တာ အရမ်းအကျိုးရှိပါတယ်။ တကယ်လည်း ကိုယ်လိုချင်တဲ့ Customers တွေကို ရစေပါတယ်။

Social Media မှာ Marketing Area ဒါမှမဟုတ် Field က ကန့်သတ်မထားပါဘူး။ Facebook မှာရှိတဲ့ ဖုန်းကို ကြိုက်တဲ့သူတိုင်း က ဖုန်းကုမ္ပဏီတွေအတွက် Customers တွေပါ။ နိုင်ငံ Limited မထားပါဘူး။ ကိုယ်ကြိုက်တဲ့နိုင်ငံကို Targetလုပ်လို့ရပါတယ်။ ရန်ကုန် မြို့တွင်းမှာ ရှိတဲ့သူတွေကပဲ သင့် Productကို ဝယ်မယ့် Customersတွေ မဟုတ်တော့ပါဘူး။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ Facebook ကို အသုံးပြုသူတိုင်းက သင့် Customers တွေ ဖြစ်လာနိုင်ပါတယ်။ သူတို့ကို ဆက်သွယ်ဖို့ Facebookကို တစ်ခါတည်း အသုံးပြုလို့ ရပါ တယ်။ သင့် Productကို Delivery လုပ်ပေးဖို့တော့ လိုပါတယ်။

အသုံးပြုချိန်ကိုလည်း အချိန်ကန့်သတ်မထားပါဘူး။ သင့်ဆိုင်ကို ဖွင့်လိုက်ပိတ်လိုက် လုပ်ဖို့ မလိုပါဘူး။ Websiteလေးလုပ် အမြဲ Active ပေးလိုက်ရုံပါ။ Social Mediaနဲ့ Website ကို ချိတ်ဆက်ပေးဖို့တော့ လိုပါတယ်။ Customers မှာက Website မှာ တင်ထားတဲ့ Product တွေကို ကြိုက်ရင်တော့ အချိန်မရွေး ဆက်သွယ်လာပါမယ်။ နေ့ည မရှိပါဘူး။ Auto Response လုပ်ထားပေးလို့ ရပါတယ်။

Customers တွေက အချိန်မရွေး ဆက်သွယ်လာနိုင်တဲ့အတွက်သူတို့မှာ ပြဿနာတစ်ခုခုရှိတိုင်း သိခွင့်ရပါမယ်။ အကောင်းဆုံး Productလုပ်သူနိင်သူတွေက Customers တွေရဲ့ Complain ကို အချိန်မီ အကောင်းဆုံး နားထောင်သူ၊ Customers တွေရဲ့ အခက်အခဲနဲ့ ပြဿနာကို နားလည်သူတွေပဲ ဖြစ်ပါတယ်။ Social Mediaက ဒါတွေ အတွက်ဆို ကောင်းကောင်းအလုပ်လုပ်ပါတယ်။

Facebook နဲ့ Instagram လိုပဲ အခြား Social Media တွေကလည်း သူတို့အတိုင်းအတာနဲ့သူတို့ အလုပ်ဖြစ်ကြပါတယ်။ Customers တွေကို ဆက်သွယ်ဖို့ဆိုရင် Viber, WeChat or WhatsApp စတာတွေကိုလည်း အသုံးပြုကြပါတယ်။