အိမ်ကြီးမောင် - ဘာကြောင့်ငွေရေးကြေးရေးအမှားတွေလုပ်မိကြသလဲဘယ်လိုအမှန်ပြင်မလဲ
လုပ်မိလေ့ရှိတဲ့ ငွေကြေးဆိုင်ရာအမှားများ
(၁) လိုအပ်တဲ့အခါ အသုံးပြုရန် မစုဆောင်းမိခြင်း။
ပိုက်ဆံစုတယ်ဆိုတာက ဘဝအတွက် အရေးကြီးပါတယ်။ ဒါပေမဲ့ လူငယ်လူလတ်ပိုင်းမှာ တွေးမိတာကတော့ ပိုက်ဆံစုဖို့ မလိုသေးဘူး။ ဘာလို့လည်းဆိုတော့ လူငယ်အရွယ်မှာ ကျန်းမာရေးအတွက်ဆိုလည်း မိဘက တာဝန်ယူမယ်၊ စားရေးသောက်ရေးကလည်း မိဘကျွေးတာ စားရုံပဲ၊ နောက်ဆုံး ပိုက်ဆံလိုရင်တောင် မိဘဆီ လက်ဖြန့်တောင်းလို့ ရတယ်။ အဲ့သလို အခြေအနေတွေကြောင့် လူငယ်အရွယ်ဝန်းကျင်မှာ ပိုက်ဆံစုဖို့ မလိုဘူး။ စုလည်း ဘာမှမထူးဘူးလို့ တွေးတတ်ကြပါတယ်။ လူလတ်ပိုင်းရောက်တော့လည်း သန်မာသေးတယ်၊ လုပ်နိုင်သေးတယ် လို့တွေးပြီး ငွေမစုတတ်ကြပါဘူး။ အဲ့ဒီအချိန်မှာ လုပ်ငန်းခွင်ရောက်နေပြီ ဆိုတော့ ငွေရှာတတ်နေပြီ။ အရာရာဟာ တောင့်တလိုက်တာနဲ့ အဆင် ပြေပြေ အလွယ်တကူရနေလို့ ဖြစ်ပါတယ်။
ဒါပေမဲ့ အလွယ်တကူ မရနိုင်တဲ့အရာ၊ တကယ်လည်း လိုအပ်တဲ့ အရာအတွက် စုဆောင်းထားမယ်ဆိုရင်တော့ ပိုက်ဆံစုတာဟာ အသုံးဝင် လာမှာဖြစ်ပါတယ်။
(၂) အာမခံ မထားရှိခဲ့ခြင်း
နိုင်ငံတကာမှာ အာမခံထားရှိခြင်းဟာ အရမ်းကို အရေးပါပါ တယ်။ ကျန်းမာရေးအာမခံ၊ အသက်အာမခံ၊ ကားအာမခံ၊ အိမ်အာမခံ အစုံပါပဲ။ ဘဝဆိုတာ အမြဲတစေ သင်ထင်ထားသလို ဖြစ်မလာပါဘူး။ ရံဖန်ရံခါ ဦးတည်ထားတဲ့ လမ်းကြောင်းကနေ လွဲသွေ့သွားတာကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ဖို့ အာမခံထားရှိခြင်းဟာ အရေးပါလှပါ တယ်။
(၃) ဝါသနာမပါပဲ သင်တန်းများတက်ခြင်း
ကိုယ်တကယ် မတက်ချင်ပါပဲနဲ့ မိဘတက်ခိုင်းလို့ ဖြစ်စေ၊ သူငယ်ချင်းတွေ တက်လို့ဖြစ်စေ မဆုံးနိုင်တဲ့သင်တန်းတွေ လိုက်တက် နေရတတ်ပါတယ်။ သင်တန်းက သင်ကြားတတ်မြောက်လာတာတွေနဲ့ အသက်မွေးဝမ်းကျောင်းပြုတာလည်း မဟုတ်ဘူး။ အချိန်ကုန် ငွေကုန် သွားတာပဲ အဖတ်တင်ပါတယ်။ ဒီတော့ ကိုယ်တကယ် ဝါသနာပါတဲ့ သင်တန်းတွေကိုသာ တက်သင့်ပါတယ်။
(၄) ငွေတစ်ခုတည်းအတွက် အလုပ်လုပ်ခြင်း
လုပ်ငန်းခွင်ဝင်တဲ့အခါမှာ ငွေတစ်ခုတည်းကို မကြည့်ရပါဘူး။ အတွေ့အကြုံရဖို့၊ ပညာရဖို့ကလည်း အရေးကြီးပါတယ်။ ငွေတစ်ခု တည်းပဲကြည့်ပြီး ပညာမရ၊ အတွေ့အကြုံမရတဲ့ အလုပ်တွေကို လုပ်ခဲ့မိ ရင် အလုပ်ရပ်နားခံရလို့ နောက်အလုပ် ကူးပြောင်းတဲ့အခါမှာ ဒုက္ခများ ပါလိမ့်မယ်။
ဒေါ်လာအားလုံး တပြေးညီဖန်ဆင်းထားခြင်း မဟုတ်ပါ
- - - - - - -
လက်ထပ်ပြီးကာစ ဇနီးမောင်နှံ အသစ်စက်စက်ဟာ လာ့စ်ဗီးဂတ်ကို ဟန်းနီးမွန်းထွက်ကြပါတယ်။ သုံးရက်မြောက်နေ့မှာတော့ လောင်း ကစားလုပ်ရင်း ဒေါ်လာတစ်ထောင် ရှုံးခဲ့ရပါတယ်။ အရှုံးနဲ့ပြန်လာပြီး ဟိုတယ်မှာ အိပ်ရာဝင်တော့ အံဆွဲထဲမှာ ငါးဒေါ်လာတန် အကြွေတိုကင် စေ့ကို အမှတ်မထင် တွေ့ လိုက်ရပါတယ်။ ဒီ တိုကင်အကြွေစေ့ဟာ အမှတ်တရအဖြစ် သိမ်းထားတာပါ။ အကြွေစေ့ မျက်နှာပြင်မှာ ၁၇ ဂဏန်းကိုလည်း တွေ့ရပါတယ်။ ။
ဒါကို ကံကောင်းစေတဲ့ အတိတ်နိမိတ်အဖြစ် ကောက်ယူပြီး သတို့သားဟာ ရူးလက်ကစားဝိုင်းကို ထပ်မံရောက်ခဲ့ပါတယ်။ ပြီးတော့ နံပါတ် ၁၇ မှာ ငါးဒေါ်လာတန် တိုကင်အကြွေစေ့ကို ချထိုးလိုက်ပါ တယ်။ ရူးလက်ဘောလုံးဟာ နံပါတ် ၁၇ မှာ ကျရောက်တာကြောင့် ၃၅ ဆ အလျော်ရပါတယ်။ ဒီတော့ သူ့ရဲ့ ၅ ဒေါ်လာဟာ အခုဆို ၁၇၅ ဒေါ်လာ ဖြစ်သွားပါပြီ။ သတို့သားဟာ နောက်တစ်ကြိမ်မှာလည်း အဲဒီနံပါတ် ၁၇ မှာပဲ အကုန်ချထိုးလိုက်ပြန်ပါတယ်။ ရူးလက်ဘောလုံးကလည်း နောက်တစ်ကြိမ်မှာ နံပါတ် ၁၇ ကိုပဲ ကျရောက်ပြန်ပါတယ်။ လျော်ကြေးအဖြစ် အခုဆို ဒေါ်လာ ၆,၁၂၅ ရခဲ့ပါပြီ။
ဒီလိုနဲ့ ဆတိုးပွားပြီး နံပါတ် ၁၇ မှာပဲ ထပ်တလဲလဲ အလျော်ရခဲ့ တာ စုစုပေါင်း ဒေါ်လာ ၇.၅ သန်းအထိ ဖြစ်လာပါတယ်။ လောင်းကစား ဝိုင်း မန်နေဂျာဟာ တုန်လှုပ်လာပါတော့တယ်။ ဒီလောက်ငွေပမာဏ အများကြီး အလျော်ပေးရသူ မရှိခဲ့သေးလို့ပါ။
သတို့သားဟာ ခေါင်းမာစွာနဲ့ သူယုံကြည်ထားတဲ့ ကံကောင်းစေ တဲ့ နံပါတ် ၁၇ မှာပဲ အဲဒီဒေါ်လာ ၇.၅ သန်းကို ချထိုးလိုက်ပါတယ်။ အခုတစ်ကြိမ်မှာတော့ ရူးလက်ဘောလုံးဟာ နံပါတ် ၁၇ မှာ ရပ်မလိုလို နဲ့ ဘေးက နံပါတ် ၁၈ အကွက်ထဲ ကျရောက်သွားပါတော့တယ်။
သတို့သား အနိုင်ရသမျှငွေအားလုံး ဒိုင်စားခံလိုက်ရပါပြီ။ ဒါနဲ့ပဲ သတို့သားဟာ တည်းခိုရာဟိုတယ်ကို ပြန်လာခဲ့ပါတယ်။ ဟိုတယ်ပြန် ရောက်တော့ ဇနီးအသစ်စက်စက်လေးက မေးပါတယ်။
“ရှင် ဘယ်သွားနေတာလဲ”
“ရူးလက် သွားကစားနေတာပါ”
“ဘယ်လိုနေလဲ”
“မဆိုးပါဘူး။ ၅ ဒေါ်လာပဲ ရှုံးခဲ့တယ်”
ဒီစတိုရီလေးဟာ ရူးလက်ကစားဝိုင်း ဟာသလေးတစ်ပုဒ်သာ ဖြစ်ပါတယ်။ သို့ပေမယ့် ဒီဖြစ်ရပ်နဲ့တူစွာ တချို့တွေဟာ စီးပွားရေးကို လောင်းကစားဆန်ဆန် လုပ်ကိုင်တတ်ကြပါတယ်။ ဘာကြောင့်ဆိုတော့ လောင်းကစားဝိုင်းဆိုတာ ငွေရှာရလွယ်တဲ့နေရာလို့ ထင်မှတ်နေကြတာ ကြောင့် တခြားအရာတွေကိုလည်း လောင်းကစားဝိုင်းတစ်ခုလို သဘော ထားကြခြင်း ဖြစ်ပါတယ်။
သိထားရမှာက အပြင်လက်တွေ့ စီးပွားရေးနယ်ပယ်ဆိုတာ
လောင်းကစားဝိုင်းရဲ့ သဘောသဘာဝနဲ့ လုံးဝမတူဘူးဆိုတာပါ။ လောင်းကစားဝိုင်းမှာ ကံတရားရဲ့ ဖေးမမှုကို မျှော်လင့်လို့ရပေမယ့် စီးပွား ရေးမှာတော့ မှန်ကန်တဲ့ဆုံးဖြတ်ချက် ချမှတ်နိုင်မှသာ အောင်မြင်သူ ဖြစ်ရပါလိမ့်မယ်။ ငွေကြေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်အမှားတွေ ပြုလုပ်မိရင် ရှုံးနိမ့်မှာ သေချာပါတယ်။
ဒီတော့ ဆုံးဖြတ်ချက်တွေ မှန်ကန်စေဖို့ ဘယ်လိုအကြောင်းတရား တွေကို အခြေခံရမလဲဆိုတာ ဆက်လက်တင်ပြပေးသွားပါမယ်။