Skip to product information
1 of 13

စိတ်ကူးချိုချိုစာပေ

အိမ်ကြီးမောင် - ဆွန်ဇု၏စစ်အနုပညာကိုချဥ်းကပ်ခြင်း

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out
Type

ဆွန်ဇု၏ အဆိုအမိန့်

ဆွန်ဇုက ဤသို့ဆိုခဲ့သည်။

“စစ်ဆိုတာ နိုင်ငံတိုင်းအတွက် အရေး ကြီးတဲ့ကိစ္စ၊ သေခြင်းတရားနဲ့ ရှင်သန်ခြင်းတို့ ကြားကကာလ၊ ရှင်ကျန်ရစ်ခြင်းနဲ့ သေလွန်သွား ခြင်းတို့ကြားက လမ်းခရီးတစ်ခု၊ စေ့စေ့စပ်စပ် တွေးခေါ်လုပ်ဆောင်ရမယ့် ပညာတစ်ရပ် ဖြစ် တယ်” ။

အခြေအနေတစ်ရပ်ကို စိစစ်အကဲဖြတ်နိုင်ဖို့ရာ အချက် ငါးချက် ရှိသည်။ ၎င်းတို့မှာ -

  • လမ်းစဉ်
  • ကောင်းကင်ဘုံ
  • ကမ္ဘာမြေပြင်

. အမိန့်

  • စည်းကမ်းတို့ ဖြစ်သည်။

လမ်းစဉ်ဆိုသည်မှာ ပြည်သူနှင့်အုပ်ချုပ်သူကို သေအတူ ရှင် မကွာ တစ်သားတည်းဖြစ်စေသည်။

ကောင်းကင်ဘုံဆိုသည်မှာ “ယင်ယန်” သဘောတရားဖြစ်ပြီး ရာသီဥတုအနေအထားကို ဆိုလိုသည်။

ကမ္ဘာမြေပြင်ဆိုသည်မှာ မြေပြင်အနိမ့်အမြင့်၊ အနီးအဝေး၊ ဟင်း လင်းပြင်နှင့် အကာအကွယ်တည်ရှိခြင်း၊ အသက်ရှင်ခြင်းနှင့် သေဆုံး ခြင်းတို့ဖြစ်သည်။

အမိန့်ဆိုသည်မှာ ဉာဏ်ပညာ၊ သစ္စာတရား၊ ကရုဏာရှိခြင်း၊ ရဲစွမ်းသတ္တိ၊ ပြတ်သားမှုတို့ဖြစ်သည်။

စည်းကမ်းဆိုသည်မှာ စည်းလုံးညီညွတ်ခြင်း၊ တာဝန်ကျေပွန် ခြင်း၊ ထိန်းသိမ်းနိုင်ခြင်းတို့ဖြစ်သည်။

ဤအချက်ငါးချက်ကိုသိရှိပြီး လုပ်ဆောင်နိုင်သူသည် အနိုင်ရ လိမ့်မည်။ မလုပ်နိုင်သူဟာ အရှုံးကို ကြုံရလိမ့်မည်။

ဤအခြေခံဥပဒေသများကို လုပ်ငန်းခွင်အုပ်ချုပ်မှုနှင့် ဆက်ဆံ ရေးဆိုင်ရာတွေမှာလည်း အသုံးချ၍ရသည်။

အကြွင်းမဲ့ အောင်နိုင်ခြင်း

“အကြွင်းမဲ့အောင်နိုင်ခြင်း” ဆိုသည်မှာ သင့်ဘက်က ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေပြီး ရန်သူအပေါ် လုံးဝ အကြွင်းမဲ့ အနိုင်ရယူခြင်း ဖြစ်သည်။

အကြွင်းမဲ့အောင်နိုင်ခြင်းအတွက် -

(၁) ရန်သူရဲ့ မျှော်လင့်ချက်ကို ပယ်ဖျောက်ပစ်ရမည်။

(၂) သင့်အစွမ်းအစကို အကုန်ထုတ်သုံးရမည်။

(၃) ရန်သူရဲ့ အားနည်းချက်ကို သိထားရမည်။

(၄) ရန်သူမျှော်လင့်မထားတဲ့နေရာက တိုက်ခိုက်ရမည်။

တိုက်ပွဲဖြစ်နေစဉ်အတွင်း ရန်သူတို့အနေနှင့် သူတို့အနိုင်ရမည် ဆိုသော မျှော်လင့်ချက်ကို မှေးမှိန်သွားအောင် လုပ်ဆောင်ပစ်ရမည်။ ရန်သူအပေါ် မိမိတို့က အလွယ်တကူဖြင့် အနိုင်ရသည့်ဟန်မျိုး လုပ်ဆောင်ပြရမည်ဖြစ်သည်။ သင်၏ အင်အားမှန်သမျှကို အကုန်အစင် အသုံးပြုပါ။ ရန်သူ၏ အားနည်းချက်ကို တိုက်ခိုက်ခြင်းအားဖြင့် သင့် ဘက်က အင်အားဖြုန်းတီးရာ မရောက်တော့ပါ။ ရန်သူ မျှော်လင့်မထားသောနေရာက အငိုက်ယူပြီးတိုက်ခိုက်မည်ဆိုပါက ရန်သူတို့ ဘာမျှ ကြိုတင်ပြင်ဆင်မှုမရှိထားသောကြောင့် သင် အသာစီးရဖို့ အခြေအနေဖြစ်စေသည်။

ရဲမက်တို့တွင် အခြေအနေ ၄ မျိုးရှိသည်။

ရဲမက်တစ်ယောက် တိုက်ခိုက်ခြင်းဟာ မျှော်လင့်ချက်ရှိလို့ ဖြစ် တယ်။

ရဲမက်တစ်ယောက် ထွက်ပြေးခြင်းဟာ ထွက်ပြေးနိုင်တဲ့ အခြေ အနေကြောင့်ဖြစ်တယ်။

ရဲမက်တစ်ယောက် တိုက်ခိုက်ခြင်းဟာ သေမထူးနေမထူး ရွေးချယ်စရာမရှိလို့ ဖြစ်တယ်။

ရဲမက်တစ်ယောက် ထွက်ပြေးခြင်းဟာ ဆက်လက် တိုက်ခိုက် လိုစိတ် မရှိတော့လို့ဖြစ်တယ်။

စစ်ပွဲတစ်ခု ရှုံးနိမ့်ရခြင်းမှာ အောက်ပါအခြေအနေ ၃ ရပ်နှင့် လည်း သက်ဆိုင်သည်။

(၁) မျှော်လင့်ချက်လုံးဝမရှိတဲ့အခြေအနေ ကြုံနေတာတောင်မှသင့်မှာမျှော်လင့်ချက်ရှိနေသေးတယ်လို့ ထင်မြင်နေခြင်း၊

(၂) တခြား ရွေးချယ်စရာ နည်းလမ်းရှိနေတာတောင်မှအသေခံတိုက်ခိုက်သွားမယ်လို့ ယုံကြည်နေခြင်း၊

(၃) နောက်ဆက်တွဲရလဒ်တွေကို ထည့်မတွက်ဘဲ အလောတကြီး ဆုံးဖြတ်ချက်ချမှတ်ခြင်း။ ။

ယင်းအချက်တို့သည် ရှုံးနိမ့်မှုနှင့် ကြုံတွေ့စေသည်။ သင့်တွင် မျှော်လင့်ချက်မရှိတော့သည့်အခြေအနေ ကြုံနေရချိန်၌ မျှော်လင့်ချက် ရှိနေသေးသည်ဟုထင်မြင်ပြီး မလုပ်သင့်သည့်စွန့်စားမှုကို လုပ်ဆောင်မိ တတ်သည်။ တခြားရွေးချယ်စရာ နည်းလမ်းရှိနေချိန်တွင် မလိုအပ်ဘဲ အသက်အသေခံ လုပ်ဆောင်ခြင်းမှာ မည်သည့်ရလဒ်ကောင်းမှ ဖြစ် မလာစေပါ။ သင့်ကိုယ်သင် အခုလိုဆုံးဖြတ်ချက်မျိုး မချသင့်ဘူးဟုသိနေသော်ငြားလည်း နောက်ဆက်တွဲဖြစ်လာနိုင်ခြေတို့ကို မငဲ့တော့ဘဲ လုပ်ဆောင်ခြင်းမှာ အရှုံးတရားကို ဦးတည်စေသည်။

ထို့ကြောင့် အကြွင်းမဲ့အောင်နိုင်ရေးကို ကျင့်သုံးချင်သူသည် ယခု ဖော်ပြခဲ့သည့်အခြေအနေကို နားလည်သိရှိထား ရမည်ဖြစ်သည်။

သဘောတရားတစ်ခု၏ မှန်ကန်မှုအတိုင်းအတာသည် နားလည် သဘောပေါက်မှုအပေါ် တည်မှီနေသည်။ ကမ္ဘာကို ကိုင်လှုပ်ခဲ့သော အတွေးအခေါ်အချို့သည် တစ်ဦးတစ်ယောက်တည်းထံမှ ထွက်ပေါ် လာခြင်းဖြစ်သည်။ အဖွဲ့အစည်းတစ်ခု၏ ကံကြမ္မာသည် ဦးဆောင်သူ အကြီးအကဲ၏ အဆုံးအဖြတ်နှင့် အရည်အသွေးအပေါ်တွင် တည်မှီနေ သည်။ ဤသည်ကို ယုံမှားသံသယဖြစ်စရာ မရှိချေ။

“မှားယွင်းမှုတစ်ခု၏ တရားခံသည် အကြီးအကဲဖြစ်သကဲ့သို့ အောင်မြင်မှု၏ အရင်း အမြစ်သည် ပါဝင်သူအားလုံး၏ စွမ်းဆောင်မှု ဖြစ်သည်”

လုပ်ငန်းတစ်ခု ဆောင်ရွက်ရာတွင် စဉ်းစားသုံးသပ်ရန် အခြေခံ | အချက်များမှာ -

၁။ စိတ်ဓာတ်ရေးရာ

၂။ လုပ်ငန်းဆောင်ရွက်ရာ ပတ်ဝန်းကျင် အခြေအနေ

၃။ လုပ်ငန်းသဘာဝ အခြေအနေ

၄။ ခေါင်းဆောင်မှု

၅။ လုပ်ထုံးလုပ်နည်း၊ စည်းကမ်း။ ။

အထက်ပါ အချက် ၅ ချက်ကို ကောင်းစွာ နားမလည်လျှင် ရှုံးနိမ့်မည်ဖြစ်သည်။

အကြီးအကဲဖြစ်သူမှ သူ့အဖွဲ့ အစည်းအပေါ် ဒုက္ခပေးနိုင်တဲ့ အခြေအနေသုံးရပ် - -

၁။ အချိန်လွဲမှားစွာ အမိန့်ပေးခြင်း၊ မဆောင်ရွက်သင့်သေးသော အခြေအနေ၌ ဆောင်ရွက်ရန်အမိန့်ပေးခြင်း၊ မရပ်တန့်သင့်သော အခြေအနေ၌ ရပ်ဆိုင်းရန်အမိန့်ပေးခြင်း။

၂။ ကိစ္စရပ်များကို ကောင်းစွာ မသိနားမလည်ဘဲ ပါဝင် စွက်ဖက်တတ်ခြင်း။

၃။ ကျွမ်းကျင်မှုမရှိသူကို တာဝန်ပေးအပ်ခြင်း။

အောင်ပွဲရရန် အရေးကြီးသည်တို့မှာ -

  • ဆောင်ရွက်ရမည့် အချိန်ကို သိခြင်း။
  • ကိုယ့်အဖွဲ့ အစည်းရှိ အင်အားကို အသုံးချတတ်ခြင်း။

အဆင့်တိုင်းမှာ စည်းလုံးညီညွတ်မှု တည်ဆောက်ခြင်း။

ကြိုတင်ပြင်ဆင်ခြင်း ၊

ကျွမ်းကျင်သူအား ရွေးချယ်တာဝန်ပေးအပ်ခြင်း။

မလုပ်နိုင်သောသူကို တာဝန်ကြီးလေးစွာ မပေးရ။

ကြံရည်ဖန်ရည်မရှိသူထံမှ လုပ်ငန်းပြီးမြောက်မှု မတောင်း ဆိုရ။

ခေါင်းဆောင်ကို ဆိုးကျိုးပေးနိုင်တဲ့ စရိုက် ၃ ချက်။

၁။ ပေါ့ဆလျှင် ရှုံးနိမ့်မည်။

၂။ သူရဲဘောကြောင်လျှင် ရှုံးနိမ့်မည်။

၃။ အလောတကြီး ဆုံးဖြတ်လျှင် အလွဲလွဲအမှားမှားဖြစ်မည်။