Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

အိမ်ကြီးမောင် - စျေးကွက်မှာအောင်မြင်အောင်ဒါတွေဆာင်ဒါတွေရှောင်

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out

အကျင့်ဆိုးရှိတဲ့ ဝန်ထမ်းတွေဟာ ဘယ်လိုမျိုးလဲဆိုတာ တင်ပြ ပေးလိုက်ပါတယ်။

(၁) ငွေကြေးမျက်နှာကိုပဲ ကြည့်တတ်သူ

ငွေကြေးမျက်နှာကိုပဲကြည့်တတ်တဲ့ ဝန်ထမ်းမျိုးဟာ အလုပ်ရှင်ရဲ့ စီးပွားရေးအခြေအနေ ကျဆင်းလာတဲ့အခါ ဒါမှမဟုတ် ယခုထက် လစာ ငွေပိုရတဲ့နေရာ တွေ့တဲ့အခါမှာ သင့်ဆီက ထွက်ခွာသွားဖို့ ဝန်မလေး တတ်ကြပါဘူး။ ဒါကြောင့် ကုမ္ပဏီတချို့ဟာ အင်တာဗျူးလာသူ တွေကို ဒီကိစ္စနဲ့ပတ်သက်ပြီး psycho test လုပ်ကာ မေးမြန်းတတ် ကြပါတယ်။

လုပ်ငန်းရှင်တစ်ယောက်အနေနဲ့လည်း မိမိအဖွဲ့အစည်းထဲမှာ ဒီလို လူစားမျိုးတွေရှိ လားဆိုတာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လေ့လာထားဖို့လိုပြီး သိရှိရတဲ့တစ်နေ့မှာ သူတို့ကို သင့်အရိပ်ကနေ ခပ်မြန်မြန်ထွက်ခွာသွား အောင် လုပ်ဆောင်ဖို့လိုပါလိမ့်မယ်။

(၂) ပါဝါပြတတ်တဲ့သူ

တချို့သော စီနီယာဝန်ထမ်းတွေ ဒါမှမဟုတ် ခေါင်းဆောင်တွေ ဟာ သူတို့ရဲ့ လက်အောက်ငယ်သားတွေ ဒါမှမဟုတ် ဂျူနီယာဝန်ထမ်း တွေကို အထက်စီးဆန်ဆန် မေးခွန်းမျိုးတွေနဲ့ ပါဝါပြတတ်ကြပါတယ်။ ဒီအခါ လက်အောက်ငယ်သားတွေရဲ့ စိတ်ထဲမှာ အလုပ်တစ်ခုလုပ်ဖို့ အတွက် တွေဝေစိတ်၊ စိုးရွံ့ စိတ်တွေ ဖြစ်ပေါ်လာတတ်ပြီး ကုန်ထုတ် စွမ်းအား လျော့နည်းကျဆင်းစေပါတယ်။ လုပ်ငန်းရှင်တစ်ယောက် အနေနဲ့ ဒီအချက်ကို သတိပြု ဆင်ခြင်ပြီး ကြိုတင်ထိန်းညှိပေးဖို့ လိုပါ လိမ့်မယ်။

(၃) သူတစ်ပါးကို အပြစ်ပုံချတတ်တဲ့သူ

သူတစ်ပါးကို အပြစ်ပုံချတတ်တဲ့သူဟာ ကိုယ်လုပ်တဲ့အလုပ် အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု ဘယ်တော့မှ ရှိမှာမဟုတ်လို့ လုပ်ငန်းရှင် များအနေနဲ့ ဒီအချက်ကိုသတိပြုသင့်ပါတယ်။

(၄) အချိန်ဆွဲတတ်တဲ့သူ

တချို့သောသူတွေဟာ အလုပ်တစ်ခု စတင်ဖို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် အကောင်အထည်ဖော်နေတဲ့အချိန်မှာဖြစ်ဖြစ် မလိုအပ်ဘဲ အချိန်ဆွဲ တတ်ကြပါတယ်။ အရေးတကြီး အမြန်လုပ်ဆောင်ရမယ့် ကိစ္စတွေ အတွက် ဒီလိုဝန်ထမ်းမျိုးနဲ့ဆို အခက်တွေ့မှာ အသေအချာပါပဲ။ ဒီလို ဝန်ထမ်းတွေကို ကိုင်တွယ်ဖို့အတွက် ဆုပေး၊ ဒဏ်ပေးစနစ်က အသင့် လျော်ဆုံးပါပဲ။

(၅) လက်တွေ့မဆန်တဲ့သူ

တချို့သူတွေဟာ လက်တွေ့ကျကျ လုပ်ဆောင်သင့်တဲ့ အရာတွေ ကို ဟိုလိုလိုဒီလိုလိုနဲ့ ရောထွေးပစ်တတ်ကြပါတယ်။ ဒီအချက်ဟာလည်း အလုပ်အပေါ် ထိခိုက်မှုတွေရှိလာနိုင်တာဖြစ်လို့ သတိထားသင့်တဲ့ အချက် တစ်ခုလည်း ဖြစ်ပါတယ်။

(၆) ပေါ့ပျက်ပျက်သဘောထားရှိတတ်တဲ့သူ

ဒီလိုလူမျိုးတွေဟာ ဘယ်အရာကိုမှ လေးလေးနက်နက် စဉ်းစား လေ့မရှိပါဘူး။ ကတိကို လွယ်လွယ်ပေးတယ်။ စကားကို လွယ်လွယ် ပြောတယ်။ တချို့ဆိုရင် အလုပ်ကိုတောင် ဖြစ်ကတတ်ဆန်းနဲ့ လွယ်လွယ် လုပ်တဲ့အထိ ဆိုးပါတယ်။ ဒီလိုပေါ့ပျက်ပျက်စိတ်ရှိတဲ့သူမျိုးကို ဝ,ကွက်ယုံကြည်ထားနိုင်ဖို့ဆိုတာ ခက်လှပါတယ်။

(၇) ရေသာခိုချင်တဲ့သူ

အချို့က အလုပ်နဲ့ ပတ်သက်ပြီး ဖြန့်ကြက်စဉ်းစားတွေးခေါ်တာ မျိုး မလုပ်ချင်ကြဘူး။ တချို့ကတော့ ရာထူးချင်းတူတာတောင် သူများ နောက်က မှိန်းလိုက်နေတတ်ပါတယ်။ တချို့က သက်သာမယ်ထင်တဲ့ အလုပ်တွေကိုသာ ရွေးချယ်လုပ်ဆောင်ဖို့ ကြိုးစားတတ်ကြပါတယ်။ သူတို့အားလုံးဟာ ရေသာခိုတဲ့စိတ် ရှိသူတွေသာဖြစ်ပြီး သူတို့ရှိတဲ့ အဖွဲ့ အစည်းဟာ ညီညွတ်မှုပျက်ပြားလာနိုင်ပါတယ်။

(၈) မနာလိုစိတ်ရှိတဲ့သူ

ဒီလိုလူစားမျိုးက သတိထားရမယ့် ကြောက်ရတဲ့ အမျိုးအစားထဲ မှာ ပါဝင်တာဖြစ်ပြီး ကိုယ့်ထက်သာရင် မနာလိုတာ၊ အထက်လူကြီး တွေနဲ့ အဆင်ပြေနေရင် ကြည့်မရတာမျိုးတွေ ဖြစ်တတ်ကြပါတယ်။ သူတို့မနာလိုတဲ့သူကို မုန်းတီးတဲ့မျက်လုံးတွေနဲ့သာ ကြည့်နေတတ်ပြီး အခွင့်ကြုံတာနဲ့ ခြေမွပစ်ဖို့ ကြံစည်နေတတ်ပါတယ်။ သူတို့ကြောင့် အလုပ်မှာ မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

(၉) ခွဲခြားတဲ့စကား ပြောတတ်သူ

ဒီလူနဲ့ဆိုလျှင်တော့ မလုပ်ချင်ဘူး။ ဒီကိစ္စက ဟိုတစ်ယောက်ကို ခိုင်းလိုက်ပါလား။ သူတို့လုပ်နေပြီပဲ၊ ကျွန်တော် ဝင်ပါစရာမလိုတော့ ပါဘူး စသဖြင့် ခွဲခြားတဲ့စကားတွေကိုပြောတတ်တဲ့ ဝန်ထမ်းမျိုးဟာ အသင်းအဖွဲ့ စိတ်ဓာတ်မရှိတဲ့သူမျိုးပါပဲ။