Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

အလင်းပွင့် - အမြဲအစဥ်ပျော်ရွှင်စေဖို့

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

သာမန်ပုံစံအရ စိတ်မပျော်ရွှင်မှုများ

တစ်ခုသော တနင်္လာနေ့ နံနက်ခင်း ၉ နာရီလောက်မှာ ကောင်း ကင်ယံ တစ်ခုလုံးက မီးခိုးရောင် သမ်းနေပြီး လေကလည်း အိမ်ထဲက ပြတင်းပေါက်တံခါးတွေ၊ အခန်းတံခါးတွေကို ဝုန်းဒိုင်းမြည်သံဖြစ်စေတဲ့ အထိ တိုက်ခတ်နေခဲ့တယ် ဆိုပါစို့။ ဒါတင်မကသေးဘဲ အမှိုက်ပုံးကို အဖုံးဖွင့်ပြီး လဲကျအောင် တိုက်ခတ်ခဲ့တာကြောင့် လမ်းတစ်လျှောက်လုံး မှာ အမှိုက်တွေက မြင်မကောင်း ရှုမကောင်းအောင် ပွသွားခဲ့ပါတယ်။ နောက်ပြီး ပြင်းထန်စွာ တိုက်ခတ်လိုက်တဲ့ လေကြောင့် သစ်ပင်တွေ အားလုံးက မြေပြင်ပေါ် ခေါင်းငိုက်စိုက်ကျိုးကျတဲ့အထိ အခြေအနေ ဆိုးခဲ့တာ တွေ့ ရပါတယ်။

သည်ကြားထဲ ပိုဆိုးတာက မိုးစက်မိုးပေါက်တွေကပါ ပြတင်းပေါက် မှန်တံခါးကို တဖြောင်းဖြောင်း မြည်အောင်အထိ ရွာချလိုက်ပြန်ပါတယ်။

ဒီလို အခြေအနေ အနေအထားမှာ သင်က ခေါင်းကိုက်သလို ဝေဒနာ ခံစားရနိုင်ပါတယ်။ အကြောင်းကတော့ ဘယ်သူမဆို မနှစ်သက် တဲ့ အရာတွေနဲ့ တွေ့ကြုံရတဲ့အခါတိုင်း စိတ်ရှုပ်ပြီး ခေါင်းကိုက်ရတတ် ပါတယ်။

သင်က စိတ်ရှုပ်ပြီး ခေါင်းကိုက်ရတဲ့ ဝေဒနာကနေ သက်သာ ပြေလျော့စေဖို့အတွက် သင့် မျက်စိနှစ်လုံးကို လက်နှစ်ဖက်ဖြင့် ပွတ်သပ် ပါလိမ့်မယ်။

ပြီးရင် နောက်ထပ် သင် လုပ်နိုင်တဲ့ ကိစ္စတစ်ခုကတော့ ကားထဲ ကိုဝင် တံခါးကို ပြန်ပိတ်ပြီး အထဲမှာ ၁၅ မိနစ်ကြာခန့် ခေါင်းငိုက် စိုက်ချနေဖို့ပဲ ဖြစ်ပါတယ်။

သင် နောက်ပိုင်းမှာ သိလိုက်ရတဲ့ အရာတွေကတော့ သင်ဟာ ဗုဒ္ဓဟူးနေ့ နေ့လယ်ခင်းအချိန်မှာ ရောက်ရှိနေပြီး သင် ခံစားနေရတဲ့ အရာတွေဟာ လွန်ခဲ့တဲ့ တနင်္လာနေ့က ဖြစ်တယ် ဆိုတာကို နားလည် လိုက်ခြင်းပဲ ဖြစ်ပါတယ်။

သင် အမှန်တကယ် ရောက်ရှိနေတဲ့ နေ့ရက်ဟာ ဗုဒ္ဓဟူးနေ့ဖြစ်ပြီး အဲဒီနေ့ဟာ မွှေးကြိုင်သင်းပျံ့တဲ့ ရနံ့တွေ လှိုင်နေတဲ့ နွေဦးရာသီ နေ့ တစ်နေ့ ဖြစ်ပါတယ်။

နွေဦးရာသီ ဖြစ်တာကြောင့် အဲဒီနေ့မှာ လေပြည်လေညင်းလေး တွေ တိုက်ခိုက်ပြီး အရှေ့တည့်တည့် စာသင်ကျောင်းက ကလေးတွေရဲ့ စာအံသံတွေကိုလည်း လေပြေညင်းကလေးနဲ့ အတူ ကြားနေရပါလိမ့် မယ်။ သင် ခံစားနေရတဲ့ ဝေဒနာတွေ၊ စိတ်ရှုပ်စရာတွေအားလုံးဟာ သင် အမှန်တကယ် ကြုံတွေ့ခဲ့ရတဲ့ တနင်္လာနေ့က အဖြစ်အပျက်တွေကို ပြန်လည်ခံစား ကြားယောင်မိလို့သာ ဖြစ်တယ် ဆိုတာကို အမှန်အတိုင်း လက်ခံရပါလိမ့်မယ်။

မကောင်းတဲ့ အခြေအနေ အဖြစ်အပျက်တွေကို စွဲလမ်းမိတဲ့အခါ (သို့) စိတ်အာရုံထဲကနေ မဖျောက်ဖျက်နိုင်တဲ့အခါ အဲဒီမကောင်းတဲ့ ပုံရိပ်တွေက သင့်ကို တောက်လျှောက် ဒုက္ခပေးနေမှာ ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် ဘဝတစ်သက်တာ ပျော်ရွှင်မှုတွေကို ကိုယ်တိုင် ဖန်တီးနိုင်စွမ်း မရှိသေးသမျှ ကာလပတ်လုံး စိတ်ပျော်ရွှင်မှုကနေ ကင်းဝေးတဲ့ အခြေအနေထဲက လွတ်မြောက်အောင် ဘယ်လိုမှ ရုန်းထွက် နိုင်မှာ မဟုတ်ပါဘူး။

တကယ်တော့ စိတ်ပျော်ရွှင်မှု ရရှိခြင်း၊ မရရှိခြင်း ဆိုတာဟာ ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ အောင်မြင်ကျော်ကြားမှု ရှိခြင်း၊ မရှိခြင်းတွေ အပေါ် အဓိက မူတည်နေခြင်း မရှိဘဲ သင့်စိတ်ရဲ့ လိုလားတောင့်တချက် တွေအတိုင်း အမှန်တကယ် ဖြစ်လာခြင်း၊ မလာခြင်း အပေါ်မှာသာ အဓိက မူတည်နေတာ တွေ့ရပါတယ်။

စာရေးသူ ကျွန်တော် ကိုယ်တိုင်ကလည်း ကိုယ့်ဘဝရဲ့ ၉၂ ရာခိုင်နှုန်းလောက်ကို စိတ်မပျော်ရွှင်ခြင်းတွေနဲ့ ကုန်ဆုံးခဲ့ရပါတယ်။

သာမန်အားဖြင့် စိတ်မပျော်ရွှင်ရတဲ့ အခြေခံ အကြောင်းတရား တွေကို သေချာစွာ လေ့လာစစ်ဆေးပေးနိုင်ပါတယ်။

စိတ်ပျော်ရွှင်မှု မရှိစေသော အခြေခံ အကြောင်းတရား - ၁ (ဆိုးရွားသော အလုပ်၊ ဘဝ၏ ညီညွတ်မျှတမှု မရှိခြင်း)

ထင်ပေါ်ကျော်ကြားတဲ့ ပညာရှိတစ်ဦးရဲ့ အဆိုအရ သေအံ့မူးမူး ဖြစ်နေတဲ့ ဘယ်သူကမှ နောက်ဆုံးအချိန် အသက်ငင်နေစဉ်အတွင်း “ငါ အလုပ်ထဲမှာ အချိန်တွေ အများကြီး ပေးခဲ့ချင်လိုက်တာ” (သို့) “ငါ အချိန်အတော်ကြာကြာအထိ အလုပ်ထဲမှာနေပြီး လုပ်ကိုင်ပေးချင် လိုက်တာ” ဆိုတဲ့ အတွေးမျိုး မဝင်နိုင်တဲ့ သဘောကို လက်ခံရပါလိမ့်မယ်။ တကယ်တော့ စဉ်ဆက်မပြတ် လုပ်ကိုင်ရခြင်းအပေါ် အများစု အနေနဲ့ စိတ်ပျော်ရွှင်မှု လုံးဝ မရရှိနိုင်ပါဘူး။

သေခါနီးဆဲဆဲ အချိန်အထိ အလုပ်ခွင်ထဲမှာ အချိန်များစွာပေးပြီး လုပ်ချင်ခဲ့တဲ့သူ ရှိတယ်ဆိုရင် အဲဒီလူက ဘယ်သူဖြစ်နိုင်မလဲ။

ဖြစ်နိုင်ခြေအရှိဆုံးသောသူကိုသာ ကျွန်ုပ်တို့ ထည့်သွင်းစဉ်းစား ရမှာ ဖြစ်ပါတယ်။

စိတ်ပျော်ရွှင်မှု မရှိစေသော အလုပ်အား ဘက်ပြိုင်

လုပ်ကိုင်လိုသူ အမှတ် - ၁

- တွမ်ဟန့်ခ် -

A အဆင့် စာရင်းဝင် ဟောလီးဝုဒ် ရုပ်ရှင်သရုပ်ဆောင်

A အဆင့် စာရင်းဝင်တဲ့ ဟောလီးဝုဒ် သရုပ်ဆောင် တစ်ယောက် ဖြစ်တဲ့ “တွမ်ဟန့်ခ်” ဟာ A အဆင့် ထိပ်တန်း သရုပ်ဆောင် ဖြစ်နေရ ခြင်းအပေါ် ငြီးငွေ့ လာလိမ့်မယ်လို့ ကျွန်တော် ထင်မြင်ယူဆခဲ့ပါတယ်။ အကြောင်းကတော့ ထိပ်တန်းရောက်တဲ့ ဘဝမှာလည်း အစဉ်အမြဲ အရာရာက လင်းလက်တောက်ပနိုင်တာမျိုး မဟုတ်ဘဲ စိတ်ညစ်ညူးစရာ တွေ အများကြီး ရှိနေတာ တွေ့ရတတ်ပါတယ်။ ။

စိတ်ညစ်ညူးစရာတွေထဲက ထင်ရှားတဲ့ တစ်ခုကတော့ နာမည် ကြီးတဲ့သူတွေနောက် တကောက်ကောက် လိုက်တတ်တဲ့ ပါပါရာဇီ ဓာတ်ပုံသမားတွေရဲ့ ရန်၊ စာနယ်ဇင်းသမားတွေရဲ့ မဆင်မခြင် ပြောဆို မေးမြန်းတဲ့ ဒဏ်ကို ရှောင်ရခြင်းပဲ ဖြစ်ပါတယ်။

တွမ်ဟန့်ခ်အနေနဲ့ သူ့ဘဝအတွက် သိသာတဲ့ ထူးခြားမှုတွေ၊ ဆုလာဘ်ကောင်းတွေ ရနိုင်မယ်လို့ ယူဆခဲ့ရင်တော့ သူ လုပ်ကိုင်တဲ့ အလုပ်ထဲမှာ ပိုပြီး အချိန်ပေး ဆောင်ရွက်မှာ ဖြစ်ပါတယ်။

စိတ်ပျော်ရွှင်မှု မရှိစေသော အလုပ်အား ဘက်ပြိုင်

လုပ်ကိုင်လိုသူ အမှတ် - ၂

- ဘီလ်ဂိတ်စ် -

မိုက်ခရိုဆော့ကို ဖန်တီးသူ ၊

တစ်ဦးချင်းစီအနေနဲ့ သက်ဆိုင်ရာ ကျွမ်းကျင်မှု နယ်ပယ်အလိုက် အောင်မြင်မှုတွေ အသီးသီး ရရှိကြသော်လည်း ၎င်းအောင်မြင်မှုတွေနဲ့ ပတ်သက်ပြီး ဘဝတစ်သက်တာ စိတ်ပျော်ရွှင်မှုတွေ ထင်သလောက် မရရှိကြတာကို တွေ့ရှိရပါတယ်။

ဘီလ်ဂိတ်ဟာ ကမ္ဘာပေါ်မှာ ဒုတိယမြောက် အချမ်းသာဆုံး သော ပုဂ္ဂိုလ် ဖြစ်သော်လည်း သူ့ အောင်မြင်မှုနဲ့ ထိုက်တန်တဲ့ စိတ် ပျော်ရွှင်မှုကို လွတ်လပ်စွာ ခံစားပိုင်ခွင့်ရှိသူ တစ်ယောက် မဟုတ်ပါဘူး။ သူဟာ ချမ်းသာကြွယ်ဝသူတွေကြားထဲမှာ ရှင်သန်လှုပ်ရှားနေရသူ တစ်ယောက် ဖြစ်သော်လည်း ကျန်ရှိတဲ့ သူ့ဘဝ သက်တမ်းကို စိတ် ပျော်ရွှင်မှုတွေနဲ့ ဖြတ်သန်းလိုသူ ဖြစ်ပါတယ်။ ။

လက်ရှိအနေအထားအရ သူဟာ ကိုယ်တိုင် ဖန်တီးပုံဖော်ခဲ့တဲ့ windows 95, windows vista နဲ့ office 2007 တို့နဲ့ ပတ်သတ်ပြီး စိတ်ထိခိုက် နောင်တရတာတွေ၊ သူ့ဘက်က အကောင်းဆုံး လုပ်သင့်တာ တွေကို မလုပ်ဖြစ်ခဲ့တာတွေအတွက် စိတ်ထိခိုက်နေရတယ်လို့ ဆိုပါ တယ်။

ဘီလ်ဂိတ်က လောကလူသားတွေရဲ့ လိုအပ်ချက်ကို သူ့ဘက်က အကောင်းဆုံး ဖြည့်စွမ်းပေးခဲ့တာ မှန်သော်လည်း သူ့ဘက်က အမှား အယွင်းတွေအတွက် အပြစ်မှ ပြေရာပြေကြောင်း တစ်ခုခု ထိုက်တန်စွာ ပြန်လုပ်ပေးချင်တဲ့စိတ် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ထိုအခြေအနေမှာ ဒေါက်တာ “ဝက်ဆန်” က ဘီလ်ဂိတ်ရှိရာ အခန်းဆီကို ရောက်လာပြီး သူ့ဘဝမှာ မမျှော်လင့်တဲ့ အမှားတစ်ခုကိုလုပ်မိခဲ့တဲ့အကြောင်း၊ အဲဒီအမှားတွေကို ပြည်ဖုံးကားချ မေ့ပျောက်ဖို့ လိုအပ်ကြောင်း၊ သူ့အနေနဲ့ စိတ်ပျော်ရွှင်မှု ရရှိလာစေဖို့ ရုံးခန်းထဲမှာ အချိန်ကြာကြာ ပိုနေချင်တဲ့စိတ် ဖြစ်ခဲ့တဲ့ အကြောင်း ပြောပြသွားခဲ့ပါ တယ်။ တကယ်တော့ ဒေါက်တာ “ဝက်ဆန်” က သူ့ရုံးခန်းထဲမှာ အချိန်ကြာကြာ ပိုနေချင်တဲ့စိတ် ဖြစ်ပေါ်ရခြင်းဟာ သင် လုပ်ကိုင်ဆောင်ရွက်သမျှ ကိစ္စရပ်တွေ စိတ်တိုင်းကျပြီး စိတ်ပျော်ရွှင်မှု ရရှိလာစေ မယ် ဆိုတဲ့ မျှော်လင့်ချက်ကြောင့်သာ ဖြစ်ပါတယ်။

စိတ်ပျော်ရွှင်မှု မရှိစေသော အလုပ်အား ဘက်ပြိုင်လုပ်ကိုင်

လိုသူ အမှတ် - ၃

- ဂျူလီယို ကာစီ အမိုရီယို - Male Escort နှင့် ပီတာဂျူန်း၏ စိတ်ကူးများကို

အကောင်ထည်ဖော်ပေးသူ

ဂျူလီယိုဟာ အီတလီ တောင်ပိုင်းမှာရှိတဲ့ သူ့ရဲ့ ဗီလာ (စံအိမ် တော်) ထဲမှာ သေလုမြောပါးဖြစ်နေချိန် သူ့အိပ်ရာ ခုတင်ဘေးမှာ ပတ်ပတ်လည် ဝိုင်းနေတဲ့ သူ့ကို ချစ်ခင်တဲ့ လူတွေအားလုံးကို တစ်ချက် ငဲ့စောင်း ကြည့်လိုက်တယ်။ သူ့ကို ဝိုင်းကြည့်နေတဲ့သူတွေ အားလုံးက သူ့အတွက် စိတ်မကောင်းစွာနဲ့ ဝမ်းနည်းငိုကြွေးမိခြင်း မရှိရအောင် ထိန်းချုပ်နေတယ် ဆိုတာကို သတိထားလိုက်မိပါတယ်။

ထိုအချိန် ပြတင်းပေါက်ကနေ ဝင်လာတဲ့ လေပြည်နုလေးက သူ့ ဆံပင်လေးတွေ လှုပ်ခတ်သွားရုံ တစ်ချက် တိုက်ခတ်လိုက်တယ်။ ဂျူလီယိုက သူ နေ့စဉ် ထမ်းဆောင်ခဲ့တဲ့ တာဝန်တွေကို လက်လွှတ်ရတော့ မယ် ဆိုတာ နားလည်လိုက်တယ်။ သူက မစ္စတာဂျွန်း ဆိုတဲ့ ကျွန်တော့် ဆီမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကတည်းက တစိုက်မတ်မတ် လုပ်ကိုင်လာခဲ့သူ ဖြစ်ပြီး အားကိုးအားထားပြုနိုင်လောက်တဲ့သူ တစ်ယောက် လည်း ဖြစ်ပါတယ်။

ဂျူလီယိုရဲ့ ပုံက နောက်ထပ် သူ ကျန်းမာရင် ကျန်းမာသလောက် အလုပ်တာဝန်တွေများစွာကို ဆက်လက် ထမ်းဆောင်ချင်တဲ့ပုံ ရပါ တယ်။ အဲဒီလိုလုပ်ခွင့် အမှန်တကယ်ရခဲ့ရင် သူ ပျော်ရွှင်မှာ ကျိန်းသေ ပါတယ်။ ဒါပေမဲ့လည်း ဒါက မဖြစ်နိုင်တော့ပါဘူး။ အဓိကအားဖြင့်ပျော်ရွှင်မှုရရှိနိုင်တဲ့ အခြေအနေများစွာထဲက အလုပ်လုပ်နေတဲ့သူ အများ စုဟာ အလုပ်တွေ ဆက်တိုက် လုပ်ခွင့်ရနေသမျှ ကာလပတ်လုံး စိတ် ပျော်ရွှင်မှုရနေမယ် ဆိုတာကို တွေ့ရှိရပါတယ်။

ကျွန်ုပ်တို့ရဲ့ စိတ်ပျော်ရွှင်မှုတွေရရှိအောင် အလုပ်က ပေးစွမ်းနိုင် တယ်ဆိုရင် အလုပ်ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်၊ ဆိုလိုရင်း အဓိပ္ပာယ် အမှန်ကို သိအောင် လုပ်ထားဖို့က အရေးတကြီး လိုအပ်နေမှာ ဖြစ်ပါတယ်။

အလုပ်ဆိုတာ ဘာလဲ။

ရည်ရွယ်ချက်တစ်ရပ် ထမြောက်အောင်မြင်စေဖို့ ကာယ၊ ဉာဏ စိုက်ထုတ်ပြီး ကြိုးစားလုပ်ဆောင်ရတဲ့ အရာမှန်သမျှကို အလုပ် (work) လို့ ခေါ်ပါတယ်။ "work" ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေကိုတော့ အောက်ပါ အတိုင်း တွေ့ရှိရပါတယ်။

အလုပ်(work) ဆိုသည်မှာ

  • သင်မဖြစ်မနေ လုပ်ကိုလုပ်ရမဲ့ အလုပ်မှန်သမျှကို (work)ဟု ခေါ်ပါတယ်။

ဥပမာအားဖြင့် ငွေရှာခြင်း၊ (စီးပွားရှာခြင်း၊ အသက်မွေးဝမ်း ကျောင်း၊ စီးပွားဥစ္စာရှာခြင်း၊ အလုပ်တစ်ခုခု လုပ်ကိုင်ခြင်း၊ သားသမီး များအား ကျောင်းကြိုခြင်း၊ ကြွေးစာရင်းများ ကျေလည်အောင် ပေးချေ ခြင်း၊ ငွေကြေးလုံခြုံစိတ်ချမှု ရရှိအောင် ကြိုးစားခြင်း)

လူအများစုအနေနဲ့ အလုပ်တစ်ခုမဟုတ် တစ်ခု လုပ်ရမယ်ဆိုတာကို ယုံကြည်ထားကြပါတယ်။ ။

ကျွန်ုပ်တို့ အစားအသောက်တွေ စားနိုင်ဖို့၊ အဝတ်အစားတွေ ဝတ်ဆင်နိုင်ဖို့အတွက် ကျွန်ုပ်တို့ ငွေရှာရမယ် ဆိုတာကို လက်ခံထားပါ တယ်။ ကျွန်ုပ်တို့က ပျင်းရိသူတွေ ဖြစ်နေတဲ့အခါ ငွေရှာခြင်းကို အလေး ထားကြမှာ မဟုတ်ပါဘူး။

  • လူအများစုအနေနဲ့ အလုပ်တွေ လုပ်ရမယ် ဆိုတာကိုသိထားပြီး ရက်သတ္တ တစ်ပတ် (၇ ရက်) မှာ အလုပ်လုပ် ရမဲ့ ရက် ၅ ရက်သာ ရှိသင့်ပြီး ၂ ရက်ကို အနားယူနိုင်ဖို့အသုံးပြုသင့်တဲ့ သဘောကို နားလည်ထားကြပါတယ်။ သင် နိုးကြားရှင်သန်နေစဉ်အတွင်း သင် လုပ်သင့်တဲ့ အလုပ်တွေ၊ သင် လုပ်ပြီးတဲ့ အလုပ်တွေနဲ့ ပတ်သက်ပြီး ပြန်လည် စဉ်းစားဆင်ခြင် ခြင်း လုပ်ပေးပါ။ အောက်ပါ ရိုးရှင်းသော လေ့ကျင့်ခန်းကို လုပ်ပေးပါ။

သင် လုပ်ပြီးခဲ့တဲ့ အလုပ်တွေကို ပြန်လည် စဉ်းစားသုံးသပ်ရာမှာ အောက်ပါ ကိစ္စရပ် ၃ ရပ်ကို မဖြစ်မနေ လုပ်ပြီးခြင်း ရှိ၊ မရှိ စိစစ်ပေးပါ။

၁။ စားသောက်ခြင်း (ကျန်းမာရေးအရ အစာအာဟာရ ပြည့်ဝအောင် စားသောက်ခြင်း)

၂။ ရုပ်သံကြည့်ရှုခြင်း (စိတ်အပန်းဖြေနိုင်ရေးအတွက် ရုပ်သံကြည့်ခြင်း)

၃။ အိပ်စက်ခြင်း (ပင်ပန်းနွမ်းနယ်မှု ပြေပျောက်ပြီး အားအင်သစ်တွေ ပြန်လည်ရရှိဖို့ အိပ်စက်ခြင်း)

သင့်ဘက်က မဖြစ်မနေ ဆောင်ရွက်ရသော ကိစ္စရပ်များနှင့် ပတ်သက်ပြီး ပြီးခဲ့သော ၂၄ နာရီအတွင်းက သင် လုပ်ခဲ့သော ကိစ္စရပ် ၃ ရပ်ကို ပြန်လည် စဉ်းစားပေးပါ။

သင့်အတွက် ကျန်းမာရေးအရ အနားယူချိန်နဲ့ ဘဝတိုးတက် အောင်မြင်ရေးအတွက် အလုပ်တွေ ကြိုစားလုပ်ကိုင်ချိန်တို့ ညီညွတ်မျှတ နေမယ်ဆိုရင် သင့်စိတ်ပျော်ရွှင်မှုကို ရစေပါလိမ့်မယ်။

စာဖတ်ပရိသတ် တစ်ယောက် ဖြစ်တဲ့ “အေနွန်” က ကျွန်တော့်ဆီ အီးမေးလ် တစ်စောင် ရေးသားပေးပို့ခဲ့ပါတယ်။ သူ ပေးပို့ခဲ့တဲ့ အီးမေးလ် ထဲမှာ အောက်ပါအတိုင်း ဖော်ပြရေးသားထားတာ တွေ့ရပါတယ်။

“ကျွန်ုပ်တို့ အများစုအနေနဲ့ အလုပ်ခွင်ထဲမှာ ရှိနေချိန်အတွင်း စိတ်မပျော်ရွှင်စရာ ကိစ္စရပ် တစ်ခု (သို့) နှစ်ခုက အမြဲတမ်း ရှိနေတတ်တာ တွေ့ရပါတယ်။ ကျွန်ုပ်တို့အတွက် ဘေးကင်းလုံခြုံမှုပေးနိုင်တဲ့ အလုပ်တွေ ဖြစ်နေတဲ့အခါ ဘယ်လောက်ပဲ စိတ်ရှုပ်စရာတွေ ကောင်းနေ တဲ့အလုပ်ဖြစ်ပေမဲ့ အလွယ်တကူ နုတ်ထွက်ဖို့ရာ တော်ရုံ စိတ်မကူးတတ် တာ တွေ့ရမှာပါ။ လောကမှာ ကျွန်ုပ်တို့အတွက် စိတ်မပျော်ရွှင်စရာ ကိစ္စတွေ ဖြစ်နေသော်လည်း ကျွန်ုပ်တို့ ရှောင်လွှဲလို့မရဘဲ လုပ်ကိုလုပ်ရမဲ့ အလုပ်တွေ ရှိနေတတ်ပါတယ်။ ဒီလို မလွှဲမရှောင်သာတဲ့ အနေအထား အရ ကျွန်ုပ်တို့ မဖြစ်မနေ လုပ်ရမဲ့ အလုပ်တွေကို လုပ်ရင်း စိတ်ပျော်ရွှင်မှု ရစေမဲ့ နည်းလမ်းတွေကို ရှာဖွေရပါလိမ့်မယ်။ အလုပ်ခွင်အတွင်း လုပ်ဖော် ကိုင်ဖက် ရဲဘော်ရဲဘက်အချင်းချင်း မညှာမတာ ဆက်ဆံပြောဆိုတာတွေ၊ ရိုင်းပျတာတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည် လေးစား မှုတွေ ပျက်ပြားပြီး စိတ်မပျော်ရွှင်ခြင်းတွေ သက်သက်ကိုသာ မွေးဖွားပေး တယ် ဆိုတာကို တွေ့လာရပါတယ်။ ဘာပဲဖြစ်ဖြစ် မလုပ်မဖြစ်တဲ့ ကိစ္စ ရပ်တွေကို စိတ်မပျော်ရွှင်စွာနဲ့ လုပ်ရင်း တစ်ဖက်ကလည်း စိတ်ပျော်ရွှင် စရာကောင်းတဲ့ နည်းလမ်းတွေကို ကြိုးစားရှာဖွေရမှာ ဖြစ်ပါတယ်။ ကျွန်ုပ် အနေနဲ့ စိတ်ပျော်ရွှင်မှုရစေမဲ့ ကိစ္စတွေကို ဘယ်လိုလုပ်ရမယ် ဆိုတာကို အခုတော့ သေချာစွာ နားလည်ခဲ့ပါပြီ။

“ကျေးဇူးတင်ပါတယ်၊ ပီတာ