Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

အလင်းပွင့် - ဘာကြောင့်စိတ်ဖိစီးနေရသလဲ

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out

“ကျွန်တော်၊ ကျွန်မရဲ့ အလုပ်က စိတ်ဖိစီးမှုတွေ ဖြစ်စေတယ်” စိတ်ဖိစီးမှုဖြစ်စေတဲ့ အခြေအနေဟာ တစ်နည်းအားဖြင့် စိတ်ဖိစီးမှု ဖြစ်အောင် ပြုလုပ်သူသာ ဖြစ်ပါတယ်”

၃။ စိတ်ဖိစီးမှုဖြစ်စေသူနှင့် စိတ်ဖိစီးမှုဖြင့် တုံ့ပြန်ခြင်းတို့အား ပေါင်းစပ်ထားသော

အခြေအနေ (စိတ်ဖိစီးမှု ဖြစ်စေသော အကြောင်း) ။

စိတ်ဖိစီးမှု ဖြစ်စေသော အကြောင်းနှင့် စိတ်ဖိစီးမှုဖြင့် တုံ့ပြန်ခြင်း တို့အား ပေါင်းစပ်ထားတဲ့အခြေအနေအရ ၎င်းဟာ “ခေတ်မီသော ဘဝ၏ ဖိစီးခြင်း” သဘောကို ရည်ညွှန်းနေတာ တွေ့ရပါတယ်။

စိတ်ဖိစီးခြင်း ဆိုတဲ့ စကားလုံးကို နေ့စဉ် ဘာသာစကားတိုင်းမှာ အသုံးပြုနေကျ ဖြစ်နေသော်လည်း သိပ္ပံလောက အမြင်အရ အဓိပ္ပာယ် ၄ မျိုးဖြင့် ခွဲခြားနားလည်နိုင်တာကို တွေ့ရှိရပါတယ်။

ပထမအဓိပ္ပာယ် - မနှစ်သက်သော ကိစ္စ၊ မနှစ်မြို့သော ကိစ္စတွေအပေါ် အကြောင်းပြုပြီး စိတ်ဖိစီးမှု ဖြစ်လာစေ

သော အရာကို ရည်ညွှန်းပါတယ်။

လက်ထပ်မင်္ဂလာပွဲ တစ်ခုရဲ့ အခြေအနေအရ စိတ်ဖိစီးမှုဖြင့် တုံ့ပြန်ခြင်းတွေ ရှိနိုင်ပါတယ်။

အလားတူ မာရသွန်ပြိုင်ပွဲဝင် အပြေးသမား တစ်ယောက်အနေနဲ့ လည်း စိတ်ဖိစီးဝေဒနာ ရှိနေနိုင်ပါတယ်။

ဒုတိယအဓိပ္ပာယ် - စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုအဖြစ် ရည်ညွှန်းပါတယ်။

စိတ်ဖိစီးမှုဆိုတာ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတစ်ခု ဖြစ်ပြီး အဲဒီစိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုဟာ ဇီဝကမ္မဆိုင်ရာ တုံ့ပြန်မှုရဲ့ နောက်ဆက် တွဲ အကျိုးသက်ရောက်မှုသာ ဖြစ်ပါတယ်။

စိတ်ဆိုတာဟာ ခန္ဓာကိုယ်မရှိဘဲ ရပ်တည်၊ ဖြစ်ပေါ်နိုင်စွမ်း မရှိ သလို စိတ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ ဇီဝကမ္မဆိုင်ရာ အခြေအနေတို့ အကြား ဆက်နွှယ်မှုတွေမရှိဘဲ ၎င်းတို့နဲ့ သက်ဆိုင်တဲ့ တုံ့ပြန်မှုတွေ လည်း မရှိနိုင်ပါဘူး။

စိတ်ခံစားမှု အခြေအနေအရ တုံ့ပြန်မှုတွေဟာ ဇီဝကမ္မဆိုင်ရာ အခြေအနေတွေရဲ့ အောက်မှာ ကိန်းဝပ်နေတတ်ပြီး ဇီဝကမ္မဆိုင်ရာအရ တုံ့ပြန်မှုတွေရဲ့ နောက်ဆက်တွဲအဖြစ် ထုတ်ဖော်ပြသလေ့ ရှိပါတယ်။

တတိယအဓိပ္ပာယ် - စိတ်ဖိစီးမှုဖြစ်စဉ်အား ပထမဆုံး လေ့လာ သုတေသနပြုသူ “ဟန်စ်ဆယ်ရီ” က စိတ်ဖိစီး မှု ဖြစ်စေတဲ့ အခြေအနေ ၃ မျိုးကို ခွဲခြားပြသ

ပေးခဲ့ပါတယ်။

(၁) အန္တရာယ်အား ကြိုတင်သတိပေးသော ပုံစံဖြင့် တုံ့ပြန်ခြင်း ၊

(၂) သဘောတူကိုက်ညီမှု ဖြစ်စေရန် ကြိုးစားညှိနှိုင်းခြင်း

(၃) စိတ်ပင်ပန်းနွမ်းနယ်သော အခြေအနေကို ဖော်ပြခြင်းတို့ပဲ ဖြစ်ပါတယ်။

စိတ်ဖိစီးမှု ဖြစ်စေသော အခြေအနေအပေါ် တုံ့ပြန်ချက်တွေဟာ အချိန်အခါ အခြေအနေပေါ် မူတည်ပြီး ပြောင်းလဲနေတတ်တဲ့ သဘော ရှိတာကို “ဆယ်ရီ” က ထုတ်ဖော်ပြသခဲ့ပါတယ်။

စတုတ္ထအဓိပ္ပာယ် - စိတ်ဖိစီးမှုဆိုင်ရာ တုံ့ပြန်ချက်တွေဟာ အမြဲတစေ ကောင်းတာတွေပဲ မဖြစ်နိုင်သလို အမြဲတစေ ဆိုးရွားစေတာ မျိုးလည်း မရှိတတ်ပါဘူး။ လူသားတစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ်ဟာ ဆန့်ကျင်ဘက် သဘောဆောင်တဲ့ အဖြစ်အပျက် အခြေအနေမှန်သမျှကို ထိန်းချုပ် တုံ့ပြန်တတ်တဲ့သဘာဝရှိပြီး ကောင်းသော အဖြစ်အပျက်တွေနဲ့ ဆိုးတဲ့ အဖြစ်အပျက်တွေအပေါ်မှာလည်း အမြဲတစေ လိုက်လျောညီထွေ ဖြစ်အောင် ထိန်းညှိပေးနိုင်စွမ်း ရှိနေတာ တွေ့ရပါတယ်။

လူသားက အန္တရာယ်များတဲ့ အခြေအနေ တစ်ရပ်ရပ်မှာ ပါဝင် ပတ်သက်မိပြီဆိုရင် အန္တရာယ်ကို ကျော်လွှားဖို့ ကြိုးစားမှာဖြစ်ပြီး ကြိုးစား သလောက် အောင်မြင်နိုင်တဲ့ အခွင့်အလမ်း မရှိတာကို တွေ့ရတဲ့အခါ စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ သို့သော်လည်း လူသား တစ်ဦးချင်းစီအလိုက် အမြဲတစေ အန္တရာယ်များတဲ့ အလုပ်တွေကိုချည်း လုပ်လေ့လုပ်ထ မရှိတတ်ပါဘူး။ အခြေအနေ၊ အချိန်အခါနဲ့ အခွင့်အလမ်း သာနေချိန်မှာ အန္တရာယ်များတဲ့ အလုပ်တွေ လုပ်တတ်ပြီး အောင်မြင်မှုတွေ ထင်သလောက်မရတဲ့ အခါမှာတော့ စိတ်ဖိစီးမှု ဝေဒနာ စတင် ခံစားရပါလိမ့်မယ်။

စိတ်ဖိစီးခြင်း ဝေဒနာဟာ တစ်ဦးနဲ့တစ်ဦး ဖြစ်စဉ်တွေ တူညီမှု မရှိဘဲ အချို့က ယာယီမျှ၊ အချို့က နာတာရှည်ပုံစံနဲ့ ခံစားကြရတာ တွေ့ရှိရပါတယ်။ ကာလတိုအတွင်းသာ ဖြစ်ပေါ်တတ်တဲ့ စိတ်ဖိစီးမှု ဝေဒနာဟာ တစ်နေ့တာအတွင်း ဖြစ်ပေါ်ပြီး အဲဒီနေ့တစ်နေ့တည်းမှာပဲ ပြေပျောက်သွားတတ်ပါတယ်။ နာတာရှည် (သို့) ကာလကြာရှည်စွာ ဖြစ်ပေါ်ခံစားရတတ်တဲ့ စိတ်ဖိစီးမှုကတော့ တစ်နေ့ပြီးတစ်နေ့ ဆက်တိုက် ဖြစ်ပျက်တတ်တာ တွေ့ရပါတယ်။ ကာလတိုမျှသော စိတ်ဖိစီးမှုတွေ က ကာလတို အပြောင်းအလဲတွေကို ဖြစ်ပေါ်စေတတ်ပြီး နောက်ပိုင်းမှာ မူလ အနေအထားအတိုင်း ပြန်လည် ရောက်ရှိစေပါတယ်။ ကာလရှည် စိတ်ဖိစီးမှုကတော့ ရေရှည်အပြောင်းအလဲကို ဖြစ်သွားစေပြီး မူလအတိုင်း ပြန်လည် မဖြစ်စေရအောင် တင်းခံနေတတ်တာ တွေ့ရပါတယ်။

ထူးခြားချက်အနေနဲ့ကတော့ ကာလတို စိတ်ဖိစီးမှု တစ်ခုခုက သိသာတဲ့ ထိခိုက်နစ်နာ ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့တယ်ဆိုရင် ရေရှည်ကာလ အပြောင်းအလဲတွေ ဖြစ်သွားတတ်ပါတယ်။

စိတ်ဖိစီးမှုကို ဖြစ်စေသော အရာများနှင့် စိတ်ဖိစီးမှုဖြင့် တုံ့ပြန် ချက်တွေဟာ တစ်ခုရဲ့ အခြေအနေမှန်ကို တစ်ခုက (အပြန်အလှန်) ထုတ်ဖော်ပြသပေးလျက် ရှိတာ တွေ့ရပါတယ်။ ။

ဒါကြောင့်လည်း စိတ်ဖိစီးမှု ဖြစ်စေသော အရာ (စိတ်ဖိစီးအောင် လုပ်သော အရာများ) က စိတ်ဖိစီးမှုဖြင့် တုံ့ပြန်ခြင်းတွေကို ဖြစ်ပေါ် စေတာ ဖြစ်ပါတယ်။

စိတ်ဖိစီးမှုဖြစ်အောင် လုပ်သော အရာကို စိတ်ဖိစီးမှုဖြင့် တုံ့ပြန် ခြင်းက အဓိပ္ပာယ် ပေါ်လွင်အောင် ခွဲခြားပြသပေးတယ်ဆိုရင် စိတ်ဖိစီးမှု ဖြစ်အောင် လုပ်သော အရာက စိတ်ဖိစီးမှုဖြင့် တုံ့ပြန်ခြင်းရဲ့ ရှေ့က ဦးစွာ ပေါ်ပေါက်ဖြစ်တည်ပြီး ဖြစ်တယ် ဆိုတာကို သိနိုင်ပါလိမ့်မယ်။

O ဤစာအုပ်အား ဖွဲ့စည်းထားပုံ ၊

ဤစာအုပ်ကို အခန်းအလိုက် သက်ဆိုင်ရာ ခေါင်းစဉ်များဖြင့် အောက်ပါအတိုင်း ဖွဲ့ စည်းစီစဉ်ထားပါတယ်။

တစ်ခန်းချင်းအလိုက် ဖော်ပြပုံ

အခန်း ၂ - စိတ်ဖိစီးမှုဖြစ်အောင် လုပ်သော အရာများ (stressors) ဟာ စိတ်ဖိစီးမှု (stress) ဖြစ်အောင် ကြားခံကိုယ်စားလှယ် (Agent) အဖြစ် လုပ်ဆောင်ပေးသော သဘာဝ ရှိတာကြောင့်စိတ်ဖိစီးမှုအရ တုံ့ပြန်ခြင်း (stress response) ကို အစဉ်အမြဲ ဖြစ်စေတတ်ပါတယ်။ အသေးစိတ်ကိုတော့ အခန်း ၂ မှာ အကျယ် တဝင့် ရှင်းပြပေးထားပါတယ်။ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ကြားခံ ကိုယ်စားလှယ်များ (stressors) ဟာ ဇီဝဗေဒဆိုင်ရာ အကြောင်း တရားတွေကြောင့် ဖြစ်ပေါ်လာတတ်သလို စိတ်ပိုင်းဆိုင်ရာ အကြောင်းတရားတွေကြောင့်လည်း ဖြစ်ပေါ်လာတတ်ပါတယ်။ (သို့) ဇီဝဗေဒဆိုင်ရာ အကြောင်းတရားတွေနဲ့ စိတ်ပိုင်းဆိုင်ရာ အကြောင်းတရားတို့ ပူးပေါင်းပါဝင်ခြင်းကြောင့်လည်း ဖြစ်ပေါ် လာတတ်ပါတယ်။

အခန်း ၃ - စိတ်ဖိစီးမှု ဖြစ်စေသော အရာတစ်ခုအပေါ် စိတ် ဖိစီးမှုအရ တုံ့ပြန်ရာမှာ လူတစ်ဦးနဲ့တစ်ဦး ဘာကြောင့် သိသာ စွာ ကွဲပြားရပါသလဲ။ အခန်း ၃ အနေနဲ့ လူတစ်ဦးချင်းစီရဲ့ ပင်ကိုအရည်အသွေးတွေ အရေးပါပုံကို အဓိက အသားပေးဖော်ပြထားပြီး ပင်ကိုအရည်အသွေးတွေက သက်ဆိုင်ရာ ပုဂ္ဂိုလ် ခံစားနေရတဲ့ စိတ်ဖိစီးမှု ဝေဒနာကို တုံ့ပြန်ရာမှာ ဘယ်လို အကျိုး သက်ရောက်မှုရှိတယ် ဆိုတာကို အထင်အရှား နားလည်သိရှိစေ မှာ ဖြစ်ပါတယ်။

အခန်း ၄ - ဇီဝဗေဒဆိုင်ရာ အကြောင်းတရားတွေနဲ့ စိတ်ပိုင်း ဆိုင်ရာ အကြောင်းတရားတွေက စိတ်ဖိစီးမှုဝေဒနာကို ရေတို ကာလအဖြစ် ဘယ်လို အကျိုးသက်ရောက်စေတယ် ဆိုတာကို အခန်း ၄ မှာ ရှင်းပြပေးထားပါတယ်။

အခန်း ၄ မှာ စိတ်ဖိစီးမှုဖြင့် တုံ့ပြန်ခြင်းတွေက ရေတို ကာလအတွက် ဘယ်လို ဖြစ်ပေါ်စေတယ် ဆိုတာကို ဖော်ပြပေး ထားပါတယ်။

အခန်း ၅ - စိတ်ဖိစီးမှု ဝေဒနာတွေက ရေရှည်ကာလအထိ ဘယ်လို အခြေအနေ အကြောင်းတရားတွေကြောင့် ဖြစ်ပေါ် စေတယ် ဆိုတာကို ဖော်ပြပေးထားတာ တွေ့ရပါမယ်။

နာတာရှည် ခံစားရသည့် စိတ်ဖိစီးမှု ဝေဒနာတွေဟာ ရေရှည် ကာလအထိ လူတွေကို အပြောင်းအလဲ ဖြစ်စေကြောင်း၊ အထူး သဖြင့် နာတာရှည် စိတ်ဖိစီးခြင်းကြောင့် လူတွေရဲ့ အပြောအဆို၊ အပြုအမူ ဓလေ့စရိုက်တွေကို အကျိုးသက်ရောက်စေပုံကို ဖော်ပြ ပေးထားပါတယ်။ ။

အခန်း ၆ - ရေရှည်ကာလအထိ ခံစားရတဲ့ စိတ်ဖိစီးမှုတွေဟာ မလိုလားအပ်သော ရောဂါဝေဒနာ အမျိုးမျိုးကို ဖြစ်ပေါ်ခံစားရစေ ပြီး အထူးသဖြင့် စိတ်ဖိစီးခြင်းကြောင့် စိတ်နဲ့ ပတ်သက်သော ဝေဒနာတွေ အဓိက ခံစားရတာ တွေ့ရပါတယ်။

အခန်း ၆ အနေနဲ့ ကလေးဘဝမှာ စော်ကားခံရခြင်း၊ စွန့်ပစ် ခံရခြင်းတွေ ရှိခဲ့ပါကလည်း စိတ်ဖိစီးမှု ဝေဒနာတွေကို ခံစားရ တတ်ကြောင်း ဖော်ပြရှင်းလင်း ပေးထားပါတယ်။

အခန်း ၇ - စိတ်ဖိစီးမှု အခြေအနေကို တိုင်းတာခြင်းနှင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်တစ်ဦးဦးက စိတ်ဖိစီးမှုဝေဒနာ ခံစားနေရ ခြင်း ရှိ မရှိ စုံစမ်း ထောက်လှမ်းနိုင်ပုံကို ဖော်ပြထားပါတယ်။

အခန်း ၈ - လူအသိုင်းအဝိုင်းကြား ဆက်ဆံရေးနှင့် စိတ်ဖိစီးမှု ဖြစ်စေသော အခြေခံ အကြောင်းတရားများကို ဖော်ပြပေးထား ပါတယ်။

အခန်း ၉ - စိတ်ဖိစီးမှုအရ တုံ့ပြန်ခြင်းဟာ အမှားအယွင်း ရှိနိုင်သော်လည်း ကိုယ်စိတ်နှစ်ပါး သက်သာပြေလျော့စွာဖြင့် တုံ့ပြန်ခြင်းက နှစ်ဦးနှစ်ဖက် အပြန်အလှန် နားလည်မှုကို ဖြစ်စေပြီး စိတ်ဖိစီးမှု ဖြစ်အောင် လုပ်ပေးတဲ့ ကြားခံ ကိုယ်စားလှယ် (stressor) ရဲ့ အကျိုးသက်ရောက်မှုကိုလည်း လျော့ပါး သက်သာ သွားစေကြောင်း ဖော်ပြထားပါတယ်။

ဤစာအုပ်မှာ အဓိက အသိပေးချင်တဲ့ အချက်တွေ ပါဝင်ပြီး အဲဒီအရေးပါတဲ့ အချက်တွေကတော့ စိတ်ဖိစီးမှု ဝေဒနာကို ရေရှည်။ နာတာရှည် ခံစားရခြင်းဖြင့် စိတ်ဖိစီးခံရသူက ကျန်းမာရေး ပြဿနာ၊ လူမှုရေး ပြဿနာတွေ ဆင့်ကဲ ပေါ်ပေါက် ကြုံတွေ့ ရမယ် ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။