အရှင်မဟာသီလ၀ံသ - ဗုဒ္ဓုပ္ပတ္တိပျို့
ဗုဒ္ဓုပ္ပတ္တိပျို့
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
(၁) အဘိဥတ္တမံ၊ ဂုဏ်အနှံနှင့်၊ နှုန်းစံမရှိ၊ မြတ်ခေါင်ထိသည်။ တိသရဏာ၊ သုံးမြတ်စွာကို၊ သဒ္ဓါကြည်လင်၊ ကံသုံးအင်ဖြင့်၊ ဦးတင် ရှက်ဖွဲ့၊ ပူဇော်ခဲ့၍၊ အံ့ဘွယ့်အထူး၊ ကျေးဇူးဂုဏ်အင်၊ မြတ်ဆုံးတင်သည်။ မိခင်ဘခင်၊ သွန်သင်ဆရာ၊ မြတ်တို့မှာလည်း၊ ဝန္ဒာညွတ်ရုံး၊ ကန်တော့ ဆုံးမှ၊ ဘုန်းတော်နေလ၊ တက်ထွန်းပသို့၊ လောကသမ္မတိ၊ တိုင်းကြီး သခင်၊ ဘဝသျှင်ကို၊ ဦးတင်လက်စုံ၊ ဆယ်ချောင်းရုံလျက်၊ ခိုလှုံတေဇာ၊ ပြီး၍သာလျှင်၊ သီဒါရစ်မြှောင်၊ ငါးလုံးတောင်နှင့်၊ တိမ်ထောင်တိမ်လှိုင်း၊ ပန်းစုံဆိုင်းသည်၊ မှိုင်းရီညိုညို၊ ရာဇဂြိုဟ်တွင်၊ ပုဂ္ဂိုလ်ထေရ်ကြီး၊ အံ့မပြီးသည်၊ ဘုန်းကြီးပရမေ၊ သပ္ပါယ်နေက၊ မွေးဘေသုဒ္ဓေါ၊ မင်းမြတ်ကျော်လျှင်၊ သားတော်စိန္တေ၊ သုံးလူ့ဆွေကို၊ ဆွတ်ကြွေယူတ၊ လွမ်းပါ လှ၍၊ ဆက်သပင့်လွှာ၊ ရွှေပေစာနှင့်၊ ကာလုဒါယီ၊ ပင့်ချီစေသား၊ အစထား၍၊ ဘုရားကြောင်းအင်၊ ဗုဒ္ဓဝင်ကို၊ နာလျှင်ဉာဏ်သွား၊ သူတော်များတို့၊ ကြားရုံနှင့်ပင်၊ မြတ်ဗုဒ္ဓင်ကို၊ မျက်မြင်ကြည်နူး၊ ဖူးရသည်လို၊ ကြည်ညိုသဒ္ဓါ၊ များစာနာတို့၊ ချမ်းသာမျက်မှောက်၊ ရောက်စေခလို၊ ရှေ့တခိုမှာ၊ ဝိဂြိုဟ်မပွား၊ ဂိုဏ်းသုံးပါးကို ရှောင်ရှားရိုသေ၊ ပြဆိုပေ အံ့။ ။ ပရမေသိရိ၊ ဂုဏ်ပေါင်းချိသည်၊ မုနိထိပ်ပေါ်၊ စိန္တပျော်သည်။ ပြည်တော်နဂရ၊ ကပိလက၊ ထွက်ကြွသက္ကရာဇ်၊ နှစ်လုံးသတ္တာ၊ စေ့ရောက်ခါလျှင်၊ တရာ့သုံးခု၊ ရတုမှိုင်းညို၊ လဝါဆိုဟု၊ ခေါ်ဆိုမာသေ၊ စနေမည်၍၊ လပြည့်နေ့တွင်၊ ပန်းငွေ့ပျံ့လှိုင်၊ သင်းကြိုင်ကြိုင်နှင့်၊ ဂနိုင် သာယာ၊ သားမိဂါတို့၊ ချမ်းသာသုခိ၊ ဘေးမရှိသည်၊ ဘုမ္မိအောင်ချာ၊ မိဂဒါတွင်၊ စကြာဓမ္မ၊ ရသမြိုက်ရည်၊ နိဗ္ဗာန်စည်ကြီး၊ တီး၍ဒေသနာ၊ ဟောသောခါလျှင်၊ ဘုမ္မာဤမြေ၊ ရေလေတောတောင်၊ ကုန်အောင် ချိုးခြိမ့်၊ တော်တိလှိမ့်၍၊ သိမ့်သိမ့်ငလျင်၊ ပဲ့တင်သွက်သွက်၊ လှုတ်လျက် နုမော်၊ သာဓုခေါ်လျက်၊ ပဉ္စဝဂ်နှင့်၊ ငြိမ်သက်ချမ်းမြ၊ ပဌမဝါ၊ ဆိုပြီး ခါလျှင်၊ ဂယာနဒီ၊ မြစ်ကိုမှီ၍၊ ညီနောင်အတူ၊ မိစ္ဆာမူနှင့်၊ ဥရူဝေလ၊ ကဿပက၊ စသည်ညီနောင်၊ ရှင်တထောင်ကို၊ တိမ်မှောင်မိစ္ဆာ၊ ဒိဋ္ဌိခွာ၍၊ ရဟန္တာမြောက်၊ အလင်းရောက်သော်၊ နောက်တော်အတူ၊ ခေါ်တော်မူလျက်၊ သုံးလူမြတ်စွာ၊ ကြွလေပါ၍၊ မှိုင်းပြာညိုညို။ ရာဇဂြိုဟ်သို့၊ ပုဂ္ဂိုလ်မြတ်စွာ၊ ဆိုက်ရောက်ခါလျှင်၊ ဖူးလာငြိမ့်ညောင်း၊ တသိန်းပေါင်းနှင့်၊ နှစ်သောင်း မကြွင်း၊ ဗိမ္မာမင်းကို၊ လင်းစေမျက်မှောက်၊ အမိုက်ပျောက်သော်၊ ထွန်းတောက်သဒ္ဓါ၊ ကောင်းစွာကြည်ညို၊ မြတ်ကုသိုလ်နှင့်၊ သံကိုပယ်စေ၊ ရွှေမြို့နှင့်သာ၊ ဆောက်ပါပြီးရှောင်း၊ ဝေဠုကျောင်းကို၊ ရှင်ကောင်းမြတ်စွာ၊ လှူခံပါဟု၊ ဗိမ္မာမင်းမူ၊ ကျောင်းလှူကာလ၊ ရေစက်ချတွင်၊ မြေငလျင် လည်း၊ ဧယာဉ်သွက်သွက်၊ လှုပ်လျက်ငြိမ့်ညောင်း၊ ဝေဠုကျောင်းကို၊ ရှင်ကောင်းဘုန်းလျှံ၊ အလှူခံ၍၊ ကျိန်းစံဣရိယာ၊ နေသောခါလျှင်၊ ဗိုလ်ပါဆင်မြင်း၊ မြို့တွင်းမြို့ပြင်၊ လူရှင်ထွက်ရေ၊ ကိုးကုဋေနှင့်၊ တိုင်းခြေသာယာ၊ သာသနာလည်း၊ တောက်စွာထွန်း၊ စည်ပင်လှ၍၊ ပြည်မသနင်း၊ မင်းမိဘုရား၊ ကျောင်းကန်သွားလျက်၊ ပြည်သားပြည်သူ၊ အူအူသဲသဲ၊ စည်နဲ့ရွှမ်းကာ၊ လှူဒါသီလ၊ ရေစက်ချ၍၊ နေ့ညပွားများ၊ ဘုရားထံမှ၊ ဆည်းကပ်ကြလျက်၊ သာလှနုပျို၊ ရာဇဂြိုဟ်ဝယ်၊ သွယ်သွယ် ဖောက်ကား၊ ကုန်သည်များတို့၊ ထွက်သွားကုန်ကြ၊ ကပိလသို့၊ နှစ်လခရီး၊ တောကြီးတောင်ခြေ၊ ရောက်ကုန်လေလည်း၊ သဝေမပါ၊ ကိုးဂါထာဟု၊ မြတ်စွာဗုဒ္ဓံ၊ ဓမ္မသံယံ၊ သရဏံပီတိ၊ ဂစ္ဆာမိကို၊ ရွတ်ဘိနှုတ်ဝယ်၊ သရဇ္ဈာယ်ကာ၊ ဘယာနတ္ထိ၊ ဘေးမရှိသည့်၊ သုခီချမ်းကြည်၊ များကုန် သည်တို့၊ ထူးလည်နာမ၊ သာယာလှသည်၊ ဗုဒ္ဓစိန္တေ၊ ချက်တော်ကြွေသည်၊ မင်းနေဌာန၊ ကပိလသို့၊ ရောက်ကြကုန်သော်၊ ရှင်တော်ပရမေ၊ သုံးလူ့ ဆွေသည်၊ ဝေဠုဝန်ခေါ်၊ ရွှေကျောင်းတော်၌၊ စံပျော်မှီခို၊ ရာဇဂြိုဟ်တွင်၊ အထင်အရှား၊ ရှိငြားတုံခြင်း၊ ကြောင်းသတင်းကို၊ လင်းလင်းထုတ်ဖော်၊ ပြောကြားသော်လျှင်၊ ကြားတော်မူလေ၊ လွမ်းဆွတ်ကြွေ၍၊ ရွှေပဒုမာ ကုမုတ်ကြာကို၊ ဖလ်ဝါနေနန်း၊ ဒေါင်းရှိန်မြန်းသို့၊ နန်းကြီးပလ္လင်၊ သလွန်ခွင်ဝယ်၊ ရာဟုမယ်လည်း၊ ငယ်ကြင်ငယ်ချစ်၊ စလျားရစ်၍၊ ချစ်တုံ့မပြေ၊ ရာဟုဘေကို၊ စေ့ရေပြန်ပြောင်း၊ အောင်းမေ့ယူတ၊ ချူချူ ချ၍၊ သောကလောင်မီး၊ ရွှေရင်တီးသည်၊ ရှိုက်ကြီးလှိုက်ဖို၊ ငိုကြီးငိုနှင့်၊ ကိုယ်တော်ရုပ်သွင်၊ မျက်နှာပြင်ကို၊ ထင်တရေးရေး၊ မြင်ယောင်ဆွေးသည်။ တွေးကာာ်တမ်း၊ အာကာလမ်းသို့၊ မှန်းလို့ ရည်ရော်၊ မြင်နိုးာ်လည်း၊ မိုးပေါ်ကောင်းကင်၊ မြူခိုးဆင်၍၊ မင်းလွင်ကရီ၊ တိမ်ပန်းချီနှင့်၊ တိမ် နီတိမ်ထောင်၊ ဇော်ရောင်စူကာ၊ ပန်းမိလ္လာတို့၊ ရှက်ကာအံ့မှိုင်း၊ ပတ်လည် ဆိုင်းသည်၊ နယ်တိုင်းရစ်လည်၊ ဆင်တော့သည်တည်း။ ရွှေပြည်သခင်၊ ငယ်ကြင်မောင်တော်၊ သုံးလူ့ဘော်၏၊ သော်တာလသွင်၊ မျက်နှာပြင်ကို၊ ” ဘယ်တွင်ရိပ်စ၊ မမြင်ရဘူး၊ နှစ်မျိုးမျှ၊ မောင်နှမကို၊ မွေးဘမိခင်၊နှစ်ပါးရှင်တို့၊ ဦးကင်တော်မြတ်၊ စလျားပတ်သည့်၊ နတ်သမုဆွေ၊ ရာဟု ဘေကို၊ မြတ်စေတနာ၊ မယ်ကမှာမူ၊ အမ်းယာညွတ်ရုံး၊ ကေဆံ တုံးနှင့်၊ သက်လုံးအပ်၍၊ ဆုံးသတ်ပေါင်းမည်၊ မနောကြည်၍၊ ကြံရည် တွက်ကိန်း၊ သစ္စာထိန်းသည်၊ စိမ်းရက်လေခဲ့၊ ဆွတ်ကြွေလှိုက်ဖို၊ တောင်ကြီးမြို့သို့၊ ခိုရာမရ၊ ရာဟုဘကြောင့်၊ သောကလောင်ဦး၊ ပူသည်မီးကို။ ဘကြီး သုဒ္ဓေါ။ မြင်မြောစရာ ရှိပါတော့သည်၊ ကိုးကွယ်ရည်၍၊ ရွှေစည်မရွမ်း၊ ဖြန့်ဝန်းထီးဖြူ၊ ဗိုလ်လူဆင်မြင်း၊ ရံဝင်းနောက်တော်၊ သင်းမဖော်ဘဲ၊ ယသော်ကိုထီး၊ ပန်းတကြီးလျှင်၊ ငိုကြီးရှိုက်ကာ၊ ညှိုးမသာနှင့်၊ ရာဇာ သုဒ္ဓေါ၊ မွေ့လျော်စံတင်၊ နန်းရင်ပြင်သို့၊ ဆောလျင်မြန်စွာ၊ ပြေးဝင်လာသော်၊ ရာဇာမင်းကျော်၊ ချွေးမတော်ကို၊ ရှုမျှော်မြင်လျှင်၊ နန်းပလ္လင်က၊ ရင်ရင်ထ၍၊ မိန့်ဟသံလေး၊ နှုတ်ဆက်မေးသည်၊ ချွေးမပြာဝင်း၊ ရှိလေချင်း။ ။ အခင်းဘယ်ငှာ၊ ဘယ်ကြောင်းလျာကြောင့်၊ ခရာမကျော်၊ စည်တော်ရွမ်း၊ ရံဝန်းမပါ၊ ငိုကြွေးကာနှင့်၊ ပူဆာလောင်ခြင်း၊ တကိုယ်ချင်းလျှင်၊ ဘမင်းရှိရာ၊ ခိုကိုးလာသည်၊ ကြီးစွာမှုများ၊ ရှိသည် လားသို့၊ စကားချို၊ ဘခင်မေးသော်၊ ချွေးမယသော်၊ ကြွေးကြော်ရှိုက်ငင်၊လျှောက်ထားတင်သည်၊ ဘခင်ဘုရား၊ ရွှေနားကြည်ဖြူ၊ နာတော်မူလော့၊ ဇမ္ဗူဘောင်တွင်း၊ ထီးဆောင်မင်းထက်၊ ထွန်းလင်းကျက်သရေ၊ ဂုဏ်မြူတေနှင့်၊ နေသို့ထင်ရှား၊ ကိုယ်တော်သားသည်၊ ဘိုးဘွားဆွေပေါင်း၊ ထီးဆောင်းနန်းနေ၊ သရေကိုသော်၊ မမျှော်မထောက်၊ သားတစ်ယောက်လျှင်၊ ဘွားမြူမြင်က၊ ဆွေနှမကို၊ သိင်္ဂကြငန်း၊ ကျောက်စုံလျှမ်းသည်။ ရွှေနန်းဘုံမှာ၊ ထားခဲ့ပါ၍၊ ဗိုလ်ပါဆင်မြင်း၊ ရံဝင်းတပ်တော်၊ များမခေါ် ဘဲ၊ ယာဉ်ကျော်အဿ၊ ကဏ္ဍကနှင့်၊ မတ်လှမောင်ဆန်၊ သန်းခေါင်ယံကို၊ အကြံယွင်းဖောက်၊ ကျွန်နှစ်ယောက်နှင့်၊ ကြွမြောက်တုံလေ၊ ရာဟုဘေ သည်၊ သေရှင်မသိ၊ ပျောက်လေဘိ၍၊ နန်းကြီးဆိတ်ညံ၊ ညီလာခံလည်း၊ဗိုလ်ရံသဘင်၊ ရှေးဖြစ်အင်နှင့်၊ အသွင်ကွဲလှ၊ မူဆိုးမဟု၊ ညှိုးလျနွမ်းညစ်၊ ခုနစ်နှစ်သည်၊ တွက်စစ်ကြာမှ၊ သေချာသတင်း၊ ကြားသိလျှင်းသည်။ ပြည်မင်းနဂိုရ်၊ ရာဇဂြိုဟ်ဝယ်၊ ကိုယ်တော့်သားချစ်၊ ဘုရားဖြစ်ပြီး၊ ရွှေကျောင်းကြီးနှင့်၊ ဘုန်းမီးရောင်တင့်၊ သူ့တိုင်းခွင့်ဝယ်၊ ကြာတင့် ရှည်လျား၊ သင်္ဘောများနှင့်၊ စံစားနေ့ရေ၊ မလာနေသည်၊ မွေးဘေမင်းကျော်၊ ဉာဏ်ဖြင့်ဖော်၍၊ ပင့်ခေါ်ပါမှ၊ ရာဟုဘသည်၊ ဌာနနန်းမြေ၊ တိုင်းချက် ကြွေသို့၊ ပြန်ပေကဲ့လာ၊ ဖူးရပါအံ့၊ ရာဟုဘိုးတော်၊ သင့်လျော်သံချို၊ ရွှေခွန်းဆို၍၊ သားကိုဘခင်၊ ရင်ရင်ပင့်ပါ၊ တောင်းပန်ထွာသည်။ ။ ဖြာဖြာမျက်ရည် သွယ်ဆင်းတည်း။
(၂) ဆွေလည်းဆွေချင်း၊ မင်းလည်းမင်းမျိုး၊ ထီးရိုးနန်းတည်၊ မြင့်ရှည်စိုးကြ၊ မောင်နှမကို၊ သင်္ခရေစင်၊ ဘိသိက်တင်၍၊ ပလ္လင်နန်းပျော်၊ ချွေးမတော်က၊ မောင်တော်ငယ်ကြင်၊ ငယ်ကျွမ်းဝင်ကို၊ ဘခင်မင်းကျော်၊ ပင့်တော်မူပါ၊ ရှိုက်ငိုကာနှင့်၊ ပူဆာညွတ်တွား၊ လျှောက်တင်ငြားသော်၊ မင်းဖျားသုဒ္ဓေါ၊ ရွှေခွန်းဖော်၍၊ အော်ဟုတ်ကဲ့လား၊ ချိန်တူဘွားသည်။ ငါ့သားကြင်ဘော်၊ ချွေးမတော်။ ။ ညှိုးလျော်ယူတ၊ ငါ့ချွေးမမှာ၊ လွန်းသည်တာမူ၊ ငယ်ခါငယ်ချစ်၊ ငယ်ပေါင်းစစ်သည်၊ သားချစ်မွေးဘေ၊ ဖြစ်ပလေ၍၊ ဆွတ်ကြွေညှိုးငယ်၊ ဘုံနန်းလယ်က၊ ငယ်ကြင်တန်ဆောင်၊ သိဒ္ဓတ်မောင်ကို၊ ထင်ယောင်ကသိုဏ်း၊ မျက်ရည်လှိုင်းသည်၊ နေ့တိုင်း ဆွတ်ကြွေ၊ လွမ်းပါပေခဲ့၊ မွေးဘေ၌ဝယ်၊ အဘယ်ဆိုရာ၊ မရှိပါဘူး၊ သည်းချာရင်ငွေ့၊ သားဘုန်းဟေ့ကို၊ မိုဃမြေ့လှိုက်တုန်၊ နိမိတ်စုံနှင့်၊ ဘွားတုံပြီးသော်၊ မယ်တော်နတ်ထံ၊ ပြောင်းကြွစံ၍၊ ကျန်ရစ်ခဲ့ငြား၊ မြတ်သည်သားကို အားပြု၍လျှင်၊ ဘခင်သက်စု၊ ချစ်မှုပိုက်ထွေး၊ လွန် မြတ်လေးသည်၊ ချွေးမနှင့်သာ၊ လက်ထပ်ကာဖြင့်၊ ရာဇာမွေးဘ၊ စိတ် ချဝမ်းသာ၊ နေသည်တာက၊ ပန်ထွာမကြား၊ ဘခင်အားကို၊ ပစ်သွားထွက်ခါ၊ ကြာကြီးကြာ၍၊ လွမ်းဗျာဆွတ်ကြွေ၊ သားသက်ဝေကို၊ တနေ ဝင်မြောက်၊ တမိုးသောက်လည်း ရောက်လာလိမ့်နော်၊ ခမည်းတော်မှာ၊ ဪကာယူတ၊ မျက်ရည်ကျသည်၊ ချွေးမထက်ကို၊ ကဲဆပို၍၊ ပုဂ္ဂိုလ် သနင်း၊ ရှင်ရင်းပရမေ၊ သားသက်ဝေကို၊ မွေးဘော်တမ်း၊ မျက်ရည် လျှမ်းသည်၊ စမ်းသို့ထွေထွေ၊ လွမ်းလှလေခဲ့၊ ဆွေတော်မျိုးတော်၊ စပ်တော်နီးကြ၊ ဆိုသမျှနှင့်၊ ချွေးမပစ်ကွေ၊ ရာဟုမေတို့။ ။ ဆွတ်ကြွေ ညှိုးလျ၊ လွမ်းဒုက္ခကြောင့်၊ စိတ္တဇရောဂါ၊ ကပ်ရောက်ခါလျှင်၊ ချမ်းသာ မည်ဆေး၊ ကုရေးမမြင်၊ သို့ဖြစ်အင်ကြောင့်၊ ဆင်ခြင်ထောက်ထား၊ ငါ၏သားကို၊ တရားယူဖြေ၊ လွမ်းကြလေလော၊ မွေးဘေ၌မှာ၊ ဇရာ နှိပ်နင်း၊ အိုခြင်းတဝ၊ သားဗုဒ္ဓကို၊ မျှော်တာပါ၊ လွမ်းရောဂါကြောင့်၊ ရေစာမဝင်၊ ရှိကြောင်းအင်ကို၊ စုံလင်ခြင်းရာ၊ ရွှေပေစာနှင့် သေချာမှာ ထား၊ သားဘုရားကို၊ သွား၍ပင့်ချေ၊ စေလွှတ်မည်ပ၊ မကြောင့်ကြနှင့်၊ မွေးဘသုဒ္ဓေါ၊ မိန့်ရှိသော်မှ၊ ညှိုးလျော်ဆွတ်ကြွေ၊ ရာဟုမေလည်း၊ ရိုသေညွတ်ခ၊ ဦးနှိမ်ချ၍၊ နန်းမရဝေ၊ ပြန်လေ၍သာ၊ ရာဟုလာကို၊ ပွေ့ခါဖက်ယမ်း၊ ဘယ်ညာနန်းသည်၊ အလွမ်းဖြေ၍၊ နေတော်မူခဲ့၊ ပြည်သူမျက်ဖျော်၊ မင်းသုဒ္ဓေါလည်း၊ ယသော်ချွေးမ၊ ပြန်သည်မှလျှင်၊ မိန့်ဟသံတော်၊ ရွှေခွန်းဖော်၍၊ ဆွေတော်မျိုးမျှ၊ တော်စပ်ကြသည်။ တဘရင်သွေး၊ မိခင်မွေး၍၊ ညီထွေးသုက္ခာ၊ အမိတ္တာနှင့်၊ဒေါဒေါ ဒန၊ ပုတ္တာ စသည်၊ မြို့ပြခရိုင်၊ အပိုင်မြတ်လေး၊ ခန့်အပ်ပေး၍ လေးယောက်မတ်မွန်၊ ရွှေဘွဲ့ချွန်တို့။ ။ သားမွန်းဘုရား၊ ထွက်သွားရှည်ကြာ၊ , ယခုမှာလျှင်၊ သာယာနုပျို၊ ရာဇဂြိုဟ်ဟု၊ ထိုပြည်တိုင်းမှာ၊ နှိုင်းသူမရ၊ ဗုဒ္ဓစင်စစ်၊ ဘုရားဖြစ်၍၊ သားချစ်ကယ်မလာ၊ နေသည့်တာကြောင့်၊ ငါ၏ချွေးမ၊ မွေးဘရှိရာ၊ ပြေးဝင်လာ၍၊ ရာဟုဘခင်၊ ငယ်ကကြင်ကို၊ ဘခင်မင်းကျော်၊ ပင့်တော်မူပါ၊ ငိုကြွေးခါနှင့်၊ ပန်ထွာ ညွတ်ပျောင်း၊