အရှင်ဇနကာဘိဝံသ - အခြေပြုပဌာန်းတရားတော်
အဘယ့်ကြောင့် ပဋ္ဌာန်းတရားတော် တန်ခိုးကြီးသနည်း?
ပဋ္ဌာန်းတရားတော်သည် တန်ခိုးကြီး၏။ ပဋ္ဌာန်းကို ရွတ်ဖတ်လျှင်
ဘေးရန်အန္တရာယ် ကင်းပျောက်၏၊ ကောင်းကျိုးချမ်းသာ ဖြစ်စေ
နိုင်၏ ...
ဟူ၍ပဋ္ဌာန်းတရားတော်နှင့်ပတ်သက်ပြီးရှေးရှေးအခါမှစ၍ယနေ့ထက်တိုင်အစဉ်အလာစွဲမှတ်ယုံကြည်နေကြသည်။
အဘယ်ပုဂ္ဂိုလ်သည် ပဋ္ဌာန်းကို ရွတ်သောကြောင့် ဘယ်သို့သော ဘေးရန် အန္တရာယ်မှ လွတ်မြောက်ခဲ့သည်၊ အဘယ်ပုဂ္ဂိုလ်သည် ပဋ္ဌာန်းရွတ်သောကြောင့် အဘယ်သို့သော ကောင်းကျိုးချမ်းသာတို့ ရရှိခဲ့သည်ဟူသော ဝတ္ထု ဇာတ်လမ်း ( အဖြစ်အပျက် သက်သေ သာဓကများကား များလှစွာ၏၊ ယင်း ဝတ္ထုဇာတ်လမ်း များကို ရေးရလျှင် ဤနိဒါန်းကြီး ရှည်လျား သွားပေလိမ့်မည်ဖြစ်သောကြောင့် လည်းကောင်း, စာရှုသူလည်း အထိုက်အလျောက် ကြားဖူးနေမည် ဖြစ်သောကြောင့် လည်းကောင်း, ယင်း ပဋ္ဌာန်းအကျိုးပြု ဝတ္ထု ဇာတ်လမ်းများကို မရေးသားမူ၍ ပဋ္ဌာန်းတရားတော်သည် အဘယ်ကြောင့် တန်ခိုးကြီးသနည်း ဟူသော အမေး၏ အဖြေကိုသာ ဤနိဒါန်း၌ အဓိကထား၍ ရေးသားတင်ပြ လိုပေသည်။
ပဋ္ဌာန်းတရားတော်၏ တန်ခိုးကြီးကြောင်း စိစစ်တင်ပြရာ၌ သိသာထင်ရှား စေရန်အတွက်-
၁။ သိမ်မွေ့ မြင့်မြတ်၍ နက်နဲကြီးကျယ်သော တရာဖြစ်ခြင်း။
၂။ တန်ခိုးကြီးသည့် နတ်ဗြဟ္မာများ ရိုသေမြတ်နိုးသည့် တရားဖြစ်ခြင်း။
၃။ သာသနာတည်တံ့ရေးအတွက် ရှေ့တန်း ခံတပ်ကြီးဖြစ်ခြင်း-ဟူသော