အရှင်ဇနကာဘိဝံသ - ဓမ္မစကြာတရားတော်
၁။ ဂမ္ဘီရာနီ သစ္စာနိ သုဗောဓာနိ ကတာနိ တေ၊
စိတ္တာ တေ ပဋိဘာ ဘန္တေ၊ ကိ” ဘဝညမှီ တာဒိသီ။
ဘန္တေ-အရှင်ဇနကာဘိဝံသ, ဘွဲ့နာမဖြင့်, မြန်မာ့ငွေခွင်, အသရေ လွင်, ပေါ်ထင်ကျော်ကြားမှ ဆရာတော်အရှင်မြတ်ဘုရား၊
တေ-တစ်ခေတ်တစ်ခါ, ဖြစ်ခဲစွာလျှင်, ပေါ်လာထူးခြား, ဆရာ တော် အရှင်မြတ်ဘုရားသည်၊ ဂမ္ဘီရာနိ-သိဖို့ခက်အင်, မြင်ဖို့မလွယ်, ပြောဟောဖွယ်တွက်,ပို၍ခက်ဟု,ဆိုမြွက်အကဲပြ,နက်နဲလှကုန်သော၊သစ္စာနိပိသိပယ်-ဆိုက်-ပွား, ကိစ္စအားဖြင့်, ထင်ရှားသိကာ, အရိယာဟု, ဖြစ်စရာဖန်ထား, သစ္စာအမှန်တရားတို့ကိုသော်လည်း၊
သုဗောဓာနိ-ကြားသူရွှင်ပျ ဉာဏ်မြင်လှဖို့, ဆင်သချယ်လှယ်, နည်းသွယ်သွယ်ဖြင့် အလွယ်နှင့်ပိုင်, သိရှိနိုင်သည်တို့ကို၊ကတာနိယုတ္တိသဘာဝ,သာဓကဖြင့်,ဉာဏစွမ်းထုတ်,သရုပ်ဖော်လတ်,ပြုစီမံတော်မူအပ်ပါကုန်ပြီ၊
တေ-အယူအဆ, တစ်မူလှလျက်, သူနှစ်သက်ဖို့, ချက်အလက် ပြင်, အကွက်ဆင်၍, အယဉ်အလှ, အစဉ်ကျအောင်, တင်ပြဖော်ကြား, ဆရာတော်အရှင်မြတ်ဘုရား၏၊ ပဋိဘာ-ပါရမီထူး, ဇာနည်ဖူးမို့, ကွန့်မြူးမြင်ကာ, ထင်လာအသိ, ဉာဏ်ပညာပဋိဘာန်သည်၊ စိတ္တာခေတ်မီဉာဏ်ပျိုး, ဟန်မရိုး၍, ပန်းမျိုးစုံခြယ်, တန်းသွယ်တမျှ ဆန်းကြယ်လှပါပေ၏။
တာဒိသီ-အဟောစကား, ရေးအသား၌, အများသိလွယ်, ထင်မြင် လွယ်ဖို့ ခြယ်လှယ်ဆင်ဘိ, အသိဉာဏ်ပျိုး, ထိုသို့သောပဋိဘာန်မျိုးသည်။ အညမှီ-ဆရာရှင်ထား, အလားမတူ၊ တစ်ပါးသူ၌၊ ကိ” ဘဝေလိုက်မီဖွယ်ရာ, မလွယ်ပါမို့, အဘယ်မှာ ဖြစ်နိုင်ရာပါအံ့နည်း၊
န ဘဝေဝ-အရှင့်ပဋိဘာန်, မူလဟန်မို့, တူရန်တုလား, မဖြစ် နိုင်တော့သည်သာ ဘုရား။
၂။ ဇာတာ တဝ ပသာဒေန ဓမ္မစက္ကတ္ထဒေသနာ၊
အဿာဒ် တာယ ဝိန္ဒုန္တိ ဇနာလိနောဝ ဝါရိဇေ။
ဘန္တေ-သာသနာအတွက်, ကိုယ်အသက်ကို, ငဲ့ကွက်မထား, နိုးကြားအစဉ်, ကြိုးစားခဲ့သော အရှင်ဘုရား၊
တဝ-အများတွက်တာ, တစ်ဖက်သာဟု, သက်ညှာကြိုးစား, ဆရာတော် အရှင်ဘုရား၏၊ ပသာဒေန-ရှင်လူအများ, တရားအရာ,သိလိမ္မာဖို့,စေတနာထား,ကြိုးစားအားတင်း,ချီးမြှောက်ခြင်းကြောင့်၊ဓမ္မစက္ကတ္ထဒေသနာဓမ္မစကြာ,ဒေသနာ၏,ဝေဆာတင့်တယ်,နက်ဓိပ္ပာယ်ကို,သိလွယ်အောင်ဆင်,ထင်လွယ်အောင်သ, ဟောပြကြားဖော်,တရားတော်သည်၊ဇာတာထေရ်ရှင့်ကရုဏာ,မေတ္တာတော်လွှမ်း,ဉာဏ်စွမ်းပြကာ,ဖြစ်ပေါ်လာခဲ့ရပါပေပြီ၊
အလိနော-ပန်းရှိရာဆီ, ရပ်ထိုဤသို့ လှည့်လည်မြန်းလျက်, ပန်းရက်စားသုံး, ပျားပိတုန်းတို့သည်၊ ဝါရိဇေ-အထပ်ထပ်သာ, ချပ်အလွှာဖြင့်, ဝေဆာဆန်းတင့်, ကြာပန်းပွင့်၌၊ အဿာဒံ-ဝတ်ရည် မှဖြစ်, အနှစ်သြဇာ, ရသာတစ်သွယ်, သာယာဖွယ်ကို၊ ဝိန္ဒန္တဝသိုမှီးဖို့ရာ, သုံးဖို့ရာဟု, ကောင်းစွာလှလှ, ရကြကုန်သကဲ့သို့၊တထာ-ထိုနည်းထားယူ, အလားတူပင်၊ ဇနာ-ဆရာတော်မြတ်, ခိုမှီကပ်လျက်, အမြတ်လိုလား, ရှင်လူအများတို့သည်၊
တာယ-သိစရာ အရပ်ရပ်, မှတ်စရာ အသီးသီး, နည်းအဖြာဖြာ, တန်ဆာဆင်သ, ဉာဏ်အမြင်လှမို့ တင်ပြထုတ်ဖော်, ထိုသုတ်တော် ဓမ္မစက်ဖြင့်၊ အဿာဒံ-တရားကြောင့် သုခပီတိ, စိတ်၏အရသာ, အာသာမပြယ်, သာယာဖွယ်ကို၊ ဝိန္တိ-တရားသက်ဝင်, စိတ်အစဉ်ဖြင့် ရွှင်တပျပျ, ရရှိကြပါကုန်တော့သည် ဘုရား။
၃။ ဓညာဝတာ မရာ ဒါနိ, ဝိနာ တံ ဒုဋ္ဌဂါ မယံ၊
အဿာသံ ပန ဝိန္ဒာမ, ဂန္တာ တေ ဒိဿရေ ယတော။
ဒါနိ(ဣဒါနိ)-လူ့ကျိုးတွက်တာ,ရပ်စဲကာဖြင့်နတ်ရွာမြန်မှု,စခန်းပြုရာမှယခုအခါ၌၊အမရာ-တရားလိုလား, ထေရ်ဘုရားကို ခစားညွတ်လာ, ဒေသနာဓမ္မ, နာကြရ၍ ဓမ္မအရသာ, သာယာခံစား, နတ်အများတို့သည်၊ ဓညာဝတ-ပီတိဓာတ်ဖြင့်,မပြတ်ကြည်နူးဖန်ဖန်မြူးရ,ကံထူးကြပါပေစွတကား။
မယံ-ထေရ်ရှင့်ထံမှ,ကျမ်းဂန်များစွာ, ဒေသနာဓမ္မ, ဩဝါဒကို, ရခဲ့အကြောင်း, ရှေးဖြစ်ဟောင်းကို ပြန်ပြောင်းကြည့်မျှော်, တပည့် တော်တို့သည်၊
တံ-သူမတူတန်မှ စွမ်းအားသန်သည့် ရှင့်ဉာဏ်လုံ့လ, ကံအရဖြင့် မြန်မာ့ကျေးဇူးရှင်, ဂုဏ်အင်ကြီးမား, အရှင်ဆရာတော် မြတ်ဘုရားကို၊ ဝိနာ-မလွှဲသာ၍ ခွဲခွာခဲ့ကြ, ကင်းကွာရ၍၊ ဒုဋ္ဌဂါဝတရှေ့ဆက်လက်ကာ, ရတနာမျိုးမှန် အဖိုးတန်သည့် ကျမ်းဂန်ဓမ္မမှု မရနိုင်ဟု, မယူနိုင်ရ, ကံဆိုးလှပါပေကုန်စွတကား၊
အရှင်ဝါသေဋ္ဌာဘိဝံသ၏အမြင် ဥယျာဇဉ် ဥ ပန-ထိုသို့ပင် အသစ်ဆက်ကာ, နှစ်သက်စရာဟု, နည်းနာအ၀၀, ဓမ္မအဖြာဖြာ, မရပါကုန်သော်လည်း၊ ယတော-စိတ်ဖြေဖွယ်ကောင်း, အကြင်အကြောင်းကြောင့်၊ တေ-သာသနာနှင့်, မြန်မာအကျိုး တိုးဖို့ တွက်တာ, နည်းနာညွှန်ပြ, အသုံးချဖို့ လုံးဝကြိုးစားမှ ဆရာတော် အရှင်ဘုရား၏၊
ဂန္တာ-စာချစာသင်, များလူရှင်တို့မှ ခုံမင်နှစ်သက်, ခေတ်ဆက် ဆက်လျှင်, မပျက်စွဲကိုင်, မရိုးနိုင်ဘဲ, တိုးခိုင်မြဲမြံ, လမ်းမှန်ဖော် ကြား, ကျမ်းဂန်တော် အများတို့သည်။
ဒိဿရေ-ဆရာ့လက်ထပ်, နည်းစုံအပ်သို့, သိဓာတ်စွမ်းအင်, အမြင်ပွားမို့ ထင်ရှား ရှိနေကြပါပေကုန်၏၊
(တတော)-ကျမ်းဂန်များစွာ, ရှင့်လက်ရာဟု, မကွာအစဉ်, ဆရာရှင် ရှိနေသောကြောင့်ပင်၊ (မယံ)-ဆရာတော့်ကျေးဇူး, ဂုဏ် အထူးကို, ကြည်နူးဧကန်, အခြေခံဖြင့် ဝေဖန်ကြည့်မျှော်, တပည့်တော် တို့သည်၊
အဿာသံ-ဆရာတော်ဘုရား, ခွဲခွာသွားလည်း, အားထား ဖွယ်ကား, ရှိနေသားဟု, စိတ်အားတက်ကာ, သက်သာရာကို ဝိန္ဒာမ-ကျမ်းတွေမြင်ရ, ဘဝင်လှလျက်, ရွှင်ပျဖုံဖုံ, ရရှိကြပါပေကုန် သည် ဘုရား။
အရှင်ဝါသေဋ္ဌာဘိဝံသ
[သာသနာတော်-၂၄၉၃၊ ကောဇာ ၁၃၁၁-ခုနှစ်က ဟောကြားတော်မူသည်]
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဓမ္မစကြာတရားတော် အချီနိဒါန်း
ဘုန်းကြီး အကြံအစည်ဖြစ်တာ ဘယ်တုန်းကလဲဆိုတော့ အရင် တစ်နှစ်တုန်းက ပရိတ်တရားတော်ကို အသံသွင်းပြီးတဲ့နောက် နောက်ဆုံးနေ့မှာ ဘုန်းကြီး ပြန်သွားတယ်၊ လမ်းမှာ ဓမ္မစကြာ ရွတ်နေသံ ကြားတော့ အဖြတ်အတောက်လဲ မမှန်ဘူး၊ အသံ အနေ အထားကလဲ သဘာဝမကျဘူး၊ အဲဒီလို ဖြစ်နေတာ ကြားရတော့ ဓမ္မစကြာကိုလဲ အသံသွင်းပေးဦးမှပဲလို့ အဲဒီလို စိတ်ဖြစ်ခဲ့တယ်။
စိတ်ဖြစ်ခဲ့တော့ကာ ဓမ္မစကြာပါဠိတော်ကို အသံသွင်းတဲ့အခါမှာ ပါဠိတော်ချည်း သက်သက်သွင်းလိုက်ရင် လူတွေက ဒါ မြတ်စွာ ဘုရားဟောတော်မူတဲ့ တရားဦးပဲလို့ ဆိုပြီး စိတ်ထဲမှာတော့ ကြည်နူးမှာပဲ၊ အဲသလို ကြည်နူးမှုမျိုးကိုတော့ ပသာဒသဒ္ဓါလို့ ဆို ရတယ်၊ ဒီတော့ ကြည်နူးတဲ့အပြင် တရားတော်ရဲ့ အရသာကို သိပြီးတော့ ကြည်နူးရ ကြည်ညိုရလျှင် သာပြီးတော့ လေးနက်သွား တယ်၊ ဉာဏ်က ဒီထဲမှာ စိတ်စိုက်ပြီးတော့ လာတယ်၊ အဲဒီအခါမှာ (အတွင်းသက်ဝင်ပြီးတော့ ယုံကြည်တဲ့) သြကပ္ပနသဒ္ဓါ ဖြစ်ပေါ်လာ တယ်၊ဒါကြောင့် ဘုန်းကြီးက ပါဠိတော်သက်သက်ချည်း မဟောဘဲနဲ့ ပါဠိတော်ရဲ့ အနက်အဓိပ္ပာယ်ကိုပါ အဲသလို ဟောပေးမယ်လို့ စိတ်ကူးရတယ်။
ဓမ္မစကြာတရားတော်
ဒီတော့ကာ ဒီတရားတော် တစ်ရပ်ရပ်, ပါဠိတော်တစ်ရပ်ရပ်ကို ကြားနာရတဲ့အခါမှာ ရှေးတုန်းက မြတ်စွာဘုရားရဲ့ အကြောင်းအရာ တွေကို သိထားရင် သာပြီးတော့ လေးနက်တယ်၊ နာရတဲ့အခါ မြန်မာများက “ပုဂ္ဂိုလ် ခင်မှ တရားကို မင်တယ်”လို့ ပြောလေ့ရှိတယ်၊ ဒီတော့ မြတ်စွာဘုရားရဲ့ အကြောင်းအရာကိုလဲ အားလုံး သိပြီး ပေမယ်လို့ ဒီတရားရဲ့ ရှေ့အဖို့ အခြေခံအဖြစ်နဲ့ လိုရင်းလောက်တော့ ပြောပြရမယ်လို့ ဘုန်းကြီးက ယူဆတယ်၊ ဒီတော့ ကနေ့ ညမှာ ဘယ်လောက်များ တစ်နာရီအတွင်း ပြီးစရာရှိမလဲလို့ဆိုတော့ မြတ်စွာဘုရားရဲ့ အကြောင်းအရာ အထိုက်အလျောက် ပါစရာရှိတယ်၊ ပြီးတော့ ဓမ္မစကြာပါဠိတော် ပါဠိသက်သက် ပြီးဆုံးစရာရှိတယ်၊ အနက်အဓိပ္ပာယ်နဲ့ တွဲတဲ့အခါကျတော့ကာ ဓမ္မစကြာကို ပိုင်းပိုင်း ပြီးတော့ ပထမပိုင်း, ဒုတိယပိုင်း, တတိယပိုင်း အဲသလို သုံးပိုင်းလောက် ပိုင်းလိုက်မှ အနက်အဓိပ္ပာယ် ကောင်းကောင်းနားလည်မယ်။ ဒါကြောင့် ဒီအနက်အဓိပ္ပာယ် အချိန်ရောက်အောင် သုံးရက်လောက် သွင်းယူရလိမ့်မယ်လို့ ဘုန်းကြီး ခန့်မှန်းချက်ရတယ်၊ ဒါကြောင့် ကနေ့တော့ ကနေ့ဆိုင်ရာကို သွင်းပေးရမယ်နော်။
မြတ်စွာဘုရား၏ မဟာကရုဏာတော်
သမ္ဗောဒိတော ကာရုညနမှ ပရံ ပရက္ကမာဝဟော၊
ကရောပယာတနိဗ္ဗာနံ, ဩသစ္စ ဒုက္ကရံ ကရံ။
နာထော-ငါ၏ကိုးကွယ်,ငါ့ကိုကယ်၍,ငါ့နှယ်မခြား,လူနတ်များ၏,ကိုးစားရာသခင်,ဘုရားရှင်ကိုယ်တော်မြတ်သည်၊ကာရုညန-သတ္တဝါခပင်း, ဆင်းရဲခြင်းကို လွန်မင်းပြင်းပြ, သနား တော်မူလှသော မဟာကရုဏာတော်သည်၊ သမ္ဗောဒိတာ-မရှောင် သာအောင်, ခါခါထပ်ထပ်, နှိုးဆော်အပ်သည်ဖြစ်၍၊ ကရောပယာတ နိဗ္ဗာနံ-လက်လှမ်းမှီလောက်, အနီးရောက်လျက်, မျက်မှောက်ပြုရန် မြတ်နိဗ္ဗာန်ကို၊ ဩသဇ္ဇ-အလွယ်တကူ, လှမ်းမယူဘဲ, ဗိုလ်လူတွက် တာ, ပယ်စွန့်ခွာ၍၊ ဒုက္ကရံ-သာမာန်လူများ, မကြံအားအောင်, ထူးခြားလွန်ကဲ,ပြုနိုင်ခဲသော ပါရမီဖြည့်မှုကို၊ ကရံ( ကရောန္တော ) လေးသင်္ချေကိန်း,ကပ်တစ်သိန်းမျှ,ထိန်းသိမ်းဆင့်ဆင့်ပြုကျင့်တော်မူလျက်၊ ပရံလွန်လွန်ကဲကဲ,စိတ်ဇွဲသန်သန်,နောက်ပြန်မဆုတ်,ကြိုးစားအားထုတ်လျက်သာလျှင်၊ ပရတ္တံ-သူတစ်ပါးတို့၏ အကျိုးစီးပွားကို၊ အာဝဟော-ကိုယ်ဆင်းရဲမှု, လျစ်လျူရှု၍, အမှုပါအောင်, ဆောင်ရွက်တော်မူခဲ့ပါသတည်း။
ကြည်ညိုဖို့ရာ ကြောင်းကျိုးရှာ ။ ။ ပုဂ္ဂိုလ်တစ်ပါးပါးကို လေးလေးစားစား ကြည်ညိုတော့မယ်လို့ ဆိုတော့ရင် ဘုန်းကြီး ဝါသနာက အကြောင်းရင်း ဘယ်လောက် ကောင်းလာတဲ့ ပုဂ္ဂိုလ်ပါလဲ၊ ပြီးတော့ အဲဒီ အကြောင်းရင်း ဘယ် လောက်အထိ ကောင်းတယ်ဆိုတာ မှန်းဆကြည့်ဖို့အတွက် အဲဒီ အကြောင်းကြောင့် ယခု ရရှိထားတဲ့ လက်တွေ့ မျက်မြင် အကျိုးကို ကြည့်တဲ့အခါ အကျိုးဘယ်လောက် အဆင့်အတန်းမြင့်မြင့်ရတဲ့ ပုဂ္ဂိုလ်ပါလဲလို့၊ ပြီးတော့ အကျိုးရပြန်တော့လဲ အဲဒီ အကျိုးနဲ့ စည်းစိမ်နဲ့ နေရုံသက်သက်ဆိုရင် သတ္တဝါတွေမှာ ကျေးဇူးမများသေး ပါဘူး၊ အားရပါးရ မကြည်ညိုထိုက်သေးပါဘူး၊ အဲဒီ အကျိုးရပြီးတဲ့ အခါမှာ အကျိုးနဲ့ချည်း စံစားမနေဘ ဲသတ္တဝါတို့အတွက် ဆင်းရဲခံပြီးတော့ ဘယ်လောက်ကြိုးစားလို့ သတ္တဝါတွေမှာ ဘယ်လောက်အကျိုးများခဲ့သလဲလို့
အဲဒီသုံးချက်ကြည့်ပြီးတော့မှဘုန်းကြီးကကြည်ညိုချင်တယ်။အဲသလိုအားရမှကြည်ညိုစရာကောင်းတယ်လို့ ယူဆတယ်။ ဘုန်းကြီးတို့ ဘုရားရှင် ကိုယ်တော်မြတ်ကို အဲဒီ သုံးချက်နဲ့ စဉ်စားပြီးကြည့်တော့ အကြောင်းဘယ်လောက် ကောင်းခဲ့သလဲလို့၊